ဘိုင်ဒန်နဲ့ ယူကရိန်းအရှုပ်တော်ပုံ

ဘိုင်ဒန် ဒုသမ္မတဖြစ်နေစဥ်မှာ သူ့သား ဟန်းတားဘိုင်ဒန်က ယူကရိန်းက စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ Burisma ရဲ့ ထိပ်တန်းအရာရှိ Vadym Pozharskyi နဲ့ သူ့အဖေ ဂျိုးဘိုင်ဒန်ကို မိတ်ဆက်ပေးခဲ့တာကို အဲဒီအရာရှိက ကျေးဇူးတင်တဲ့အကြောင်း email ပို့ထားတာကို ဟန်းတားရဲ့ laptop ပေါ်မှာ တွေ့နေတာတောင် ဂျိုးဘိုင်ဒန်နဲ့ သူ့ရဲ့ အောင်နိုင်ရေးအဖွဲ့သားများက အဲဒီလူနဲ့ အဆက်အသွယ်မရှိကြောင်း ငြင်းဆိုနေဆဲဖြစ်ပါတယ်။ ၂၀၁၄ မေလက အဲဒီလူက ဟန်းတားဆီပို့တဲ့ email မှာတော့ သင့်အရှိန်အဝါကို သုံးပြီး သူတို့ကုမ္ပဏီအတွက် ဘာတွေလုပ်လို့ရနိုင်မလဲလို့ မေးထားပါတယ်။ နယူးယောက်မြို့တော်ဝန်ဟောင်း Rudy Giuliani ကတော့ နောက်ထပ် email ပေါင်း ၄သောင်းကျော်ထွက်လာစရာရှိသေးတယ်လို့ ပြောသွားပါတယ်။

လွှတ်တော်ထဲက ဒီမိုကရက်အမတ်များဟာ သမ္မတထရမ့်နဲ့ ရုရှားထောက်လှမ်းရေးတွေကြား ဘာဆက်စပ်မှုမှ မတွေ့တဲ့နောက်ပိုင်း ယူကရိန်းနဲ့ သမ္မတထရမ့်ဆက်စပ်မှုရှိသယောင် ပုံဖော်ပြီး သမ္မတဖြုတ်ချရေး နောက်တကြိမ် ကြိုးပမ်းကြပြန်ပါတယ်။ သမ္မတထရမ့်က ယူကရိန်းသမ္မတဆီ တခါတော့ ဖုံးခေါ်ဖူးပါတယ်တဲ့။ အကြောင်းကတော့ ဟန်းတားနဲ့ Burisma ကြား ဆက်စပ်မှုကို ဖော်ထုတ်ဖို့နဲ့ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ယူကရိန်းက ဝင်နှောက်ထားတယ်လို့ ဒီမိုကရက်တွေက စွပ်စွဲနေတာကို စုံစမ်းပေးဖို့ပဲ ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒန်က Burisma ကို စတင်စုံစမ်းစစ်ဆေးနေတဲ့ ယူကရိန်းက အစိုးရရှေ့နေကို ဖြုတ်ပစ်ဖို့ ဖိအားပေးခဲ့ပါတယ်။ Burisma ကတော့ ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံးသဘာဝဓါတ်ငွေ့ထုတ်လုပ်တဲ့ ကုမ္ပဏီတခုပါ။ အဲဒီကုမ္ပဏီကနေ ဟန်းတားက စွမ်းအင်/ဓါတ်ငွေ့နဲ့ ပါတ်သက်ပြီး ဘာတခုမှ အတွေ့အကြုံမရှိပါပဲနဲ့ တလကို ဒေါ်လာ ၅သောင်းလောက်ရနေတာလို့လဲ ဆိုကြပါတယ်။ Burisma က ဘိုင်ဒန်တို့ကို ကပ်ရတဲ့အကြောင်းရင်းကတော့ ရရှားက ခရိုင်းမီးယားကို ကျူးကျော်တာနဲ့ပါတ်သက်ပြီး နာမည်ပျက်နေတဲ့အချိန်မှာ အမေရိကန်နဲ့ ပိုမိုနီးကပ်တယ်ဆိုတာမျိုး ပြချင်လို့ပဲ ဖြစ်ပါတယ်။

ဟန်းတားကို စငှားတာကလည်း ရုရှားတွေခရိုင်းမီးယားကို ဝင်ပြီး တလလောက်အကြာဖြစ်တဲ့ ၂၀၁၄ ဧပြီလမှာ ဖြစ်ပါတယ်။ Ethics watchdog တွေကတော့ ဒါဟာ conflict of interest ဖြစ်ပေမဲ့လည်း အမေရိကန်နိုင်ငံခြားရေး မူဝါဒကို မထိခိုက်သေးသ၍ ပြဿနာမရှိဘူးလို့ ဆိုပါတယ်။ နိုင်ငံရေးပညာရှင်တွေ သုတေသီတွေ ကတော့ အဲဒီလို မမြင်ကြပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: