ဘိုင်ဒန်နဲ့ တရုတ်ကြားက ခြစားမှုများ

ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒန်ရဲ့သား ဟန်းတားဘိုင်ဒန်ဟာ ဘိုင်ဒန်ရာထူးကဆင်းသွားပြီးနောက် ၃နှစ်အတွင်းမှာတောင် မိတ်ဆက်ပေးခသက်သက်တင် ဒေါ်လာ သန်း၃၀ကျော်ရခဲ့တာပါ။ နောက်တော့ ဟန်းတားက မိတ်ဆက်ပေးခက သူ့ရဲ့ အဓိကဝင်ငွေဖြစ်ပေမဲ့ ဥက္ကဌက အဆိုပြုထားတဲ့ ဖက်စပ်လုပ်ငန်းကို တဝက်စီပိုင်ဆိုင်ဖို့နဲ့ အကျိုးအမြတ်တဝက်စီခွဲဝေယူကြဖို့ ဆိုတာကလည်း သူ့အတွက်ရော သူ့မိသားစုအတွက်ပါ တော်တော်စိတ်ဝင်စားစရာ ကောင်းတယ်လို့ email တခုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ သူပြောတဲ့ ဥက္ကဌဆိုတာကတော့ တရုတ်ပြည်က အကြီးဆုံးပုဂ္ဂလိကစွမ်းအင်ကွန်ဂလိုမီရိတ်ကြီးဖြစ်တဲ့ CFEC ရဲ့ဥက္ကဌ Ye Jianming ပါပဲ။

၂၀၁၇ ဩဂုတ်လ ၂ရက်နေ့ရက်စွဲနဲ့ ဓါတ်ပုံမှာတော့ Hudson West လို့ခေါ်တဲ့ ဖက်စပ်ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေကို ဟန်းတားနဲ့ ဥက္ကဌ တဝက်စီယူကြဖို့ ဇယားလေး ရေးထားတာကို တွေ့ရပါတယ်။ အဲဒီကနေ ဟန်းတားက တနှစ်ကို ဒေါ်လာ ၁၀သန်းလောက်ရဖို့ မှန်းထားကြတာပါ။ ၂၀၁၇ စက်တင်ဘာလမှာတော့ Hudson West ကုမ္ပဏီက ဟန်းတားကို line of credit ဖွင့်ပေးခဲ့ပြီး ဟန်းတားရော၊ သူ့ဦးလေးရော သူ့ဦးလေးရဲ့ဇနီး ဖြစ်သူရောက လေယာဥ်လက်မှတ်တွေ၊ ဟိုတယ်အခန်းခတွေနဲ့ အဖိုးတန်ဇိမ်ခံပစ္စည်းတွေကို ဒေါ်လာ တသိန်းကျော်ဖိုး သုံးစွဲထားခဲ့တာ တွေ့ရပါတယ်။ အဲဒီဥက္ကဌဖြစ်သူကိုတော့ ၂၀၁၈မှာ တရုတ်အစိုးရက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကနေ ယနေ့ထိ မတွေ့ရတော့တာပါ။ အဲဒီCFEC လဲ ဒီနှစ်အစောပိုင်းမှာ ဒေဝါလီခံသွားခဲ့ပါပြီ။

ဒီemail တွေ ဘယ်ကထွက်လာသလဲဆိုတော့ ဟန်းတားက Delaware ပြည်နယ်မှာ ၂၀၁၉ ဧပြီလက ပြင်ဖို့ လာချသွားပြီး ပြန်လာမယူတော့တဲ့ MacBook Pro laptop ထဲကပါ။ ပြင်တဲ့ဆိုင်ကလူက အဲဒီ laptop ထဲမှာ အံ့အားသင့်စရာတွေ အများကြီးတွေ့ရလို့ FBI ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ အခုတော့ အဲဒီလူက သူ့ရဲ့အသက်အန္တရယ်အတွက် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

ဘိုင်ဒန်တင်ပဲ တရုတ်နဲ့ အရှုတ်အရှင်းရှိတာမဟုတ်ပါဘူး။ ကယ်လီဖိုးနီးယားက ဒီမိုကရက် ဝါရင့်အထက်လွှတ်တော်အမတ် Diane Feinstein ဆီမှာ အနှစ်၂၀ကျော် ယာဥ်မောင်းလုပ်သွားသူကလည်း တရုတ်ဒလံပါပဲ။ ဒါပဲလားဆိုရင်တော့ ကိုယ့်ပါတီကလူ ခြစားတဲ့သတင်းထွက်လာတာကို စုံစမ်းအပြစ်ပေးအရေးယူဖို့ မကြိုးစားပဲ ဝိုင်းဖုံးဖိပေးကြတဲ့ သူတို့နဲ့ အသံတူထွက်သူတိုင်းကို စစ်ဆေးကြည့်လိုက်ရင်လဲ ပေါ်လာကြဦးမှာပါ။ အမေရိကန်က ထိပ်တန်းတက္ကသိုလ်တွေမှာရော မီဒီယာအသိုင်းအဝိုင်းမှာပါ တရုတ်လက်တံရှည်တာကိုတော့ ခပ်စောစောပိုင်းက ရေးခဲ့ပြီးဖြစ်လို့ ထပ်မပြောတော့ပါဘူး။ အဲဒီလို တရုတ်နဲ့ပါတ်သက်ပြီး အားနည်းချက်ရှိတဲ့သူသာ အမြင့်ဆုံးရာထူးကို ရလာခဲ့ရင် တရုတ်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မလား တရုတ်ရဲ့ နယ်ရုပ်ကလေးအဖြစ်နဲ့ အသုံးတော်ခံမလားဆိုတာတော့ သိပ်တွေးစရာ လိုမယ်မထင်ပါဘူး။

အိုဘားမားလက်ထက်က ကာကွယ်ရေးဝန်ကြီးလုပ်ခဲ့တဲ့ Robert Gates ကတော့ ၂၀၁၉ မေလတုန်းက Face the Nation က Margaret Brennan နဲ့ အင်တာဗျူးမှာ ဘိုင်ဒန်ဟာ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်အတွင်း အဓိက နိုင်ငံခြားရေးပေါ်လစီအားလုံးလိုလိုနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ပါတ်သက်တဲ့ ကိစ္စတွေအပေါ် ရပ်တည်ချက်တွေအားလုံးဟာ မှားနေခဲ့တယ်လို့ သူ့ရဲ့ memoir မှာ ရေးထားခဲ့တာကို ထပ်ဆင့်အတည်ပြုလိုက်ပါတယ်။

တရုတ်အစိုးရကတော့ သမ္မတထရမ့်လက်ထက်မှာ သူဗိုလ်ကျချင်တိုင်းကျလို့မရ၊ ခေါင်းပုံဖြတ်ချင်တိုင်း ဖြတ်လို့မရဖြစ်နေတာကို မကြိုက်မှာကတော့ အသေအချာပါပဲ။ သမ္မတထရမ့်မတက်ခင်က တရုတ်နိုင်ငံဟာ ကမ္ဘာတဝှမ်းက နိုင်ငံငယ်လေးတွေကို လှည့်ပတ်ခေါင်းပုံဖြတ်အနိုင်ကျင့်ရုံတင်မက ဖွံ့ဖြိုးပြီးအနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာတောင် အများကြီးအကျောပေးခံထားရတဲ့ အခွင့်အရေးကို နှစ်အတော်ကြာ ရယူထားခဲ့တာပါ။

တချို့ကတော့ အမေရိကန်အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက တရုတ်ပြည် ဒီမိုကရေစီဘက် ယိုင်လာအောင် ဆွဲဆောင်တဲ့အနေနဲ့ အဲဒီလို အခွင့်အရေးတွေ ပေးထားပြီး တရုတ်အစိုးရလုပ်သမျှ မကောင်းမှုတွေကို ရေငုံနှုတ်ပိတ်နေကြတာပါလို့ ဆိုကြပေမဲ့ ပိုပြီးဖြစ်နိုင်ခြေရှိတာက တရုတ်တွေ လာဘ်ထိုးတာ၊ ဒလံထည့်တာ၊ အတွင်းလူတွေကို လိုက်ဝယ်တာ၊ ပညာရေးနဲ့ မီဒီယာကိုသုံးပြီး မှိုင်းတိုက်တာ စတာကို စနစ်တကျ အသုံးချသွားပုံပါပဲ။

ကမ္ဘာတလွှား တရုတ်အစိုးရ ဝင်ချယ်လှယ် လို့ရတဲ့ နိုင်ငံတိုင်းလိုလိုက အာဏာရှင်နိုင်ငံ(သို့) အကျင့်ပျက် ခြစားမှုရှိတဲ့ နိုင်ငံတွေပဲဖြစ်နေတာပါ။ အာဏာရှင်ပဲဖြစ်ဖြစ် အကျင့်ပျက်နိုင်ငံရေးသမားဖြစ်ဖြစ်က အားနည်းချက်တွေရှိကြတော့ လာဘ်ယူပြီးရင် ပေါ်မှာစိုးတာတမျိုး၊ ထပ်လိုချင်တာတမျိုးနဲ့ အဆုံးမတော့ တရုတ်အစိုးရကို ထိုင်ရှိမခိုးရုံတမယ်တွေ ဖြစ်ကုန်ကြတာပါပဲ။ တော်တည့်မှန်ကန်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အုပ်ချုပ်တဲ့တိုင်းပြည်တွေဆိုရင် ငယ်ပင်ငယ်သော်လည်း တရုတ်ကြီး ထင်သလောက် ဗိုလ်မကျရဲတာ တွေ့ရမှာပါ။

ရေးရင်းနဲ့ တခုခေါင်းထဲဝင်လာတာကတော့ ကနေ့ထိထွက်လာသမျှ ဘိုင်ဒန်တို့ အရှုပ်ထုတ်တွေက ပြည်ပက စွမ်းအင်ကုမ္ပဏီအကြီးစားကြီးတွေနဲ့ပဲ ပါတ်သက်နေကြတာ တွေ့ရပေမဲ့လည်း ပြည်တွင်းမှာတော့ ဘိုင်ဒန်က ရာသီဥတုပြောင်းလဲခြင်းကို အကြောင်းပြကာ ပြည်တွင်းက စွမ်းအင်ကုမ္ပဏီတွေကို ဖြုတ်ထုတ်သတ်လုပ်ဖို့ စိုင်းပြင်းနေတာဖြစ်ပါတယ်။ (ဖြုတ်ထုတ်သတ်က သမ္မတအိုဘားမား လက်ထက်ထဲက စနေခဲ့တာပါ။

ပြည်တွင်းစွမ်းအင်ကုမ္ပဏီတွေကို သမ္မတထရမ့်က အချိန်မှီပြန်ခွင့်ပြုပေးခဲ့လို့ ပြည်ပကို စွမ်းအင်အတွက်မှီခိုနေရတဲ့ဘဝက ခုမှစလွတ်တာပါ။) နေတို့လေတို့ကထုတ်တဲ့ စွမ်းအင်က အမေရိကန်စွမ်းအင်လိုအပ်ချက်ရဲ့ ရာခိုင်နှုန်းအနည်းငယ်ကိုပဲ ဖြည့်စည်းပေးနိုင်သေးတာပါ။ တကယ်လို့များ ကာလတခုကြာသွားလို့ ပြည်တွင်းစွမ်းအင်ကုမ္ပဏီတွေ လုံးဝ နာလံမထူနိုင်တော့တဲ့အချိန်မှာ နေတို့ လေတို့ကလဲ အမေရိကန်စွမ်းအင်လိုအပ်ချက်ကို ဖြည့်စည်းပေးဖို့ အများကြီးလိုနေသေးတယ်ဆိုရင် စွမ်းအင်လိုအပ်ချက်အတွက် ပြည်ပကို အားကိုးရတော့မှာပါ။ အဲဒီကျတော့ ဘယ်သူတွေဝင်လာမလဲ။

အခုလိုပြည်ပစွမ်းအင်ကုမ္ပဏီကြီး တွေက အမေရိကန်ပြည်မှာ ပြည်တွင်းစွမ်းအင်ဖူလုံမှုရှိနေတာကို ကြိုက်ကြမယ်ထင်လား၊ အခုလို ဘာအတွေ့အကြုံ၊ အရည်အချင်းမှမရှိတဲ့ ဟန်းတားကို ဒေါ်လာသန်းပေါင်းများစွာပေးထားတာ ချစ်လွန်းလို့ပေးတာပါ အကျိုးအမြတ်မလိုချင်ပါဘူးလို့ ပြောရင်ရော ယုံကြမှာလား။ အခု ဟန်းတားemail တွေ ထွက်ပေါ်လာတာကို ဖွဘုတ်တို့ တွဒ်တာတို့က ဘာလို့အသေအလဲ လိုက်ပိတ်နေကြတာလဲ။ နိုင်ငံရေးသမားတွေခြစားတာ လူထုသိခွင့်မရှိဘူးလား။ အစထဲက ပြောပါတယ် deep state ပါ၊ swamp တွေနဲ့ပြည့်နေတဲ့ နိုင်ငံရေးပါ။ ကိုယ်မုန်းတဲ့လူက ကိုယ်ချစ်တဲ့တိုင်းပြည်အတွက် အမုန်းခံ အဆဲခံပြီး အလုပ်လုပ်နေပေမဲ့ ကိုယ်ချစ်ခင်ကြည်ညိုရတဲ့ လူတွေက ကိုယ့်တိုင်းပြည်ကို လက်ညိုးထိုးရောင်းစားနေတယ်ဆိုတာ သိလိုက်ရရင် ဘာလုပ်ကြမလဲ။ မှန်တာ/ လုပ်သင့်တာကိုလုပ်ရင်တော့ သင်ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: