လူဖြူကြီးစိုးရေးဝါဒ ဘယ်ကစ

မီဒီယာတွေကအစ မြန်မာတွေအကြား ကျယ်ကျယ်ပြန့်ပြန့် အမှတ်မှားနေကြတဲ့ နောက်ထပ်အလွဲတခုကို အမှန်အတိုင်းသိအောင် ပြောပြပါဦးမယ်။

လူဖြူတွေသာ အကြီးကျယ်အမြင့်မြတ်ဆုံးလို့ ခံယူထားကြတဲ့ KKK အဖွဲ့ကြီးကို Confederate General တယောက် ကဦးဆောင်ပြီး ၁၈၆၅ခုနှစ်က Tennassee ပြည်နယ်မှာ စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ အမေရိကန်ပြည်တွင်းစစ်ကြီးပြီးလို့ ပြန်လည်တည်ဆောက်ရေးတွေလုပ်နေတာဖြစ်ပြီး အောက်လွှတ်တော်ထဲအထိ လူမဲတွေရွေးကောက်ပွဲအနိုင်ရလာကြတာဖြစ်ပါတယ်။ အဲဒီလို နိုင်လာတဲဲ့လူမဲအမတ်တွေက ရီပါဘလစ်ကန်ပါတီဝင်တွေပါတဲ့။ (သူတို့ကျွန်ဘဝကလွတ်အောင် ကြိုးပမ်းသွားတဲ့ သမ္မတ လင်ကွန်းကလည်း ရီပါဘလစ်ကန်ပါပဲ။) KKK အဖွဲ့ရဲ့လှုပ်ရှားမှုတွေက များသောအားဖြင့် ပုန်းလျိုးကွယ်လျိုးလုပ်ကြတာဖြစ်ပြီး သူတို့ အကြမ်းဖက်တိုက်ခိုက်တာကတော့ ရီပါဘလစ်ကန်ပါတီခေါင်းဆောင်များနဲ့ သူတို့ကို မဲပေးတဲ့သူတွေကိုပါ။ အဲလိုတိုက်ခိုက်တဲ့အခါမှာတော့ လူဖြူလူမဲ ခွဲခြားမှုမရှိပါဘူးတဲ့။ KKK အုပ်စုဖြစ်ချင်တာကတော့ လူမဲတွေ နိုင်ငံရေးထဲပါလာတဲ့အထိ ဖြစ်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ပြောင်းပြန်လှန်ပြစ်ပြီး အမေရိကန်တောင်ပိုင်းမှာ လူဖြူတွေ ပြန်ကြီးစိုးစေဖို့ပါတဲ့။ KKK လိုပဲ လုပ်ဆောင်နေတဲ့ တခြားအဖွဲ့တွေလည်းရှိပြီး သူတို့ချင်းလည်း ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ၁၈၆၇-၆၈လောက်မှာ ကျင်းပတဲ့ Constitutional Convention တွေမှာ အနိုင်ရခဲ့ကြတဲ့ လူမဲအမတ်တွေရဲ့ ၁၀%လောက်က အကြမ်းဖက်ခံခဲ့ရတာဖြစ်ပြီး ၇ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ လူမဲတွေတက်တဲ့ ကျောင်းတို့ ဘုရားကျောင်းတို့ကလည်း KKK အဖွဲ့ရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်လာပါတယ်တဲ့။

သမိုင်းအမှန်ကိုသိအောင်ကြိုးစားတာ အကောင်းဆုံးပါ။ ပိုသိချင်ရင် အောက်ကလင့်ခ်မှာ သွားဖတ်ပါနော်။
https://www.history.com/topics/reconstruction/ku-klux-klan

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: