Parkland shooting မှာ သမီးဖြစ်သူကို ဆုံးရှုံးခဲ့တဲ့ ဖခင်တယောက်ရဲ့ ခံစားချက်

ဘိုင်ဒန်သာနိုင်ခဲ့မယ်ဆိုရင် Parkland shooting (လူအများဆုံးသေခဲ့တဲ့ ကျောင်းပစ်ခတ်မှု)လိုမျိုးတွေ အများကြီးထပ်ဖြစ်လာနိုင်တယ္လို့ အဲဒီ Parkland shooting မှာ သေဆုံးခဲ့တဲ့ ကျောင်းသူလေးရဲ့အဖေက ပြောကြားလိုက်ပါတယ်။ ကျောင်းပစ်ခတ်မှုတွေမှာ ဖြစ်လေ့ရှိတာက အဲဒီလိုပစ်ခတ်တဲ့အခြေအနေ အထိမရောက်ခင် ကျူးလွန်မယ့်သူဟာ အရင်ဆုံး ကျောင်းမှာပြဿနာတွေရှိနေပါတယ်၊ ပြဿနာတွေမပြေလည်တဲ့အဆုံးမှာ လူတွေကို စိတ်ကုန်/စိတ်ပျက်လာပါမယ်၊ သတ်ပစ်ချင်တဲ့အထိအတွေးတွေဖြစ်လာနိုင်ပါတယ်၊ သတ်ပစ်ချင်တဲ့အကြောင်းတွေကို နှုတ်ကဖြစ်စေ email ကဖြစ်စေ တနည်းနည်းနဲ့ သူများသိအောင်ပြောပါမယ်၊ ပြောပြောနေပေမယ့် ဘာမှထူးခြားမလာတဲ့အဆုံးမှာ ပစ်ခတ်ဖို့ကို စပြီးစီစဥ်ပါလိမ့်မယ်။

ဒီမိုကရက်တွေက နောက်ဆုံးတကယ်ပစ်ခတ်ပြီဆိုမှသာ သေနတ်ကို အပြစ်တင်ကြပေမယ့် တကယ်ပစ်ခတ်ချိန် မတိုင်မီမှာဖြစ်နေတဲ့ ပြဿနာတွဲတွေကိုတော့ အဖြေရှာဖို့ ကြိုးစားကြတာ မတွေ့ရပါဘူး။ Parkland ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့တဲ့ ကျောင်းသူလေး Meadow Pollack ရဲ့ဖခင် Andew Pollack က ခုလိုပြောရတဲ့အကြောင်းကတော့ ပြီးခဲ့တဲ့အပတ်က school board က သူ့ကို စိတ်ဆရာဝန်ဆီက သူတကယ်စိတ်ထိခိုက်ခံစားနေရပါတယ်ဆိုတဲ့အကြောင်း သက်သေခံစာယူခဲ့ဖို့ တောင်းလို့ပဲဖြစ်ပါတယ်။

သူဟာ သူ့သမီးကို ဆုံးရှုံးခဲ့ပြီးနောက်ပိုင်း ဘာလို့ဒီလောက်ထိ ဖြစ်သွားရတယ်ဆိုတာ သိချင်လို့ကတပိုင်း နောက်ထပ်မိဘတွေ သူ့သမီးကို ဆုံးရှုံးလိုက်ရသလို ထပ်ဖြစ်မှာစိုးလို့ကတပိုင်း စတင်ပြီး တူးဆွပါတော့တယ်။ အဲဒီမှာ ဘာတွေသွားတွေ့သလဲဆိုတော့

၁။ သူ့သမီးတက်ခဲ့တဲ့ school district မှာ မုဒိမ်းကောင်တွေနဲ့ လူသတ်ကောင်တွေကို ပုံမှန်ကျောင်းသားတွေနဲ့ ရောပြီး ကျောင်းတက်ဖို့ ခွင့်ပြုထားပါတယ်။ (ဒါကတော့ Kamala Harris နဲ့ အသံတူပါတယ်။ Harris ကလဲ မုဒိန်းကောင်တွေ လူသတ်ကောင်တွေကို လမ်းတွေပေါ်ပြန်လွှတ်ပြီး သာမာန်လူတွေနဲ့ ရောနှောထားဖို့ကို အကြီးအကျယ် တိုက်ပွဲဝင်နေသူပါ။)

၂။ အဲဒီ school district က ကျောင်းတွေမှာ ကျောင်းသားတွေအနေနဲ့ ပြစ်မှုအငယ်စားလေးတွဗ ကျူးလွန်မယ်ဆိုရင် တနှစ်ကို ၃ကြိမ်အထိအရေးမယူပဲ ကင်းလွတ်ခွင့်ပေးထားပါတယ်။ (အဲဒီလိုလုပ်ချင်းအားဖြင့် ရာဇဝတ်မှုကိန်းဂဏန်းတွေ လျော့ကျတော့ ကျောင်းအာဏာပိုင်တွေရဲ့ ပေါ်လစီတွေ အလုပ်ဖြစ်နေသလိုလိုနဲ့ မျက်နှာပန်းလှပါတယ်။ ပြန်လည်ရွေးကောက်ခံရဖို့လည်း ပိုဖြစ်နိုင်သွားပါတယ်။)

၃။ ပစ်ခတ်တဲ့သူဟာ အဲဒီကျောင်းမှာ သတ်ချင်တဲ့အကြောင်း၊ သွေးတွေဖုံးလွမ်းနေတဲ့မြင်ကွင်းကို မြင်ချင်နေကြောင်း ခြိမ်းခြောက်စာတွေ email တွေ ပို့ထားတာ တွေ့ရပေမယ့်လည်း အဲဒီပြဿနာရှိတဲ့သူကို သိသိချည်းနဲ့ သူ့သမီးကျောင်းမှာ ပုံမှန်ကလေးတွေနဲ့အတူ ရောတက်စေခဲ့တာဖြစ်ပါတယ်။

မိဘတွေက ကျောင်းရဲ့ပေါ်လစီတွေကို သိလာကြတဲ့အခါကျတော့ ကျောင်းဒေသ အုပ်ချုပ်ရေးမှုးဘုတ်အဖွဲ့ကို ရှင်းလင်းချက်တောင်းကြပါတယ်။ အဲဒီကျတော့ ကျောင်းဒေသ Superintendent ဖြစ်တဲ့ Robert Runcie က မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ပြီး “ခင်ဗျားတို့က ကျွန်တော်တို့ကို ဘယ်လိုပေါ်လစီချရမယ်ဆိုတာသာလာပြီး ဆရာလုပ်နေကြတာ၊ ကျွန်တော့ကို ACLU က ပြီးခဲ့တဲ့ ၂ပတ်လောက်က စာပို့ထားတာကတော့ ကျွန်တော်တို့ကျောင်းဒေသဟာ “restorative justice” ကိုသွားတာမှာ သိပ်ခရီးမရောက်ဘူးလို့ ပြောနေတယ်” လို့ ပြန်ပြောပါတယ်။

ACLU ဆိုတာကတော့ American Civil Liberties Union ပါ။လက်ဝဲစွန်းကို သွားချင်ကြတဲ့အဖွဲ့လို့ပြောရင် ရမယ်ထင်ပါတယ်။ Restorative justice ဆိုတာကတော့ အပြစ်ရှိတဲ့လူကို ပုံမှန်တရားစီရင် အပြစ်ပေးတဲ့ ပုံစံမျိုးမဟုတ်ပဲ ကျူးလွန်တဲ့သူနဲ့ အကျူးလွန်ခံရသူတို့ကို တွေ့ဆုံဆွေးနွေးစေပြီး ပြဿနာကို ဖြေရှင်းတဲ့နည်းဖြစ်ပါတယ်။ Restorative justice က လက်ဝဲယိမ်းတွေ လက်ဝဲစွန်းတွေရဲ့ တခြားအစီအမံတွေလိုပါပဲ၊ နာမည်လှလှလေးနဲ့ ရည်ရွယ်ချက် ကောင်းသလိုရှိပေမယ့် လက်တွေ့မှာတော့ ပြဿနာတွေက ပိုပဲဆိုးလာကြတာပါ။

မုဒိန်းမှု၊ လူသတ်မှုတို့ထားလို့ ကျောင်းတွေမှာ အဖြစ်များတဲ့ bully ကိစ္စတွေမှာဆိုရင်တောင် bully နဲ့ bully အလုပ်ခံရသူ မျက်နှာချင်းဆိုင်ဖြေရှင်းရမယ်ဆိုတာ စိတ်ကူးယဥ်ရုပ်ရှင်တွေထဲမှာပဲ ကြည့်လို့ကောင်းမယ်ထင်ပါတယ်။ သူတို့စဥ်းစားသမျှက ဆိုးသွမ်းသူတွေဖက်ကချည့်ပဲဖြစ်ပြီး ခံရသူတွေဖက်ကိုတော့ စာနာထောက်ထားပုံမရပါဘူး။ မတွေ့ချင်ရင်တော့ ကျူးလွန်သူကအမြတ်ပဲလေ။ Kamala Harris ကတော့ ဒီလိုကိစ္စတွေမှာ ချန်ပီယံပါပဲ။ မုဒိန်းကောင်၊ လူသတ်ကောင်တွေကို သက်ညှာဖို့၊ လမ်းပေါ်ပြန်လွှတ်ပေးဖို့၊ sex offender စာရင်းမသွင်းဖို့၊ စတဲ့ နည်းမျိုးစုံနဲ့ ရာဇဝတ်သားတွေ ဘက်က ရပ်တည်ပေးသလောက် သူတို့နဲ့ သဘောမတူတဲ့၊ သူတို့အမိန့်ကို အာခံမိတဲ့ အရပ်သားတွေကို ပြင်းထန်တဲ့ ဥပဒေများနဲ့ အရေးယူနေကြတာပါ။

ဒီလို လုပ်နေကြတာ တနိုင်ငံလုံးမဟုတ်သေးပေမယ့် မကြာခင် တနိုင်ငံလုံးဖြစ်လာနိုင်နေပါပြီ။ Soros က သိပ်လက်ဝဲစွန်းမရောက်တဲ့ (progressive မဖြစ်တဲ့) အစိုးရရှေ့နေတွေကို ပြည်နယ်တိုင်းမှာ ဖယ်ရှားပြီး လက်ဝဲစွန်းတွေနဲ့ အစားထိုးဖို့ သန်းပေါင်းများစွာ အကုန်ခံပြီး လှုပ်ရှားနေတာပါ။ (လက်ဝဲစွန်းတွေက Racial justice ဆိုပြီးတော့လည်း အစိုးရဌာနတွေ တက္ကသိုလ်တွေ နဲ့ လုပ်ငန်းခွင်တွေမှာ အရည်အချင်းထက် အသားအရောင်ကို မူတည်ပြီး ရွေးချယ်ဖို့ကိုလည်း စိုင်းပြင်းနေကြပါတယ်။ )ငယ်ရွယ်သူတွေဆိုတာက အမှားအမှန်ခွဲခြားသိဖို့ ကြိုးစားကြတုန်းဖြစ်ပြီး ပတ်ဝန်းကျင်က ဘယ်လိုတုန့်ပြန်သလဲဆိုတာပေါ်မှာ မူတည်ပြီး လက်တွေ့ဘဝအကြောင်း သင်ယူရင်းနဲ့ ကြီးပြင်းလာကြတာဖြစ်ပါတယ်။

အခုလို ငယ်ရွယ်သူကျောင်းသားအရွယ်တွေကို အပြစ်လုပ်လဲ တာဝန်ယူစရာမလိုတဲ့ ပုံစံမျိုးလေ့ကျင့်ပေးလိုက်ရင် ဒီကလေးတွေကြီးလာတော့ လောကမှာ အဆိပ်အတောက်လေးတွေဖြစ်လာတော့မှာပေါ့။ အခုလို မိဘတွေက ရှင်းလင်းချက်တောင်းတဲ့အခါကျတော့ တာဝန်ရှိသူတွေဟာ သူတို့လုပ်ထားတဲ့ပေါ်လစီတွေကြောင့် အခုလို ဝမ်းနည်းစရာကိစ္စတွေဖြစ်ရတာကို တာဝန်မယူပဲ လူမျိုးရေးခွဲခြားလို့ ပြောသလိုလိုဖြစ်အောင် ပုံဖော်ပြန်ပါတယ်။ အဲဒီမိဘတွေ ကျောင်းခရိုင်ဆွေးနွေးပွဲတွေမှာ မပါရအောင် မဟုတ်တဲ့ စွပ်စွဲချက်တွေပြပြီး တက်လို့မရအောင် လုပ်ထားကြပါတယ်။ ဖြစ်ချင်တော့ သမီးဆုံးထားတဲ့အဖေက လူဖြူဖြစ်နေပြီး ကျောင်းခရိုင်အုပ်ချုပ်သူကတော့ လူမဲဖြစ်နေတာပါ။

ပြဿနာတခုဖြစ်လာရင် ဘာကြောင့်ဖြစ်တာ၊ နောင်မဖြစ်အောင် ဘယ်လိုလုပ်ကြမယ်ဆိုတာကို မရှာဖွေ မစုံစမ်း မဆွေးနွေးပဲ ထစ်ကနဲရှိ လူမျိုးရေးကိုပဲ ပုံချနေရင် ဒီတိုင်းပြည်က ဘယ်လို အေးအေးချမ်းချမ်းရှေ့ဆက်သွားကြမယ်ဆိုတာ စိုးရိမ်စရာပါ။ အဲဒီမိဘတွေသတိပေးချင်တာက ဘိုင်ဒန်တက်လာရင် အခုလို တကယ့်ပြဿနာတွေကို politically correct ဖြစ်မယ့် နာမည်လှပြီး ရလာဒ်ကောင်းမထွက်မယ့်နည်းတွေသုံးၿပီး ဖုံးဖိၾၾကတာ တနိုင်ငံလုံး ကျင့်သုံးကြတဲ့အထိ ဖြစ်လာနိုင်တာကိုပါ။ ရှေ့မှာ ပြဿနာတွေ တသီကြီးရှိနေတာကို မျက်ကွယ်ပြုပြီး လူတွေသေတော့မှ သေနတ်ကို အပြစ်ပုံချတာကတော့ စဥ်းစားတတ်တဲ့လူတွေအတွက် ဘယ်လိုမှ လက်ခံနိုင်စရာမရှိနိုင်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: