၁။
Democrat: အနည်းဆုံး လုပ်ခစံသတ်မှတ်ချက်ကို မြှင့်တင်သတ်မှတ်သင့်တယ်။ ဒါမှ လူတွေ လုံလောက်တဲ့ဝင်ငွေရမယ်။
Republican: လုပ်ခဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမားကြားက လွတ်လပ်တဲ့သဘောတူညီချက်ပါ။ ရိုးသား ကြိုးစားပြီး လေ့လာမှတ်သားတတ်တဲ့လူတွေရဲ့ လုပ်အားတန်ဖိုးက အမြဲတန်း မြင့်တက်နေမှာဖြစ်ပေမဲ့ ခိုကပ်တတ်တဲ့လူတွေ သင်ယူဖို့အားမထုတ်တဲ့လူတွေအတွက်ကတော့ အဲဒီလို မဖြစ်နိုင်ပါဘူး။
အနည်းဆုံးလုပ်ခဆိုတာ အတွေ့အကြုံမလိုတဲ့ ဘယ်သူမဆိုလုပ်လို့ရတဲ့ အလုပ်တွေများပါတယ်။ အဲဒါကို ဥပဒေနဲ့ မြှင့်လိုက်ရင် လုပ်ငန်းရှင်တွေက စရိတ်နည်းအောင် လူလျော့တာ၊ အခြားခံစားခွင့်လျော့တာ စတာတွေလုပ်ရပါတော့မယ်။ Free market မှာ လုပ်ခတွေဟာ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ လွတ်လပ်စွာညှိယူကြရတာ ဖြစ်ပါတယ်။ ပေးတာနဲလွန်းရင် ကျွမ်းကျင်ဝန်ထမ်းတွေထိန်းထားဖို့ မလွယ်သလို ဝန်ထမ်းမမြဲတာနဲ့ အလုပ်တွင်ဖို့မလွယ်ပါဘူး။ လိုအပ်တဲ့ ကျွမ်းကျင်မှုမရှိပဲနဲ့ အများကြီးတောင်းရင်လည်း အလုပ်ဖြုတ်ဖို့ တောင်းဆိုသလိုဖြစ်နေမှာပါ။ အရေးကြီးတာက ကိုယ့်တာဝန်ကိုယ်ကျေကြဖို့နဲ့ တဦးနဲ့တဦး နားလည်မှုရှိဖို့ စေတနာထားကြဖို့လိုတာပါ။ ရိုးသားကြိုးစားပြီး နာခံလွယ်တဲ့ ဝန်ထမ်းဟာ ဘယ်သွားလုပ်လုပ် သူ့အတွက် အလုပ်မရှားပါဘူး။ အလုပ်ကြိုးစားဖို့က အရင်မလာပဲ ရပိုင်ခွင့်အရင်လာရင်တော့ ဒါဟာ သဘာဝကျမှာ မဟုတ်ပါဘူး။ ကျောင်းပြီးခါစ လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့လူငယ်လေးတွေဆို မဖြစ်စလောက်လခလေးတွေနဲ့ အလုပ်သင်အဖြစ်ဝင်ကြရတာပါ။ ဒါတောင် ကုမ္ပဏီတိုင်း လက်ခံတာမဟုတ်ပါဘူး။ ကုမ္ပဏီကောင်းကောင်းမှာ အလုပ်သင်အဖြစ် ဝင်ခွင့်ရမယ်ဆို လခသိပ်မရလဲ လုပ်ပေးမဲ့လူငယ်တွေ အများကြီးပါ။ နိုင်ငံရေးလုပ်စားတဲ့လူတွေကတော့ အပေါ်ယံကြားကောင်းမဲ့ဟာတွေနဲ့ မစဥ်းစားမိတဲ့လူတွေကို မျှားမှာပါပဲ။ ဟုတ်မဟုတ်စဥ်းစားတတ်ဖို့က ကိုယ့်အလုပ်ပါ။
ဖြည့်စွက်ချက်။ အထူးသဖြင့် စီးပွားရေးကျပ်တည်းတဲ့အချိန်မျိုးမှာ နှစ်ဖက်နားလည်မှုနဲ့ ရုန်းကန်ရမှာတွေရှိလာမှာပါ။ ဥပဒေနဲ့ အခြေခံလုပ်ခအမြင့်ကြီးဖြစ်ရမယ်လို့ သတ်မှတ်ထားတဲ့ ပြည်နယ်/မြို့တွေကို စီးပွားရေးလုပ်ငန်းတွေက ဥပဒေနဲ့အညီလုပ်ကိုင်ဖို့ ခက်ခဲလာမှာဖြစ်တဲ့အတွက် ပိတ်သိမ်း/ရွှေ့ပြောင်းတာမျိုး ဖြစ်လာရင် ဒေသခံတွေအတွက်ရော အစိုးရအတွက်ရော ကောင်းမှာမဟုတ်ပါဘူး။
၂။
Democrat: သေနတ်ကိုင်ဆောင်ခွင့်ပြုထားတာက လူတွေအသတ်ခံ အကြမ်းဖက်ခံရတာရဲ့ ကြီးသောအကြောင်းဖြစ်လို့ သေနတ်ကိုင်ဆောင်ခွင့်ကို တားမြစ်ပိတ်ပင်သင့်တယ်။
Republican: အခြေခံဥပဒေက ပြည်သူတွေကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် သေနတ်ကိုင်ဆောင်တာကို ခွင့်ပြုထားပါတယ်။ လူဆိုးတွေဆိုတာက မှောင်ခိုစျေးကွက်မှာ မူးယစ်ဆေးဖြစ်ဖြစ် သေနတ်ဖြစ်ဖြစ် ယာဥ်မောင်းလိုင်စင်/မှတ်ပုံတင်အတုဖြစ်ဖြစ် လိုတာ ရအောင်လုပ်ယူကြမှာပါပဲ။ ပိုခက်သွားမှာက ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ကိုင်ဆောင်ကြမယ့် လူကောင်းတွေပါ။ တကယ်တမ်းပစ်ကြခတ်ကြလို့ သေကြတာတွေက တရားမဝင်ကိုင်ဆောင်တဲ့ လက်နက်တွေကဖြစ်တာ အများစုပါ။ တချို့ကတော့ စိတ်ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ သတ်ချင်/အကြမ်းဖက်ချင်တဲ့လူက သေနတ်မဟုတ်လဲ ဓါး၊ ဗုံး၊ အက်ဆစ်၊ ပိုးမွှား၊ ကား၊ ကျောက်တုံးစတာတွေ သုံးနေကြတာ ကမ္ဘာအနှံ့မှာမြင်နေ ကြားနေရတာပဲလေ။ သေချာတာတခုကတော့ ပြည်သူတွေအကာအကွယ်မဲ့သွားတာနဲ့ ဆက်တိုက်ပါလာမှာက အာဏာရှင်တွေမင်းမူလာကြတာပါ။ သမိုင်းမှာ အထင်အရှားပါ။
၃။
Democrat: ကိုယ်ဝန်ထဲက သန္ဓေသားဟာ ကိုယ်ဝန်ဆောင်သူရဲ့ အစိတ်အပိုင်း သွေးသားအစုပဲဖြစ်ပြီး နာတာကို ခံစားနိုင်မှုမရှိ တဲ့အတွက် လဘယ်လောက်ရင့်နေပါစေ ကိုယ်ဝန်ကိုသယ်ဆောင်ထားသူ အမျိုးသား/အမျိုးသမီးကသာ ထားမယ်/ဖျက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ အခွင့်အရေးရှိပါတယ်။ (အမျိုးသားလို့ရေးထားတာ မှားပြီးရေးထားတာမဟုတ်ပါဘူး။ အမျိုးသားလို့ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ XX chromosome ပိုင်ရှင်များဟာလည်း သားအိမ်၊ မျိုးဥအိမ်များရှိသေးတဲ့အတွက် ကိုယ်ဝန်ဆောင်နိုင်ကြသလို ကိုယ့်ကိုကိုယ် အမျိုးသမီးလို့ ခံယူထားသူ XY chromosome ပိုင်ရှင်များဟာလည်း အမျိုးသမီးများကဲ့သို့ သားဖွားမီးယပ်ဆရာဝန်ဆီမှာ နှစ်စဥ်ပြသစစ်ဆေးခံနိုင်ဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ အဲဒီ သားဖွားမီးယပ်ဆရာဝန်ကတော့ အမျိုးသားအဖြစ်မွေးဖွားလာတဲ့ အမျိုးသမီးဆိုသူကို ကြည့်ပေးရန်ငြင်းဆန်ဖို့ အခွင့်အရေးမရှိပါဘူး။ တလက်စထဲဆက်ပြောရရင် အမျိုးသားကနေ အမျိုးသမီးဖြစ်ချင်ရင်ပဲဖြစ်ဖြစ် အမျိုးသမီးကနေ အမျိုးသားဖြစ်ချင်ရင်ပဲဖြစ်ဖြစ် လိုအပ်တဲ့ခွဲစိတ်ကုသမှုတွေလုပ်ဖို့ စရိတ်မတတ်နိုင်ခဲ့ရင် Medicare, Medicaid စတဲ့ ပြည်သူ့အခွန်နဲ့ လည်ပတ်နေတဲ့ ကျန်းမာရေးအစီအစဥ်တွေကနေ ကျခံနိုင်စေဖို့ ဒီမိုကရက်ခေါင်းဆောင်တော်တော်များများက လောဆော်နေကြပါတယ်။
Republican: သန္ဓေသားဟာ အတူမရှိတဲ့သူ့ကိုယ်ပိုင် DNA နဲ့ ကိုယ်ပိုင်အသက်တချောင်းနဲ့ သီးခြားလူသားလေးဖြစ်ပြီး မျိုးအောင်ပြီးတဲ့အချိန်ကစလို့ အသက်ဝင်တာဖြစ်ပါတယ်။ လက်သီးဆုပ်လောက်မရှိတရှိသန္ဓေသားလေးတွေတောင်မှ ကိုယ်ဝန်ဖျက်ချစုတ်ထုတ်တဲ့စက်ကနေ ဝေးရာကို ရှောင်ပြေးကြတာ ultrasound နဲ့ကြည့်ရင် ဝမ်းနည်းဖွယ်တွေ့မြင်ရမှာပါ။ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သေးတဲ့ ကလေးငယ်လေးတွေကို ကာကွယ်ပေးရမှာက ယဥ်ကျေးတဲ့လူ့အဖွဲ့အစည်းက လူသားတိုင်းရဲ့တာဝန်ပါ။ အရွယ်ရောက်ပြီးလူတွေမှာတော့ သူများကိုမထိပါးစေပဲ ကိုယ့်ရွေးချယ်ပိုင်ခွင့်ကို ကိုယ့်စားရိတ်နဲ့ကိုယ် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ရှိပါတယ်။
၄။
Democrats: အစိုးရကဝင်စီမံတဲ့ ပြည်သူ့အခွန်ငွေတွေနဲ့လည်ပတ်ပြီး အားလုံးအပေါ်သက်ရောက်မှုရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုမျိုးကို လိုလားပါတယ်။ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံတွင်းကလူတိုင်းရစေဖို့ဟာ လူ့အခွင့်အရေးလို့လည်း ယုံကြည်ကြပါတယ်။
Republican: အချိန်ပြည့် အလုပ်လုပ်တဲ့လူတယောက်ဟာ သူနဲ့ သူ့မိသားစုကျန်းမာရေးကို သူ့ရဲ့အလုပ်ရှင်က စီမံပေးတဲ့ (သူလည်း တစိတ်တပိုင်းထည့်ဝင်ရတဲ့) ကျန်းမာရေးအာမခံကို ခံစားခွင့်တခုအနေနဲ့ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုကို ပုဂ္ဂလိကတွေလက်ထဲမှာ ထားခြင်းဖြင့် အပြိုင်အဆိုင်တွေကြားမှာ ပိုကောင်းပြီး သက်သာမြန်ဆန်တဲ့ ဝန်ဆောင်မှုပေးနိုင်စေဖို့ ပုဂ္ဂလိကလက်မှာပဲထားသင့်တယ်လို့ ယုံကြည်ကြပါတယ်။
အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ နားဝင်ချိုစရာအမှန်ပေမဲ့ ဆရာဝန် ဆေးရုံ ဓါတ်ခွဲခန်း စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ဆိုင်တာမှန်သမျှ ကုန်ကျစရိတ်အရမ်းများပါတယ်။ အစိုးရက ဝင်စီမံတဲ့ လုပ်ငန်းအားလုံးနီးပါးဟာ ထိရောက်မြန်ဆန်မှုကျဆင်းပြီး အဆုံးအရှုံးများတတ်တာ နေရာတိုင်းလိုလိုမှာ တွေ့နေရတာပါပဲ။ အစိုးရက ဝင်စီမံတဲ့ အခမဲ့ဆိုတဲ့လုပ်ငန်းတွေကို ကြည့်လိုက်မယ်ဆိုရင် ponzi/pyramid scheme တွေလိုပဲ အခုပေးနေတဲ့ ဝန်ဆောင်မှုတွေဟာ နောက်ဝင်လာမဲ့ဝင်ငွေတွေကို အားကိုးပြီး (အနာဂတ်ကနေ ချေးငှားပြီး)သုံးစွဲထားရတာပါ။ အသစ်အသစ်သောဝင်ငွေတွေ မဖန်တီးနိုင်သေးသ၍ အခမဲ့ကျန်းမာရေးဝန်ဆောင်မှုကို ရေရှည်ပေးဖို့ လုံလောက်တဲ့ အနေအထားရှိမှာမဟုတ်ပါဘူး။ နိုင်ငံတွင်းလူဦးရေက ကျုံ့ဝင်လာနေတဲ့ အခုလိုအချိန်မျိုးမှာ ပြည်ပကဝင်လာမဲ့သူတွေကနေ ရမယ့် အခွန်အခတွေကနေပဲ ပေးရမှာပါ။ လောလောဆယ်တွေ့နေရတာကတော့ ဒီမိုကရက်တွေလိုလားတဲ့ အကန့်အသတ်မရှိ နယ်ခြားမဲ့ လူဝင်ခွင့်လုပ်လိုက်ရင် ဝင်လာမယ့်သူ အများစုက ကျွမ်းကျင်သူ တတ်/သိပညာရှင်တွေ မဟုတ်တဲ့အတွက် သူတို့တွေပါ တကယ်တမ်း တရားဝင်အလုပ်လုပ်ကြမယ်ဆိုရင်တောင် အခမဲ့ကျန်းမာရေးစနစ်ကြီးလည်ပတ်ဖို့ လုံလောက်တဲ့ဝင်ငွေရမှာမဟုတ်ပါဘူး။ ဒ့ါအပြင် သူတို့နဲ့ နွှယ်ပြီးပါလာမဲ့ မိသားစုတွေကို ကျန်းမာရေး ပညာရေး လူမှုရေးဝန်ဆောင်မှုတွေပေးရမှာအပြင် ဝင်ငွေနည်းရင်လည်း အစိုးရက ပြန်ထောက်ပံ့ထားရဦးမှာဆိုတော့ အဲဒီနည်းလမ်းနဲ့ကလည်း ရွှေပြည်တော်မျှော်တိုင်းဝေး နေဦးမှာပါပဲ။
လူချမ်းသာတွေကို အခွန်အများကြီးကောက်လိုက်ရင်ကော အခမဲ့ကျန်းမာရေးဝန်ဆောင်မှုအတွက် လိုအပ်တဲ့ငွေရမလားလို့ တွေးစရာရှိပါတယ်။ လူချမ်းသာတွေကို အဲဒီလိုလုပ်လိုက်ရင် ပြည်တွင်းမှာ ငွေထားတော့မှာမဟုတ်တဲ့အပြင် သူတို့တွေပါပြောင်းသွားရင် ပြည်သူတွေအတွက် အလုပ်အကိုင်တွေ လျော့ပါးသွားလို့ တိုင်းပြည်ပိုနစ်နာမှာပါ။ ချမ်းသာသူတွေအတွက်က ရွေးစရာပေါပါတယ်။
အဓိကကတော့ ကိုယ့်လက်ထက်မှာ တတ်နိုင်သလောက် တာဝန်သိသိ ထိန်းထိန်းသိမ်းသိမ်း သုံးစွဲခြင်းဖြင့် အနာဂတ်မျိုးဆက်တွေလက်ထဲကို ကြွေးထူတဲ့ဆိုးမွေ လက်ဆင့်မကမ်းမိကြဖို့ပါပဲ။
၅။
Democrat: စစ်ရေးအသုံးစရိတ်ဆိုတာ တိုင်းပြည်ရဲ့ဝန်ထုတ်ဝန်ပိုးဖြစ်လို့ စစ်ရေးအသုံးစရိတ်တွေကို လျော့ချပြီး ပြည်တွင်းက တခြားကိစ္စတွေမှာ အသုံးပြုတာက ပိုကောင်းတယ်လို့ ယုံကြည်ကြပါတယ်။ စစ်ရေးအသုံးစရိတ်တွေ လျော့ချကြတာ ဒီမိုကရက်ထုံးစံဖြစ်ပေမဲ့ စစ်မတိုက်တာတော့ မဟုတ်ပါဘူး။ စစ်ရေးအသုံးစရိတ်တွေ လျော့ချထားလို့ တပ်တွေထဲမှာ အသစ်တွေဝယ်ဖို့ဝေးလို့ အဟောင်းတွေ ပျက်လို့တောင် ပြင်စရာဘတ်ဂျက်မရှိ၊ လေ့ကျင့်မှုတွေကလည်း လျော့ထားရတော့ တကယ်စစ်တိုက်တဲ့အခါမှာ အကုန်အကျ အဆုံးအရှုံး များပါတယ်။
အမေရိကန်သမိုင်း နှစ်ပေါင်း၂၄၀မှာ ၂၁၉နှစ်က စစ်နဲ့မကင်းဘူးလို့ဆိုတာကြောင့် အမေရိကန်သမ္မတ တော်တော်များများ ပါတီမရွေး စစ်တိုက်ကြတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိသမ္မတထရမ့်လက်ထက်မှာ စတဲ့ စစ်ပွဲမရှိသေးဘူးလို့ဆိုပါတယ်။ သူ့လက်ထက်မှာ သုတ်သင်ခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်တွေကို ဒရုန်းနဲ့သာသုံးခဲ့တာကြောင့် ကုန်ကျစရိတ် အနည်းဆုံးဖြစ်တဲ့အပြင် ကိုယ့်ဖက်ကလည်းကျဆုံး/ဒဏ်ရာရမရှိ တဖက်မှာလည်း အရပ်သားသေဆုံးမှုမရှိခဲ့ပါဘူး။ ရေဆာမှ ရေတွင်းထတူးလို့မရသလိုပဲ ဖြစ်လာမှမရှုနိုင်မကယ်နိုင် ဖြစ်ကြတာနဲ့စာရင် အမျှော်အမြင်ရှိရှိနဲ့ ကြိုတင်ပြင်ဆင်ထားတာကသာ အရာတိုင်းအတွက် အကောင်းဆုံးဖြစ်မှာပါ။ စစ်ဆိုတာ မတိုက်ဖူးလို့ ကိုယ့်တဦးတည်းသဘောနဲ့ ကြိုဆုံးဖြတ်ထားလို့ ရတဲ့ကိစ္စမျိုးမှ မဟုတ်တာလေ။
၆။
Democrat: ဒီမိုကရက်တွေ ကြွေးကြော်နေတဲ့ တန်းတူညီမျှမှုဆိုတာ ရလာဒ်မှာ တူညီရမယ်လို့ဆိုတာပါ၊ ဆင်းရဲသူတွေဘဝကို ကိုယ့်အားကိုယ်ကိုးနိုင်အောင် အားပေးခြင်းဖြင့်မဟုတ်ပဲ ချမ်းသာသူတွေကို အခွန်အများကြီးကောက်ပြီး ရတဲ့ပိုက်ဆံနဲ့ ဝင်ငွေနည်းသူတွေကို ထောက်ပံ့ကြေးပေးခြင်းဖြင့် ဆင်းရဲချမ်းသာကွာဟချက် နည်းစေမယ်လို့ ပြောလိုရင်းပါ။
Republican: ရီပါဘလစ်ကန်တွေနားလည်တဲ့ တန်းတူညီမျှမှုဆိုတာ level playing field ကိုဆိုလိုတာပါ။ အားလုံးမှာ ကိုယ့်ဘဝကိုယ် တိုးတက်အောင်လုပ်ဖို့ တန်းတူအခွင့်အရေးရှိပါတယ်။ ရလာဒ်ကတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု၊ ဖောက်ထွက်တွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးမှု၊ တစိုက်မတ်မတ် ဇွဲရှိမှုတွေပေါ်မှာမူတည်ပြီး ကွာခြားသွားနိုင်တဲ့အတွက် ရလာဒ်ကို ညှိတာက တရားမျှတမှုရှိမှာမဟုတ်ပါဘူး။ ဝင်ငွေနည်းသူတွေ အလုပ်မရှိသူတွေအတွက် ခံစားခွင့်ကို လရှည်ပေးတာထက် အလုပ်အကိုင်ဖန်တီးပေးပြီး အလုပ်လုပ်စေခြင်းကသာ ရည်ရှည်မှာ သူတို့အတွက်ရော သူတို့မှီတင်းနေထိုင်ရာ မြို့/ပြည်နယ်/တိုင်းပြည်အတွက်ရော ကောင်းမှာဖြစ်တဲ့အတွက် အစိုးရအပေါ် ကာလရှည်ကြာမှီခိုမှုကို အားမပေးကြပါဘူး။
မတူညီတဲ့ပေးဆပ်မှုတွေ မတူညီတဲ့အားထုတ်မှုတွေကို ထဲ့မတွက်ဘဲ ရလာဒ်ကိုသာ တူအောင်လုပ်မယ်ဆိုရင် အလုပ်ကြိုးစားကြသူတွေကို စိတ်ဓါတ်ပျက်ပြားအောင် လုပ်နေသလိုဖြစ်တဲ့အပြင် ကိုယ့်အားကိုယ်ကိုး ကိုယ့်ဘဝကိုယ်ထူထောင်ချင်စိတ်မရှိတော့ပဲ အစိုးရအပေါ် မှီခိုချင်တဲ့လူတန်းစားတွေ များလာပါလိမ့်မယ်။ နောက်တဖက်ကလည်း ဘဝတိုးတက်အောင် အလုပ်ကြိုးစားလုပ်တဲ့လူတွေ၊ ကိုယ့်အားကိုယ်ကိုးပြီး ချမ်းသာလာသူတွေကို အခွန်အများကြီးကောက်ပစ်မယ်ဆိုရင် ဒါဟာသူတို့ရဲ့ ကြိုးစားမှုတွေ တီထွင်ဖန်တီးမှုတွေကို ဒဏ်ခတ်တဲ့သဘောဖြစ်လို့ အများစုက တခြားပြည်နယ်/ပြည်ပက အခွန်သက်သာတဲ့နေရာတွေကို ပြောင်းထား/ပြောင်းလုပ်ကြမှာပါ။
တကယ်တမ်းချမ်းသာသူတွေကို အခွန်70%, 90% စသည်ကောက်တာက လက်တွေ့လည်းမကျ၊ လောက်မှာလည်းမဟုတ်တဲ့အပြင် အစိုးရက စီစဥ်ပြီး လူတွေကိုပြန်ပေးဖို့အတွက် အစိုးရအကြီးကြီး လိုလာမှာပါ။ အစိုးရကြီးလာလေ ကုန်ကျစရိတ်များလေ၊ ခရီးမတွင်လေဖြစ်မဲ့အပြင် လူတွေစိတ်ဓါတ် ကလည်း ကိုယ့်အားကိုယ်မကိုးတော့ပဲ အချောင်သမားစိတ်ဓါတ်တွေ ဖြစ်လာနိုင်ပါတယ်။ ပြည်သူတွေ အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးတာမျိုး အသက်မွေးဝမ်းကြောင်းပညာ တခုခုသင်ယူနိုင်အောင် စီစဥ်ထားတာမျိုးတွေ လုပ်ဆောင်ပေးတာက အစိုးရပေါ်မှာ မှီခိုနေရအောင် လုပ်ထားတာနဲ့စာရင် စိတ်ဓါတ်ပိုင်းဆိုင်ရာရော ရေရှည်အကျိုးရှိမှုရောမှာ အများကြီးသာမှာပါ။
၇။
Democrat: ဒီမိုကရက်တွေဟာ တိုင်းပြည်ထဲကို နယ်ခြားအတားအဆီးမရှိ အစီအစစ်မရှိ အကန့်အသတ်မရှိ လူတွေ ဝင်လာတာကို အားပေးကြပါတယ်။ ပြည်တွင်းမှာ တရားမဝင် ရောက်နေသူတွေကိုလည်း မဲပေးခွင့်ရဖို့၊ သက်သေခံလက်မှတ်/ ယဥ်မောင်းလိုင်စင်ရနိုင်စေဖို့၊ နိုင်ငံသားဖြစ်စေဖို့တို့ကိုလည်း အားပေးကြပါတယ်။ ပြည်တွင်းမှာ တရားမဝင်နေသူတွေထဲက ရာဇဝတ်မှုတွေကျူးလွန် လူဆိုးဂိုဏ်းတွေနဲ့ ပါတ်သက်နေသူတွေကိုတောင် သက်သက်ညှာညှာ လျော့လျော့ပေါ့ပေါ့ အရေးယူတဲ့အပြင် ရဲအလိုရှိသူတွေကို ဖမ်းမိရင်လည်း ဒီမိုကရက်ပြည်နယ်တွေမှာ အုပ်ချုပ်သူတွေ အစိုးရရှေ့နေတွေက နယ်စပ်ကိုပြန်မပို့ပဲ ပြည်တွင်းမှာတင် ပြန်လွှတ်ပေးတာက ထုံးစံလို ဖြစ်လာပါပြီ။ အဲဒီလိုလုပ်ကြလို့လည်း ပြန်လွှတ်ခံရတဲ့ ရာဇဝတ်သားတွေက မုဒိမ်းမှု၊ လူသတ်မှု စသည်ကျူးလွန်နေကြတာ သတင်းထဲတွေမှာ တွေ့နေရတာပါပဲ။
Republican: အမေရိကန်ပြည်ထောင်စု ကြီးပွားအောင်မြင်လာတာ ရွှေ့ပြောင်းအခြေချသူတွေ ကြောင့်လည်းပါတယ်ဆိုတာ လက်ခံကြပေမဲ့ ဝင်လာကြသူတွေကို စီစစ်ပြီးမှ လက်ခံချင်ကြပါတယ်။ အဓိက ရီပါဘလစ်ကန်တွေ ကြောက်ကြတာက ကိုယ့်ကိုမုန်းပြီး အတွင်းကလာဖျက်မယ့်သူတွေ၊ အလုပ်မလုပ်ချင်ပဲ အစိုးရဆီက လက်ဖြန့်စားမယ့်သူတွေ၊ လူဆိုးဂိုဏ်းတွေနဲ့ ပါတ်သက်သူတွေ၊ အကြမ်းဖက်အုပ်စုတွေနဲ့ ပါတ်သက်သူတွေ၊ ကိုယ့်ဆီက နည်းပညာလာခိုးမယ့်သူတွေအပါအဝင် တိုင်းပြည်အကျိုးယုတ်မယ့် လူစားမျိုးတွေ ဝင်လာမှာကိုပါ။ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာသူ တွေကို အားမပေးတာကလည်း ဥပဒေချိုးဖောက်တာကတကြောင်း၊ လမ်းခရီးက လူတွေထင်ထားတာထက် ကြမ်းတမ်းခက်ခဲတာတကြောင်း ပွဲစားတွေ၊ လူကုန်ကူးသူတွေ၊ လူဆိုးဂိုဏ်းတွေ၊ ခေတ်သစ်ကျွန်ပြုသူတွေ၊ လိင်အမြတ်ထုတ်သူတွေ စတာတွေကြောင့် ဖြစ်လာမယ့်ပြဿနာတွေကတကြောင်း စတာတွေကြောင့်ဖြစ်ပါတယ်။ တကယ်လာချင်တဲ့လူတွေ၊ အမေရိကန်ပြည်ထောင်စုမှာလဲ လိုအပ်နေတဲ့လူများကိုတော့ တရားဝင်လာစေချင်ကြတာပါ။
ဒီနေရာမှာ အလျဥ်းသင့်လို့ လူဝင်မှုကိစ္စနဲ့ပါတ်သက်ပြီး သမ္မတထရမ့်က ကလေးတွေကို လှောင်အိမ်တွေနဲ့ထားတယ်လို့ ဒီမိုကရက်တွေက စွပ်စွဲကြပါတယ်။ အမှန်က ဒီလှောင်အိမ်နဲ့ထားတာကို စတင်ခဲ့တာက သမ္မတအိုဘားမားလက်ထက်ကပါ။ တကယ်တမ်းက သမ္မတကလင်တန်ရော သမ္မတအိုဘားမားရောက လူဝင်မှုကြီးကြပ်ရေးကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရမယ်လို့ သမ္မတမဖြစ်ခင်က ကြွေးကြော်ခဲ့ကြသူတွေပါ။ ရွေးကောက်ခံရပြီး ဝါရှင်တန်ရောက်တော့မှ အဖျားရှုးကုန်ကြတာပါ။ တရားမဝင်ဝင်လာတာ မကောင်းဖူးဆိုတာ သိလည်းသိတယ်၊ ပြောလည်းပြောခဲ့ကြတာ အင်တာနက်မှာ ပြန်ရှာရင် အများကြီးပါ။ သမ္မတထရမ့်တက်လာပြီး လူဝင်မှုကြီးကြပ်ရေးကို သူတို့ပြောခဲ့သလို တကယ်တင်းတင်းကျပ်ကျပ်ကိုင်ပြတော့မှ အသံတွေထွက်လာကြတာပါ။ သူဖြူရင်ငါမဲ၊ သူမဲရင်ငါဖြူ ဆန့်ကျင်ဖက်လုပ်ချင်ကြတာလား၊ အစထဲက လေနဲ့ပဲ မဲဆွယ်ကောင်းအောင် တင်းကျပ်ပြနေတာလားတော့ သူတို့ပဲသိမယ်ထင်ပါတယ်။
တဆက်တည်းပြောရရင် ဒီမိုကရက်တွေသွားနေတဲ့လမ်းက ကမ္ဘာ့ရွာ One World Order ကို ဦးတည်နေပြီး ဟိုဘာသာကြီးက ဒုက္ခသည်တွေကို ကမ္ဘာမှာရော မြန်မာမှာပါ အတင်းလက်ခံအောင် တွန်းအားပေးနေကြတာပဲဖြစ်ပါတယ်။ ကမ္ဘာဆိုတာမှာတော့ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာက ဘာသာတူသူဌေးနိုင်ငံတွေ၊ တရုတ်၊ ရုရှားစသည်တွေတော့ ပါမယ်မထင်ပါဘူး။
၈။
Democrat: စားသုံးသူတွေကို ကာကွယ်ဖို့ ဥပဒေတွေ အများကြီး ပြဌာန်းထားဖို့လိုတယ်။
Republican: ဥပဒေတွေ အများကြီးထုတ်ထားရင် စျေးကွက်စီးပွားရေးက လွတ်လွတ်လပ်လပ်လှုပ်ရှားဖို့ မဖြစ်နိုင်တော့ပါဘူး။ ဥပဒေတခု အသက်ဝင်လာရင် အကျိုးဖြစ်ထွန်းတဲ့သူရှိသလို လုပ်ရကိုင်ရခက်ကုန်တဲ့လူတွေလည်းရှိကြတာ သဘာဝပါ။ ဒါကြောင့် တကယ်လိုကိုလိုအပ်တဲ့ ဥပဒေများမှအပ ကျန်တာကို လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ်ကသာ လူတွေကို ထိန်းကျောင်းသွားစေချင်ကြပါတယ်။
ဥပဒေတွေ များများထုတ်ရင် အရင်ဆုံးဖြစ်လာမှာက စရိတ်ကုန်ပါမယ်။ အဲဒီဥပဒေအများကြီးကို အသက်သွင်းဖို့ အစိုးရအကြီးကြီးလည်း လိုလာပါမယ်။ ဥပဒေများတဲ့စနစ် ဆိုတာကလည်း ကြိုးရှုပ်တဲ့ရုပ်သေးရုပ်လိုပဲ နားလည်အောင် အဓိပ္ပါယ်ဖွင့်ဆိုရ၊ မငြိအောင်လုပ်ရှားရနဲ့ အချိန်ကုန်၊ စားရိတ်တက်၊ ခရီးမတွင် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် စားသုံးသူတွေကို ကာကွယ်ဖို့ ပြဌာန်းလိုက်တဲ့ဥပဒေတွေဟာ စာတကြောင်း/စာတပိုဒ်နဲ့ အကုန်လုံးကို ခြုံငုံမိဖို့ မလွယ်ပါဘူး။ လစ်ကွက် ဟာကွက်ဆိုတာ ရှိမှာပါပဲ။
ဥပမာပေးရရင် Obama Care Act လို့ လူသိများတဲ့ Affordable Care Act ဆိုတာ ၂၀၀၉ခုနှစ် လွှတ်တော်က စတင်ပြဌာန်းစဥ်က စာမျက်နှာပေါင်း ၂၅၀၀လောက်ရှိတာကနေ ဗျူရိုကရက်တွေလက်ထဲရောက်တော့ အသေးစိတ်တွေ ထပ်ဖြည့်ရင်းနဲ့ ၂၀၁၃ ခုနှစ်မှာ စာမျက်နှာပေါင်း ၁၂၅၀၀ကျော်အထိ ဖြစ်သွားတာပါ။ ဘယ်သူမှ အကုန်အစေ့ သေချာဖတ်ဖို့ လွယ်မှာမဟုတ်ပါဘူး။ အဲဒီလိုပဲ အမေရိကန်ပြည်တဝှမ်းမှာ အငယ်စားစီးပွားရေး စတင်လုပ်ချင်သူ တွေအတွက် အခွင့်အလမ်းကောင်းဖြစ်တဲ့ Franchise လုပ်ကြတာတွေမှာလည်း ဥပဒေတွေ များမြောင်ရှုပ်ထွေးလှပါတယ်။
အဲဒီလို စာမျက်နှာပေါင်း ရာချီ ထောင်ချီတဲ့ ဥပဒေတွေကို အငယ်စားစီးပွားရေးလုပ်ချင်သူတွေ ကိုယ်တိုင်ဖတ်ပြီးတော့ပဲဖြစ်ဖြစ်၊ ရှေ့နေငှားပြီးတော့ပဲဖြစ်ဖြစ် နားလည်ဖို့၊ လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ဆိုတာ တော်တော့ကို လက်တွေ့မကျတဲ့ အနေအထားပါ။ ဘယ်သူတွေလုပ်နိုင်မလဲဆိုတော့ ရှေ့နေတွေအဖွဲ့လိုက် ငှားထားနိုင်တဲ့ လုပ်ငန်းရှင်ကြီး တွေပဲ ရှိပါတယ်။ အဲဒီလို ရှေ့နေအဖွဲ့လိုက် ငှားထားနိုင်တဲ့ လုပ်ငန်းရှင်ကြီးတွေက သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့ ဒေါ်လာသန်းနဲ့ချီ အကုန်ခံပြီး လော်ဘီတွေလည်း ငှားထားနိုင်သလို ဥပဒေပြုနိုင်တဲ့ အမတ်တွေ ဗျူရိုကရက်တွေ ကိုလည်း အိတ်ထဲထည့်ထားနိုင်တာပါပဲ။ အဲဒီတော့ လုပ်ကြကိုင်ကြရာမှာ ချိန်ခွင်လျှာ ဘယ်ဘက်သာမလဲ စဥ်းစားကြည့်ကြပေါ့။
အစိုးရစွက်ဖက်မှုနဲတဲ့ လွတ်လပ်တဲ့စီးပွားရေးစနစ် မှာဆိုရင်တော့ စားသုံးသူကသာ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် လုပ်ငန်းကြီးတွေနဲ့ ယှဥ်ပြိုင်ရာမှာ ဥပဒေရဲ့ အတုတ်အနှောင်ကင်းကင်းနဲ့ တဦးချင်းစီရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားယှဥ်ပြိုင်ခွင့်ရကြမှာဖြစ်ပါတယ်။
၉။
Democrats: ရေနံနဲ့ သဘာဝဓါတ်ငွေ့သုံးတာက ပတ်ဝန်းကျင်ကို ပျက်စီးစေတာသာမက ရာသီဥတုပြောင်းလဲတာကို ပိုဆိုးစေမှာဖြစ်လို့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ထုတ်ယူတာကို လုံးဝတားမြစ်ပြီး နေ၊ လေစတဲ့ သဘာဝစွမ်းအင်တွေနဲ့ အပြည့်အဝ အစားထိုးသင့်တယ်။
Republicans: သမ္မတထရမ့်လက်ထက်မှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ထုတ်ယူမှုတွေနဲ့ ကျောက်မီးသွေးလုပ်ငန်းတွေကို ပြန်လည်ခွင့်ပြုခဲ့လို့ အမေရိကန်ပြည်သူတွေ အလုပ်အကိုင်တွေ အများကြီး ရကြတဲ့အပြင် အမေရိကန်ဟာ တခြားနိုင်ငံတွေအပေါ် စွမ်းအင်မှီခိုနေရမှုကနေ ကင်းလွတ်သွားခဲ့ပြီဖြစ်ပါတယ်။ ရေနံအတွက် ပြည်ပကို မှီခိုနေရတုန်းက ရေနံအဓိကတင်ပို့တဲ့ နိုင်ငံများအဖွဲ့က ရေနံစျေးကစားတိုင်း တိုင်းပြည်စီးပွားရေးပေါ်မှာ အများကြီးရိုက်ခတ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ အရင် ကျောက်မီးသွေးတူးဖော်ခွင့်တွေ ပိတ်ထားတုန်းကလည်း ကျောက်မီးသွေးလုပ်ငန်းကို အမှီပြုနေကြတဲ့ မြို့လေးတွေနဲ့ နေထိုင်သူတွေတော်တော်များများ ဒုက္ခရောက်ခဲ့ကြတာပါ။ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံက စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်ပေမဲ့ တကမ္ဘာလုံး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုရဲ့ ၁% လောက်ကပဲ အမေရိကန်ကြောင့်ဖြစ်ရတာ ဖြစ်ပါတယ်။
တခြားတဖက်မှာလည်း နေရောင်ခြည်သုံး၊ လေစွမ်းအင်သုံးဆိုတာတွေက အစပိုင်းရင်းနှီးမြှုပ်နှံရမယ့် ပမာဏဟာ ကြီးမားလှသလို ဆိုလာပြားတွေထုတ်ဖို့ wind mill တွေဆောက်ဖို့ဆိုတာကလည်း သဘာဝပတ်ဝန်းကျင်အပေါ် မကောင်းတဲ့သက်ရောက်မှုအားက သိပ်မသေးလှပါဘူး။ ဒါ့အပြင် သုံးနိုင်တဲ့သက်တမ်းကလည်း အကန့်အသတ်ရှိပါတယ်။ ယိုယွင်းလာရင်ပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ပျက်စီးသွားရင်ပဲဖြစ်ဖြစ် သူတို့ကို ရှင်းလင်းပစ်ရမယ့်စားရိတ်က မနည်းသလို မပုတ်မသိုးမပျက်စီးမယ့် အကြီးစားအမှိုက်ကြီးတွေထွက်လာမှာကြောင့် ပတ်ဝန်းကျင် အတွက်လည်း သိပ်အဆင်မပြေလှပါဘူး။ အခုတောင် တည်ဆောက်ပြီးသား လေရဟတ်ကြီးတွေထဲ ပျက်နေတာတွေ ပြင်ဖို့ စားရိတ်ကြီးလွန်းလို့ ဒီတိုင်းပစ်ထားကြရတာပါ။
အကုန်လုံး ချောချောမွေ့မွေ့ ဖြစ်တယ်ဆိုရင်တောင် အမေရိကန်တပြည်လုံးရဲ့ စွမ်းအင်လိုအပ်ချက် အားလုံးကို နေနဲ့လေစွမ်းအင် တွေက လုံလုံလောက်လောက် ထုတ်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ထုတ်လုပ်ပေးနိုင်သလောက်ကို သိမ်းထားဖို့ ဘက်ထရီတွေထုတ်ရတာလည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတာပါပဲ။ အမေရိကန်တပြည်လုံးရဲ့ တရက်စာ စွမ်းအင်လိုအပ်ချက်ကို ဖြည့်စည်းဖို့ Nevada မှာရှိတဲ့ Tesla ဘက်ထရီစက်ရုံကနေ ထုတ်မယ်ဆိုရင်တောင် နှစ် ၅၀၀ လောက်ကြာသွားနိုင်တယ်လို့ ဆိုပါတယ်။ နေ၊ လေတို့ကနေ စွမ်းအင်ထုတ်ဖို့ ကြိုးစားနေခဲ့ကြတာ အနှစ်၂၀လောက်အတွင်း လူထုအခွန်ထဲက ထောက်ပံ့ကြေး ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးပြီးတာတောင် အခုအချိန်မှာ နေနဲ့လေက ထုတ်တဲ့စွမ်းအင်က ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ရဲ့ ၃% လောက်ပဲ ထုတ်နိုင်ပါသေးတယ်။
လူဆိုတာတိုးတက်အောင်တော့ အမြဲကြိုးစားသင့် တီထွင်ဖန်တီးနေသင့်တာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီလို နေတို့လေစွမ်းအင်တို့နဲ့ အစားထိုးဖို့ဆိုတာ ၁၀နှစ်အတွင်းတို့ ၁၅နှစ်အတွင်းတို့ သတ်မှတ်ပြီး အပြီးပြောင်းရမယ်ဆိုတာကတော့ ဘယ်လိုမှ လက်တွေ့မကျတဲ့အပြင် ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ကျောက်မီးသွေးစတာတွေကို မှီပြီး အသက်မွေးကြတဲ့လူတွေအတွက်လည်း တော်တော် ဒုက္ခ ရောက်စေမှာပါ။ နေတို့ လေတို့ဆိုတာ ကလည်း အစိုးရတဲ့ကိစ္စမျိုးမဟုတ်တော့ မသေချာတဲ့ကိစ္စအပေါ် အပြည့်အဝမှီခိုဖို့ အဆောတလျင် ဆုံးဖြတ်ထားတာထက် အချိန်ကျလာရင် စားသုံးသူတွေကိုယ်တိုင် ရွေးချယ်လာတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။