မဆုံးနိုင်တဲ့ ဘိုင်ဒန့်မိသားစုအရှုပ်တော်ပုံတွေထဲမှာ နောက်တခုထပ်ထွက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဘိုင်ဒန့်သမက် ဆရာဝန် Howard Krein ရဲ့ ကုမ္ပဏီက တရုတ်ကော်ပိုရေးရှင်း တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်ဆေးကုမ္ပဏီကြီးတွေမှာဖြစ်ပြီး အခုကိုဗစ်၁၉ဗိုင်းရပ်စ်နဲ့ ပါတ်သက်တဲ့ ဆေးဝါးထုတ်နိုင်မယ့် ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ခဲ့တယ်လို့ သိရပါတယ်။
သမက်ရဲ့အကို Steven Krein က ၂၀၁၁ မှာတည်ထောင်လိုက်တဲ့ Startup Health ရဲ့ Co-founder & Managing Partner ဖြစ်ပြီး Howard ကတော့ Chief Medical Officer ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီဟာ Obama အစိုးရ နဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့ပြီး မဖွင့်ခင်တုန်းကထဲက Howard Kreinက, သူ့အကို Stevenကို အိုဘားမားတို့ ဘိုင်ဒန်တို့ နဲ့ တွေ့ဖို့ စီစဥ်ပေးခဲ့ပါတယ်။ Startup Health ဟာ ၂၀၁၈ တုန်းက တရုတ်အခြေစိုက် ကော်ပိုရေးရှင်းကြီး၂ခုကို promote လုပ်ပေးခဲ့ပြီး ဒီနှစ်ထဲမှာတော့ ကိုဗစ်ကို တရုတ်တွေကိုင်တွယ်တာ ဘယ်လိုစနစ်ကျ ထိရောက်ကြောင်းတွေ အမွှန်းတင်နေပြန် ပါတယ်။ Startup Health ကတော့ များသောအားဖြင့် “moonshot” တွေမှာ ရင်းနှီးမြှုပ်နှံတာ ဖြစ်ပါတယ်။ အိုဘားမား လက်ထက်မှာ ဘိုင်ဒန်က သမက်အကိုရဲ့ကုမ္ပဏီကို အားကိုးပြီး Cancer Moonshot project – a “new national effort to end cancer as we know it,” လို့ ကြွေးကြော်ခဲ့ပါတယ်။
ဒါတင်မက ဘိုင်ဒန် ဒုသမ္မတအနေနဲ့ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပတဲ့ World Economic Forum, University of Pennsylvania နဲ့ Vatican တွေသွားတုန်းကလဲ Krein ကိုပါ တပါတည်းခေါ်သွားပြီး Cancer Moonshot project ကို promote လုပ်ခဲ့ပါသေးတယ်။ Cancer Moonshot project ရဲ့ လက်တံတခုဖြစ်တဲ့ The Biden Cancer Initiative ကိုတော့ ဘိုင်ဒန်ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေငြာပြီး လအနည်းငယ်အတွင်းမှာ ပိတ်ပစ်လိုက်ပြီဖြစ်ပါတယ်။
အခုလို တရုတ်ဆေးကုမ္ပဏီတွေနဲ့ အချိတ်အဆက်တွေရှိတာရယ် သမ္မတထရမ့်က တရုတ်ကလေယာဥ် တွေ ပိတ်ပင်တာကို ကန့်ကွက်ကြတာရယ်၊ တရုတ်ကို ဘာပြောပြော၊ ဘာလုပ်လုပ် အထိမခံဖြစ်နေကြ တာရယ်၊ တခြားခြစားတဲ့ဖြစ်စဥ်တွေရယ် ပေါင်းကြည့်လိုက်ရင်တော့ စိတ်သက်သာစရာ မရှိပါဘူး။ ဒီကြားထဲ ဝူဟန်က လူလုပ်ဗိုင်းရပ်စ်ဆိုပြီး အခိုင်အမာပြောနေတဲ့သူလဲ ရှိနေတော့ ပိုကြောက်စရာ ဖြစ်လာနိုင်တာပါ။ သမ္မတထရမ့်ကတော့ တရုတ်ကဆေးတွေကို အယုံအကြည်ရှိမယ်မထင်ပါဘူး။ ဘိုင်ဒန်နိုင်လာခဲ့ရင်တော့ ပြည်တွင်းဆေးကုမ္ပဏီတွေကို အကြောင်းအမျိုးမျိုးနဲ့ ပြဿနာရှာပြီး တရုတ်ဆေးတွေနဲ့ နှစ်ပါးသွားခိုင်းမယ့်ပုံပါပဲ။