အမေရိကန်စွမ်းအားရှင် AKA Antifa

အမေရိကန်နိုင်ငံမှာတွေ့ရတဲ့ ဆူပူအုံကြွမှု အကြမ်းဖက်မှု ဖျက်ဆီးမှုတွေဟာ နေရာတော်တော်များများမှာ နေ့စဥ်လိုဖြစ်နေတာကို ကြည့်လိုက်ရင် ဘယ်လိုလူတွေက ဒါတွေကိုလုပ်နေတာလဲ၊ ဘယ်သူမှထိန်းချုပ်ဖို့ မကြိုးစားကြဘူးလားဆိုတာမျိုး စဥ်းစားမိကြမယ်ထင်ပါတယ်။ အဲဒီလို အမေရိကန်ပြည်အနှံ့အကြမ်းဖက်မှုတွေမှာပါဝင်တဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကတော့ Antifa လို့ခေါ်တဲ့ Anti-Fascist တွေပါ။ Antifa စပေါ်လာတာကတော့ ဂျာမဏီနိုင်ငံမှာ ဂျာမန်ကွန်မြူနစ်ပါတီက နာဇီတွေကို တန်ပြန်ဖို့ စခဲ့တာပါ။ အမေရိကန်မှာ ဒီလှုပ်ရှားမှုက သမ္မတအိုဘားမားရဲ့ ဒုတိယသက်တမ်းနောက်ပိုင်း  လူမဲလှုပ်ရှားမှူနဲ့ မရှေးမနှောင်း ပေါ်ပေါက်လာတာြဖစ်ပါတယ်။

အမေရိကန်မှာတော့ Antifa ဆိုတာ အဖွဲ့တခုကိုပြောတာထက်စာရင် နေရာအနှံ့က ရည်ရွယ်ချက်တူအဖွဲ့အစုလေးတွေကို ခြုံပြီးခေါ်တယ်လို့ ပြောလို့ရမှာပါ။ သူတို့က လက်ဝဲစွန်းသမားတွေဖြစ်တာကြောင့် လက်ယာသမားတွေကို ဖက်ဆစ်/နာဇီတွေလို့ သတ်မှတ်ပြီး ဖက်ဆစ်တွေကို တိုက်ခိုက်ဖို့ရည်ရွယ်ချက်နဲ့ သူတို့ကိုယ်သူတို့ Antifa လို့ နာမည်တပ်ထားတာပါ။ တကယ်တမ်းက ဖက်ဆစ်တို့ နာဇီတို့ဆိုတာတွေဟာ အာဏာရှင်တွေဖြစ်တာနဲ့အညီ အစိုးရမှာ လုပ်ပိုင်ခွင့်အားလုံးရှိပြီး ပြည်သူတွေမှာ လွတ်လပ်စွာပြောဆို ရေးသားခွင့် လက်နက်ကိုင်ဆောင်ခွင့်စသည် မရှိတာဆိုတော့ လက္ခဏာရပ်တွေအရ လက်ဝဲစွန်းကွန်မြူနစ်တွေနဲ့ ပိုတူတယ်လို့ ပြောလို့ရပါတယ်။

လက်တွေ့မှာတော့ သူတို့မကြိုက်တဲ့သူတွေကို ဖက်ဆစ်လို့ နာမည်တပ်ပြီး အကြမ်းဖက်ကြတာပါပဲ။ အဲဒီလိုကျတော့ ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်စားနေတဲ့ မိဘတွေကို အာဏာပိုင်တွေဆီ သတင်းပို့ ဖောက်ပြန်တဲ့အရင်းရှင်လူတန်းစားလို့စွပ်စွဲပြီး ကိုယ်တိုင်လက်နဲ့သတ်ခဲ့ကြတဲ့ တော်လှန်သော တပ်နီလူငယ်လေးများလိုများ ဖြစ်လာမလားလို့တွေးပြီး ရင်မောမိပါတယ်။

သူတို့အုပ်စုထဲက အများစုကတော့ ငယ်ငယ်ရွယ်ရွယ် အလုပ်အကိုင်မရှိသူများ ဖြစ်ကြပြီး သူတို့လိုချင်တာကိုရဖို့အတွက် ဥပဒေဘောင်ထဲကလုပ်ယူဖို့ထက် အနုနည်းသော်လည်းကောင်း အကြမ်းနည်းသော်လည်းကောင်း မင်းမဲ့စရိုက်သုံး၍သော်လည်းကောင်း ရယူဖို့ စိတ်အားထက်သန် ကြတယ်လို့ ဆိုပါတယ်။ မျက်စိထဲမှာတော့ မြန်မာပြည်က စွမ်းအားရှင်များကို ပြေးမြင်မိပါတယ်။ သူတို့ကို ဘယ်သူကဦးဆောင်နေတယ်ဆိုတာ အတိအကျမသိရပေမဲ့ သွားဖို့ခဲယဥ်းတဲ့နေရာတွေ ကိုတောင် အလုံးအရင်းနဲ့လာနိုင်တယ် ဘစ်ကားတွေနဲ့လာတာ တွေ့ကြတယ် ဘယ်ရုပ်တုကို ဘယ်အချိန်မှာ အရောက်သွားပြီး ဖြိုကြတယ် ရက်ရှည်လာတာနဲ့အမျှ အင်အားပျော့မသွားပဲ တောင့်ခံနေနိုင်ကြတယ် ဆိုတာကို ကြည့်ရင်တော့ သူတို့အုပ်စုကို ဦးဆောင်အသုံးချနေသူတွေ ရှိမှာတော့ သေချာပါတယ်။

ဆူပူမှုတွေအစောပိုင်းကလည်း သူတို့လာမဲ့နားမှာ အုတ်ခဲတွေ pallet တွေနဲ့လာချထားတာတွေ ရဲကဖမ်းသွားလို့ အာမခံလိုရင် ချက်ချင်းရတယ်ဆိုတာတွေ အပြင် မီဒီယာတွေက ဖော်ထုတ်ဖို့ စိတ်မဝင်စားတာတွေ ဆက်စပ်ကြည့်မယ်ဆိုရင် သူတို့ကို ထောက်ပံ့နေတဲ့သူတွေက အာဏာရှိတဲ့သူတွေပါဖို့များတယ်လို့ တွေးမိပါတယ်။ နောက်ပိုင်းကျမှ ရုပ်တုဖြိုဖျက်တာတွေကို ဒီမိုကရက်ခေါင်းဆောင်ပိုင်းကပါ အားပေးလာတာတွေ့တော့မှ ဇတ်ရည်လည်လာတာပါ။

သူတို့ရည်မှန်းချက်ကတော့ လက်ရှိသမ္မတပြုတ်ကျရေးပဲဖြစ်ပါတယ်။ Trained Marxist လို့ ဝန်ခံထားသူတွေဦးဆောင်ပြီး အကြမ်းဖက် Muslim Brotherhood ရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့လည်း ဝန်ခံထားတဲ့ BLM ရဲ့ လတ်တလောရည်မှန်းချက်ကလည်း သမ္မတပြုတ်ကျရေးပါပဲ။ ဥပဒေနဲ့အညီ​ရွေးချယ်ခံထားရတဲ့သမ္မတကို မင်းမဲ့စရိုက်တွေသုံးပြီး ဖြုတ်ချချင်တယ်ဆိုတာတော့ အမေရိကန်လို ထိပ်တန်းဒီမိုကရေစီနိုင်ငံကြီးတခုအနေနဲ့ ရှက်စရာ အလွန်ကောင်းပါတယ်။ ဘယ်ဖက်ကကြည့်ကြည့်ပါ။ အထူးသဖြင့် အမေရိကန်လိုနိုင်ငံမျိုးမှာ ဘယ်ပါတီကမှ တဆက်တည်းအာဏာရနေတာ မရှိပါဘူး။ ချွင်းချက်တခုတလေကလွဲလို့ အလွန်ဆုံး သမ္မတသက်တမ်း ၂ဆက်ပြီးရင် တခြားပါတီလက်ထဲရောက်တတ်တာပါပဲ။

သူတို့ဘယ်သူတွေ ဘာလုပ်တယ်ဆိုတာသိပြီးတော့ သူတို့ကိုတားဆီးလို့မရဘူးလားဆိုတာကို စိတ်ဝင်စားလာပါတယ်။ အခုအဖြစ်များနေတဲ့ အဖျက်လုပ်ငန်းတွေအများစုဟာ ဒီမိုကရက်တွေကြီးစိုးတဲ့ပြည်နယ်တွေမှာ ဖြစ်နေတာပါ။  ရီပါဘလစ်ကန်တွေ ကြီးစိုးတဲ့ပြည်နယ်တွေမှာတော့ ပြည်နယ်အစိုးရနဲ့ ရဲတွေလက်တွဲပြီး ဖိဖိစီးစီးကာကွယ် နှိမ်နှင်းတာကြောင့် သိပ်အပျက်အစီးမရှိပါဘူး။ ပြဿနာက မြို့ကြီးတွေတော်တော်များများက ဒီမိုကရက်တွေလက်ထဲမှာပါ။ အဲဒီမြို့ကြီးတွေမှာ ရဲက အမိန့်မရတဲ့အတွက် ဘာမှလုပ်လို့မရတဲ့ အနေအထားပါ။ အဲဒီလိုဖြစ်အောင်လည်း​ရဲတွေကိုကြိုပြီး နှိပ်ကွပ်ပြထားတာပါ။ မြို့တမြို့မှာဆိုရင် အမေတယောက်က ၅နှစ်သမီးလေးနဲ့ ကားမောင်းသွားရင်း ဆူပူတဲ့လူအုပ်ဝိုင်းတာခံရပါတယ်။ ကားအပြင်ကနေ ထုရိုက်ဆဲဆိုနေကြလို့ သမီးလေးကကြောက်ပြီးငိုတော့ အမေက ရဲကိုဖုံးဆက်ခေါ်တာ အမိန့်မရလို့ လာလို့မရကြောင်း၊ ပြောချင်ရင် မြို့ဝန်ရုံးကိုသာ ပြောပါလို့ ပြန်ပြောပါတယ်။ တချို့မြို့တွေမှာလည်း အသားလွတ်ရမ်းကားလို့ သေသွားရသူတွေရှိပါတယ်။ ဖြစ်ချင်တော့ တနေရာမှာ သေဆုံးသွားသူက ဒီမိုကရက်ပါတီဝင် ဂေးပါတဲ့။ ဘယ်သူမဆိုဖြစ်နိုင်တယ်ဆိုတာ ပြောလိုရင်းပါ။ မီးနဲ့ကစားရင်တော့ မီးလောင်နိုင်ခြေပိုများမှာပါပဲ။ ရွေးကောက်ခံမြို့ဝန်တို့ ပြည်နယ်အုပ်ချုပ်ရေးမှုးတို့ဆိုတာက ပြည်သူက သူတို့အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့  သူတို့ယုံကြည်မှုတွေ အပ်နှင်းခံရသူတွေပါ။ ကိုယ့်လူမို့ကိုယ်မဖမ်း ကိုယ့်ပါတီအာဏာရဖို့ ဘာပဲစတေးရစတေးရဆိုရင်တော့ ပြောစရာစကားလုံးတောင် ရှာမတွေ့တော့ပါဘူး။

နောက်ထပ်စဥ်းစားမိတာတခုက ဒီနိုဝင်ဘာရွေးကောက်ပွဲမှာ သူတို့နိုင်ခဲ့တယ်ဆိုရင် ဒီအဖျက်လုပ်ငန်းတွေ သွေးခွဲတဲ့အလုပ်တွေက ရပ်သွားမှာလား၊ သူတို့ရှုံးရင်ရော ဒီအဖျက်လုပ်ငန်းတွေက ပိုဆိုးလာမလား ဆိုတာပါ။ သေချာတာတွေကတော့ လက်ဝဲစွန်းတွေ အာဏာမရမချင်း ရပ်မယ်မထင်တာရယ် Antifa တွေရော သူတို့ခေါင်းဆောင်တွေရာ တိုင်းပြည်ကိုချစ်ခဲ့ရင် အစထဲကဒါမျိုးတွေမလုပ်ဖူးဆိုတာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: