Kamala Harris (သို့)မုဒိန်းကောင်တွေရဲ့ဘက်တော်သား

ဒီမိုကရက်ပါတီက ဒုသမ္မတလောင်း Kamala Harris က ၂၀၁၆လောက်ထဲက တည်ထောင်ထားတဲ့ Minnesota Freedom Fund ကို ပြီးခဲ့တဲ့ BLM, Antifa အကြမ်းဖက်မှုတွေကြောင့် ရဲကဖမ်းသွားခံရတဲ့  လူတွေကို အာမခံပေးရွေးထုတ်ဖို့ အလှူခံပြီး အသုံးပြုနေခဲ့တာပါ။ အခုလည်း ၈ နှစ်သမီးလေးကို မုဒိန်းကျင့်တယ်လို့ သံသယရှိသူကို အဲဒီရံပုံငွေကနေပဲ အာမခံပေးပြီး ခေါ်ထုတ်သွားပြန်ပါတယ်။ အဲဒီရံပုံငွေက သူမအပြင် တခြားနာမည်ကြီးသူတွေကပါ ဝိုင်းအလှူခံထားကြတာကြောင့် အလှူငွေ ၃၅သန်းကျော်ရခဲ့ပြီး အခုအထိ ၃သန်းခွဲလောက်ပဲ သုံးရပါသေးတယ်။ အဲဒီထဲက ၂သိန်းလောက်ကသာ ဆန္ဒပြသူတွေအတွက် အာမခံအဖြစ် သုံးခဲ့တာပါ။

ဩဂုတ်လနှောင်းပိုင်းက Wisconsin ပြည်နယ် Kenosha မြို့မှာ လိင်အကြမ်းဖက်မှုနဲ့ သံသယရှိလို့ ရဲက အလိုရှိနေတဲ့ Jacob Blake Jr ကို ရဲတွေက ဖမ်းဆီးရာမှာ ခုခံပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့အတွက် ရဲကပစ်ခတ်ဖမ်းဆီးခဲ့တဲ့အပေါ်မှာ ဆူပူမှု၊ မီးရှို့၊ ဖျက်ဆီး၊ အကြမ်းဖက်တာတွေ တမြို့လုံးဖြစ်သွားခဲ့ပါသေးတယ်။ အဲဒီမှာလည်း Kamala Harris ဟာ အဲဒီလူကို “I am proud of you” လို့ ဂုဏ်ပြုစကားပြောသွားပါတယ်။ ဘယ်အပိုင်းကို ဂုဏ်ယူတာလဲတော့ သိချင်မိပါတယ်၊ လိင်အကြမ်းဖက်တဲ့အပိုင်းကိုလား၊ ရဲခေါ်တာ ခုခံပြီးထွက်ပြေးဖို့ကြိုးစားတဲ့အပိုင်းကိုလားပေါ့။ (မီဒီယာတွေ အများစုကတော့ ထုံးစံအတိုင်း George Floyd တုန်းကလိုပဲ အမှန်တရားကိုမတင်ပြပဲ သူတို့အာဘော်မဝင့်ဝင်အောင် အတင်းပုံဖော်နေကြတာပါ။)

သူမရဲ့သမိုင်းကိုကြည့်ရင် Kamala Harris ဟာ လက်ရှိအထက်လွှတ်တော်အမတ် မဖြစ်ခင်က ကယ်လီဖိုးနီးယားပြည်နယ်မှာ ခရိုင်အဆင့် အစိုးရရှေ့နေနဲ့ ပြည်နယ်ရှေ့နေချုပ်ဖြစ်ခဲ့ပါတယ်။ ရှေ့နေချုပ်ဖြစ်ခဲ့တုန်းက ၂၀၁၅ခုနှစ်မှာ လိင်ရာဇဝတ်သားတွေကို ကျောင်းတွေ ပန်းခြံတွေရဲ့ ပေ၂၀၀၀ အတွင်းမှာ မနေစေရဆိုတဲ့ ဥပဒေနဲ့ကန့်သတ်ထားတာကို အဲဒီဥပဒေကို အကောင်အထည်မဖော်ဖို့ ညွှန်ကြားခဲ့ပါတယ်။ Jessica’s law လို့ခေါ်တဲ့ အဲဒီဥပဒေကို ကယ်လီဖိုးနီးယားတပြည်နယ်လုံးက ပြည်နယ်လုံးကျွတ်မဲဆန္ဒနဲ့ တခဲနက်ထောက်ခံထားကြတာပါ။ အဲဒီ Jessica ဆိုတာကတော့ ရာဇဝတ်သားတယောက်က အိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိမ်းကျင့်သတ်ပစ်ခဲ့တာ ခံခဲ့ရတဲ့ ကလေးငယ်ဖြစ်ပါတယ်။ အဲဒီလိုမျိုး ပြည်နယ်သူ/သားတွေက ဆန္ဒမဲနဲ့ အတည်ပြုထားတဲ့ ဥပဒေကို ရှေ့နေချုပ်အာဏာသုံးပြီး ချောင်ထိုးထားတာဟာ အလွန်အန္တရယ်ကြီးကြောင်းတော့ ရီပါဘလစ်ကန်အမတ်တယောက်က ပြောသွားပါတယ်။ ကယ်လီဖိုးနီးယားမှာ ဒီမိုကရက်တွေက အုပ်ချုပ်ရေး၊ လွှတ်တော်၊ တရားရေး ၃ခုလုံးမှာ ကြီးစိုးနေတော့ ဘာမှလုပ်လို့ရပုံမပေါ်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: