ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ကုသစစ်ဆေးမှုများခံယူပြီး ဆေးရုံမှ ပြန်ဆင်းလာတဲ့ သမ္မတထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်ပြီးနောက်တရက်မှာပဲ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးနိုင်ငံရေးမသမာမှုကြီးကို ဖော်ထုတ်တွေ့ရှိခဲ့ပြီလို့ အမျိုးသားထောက်လှမ်းရေး အကြီးအကဲ John Ratcliffe က ဖွင့်ချလိုက်ပါတယ်။
အဲဒီ Russian Collusion/ Steele Dossier/ Trump-Russian Dossier လို့လည်း သိကြတဲ့ အဲဒီအရှုပ်တော်ပုံကို သမ္မတအိုဘားမားလက်ထက်က CIA Director John Brennan ရဲ့ လက်ရေးမှတ်စုကို အခြေခံပြီး ကွင်းဆက်ဖော်ထုတ်ရာမှာတော့ John Brennan ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်က အဲဒီအချိန်က သမ္မတလောင်း ထရမ့်နဲ့ရုရှား ထောက်လှမ်းရေးတွေကို ဆက်စပ်ထောင်ချောက်ဆင်တဲ့အကြောင်း သမ္မတအိုဘားမားကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။ သမ္မတအိုဘားမားရဲ့ မှတ်ချက်/တုန့်ပြန်ချက်ကို ချရေးထားပေမဲ့ အခုအချိန်မှာတော့ ဖျက်ထား/ခြစ်ထားပြီးသား ဖြစ်ပါတယ်။
ဟီလာရီကလင်တန်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးတဦးက အဆိုပြုပြီး ကလင်တန်က ထောက်ခံ ခွင့်ပြုပေးခဲ့တယ်လို့ Brennan ရေးထားခဲ့တဲ့ထဲမှာတော့ ကလင်တန်တို့ဟာ ဒေါ်နယ်ထရမ့်က ရုရှားထောက်လှမ်းရေးတွေကို ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်စေခဲ့တယ်ဆိုပြီး စွပ်စွဲ အပုပ်ချဖို့ပါတဲ့။ အဲဒီအချိန်က ကလင်တန်ရဲ့ ရည်ရွယ်ချက်ကတော့ ထရမ့်ကသူ့ကို စွပ်စွဲနေတဲ့ သူ့ကိုယ်ပိုင် Email ဆာဗာကနေ အစိုးရကိစ္စတွေပို့ခဲ့တဲ့ email ပေါင်း၃သောင်းလောက်ကို ကွန်ပြူတာတွေကရော ဆာဗာတွေကနေပါ ဖျက်ပြီး အပြောင်ရှင်းထားခဲ့တယ်ဆိုတဲ့ ကိစ္စကနေ လူထုကို ထရမ့်ကြီး ရုရှားတွေနဲ့ပေါင်းပြီး ရွေးကောက်ပွဲကို ကုလားဖန်ထိုးဖို့ ကြံနေတယ်လို့ အာရုံပြောင်းပစ်နိုင်ဖို့ လုပ်တာဖြစ်ပါတယ်။
အဲဒီကလင်တန်ရဲ့ အကြံပေးက Jake Sullivan ဖြစ်ပြီး ၎င်းဟာ ယခုအခါမှာ ဘိုင်ဒန်ကမ်ပိန်းရဲ့ ထိပ်တန်းတာဝန်ရှိသူ တဦးဖြစ်နေပါတယ်။ ကလင်တန်ဟာ သူကိုယ်တိုင်အမှားလုပ်ခဲ့တာကို နောက်အမှားကြီးတခုနဲ့ ဖုံးအုပ်ဖို့ ကြိုးစားခဲ့ယုံတင်မက သမ္မတအိုဘားမားကလည်း သိသိချည်းနဲ့ ကိုယ့်အုပ်ချုပ်မှုအောက်က ပြည်သူတယောက်ကို ကာကွယ်ပေးရမယ့်အစား ထရမ့်တာဝါက ဖုန်းလိုင်းတွေ ဖြတ်နားထောင်ခိုင်း သူတို့လူတွေက ထရမ့်ကို သတိပေးသလိုလိုနဲ့ ဂျင်းတွေထည့် ယုံထင်ကြောင်ထင်တွေဖြစ်အောင် လုပ်ခဲ့ကြတာပါ။ ဘိုင်ဒန်ကလည်း ဒီကိစ္စကို အကြောင်းပြပြီး သမ္မတထရမ့်ရဲ့ လုံခြုံရေးအကြံပေး General Flynn ကို ဘယ်ဥပဒေနဲ့နဲ့ ဆွဲစေ့ရင် ရနိုင်မယ်ဆိုတာကို ဝင်ပြီးအကြံပေးခဲ့ပါတယ်။
သမ္မတထရမ့်ကတော့ Ex-VP Biden ဟာ ဒီရာဇဝတ်မှုနဲ့ငြိနေတယ်ဆိုရင် ရွေးကောက်ပွဲကတောင် နှုတ်ထွက်သင့်နေပြီလို့လည်း ဆိုပါတယ်။တကယ်တမ်း ဒီအမှုက မနှစ်တုန်းက အထူးအကြံပေး Robert Muller ရဲ့ အစီရင်ခံစာအရ ရရှားတွေနဲ့ ထရမ့်ကမ်ပိန်းကြား ဆက်စပ်မှုမတွေ့ရှိကြောင်း ကြေငြာပြီးသားဖြစ်ပါတယ်။ ဒါကို ထပ်ပြီး တူးဆွရကောင်းလားလို့လဲ ထရမ့်ကိုရော Ratcliffe ကိုရော အပြစ်တင်သူတွေ ရှိနေပါတယ်။ မနေ့က ဒုသမ္မတလောင်းများ စကားရည်လုပွဲ ကြည့်လိုက်ရင်တော့ ဘာကြောင့်လုပ်ရတာလဲ သိနိုင်မှာပါ။ ဒီမိုကရက်တွေဟာ မပြောတာကို ပြောတယ်လုပ်၊ မရှိတာကို ရှိတယ်လုပ်နဲ့ လူထုကို ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး အာဏာရဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတာပါ။
အဲဒီလိုဖော်ထုတ်ရတဲ့အကြောင်းကို ထောက်လှမ်းရေးအကြီးအကဲ Ratcliffe ပြောတာကတော့ အိုဘားမား-ဘိုင်ဒန်တို့အဖွဲ့နဲ့ သူတို့ခန့်ထားတဲ့ တရားရေးကလူတွေ၊ CIA ကလူတွေပေါင်းပြီး အစိုးရအာဏာအလွဲသုံးစားလုပ်ခါ နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြပြီး အခုအချိန်မှာတော့ အဲဒီလူတွေကပဲ အာဏာပြန်ရအောင်လုပ်နေကြတာကို အမှန်အတိုင်း ပြည်သူတွေ သိသင့်သိထိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အမေရိကန်ပြည်နဲ့ ပြည်သူတွေကို လုံလုံခြုံခြုံရှိစေချင်တာပါ။ တနေ့တနေ့ ပြည်သူတွေလုံခြုံအောင် ကျွန်တော်တို့ကြိုးစားသမျှတွေကို အခုလို နိုင်ငံရေးအမြတ်ထုတ်မှုတွေကြောင့် သဲထဲရေသွန်မဖြစ်စေချင်ပါဘူးလို့ ပြောသွားပါတယ်။
ဒီမိုကရက်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ၄နှစ်နီးပါးအတွင်းမှာ ပြည်သူ့ချွေးနဲစာကို စားနေခဲ့ပေမဲ့ တိုင်းပြည်အတွက် ဘာတခုမှဟုတ်တိပတ်တိ အလုပ်မလုပ်ခဲ့ပဲ အခြေခံဥပဒေနဲ့အညီ သန့်သန့်ရှင်းရှင်း ယှဥ်ပြိုင်အနိုင်ရပြီး သမ္မတဖြစ်လာတဲ့ ထရမ့်ကို ဘာအခြေအမြစ်မှမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ဖြုတ်ချဖို့ ကြိုးစားနေခဲ့တာဖြစ်တဲ့အပြင် အဲဒီမတိုင်ခင်မှာပါ တိုင်းပြည်စီးပွားရေးကို ဘယ်လို ပိုကောင်းအောင်လုပ်မယ်၊ ပြည်သူတွေ သက်သာချောင်ချိအောင် ဘာတွေလုပ်မယ်ဆိုတာထက် ထရမ့်ရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်လာခဲ့ရင် ဘာထောင်ချောက်တွေဆင်ပြီး ဖြုတ်ချမယ်ဆိုတာကို ဇောင်းပေးနေခဲ့ကြတာ ပို၍ ပို၍ ထင်ရှားလို့ လာနေပါပြီ။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက တိုင်းပြည်လူဦးရေရဲ့ မဲအရ ဟီလာရီက အသာစီးရပေမယ့် electoral college မှာတော့ ထရမ့်ကြီးက အပြတ်အသတ်အနိုင်ရခဲ့တာပါ။ အမျော်အမြင်ကြီးခဲ့ကြတဲ့ တိုင်းပြုပြည်ပြုဖခင်ကြီးများက အခြေခံဥပဒေမှာ လူဦးရေများတဲ့ ပြည်နယ်ကြီးတွေက သမ္မတရွေးကောက်ပွဲမှာ လက်ဝါးကြီးအုပ်မထားနိုင်အောင် electoral college နဲ့ ပြန်ထိန်း ထားခဲ့ပါတယ်။ (ပြည်နယ်တွေမှာတော့ လူဦးရေနဲ့ပဲ ရွေးကောက်ပွဲလုပ်တာကြောင့် လူဦးရေနဲ့ မဲကလည်း သူ့အတိုင်းအတာနဲ့သူ ထိရောက်မှုရှိပြီးသားပါ။) ရွေးကောက်ပွဲပြီးချိန်မှာတော့ electoral college ကို ဖျက်ပစ်ဖို့နဲ့ လူဦးရေအရသာ အနိုင်အရှုံးဆုံးဖြတ်ကြဖို့ အသံတွေ ညံသွားခဲ့ပါတယ်။
ယခုတခါလည်း Supreme Court မှာ သူတို့လူအင်အားနဲနိုင်တဲ့အရေးကြောင့် သူတို့နိုင်ခဲ့ရင် Supreme Court နေရာ ၉ နေရာကို ထပ်တိုးချဲ့ဖို့အသံတွေ ထွက်လာပြန်ပါပြီ။ မနိုင်ရင် စည်းမျဥ်းပြင်ချင်တာကတော့ တရားလွန်တယ်လို့ပဲ ဆိုရမှာပါ။ တကယ်တမ်း ရုရှားနဲ့ ပါတ်သက်မယ်ဆိုရင် ရုရှားနိုင်ငံရေးမှာ ဩဇာကြီးတဲ့ အချမ်းသာဆုံး ရုရှားအမျိုးသမီး Elena Baturina က ဘိုင်ဒန့်သား ဟန်းတားဘိုင်ဒန်ကို ဘာအကြောင်းမှမရှိပဲနဲ့ ဒေါ်လာ ၃.၅သန်း လွဲပေးခဲ့တာတွေ၊ သမ္မတဟောင်း ကလင်တန်က ရုရှားတက္ကသိုလ်တခုမှာ ဒေါ်လာ ၅သိန်း ရယူဟောပြောပေးခဲ့တာတွေ၊ ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့စဥ်က နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးတဲ့ ယူရေနီယံသတ္တုကို အမေရိကန်တပြည်လုံးမှာ ထုတ်လုပ်သမျှရဲ့ ၅ပုံ၁ပုံအထိကို ရုရှားတွေ ထိန်းချုပ်မှုအောက် ရောက်သွားစေတဲ့ Uranium One deal နဲ့ ဆက်နွယ်ပါတ်သက်နေသူတွေက ကလင်တန်ဖောင်ဒေးရှင်းကို ဒေါ်လာသန်းနဲ့ချီလှုခဲ့တာတွေ အဲဒီလူတွေနဲ့ ရုရှားတွေနဲ့က ပိုပါတ်သက်ဖို့ အခွင့်အလမ်း မများပေဘူးလား စဥ်းစားကြည့်သင့်ပါတယ်။
ရုရှားအရှုပ်တော်ပုံနဲ့ အမေရိကန်နိုင်ငံရေးကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ကုသစစ်ဆေးမှုများခံယူပြီး ဆေးရုံမှ ပြန်ဆင်းလာတဲ့ သမ္မတထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်ပြီးနောက်တရက်မှာပဲ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးနိုင်ငံရေးမသမာမှုကြီးကို ဖော်ထုတ်တွေ့ရှိခဲ့ပြီလို့ အမျိုးသားထောက်လှမ်းရေး အကြီးအကဲ John Ratcliffe က ဖွင့်ချလိုက်ပါတယ်။ အဲဒီ Russian Collusion/ Steele Dossier/ Trump-Russian Dossier လို့လည်း သိကြတဲ့ အဲဒီအရှုပ်တော်ပုံကို သမ္မတအိုဘားမားလက်ထက်က CIA Director John Brennan ရဲ့ လက်ရေးမှတ်စုကို အခြေခံပြီး ကွင်းဆက်ဖော်ထုတ်ရာမှာတော့ John Brennan ဟာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်က အဲဒီအချိန်က သမ္မတလောင်း ထရမ့်နဲ့ရုရှား ထောက်လှမ်းရေးတွေကို ဆက်စပ်ထောင်ချောက်ဆင်တဲ့အကြောင်း သမ္မတအိုဘားမားကို အစီရင်ခံခဲ့တာဖြစ်ပါတယ်။
သမ္မတအိုဘားမားရဲ့ မှတ်ချက်/တုန့်ပြန်ချက်ကို ချရေးထားပေမဲ့ အခုအချိန်မှာတော့ ဖျက်ထား/ခြစ်ထားပြီးသား ဖြစ်ပါတယ်။ ဟီလာရီကလင်တန်ရဲ့ နိုင်ငံခြားရေးမူဝါဒအကြံပေးတဦးက အဆိုပြုပြီး ကလင်တန်က ထောက်ခံ ခွင့်ပြုပေးခဲ့တယ်လို့ Brennan ရေးထားခဲ့တဲ့ထဲမှာတော့ ကလင်တန်တို့ဟာ ဒေါ်နယ်ထရမ့်က ရုရှားထောက်လှမ်းရေးတွေကို ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်စေခဲ့တယ်ဆိုပြီး စွပ်စွဲ အပုပ်ချဖို့ပါတဲ့။ အဲဒီအချိန်က ကလင်တန်ရဲ့ ရည်ရွယ်ချက်ကတော့ ထရမ့်ကသူ့ကို စွပ်စွဲနေတဲ့ သူ့ကိုယ်ပိုင် Email ဆာဗာကနေ အစိုးရကိစ္စတွေပို့ခဲ့တဲ့ email ပေါင်း၃သောင်းလောက်ကို ကွန်ပြူတာတွေကရော ဆာဗာတွေကနေပါ ဖျက်ပြီး အပြောင်ရှင်းထားခဲ့တယ်ဆိုတဲ့ ကိစ္စကနေ လူထုကို ထရမ့်ကြီး ရုရှားတွေနဲ့ပေါင်းပြီး ရွေးကောက်ပွဲကို ကုလားဖန်ထိုးဖို့ ကြံနေတယ်လို့ အာရုံပြောင်းပစ်နိုင်ဖို့ လုပ်တာဖြစ်ပါတယ်။
အဲဒီကလင်တန်ရဲ့ အကြံပေးက Jake Sullivan ဖြစ်ပြီး ၎င်းဟာ ယခုအခါမှာ ဘိုင်ဒန်ကမ်ပိန်းရဲ့ ထိပ်တန်းတာဝန်ရှိသူ တဦးဖြစ်နေပါတယ်။ ကလင်တန်ဟာ သူကိုယ်တိုင်အမှားလုပ်ခဲ့တာကို နောက်အမှားကြီးတခုနဲ့ ဖုံးအုပ်ဖို့ ကြိုးစားခဲ့ယုံတင်မက သမ္မတအိုဘားမားကလည်း သိသိချည်းနဲ့ ကိုယ့်အုပ်ချုပ်မှုအောက်က ပြည်သူတယောက်ကို ကာကွယ်ပေးရမယ့်အစား ထရမ့်တာဝါက ဖုန်းလိုင်းတွေ ဖြတ်နားထောင်ခိုင်း သူတို့လူတွေက ထရမ့်ကို သတိပေးသလိုလိုနဲ့ ဂျင်းတွေထည့် ယုံထင်ကြောင်ထင်တွေဖြစ်အောင် လုပ်ခဲ့ကြတာပါ။
ဘိုင်ဒန်ကလည်း ဒီကိစ္စကို အကြောင်းပြပြီး သမ္မတထရမ့်ရဲ့ လုံခြုံရေးအကြံပေး General Flynn ကို ဘယ်ဥပဒေနဲ့နဲ့ ဆွဲစေ့ရင် ရနိုင်မယ်ဆိုတာကို ဝင်ပြီးအကြံပေးခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ Ex-VP Biden ဟာ ဒီရာဇဝတ်မှုနဲ့ငြိနေတယ်ဆိုရင် ရွေးကောက်ပွဲကတောင် နှုတ်ထွက်သင့်နေပြီလို့လည်း ဆိုပါတယ်။တကယ်တမ်း ဒီအမှုက မနှစ်တုန်းက အထူးအကြံပေး Robert Muller ရဲ့ အစီရင်ခံစာအရ ရရှားတွေနဲ့ ထရမ့်ကမ်ပိန်းကြား ဆက်စပ်မှုမတွေ့ရှိကြောင်း ကြေငြာပြီးသားဖြစ်ပါတယ်။ ဒါကို ထပ်ပြီး တူးဆွရကောင်းလားလို့လဲ ထရမ့်ကိုရော Ratcliffe ကိုရော အပြစ်တင်သူတွေ ရှိနေပါတယ်။
မနေ့က ဒုသမ္မတလောင်းများ စကားရည်လုပွဲ ကြည့်လိုက်ရင်တော့ ဘာကြောင့်လုပ်ရတာလဲ သိနိုင်မှာပါ။ ဒီမိုကရက်တွေဟာ မပြောတာကို ပြောတယ်လုပ်၊ မရှိတာကို ရှိတယ်လုပ်နဲ့ လူထုကို ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး အာဏာရဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြတာပါ။အဲဒီလိုဖော်ထုတ်ရတဲ့အကြောင်းကို ထောက်လှမ်းရေးအကြီးအကဲ Ratcliffe ပြောတာကတော့ အိုဘားမား-ဘိုင်ဒန်တို့အဖွဲ့နဲ့ သူတို့ခန့်ထားတဲ့ တရားရေးကလူတွေ၊ CIA ကလူတွေပေါင်းပြီး အစိုးရအာဏာအလွဲသုံးစားလုပ်ခါ နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြပြီး အခုအချိန်မှာတော့ အဲဒီလူတွေကပဲ အာဏာပြန်ရအောင်လုပ်နေကြတာကို အမှန်အတိုင်း ပြည်သူတွေ သိသင့်သိထိုက်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ အမေရိကန်ပြည်နဲ့ ပြည်သူတွေကို လုံလုံခြုံခြုံရှိစေချင်တာပါ။ တနေ့တနေ့ ပြည်သူတွေလုံခြုံအောင် ကျွန်တော်တို့ကြိုးစားသမျှတွေကို အခုလို နိုင်ငံရေးအမြတ်ထုတ်မှုတွေကြောင့် သဲထဲရေသွန်မဖြစ်စေချင်ပါဘူးလို့ ပြောသွားပါတယ်။