အရှုပ်တွေကြားက အမေရိကန်ရွေးကောက်ပွဲ

ဒီတခါ အမေရိကန်ရွေးကောက်ပွဲကတော့ တော်တော်အရင်းအနှီးကြီးတယ်လို့ ဆိုရမှာပါ။ မီဒီယာကရော globalist တွေကပါ အားလုံးပုံအောပြီး တိုက်ခိုက်နေကြသလိုပါပဲ။ Soros ကလည်း အသက်ကြီးပြီ။ ဒီမိုကရက်တွေဘက်က အဓိကငွေတွင်းကြီးတွေဖြစ်တဲ့ ဆီလီကွန်ဗယ်လီကသူဌေးကြီးများ၊ ဘဏ်သူဌေးကြီများနဲ့ ကောပိုရိတ်လောကတို့က လက်ခံနိုင်မယ့် ဒီမိုကရက်တွေကလည်း အသက်တွေက နောက်တခါရွေးကောက်ပွဲမှာ ပါနိုင်တဲ့ အရွယ်တွေ သိပ်မရှိတော့ဘူး။ ကျေးဇူးရှင်တရုတ်ကြီးကလည်း ကမ္ဘာ့နံပါတ်တစ်ဖြစ်မှ “ထာဝရခေါင်းဆောင်ကြီး” သမိုင်းလှမှာဆိုတော့ ရှိသမျှဗျူဟာတွေ ထုတ်သုံးပြီး မီးကုန်ယမ်းကုန်ညစ်မှာပါပဲ။

တဖက်မှာလည်း အရင်က တိတ်တိတ်နေခဲ့ကြသူတွေက သမ္မတကို ထောက်ခံကြောင်း လူထုရှေ့ထွက်အင်အားပြကြသူတွေ နေရာစုံမှာ များလာပါပြီ။ တသက်လုံး ဒီမိုကရက်လုပ်ခဲ့ကြသူတွေ ရီပါဘလစ်ကန်ဘက်ကူးလာကြတာတွေလည်း မနည်းပါဘူး။ နောက်ထူးခြားတာတခုက ဒီရွေးကောက်ပွဲက တဦးတည်းပေါ်မှာ မူတည်နေတယ်လို့ မြင်ပါတယ်။ တဖက်မှာက တိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူတွေအတွက် အမုန်းခံ အဆဲခံအလုပ်လုပ်မယ့်ထရမ့်ကို သဲသဲလှုပ်ချစ်ကြသလို နောက်တဖက်ကလည်း ထရမ့်ကို မြင်တာနဲ့ အမုန်းစိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်ကြတာပါ။ တခုရှိတာက ဒီမိုကရက်တွေမှာ သူတို့ကိုယ်ပိုင်မူ/အမြင်ကို ချပြတာထက် ထရမ့်လုပ်သမျှ ပြောင်းပြန်လှန် ကန့်လန့်တိုက်ချင်တာတွေက သူတို့ရဲ့ အဓိကပေါ်လစီဖြစ်နေတာပါ။

အမေရိကန်ပြည်မှာ ရီပါဘလစ်ကန်တွေက လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ်နဲ့ တဦးချင်းကိုယ်တိုင် တာဝန်ယူမှုကို အားပေးတဲ့ အတွက် လူတော်တော်များများက စီးပွားရေးလုပ်ငန်းရှင်တွေအကုန် ရီပါဘလစ်ကန်ကို ငွေလုံးငွေရင်းနဲ့ ပုံအော ထောက်ခံလိမ့်မယ်ထင်ကြမှာပါ။ လက်တွေ့မှာတော့ အမေရိကန်ရဲ့ အချမ်းသာဆုံးနဲ့ အချယ်လှယ်နိုင်ဆုံးအင်အားစုတွေက ဒီမိုကရက်တွေဘက်က ငွေလုံးငွေရင်းနဲ့ပုံအောနေကြပြီး တရုတ်အစိုးရကိုပါ အထိမခံ ကာကွယ် နေကြတာပါ။ ဘာကြောင့်လဲဆိုတာကိုတော့ တော်တော်များများ သိချင်ကြမယ်ထင်ပါတယ်။

အဓိကအကြောင်းကတော့ သမ္မတထရမ့်က တရုတ်ပြည်က မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကုန်သွယ်ရေးအသာစီးရနေတာကို အကြောင်းပြုပြီး တရုတ်ပြည်က သွင်းတဲ့ပစ္စည်းတွေကို အခွန်တိုးကောက်တာကြောင့် တရုတ်ပြည်နဲ့ စီးပွားရေးလုပ်ပြီး အမြတ်အစွန်း အများကြီးဖြစ်နေတဲ့ Nike, Apple, Microsoft, IBM, Google မှအစပြုလို့ Hollywood, NBA စသည် အလယ် သိပ်နာမည်မကြီးတဲ့ ကုမ္ပဏီတွေအဆုံး အမြတ်အစွန်းနည်း ကုန်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စုက အကြီးဆုံးဘဏ်ကြီးတွေနဲ့ Wall Street က အကြီးစားရင်းနှီးမြှုပ်နှံသူတွေဟာ တရုတ်အစိုးရနဲ့ ထိပ်တိုက်ရင်မဆိုင်မယ့် Biden-Harris တို့နောက်ကနေ အများကြီး ပံ့ပိုးပေးနေကြတာဖြစ်ပါတယ်။

တရုတ်တွေ၊ globalists တွေ ဒီမိုကရက်နဲ့ မီဒီယာတွေပေးတဲ့ ဖိအားတွေကိုတော့ သမ္မတထရမ့်က ကြံ့ကြံ့ခံပြီး သူ့မူဝါဒကို အပြောင်းအလဲ​အပေးအယူ မလုပ်ခဲ့ပါဘူး။ သမ္မတထရမ့်ရဲ့ ရည်မှန်းချက် ကတော့ သူ့ပြည်သူတွေ အလုပ်အကိုင်ရရှိဖို့၊ တိုင်းပြည်အတွက်အရေးကြီးတဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာ လုံလုံလောက်လောက်ထုတ်ဖို့နဲ့  အမေရိကန်ထွက်ကုန်တွေကို တရုတ်ပြည်ကို ပိုမိုတင်ပို့ရောင်းချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမ္မတထရမ့်ကို ထောက်ခံသူ အများစုက လက်လုပ်လက်စားတွေ၊ လယ်သမားတွေ၊ တနိုင်တပိုင်လုပ်ငန်းရှင်လေးတွေ များကြတာပါ။

တကယ်တမ်းက တရုတ်ပြည်မှာ လုပ်အားခတွေက အရင်လို သိပ်မပေါတော့ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီအကြီးစားကြီးတွေ တရုတ်ပြည်ကို သွားချင်ရတဲ့ အကြောင်းရင်းတွေကတော့ လူဦးရေ များတော့ ဈေးကွက်ကြီးတာအပြင် သုံးနိုင်စွဲနိုင်သူလူလတ်တန်းစားတွေ များလာတာရယ်၊ ဒီမှာလို ၄/၈နှစ်တခါ အစိုးရပြောင်းနေတာမဟုတ်တာရယ်၊ အစိုးရနဲ့အဆင်ပြေရင် လုပ်ရကိုင်ရ လွယ်တာရယ်၊ မီဒီယာတွေရန်မကြောက်ရတာရယ် စတဲ့ အကြောင်းကြောင်းတွေကြောင့် လို့ ထင်ပါတယ်။

နောက်အရေးပါတဲ့တချက်ကလည်း တရုတ်ပြည်မှာ ယုံကြည်ချက်ကြောင့်ဖိနှိပ်ဖမ်းဆီးခံရသူတွေ သန်းနဲ့ချီရှိနေတာပါ။ အဲဒီလူတွေဆီက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထုတ်ယူရောင်းစားမလား၊ ထောင်ထဲမှာ အလကားမူးတင်းနဲ့သေအောင်ခိုင်းမလား အကုန်ရတယ်လေ။ ဘာစာချုပ်မှမလို၊ ကျန်းမာရေး၊ အလုပ်ချိန်၊ လုပ်အားခ၊ အာမခံကိစ္စ ဘာ ညာ စိုးရိမ်စရာမရှိ။ အစိုးရနဲ့အဆင်ပြေဖို့ပဲလိုတယ်။

အနောက်နိုင်ငံတွေက မီဒီယာတွေ ထိပ်တန်းနိုင်ငံရေးသမားတွေ လူ့အခွင့်အရေးသမားတွေ ဒီကိစ္စတွေကို ဖော်ထုတ်မယ် ဝေဖန်မယ်လို့ ထင်လား။ မပူနဲ့။ တရုတ်ကြီးက အသံမထွက်အောင်/ မထွက်ရဲအောင် ငွေထုတ်နဲ့ဖိထားပြီးသား။ ဒီလောက်ဆိုးတဲ့ ဝူဟန်ဗိုင်းရပ်စ် တကမ္ဘာလုံးကို ပတ်မွှေနေတာတောင် ထရမ့်ကလွဲလို့ ဘယ်နိုင်ငံရေးသမား တခွန်းဟရဲလဲ။ ဘာပဲဖြစ်ဖြစ် မီဒီယာနဲ့ ဒီမိုကရက်တွေကတော့ ပြည်သူ့ဒေါသအပေါင်းကို ထရမ့်ပေါ်မှာသာ စုပြုံကျရောက်စေတာပါ။ ဘိုင်ဒန့်page မှာလည်း ထရမ့်ဟိုမှာဒီမှာပြောတာတွေကို သူတို့လိုချင်တဲ့ပုံစံထွက်အောင် ဖြတ်ညှပ်ကပ်တွေ တင်ထားတာ။ ယုံတဲ့လူလည်း ယုံတာပါပဲ။

ဘိုင်ဒန်က ရွေးကောက်ပွဲနီးလာချိန်ကျမှသာ ကုန်ထုတ်လုပ်ငန်းတွေကို ပြည်တွင်းမှာ ဖွံ့ဖြိုးအောင် လုပ်မယ်လို့ ပြောနေပေမယ့် ၁၉၉၀ပြည့်လွန်နှစ်တွေကစလို့ တခြားနိုင်ငံတွေ အသာရစေတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေဖြစ်တဲ့ NAFTA တို့ WTO တို့ကို ထောက်ခံလာခဲ့တာပါ။ သမ္မတကလင်တန် လက်ထက်တုန်းက တရုတ်ပြည်ကို ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်နဲ့ WTO ကို ဝင်ခွင့်ပေးခဲ့တဲ့အတွက် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများနဲ့ ကုန်သွယ်ရာမှာ အထူးအခွင့်အရေး ရခဲ့တာပါ။

NAFTA ဖွဲ့လိုက်တာရယ် WTO ကို တရုတ်ပြည်ဝင်ရောက်လာတာရယ်ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ကုန်ထုတ်လုပ်ငန်းပေါင်း ၅၅,၀၀၀ကျော်နဲ့ အလုပ်အကိုင် ၅သန်းကျော်ဟာ အမေရိကန်မြေပေါ်က ပျောက်ကွယ်သွားပါတော့တယ်။ နောက်တခါ ကိုရီးယားနဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်တော့လည်း အမေရိကန်တွေလုပ်နေတဲ့ အလုပ်ပေါင်း ၆သောင်းလောက် ထပ်မံပျောက်ကွယ် သွားပါတယ်။ အလုပ်အကိုင်ပျောက်တာတင်မဟုတ်ပါဘူး၊ အမေရိကန်ကနေ ပြောင်းသွားတဲ့စက်ရုံတွေက ပြည်ပမှာထုတ်လုပ်ပြီး ပြည်တွင်းကိုပြန်သွင်းတော့ ၂ခါနာဖြစ်သွားတာပါ။ မကြည့်ရင်တော့ မမြင်ဘူးပေါ့။ (ဒီတခါဘိုင်ဒန်နိုင်လို့ကတော့ စွမ်းအင်ရော ဆေးဝါးရော စက်ပစ္စည်း လူသုံးကုန် အစစ ပြည်ပကို မှီခိုခိုင်းမယ့်သဘောပဲ တွေ့နေရတာပါ။)

အမေရိကန်က သူဌေးနိုင်ငံပဲ နဲနဲပါးပါးနစ်နာတာ ဘာဖြစ်လဲလို့ ပြောကြမယ့်လူတွေလည်း ရှိမှာပါ။ ဒါပေမဲ့ ကမ္ဘာမှာ သဘာဝဘေးအန္တရယ်ကြီးကြီးမားမားနဲ့ကြုံတိုင်း အမေရိကန်က ရှေ့ဆုံးက ကူညီခဲ့တာပါပဲ။ အမေရိကန်အစိုးရက ကူညီသလို အမေရိကန်ပြည်သူတွေကလည်း ကမ္ဘာ့ထိပ်တန်း အလှူအတန်း အရက်ရောဆုံးပြည်သူတွေ ဖြစ်ကြတဲ့အတိုင်း အားတက်သရော ကူညီကြတာပါ။ ကူညီနိုင်တဲ့ နည်းပညာရော အင်အားရောလဲရှိတယ်လေ။

သဘာဝဘေးအန္တရယ်တင်မကပါဘူး။ ကမ္ဘာမှာ အမေရိကန်ကြီး ချောင်းဟန့်လိုက်တာနဲ့ အရှေ့အာရှနဲ့ အရှေ့အလယ်ပိုင်းက ဂျိုကြွနေတဲ့နိုင်ငံတွေ နားရွက်မခတ်ရဲပဲဖြစ်သွားနိုင်တာပါ။ အမေရိကန်ပြည်ကြီး အင်အားလျော့လာရင် သူ့နေရာကို ဘယ်သူဝင်မလဲ။ တရုတ်လား။ လုံးဝမထင်ပါဘူး။ ဥရောပကလည်း ကျားအိုကြီးတွေဖြစ်နေကြပြီ။ နောက်တချက်ကလည်း နိုင်ငံနှစ်နာတယ်ဆိုတာထက် နိုင်ငံသားတွေ၊ သူတို့ရဲ့လုပ်ငန်းကိုင်ငန်းတွေ၊ စားဝတ်နေရေးတွေ နစ်နာကုန်ကြတာလို့ မြင်ကြည့်ဖို့လိုပါတယ်။ အစိုးရက ထောက်ပံ့ကြေးပေးတာ ကလည်း အဖြေမဟုတ်ပါဘူး။

တရုတ်ပြည်က အမေရိကန်အပေါ် အမြတ်ထုတ်နေတာကတော့ ခုမှမဟုတ်ပါဘူး။ သမ္မတကလင်တန်က တရုတ်ပြည်ကို ဆူပါကွန်ပြူတာတွေ ရောင်းချခဲ့တယ်၊ သမ္မတဘုရှ်အငယ်က တရုတ်ကထုတ်တဲ့ခွေးစာ ကြောင်စာတွေထဲမှာ မယ်လမင်းတွေပါနေလို့ ထောင်ပေါင်းများစွာသော ခွေး/ကြောင်တွေ သေကုန်ကြတာကို အရေးယူဖို့ ပျက်ကွက်ခဲ့တယ်။

သမ္မတအိုဘားမားနဲ့ ဘိုင်ဒန်တို့က စီးပွားရေးလုပ်ငန်းမလုပ်ပဲနဲ့ တရုတ်၊ ရုရှား၊ ယူကရိန်းစတာတွေ ကောင်းမှုနဲ့ အိမ်ကြီးအိမ်ကောင်းတွေ ဝယ်ပြီး သူဌေးကြီးများလို နေနိုင်ခဲ့တယ်။ အဲဒီကာလတလျောက် လုံးမှာ တရုတ်ပြည်က သူ့ပြည်တွင်းဖိနှိပ်မှုတွေအများကြီး လုပ်နေခဲ့တဲ့အပြင် တခြားနိုင်ငံငယ်လေးတွေကိုပါ လိုက်ဗိုလ်ကျနေခဲ့တာပါ။ သူတို့အားလုံးရဲ့တူညီချက်ကတော့ တရုတ်ပြည်မကောင်းကြောင်း ဘာတခွန်းမှ မဟရဲတာပါပဲ။ သမ္မတထရမ့်ကတော့ ဒီဖက်ခေတ်မှာ တရုတ်ကို စိန်ခေါ်ရဲတဲ့ ပထမဆုံးခေါင်းဆောင်ပါ။

အခုလို ခြစားတဲ့ email တွေထွက်လာတော့ ပွဲတခုမှာ ဟန်းတားရဲ့ email တွေအကြောင်း အမေးခံရတဲ့အခါ ဂျိုးဘိုင်ဒန်က ဒေါသတကြီးတုန့်ပြန်ခဲ့ပြီး ဟန်းတားရဲ့ရှေ့နေကတော့ ဟန်းတားပို့ခဲ့တဲ့ ကွန်ပြူတာပြင်တဲ့ဆိုင်ကို ဆက်သွယ်ပြီး Hard disk ပြန်တောင်းခဲ့ပါတယ်။ ဒါတွေကလွဲရင် ကာယကံရှင် ဟန်းတားဘက်က ဘာသံမှ မထွက်ခဲ့ပါဘူး။ အိုးကမပူ စလောင်းကပူပြီး လိုက်ပိတ်နေခဲ့တာက Twitter, Facebook, တို့ဖြစ်နေပြီး ဘိုင်ဒန်ကို Townhall မှာ ဆွေးနွေးသူတွေ သတင်းထောက်တွေကလည်း ဒီအကြောင်း ဟကို မဟခဲ့ပါဘူး။

သမ္မတအိုဘားမားလက်ထက်မှာ တရုတ်ပြည်က အချမ်းသာဆုံးနဲ့ အပေါက်ရောက်ဆုံး လူတွေနဲ့ဖွဲ့တားတဲ့ Chinese Entrepreneur Club (CEC) ကို အိမ်ဖြူတော်မှာ ပင့်ဖိတ်ဧည့်ခံပြီး နိုင်ငံခြေားရေးဝန်ကြီး John Kerry အပါအဝင် အရေးပါတဲ့လူတွေနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ အဲဒီကလပ်က အိမ်ဖြူတော်ကို ဝင်လုံးဖို့ ကြိုးစားနေတာတော့ ကြာပါပြီ။ ဘိုင်ဒန်တို့လက်ထက်ကျမှပဲ သား၊ သမက်တွေကနေတဆင့် အတွင်းစည်းထဲ ရောက်လာခဲ့တာပါ။ အိုဘားမားကလဲ ဘိုင်ဒန်ကို ယူကရိန်းကိစ္စနဲ့ပါတ်သက်ပြီး ခေါင်းဆောင်ခန့်ထားခဲ့လို့ ဘိုင်ဒန်က Burisma ကို စုံစမ်းနေတဲ့ ယူကရိန်းရှေ့နေချုပ်ကို ဖြုတ်မချရင် US က ချေးငွေ/အကူအညီ ဒေါ်လာ ၁ဘီလီယံကို မပေးတော့ဘူးလို့ ခြိမ်းခြောက်နိုင်ခဲ့တာပါ။

တရုတ်အစိုးရက သူတို့အကြိုက်လုပ်ပေးမယ့် အာဏာရှိသူကို အချိုသတ်ပြီး ပေးကမ်းချဥ်းကပ်မှာဖြစ်ပေမယ့် တခါယူပြီးသွားရင်တော့ တရုတ်က ဖုတ်သုတ်စားတော့မှာပါ။ မြန်မာပြည်က ဟိုပုဂ္ဂိုလ်တွေ တရုတ်ကို ဘယ်လိုဆက်ဆံသလဲ တရုတ်ကရော သူတို့ကို ဘယ်လိုဆက်ဆံသလဲဆိုတာ အားလုံးသိကြတဲ့အတိုင်းပဲလေ။

မီဒီယာတွေ၊ globalist တွေ၊ လုပ်ငန်းရှင်ကြီးတွေအပြင် ဒီမိုကရက်တွေဘက်က အခိုင်အမာရပ်တည်ပေးနေတဲ့ အုပ်စုတခုရှိပါသေးတယ်။ အဲဒီအုပ်စုကတော့ အုပ်ချုပ်ရေးယန္တယားက ဗျူရိုကရက်တွေပါပဲ။ အမေရိကန်မှာ ဗျူရိုကရက်တွေက တော်တော်အာဏာရှိနေတာပါ။ မြန်မာပြည်မှာ အရေးကြီးတဲ့ အစိုးရဌာနတိုင်းမှာ permanent secretary ကစလို့ အရေးကြီးတဲ့/ဂွင်ကောင်းတဲ့ နေရာတိုင်းမှာ ကျူးတွေနေရာယူထားသလိုပါပဲ။ တခုပဲကွာတာက ဒီမှာက အကုန်လုံးက တဦးတဖွဲ့က ထဲ့ခဲ့တာတွေမဟုတ်ပါဘူး။ ဒါပေမဲ့ FBI, CIA, IRS, CDC ကစလို့ အစိုးရဌာနတွေက ဗျူရိုကရက်တွေ အားလုံးလိုလိုက ဒီမိုကရက်တွေဘက်မှာ အခိုင်အမာပါပဲ။ အကြောင်းကတော့ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ဒီမိုကရက်တိုင်းက ဥပဒေတွေအများကြီးထုတ်ဖို့နဲ့ အစိုးရအာဏာကြီးထွားဖို့တွေကို အားစိုက်ကြတာ ဆိုတော့ ဗျူရိုကရက်တွေကြိုက်တာပေါ့။ နောက်တချက်ကလည်း ဒီမိုကရက်တွေက တရားဥပဒေစိုးမိုးရေးတို့ မှန်ကန်မျှတမှုဆိုတာတွေကို ဂရုစိုက်တာမဟုတ်တော့ ဥပဒေနဲ့ငြိသွားလည်း သိပ်စိတ်ပူစရာမလိုတာလဲ ပါမယ်ထင်ပါတယ်။ ဒါ့အပြင် ဒီမိုကရက်တွေအတွက် နိုင်ငံကြွေးထူတာ၊ လိုငွေများနေတာတွေက သူတို့အတွက်ပြဿနာမဟုတ်တော့ ခံစားခွင့်ကတိအမျိုးမျိုးပေးကြတာ တွေကလည်း မက်လောက်မယ်ထင်ပါတယ်။

ဟန်းတားရဲ့ ကွန်ပြူတာကို ပြင်တဲ့ဆိုင်ရှင်က တာဝန်သိပြည်သူတယောက်အနေနဲ့ FBI ကို အပ်ခဲ့ပေမဲ့ FBI ကတော့ ဒါဟာ ဟန်းတားကွန်ပြူတာမဟုတ်သယောင် အသံထွက်လာပါသေးတယ်။ ဒါပေမဲ့ အဲဒီလူက FBI က လူရော သက်သေခံရော အစဖျောက်ပစ်မှာစိုးတဲ့အတွက် FBI ကို မအပ်ခင် Hard drive ကို ကော်ပီလေးစုံကုးပြီး စိတ်ချရတဲ့သူတွေဆီ ပေးပို့ထားခဲ့တာပါ။ တစုံကတော့ ရာဇဝတ်မှုတွေများလွန်းလို့ နာမည်ဆိုးထွက်နေတဲ့ နယူးယောက်မြို့တော်ကြီးကို ဖိဖိစီးစီးကိုင်တွယ်ပြီး နေချင်စရာဖြစ်အောင်လုပ်ပေးခဲ့တဲ့ မြို့တော်ဝန်ဟောင်း ရှေ့နေကြီး Rudy Giuliani ကို ပေးပို့ထားခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးလောကမှာ ကလင်တန်တို့ကလည်း untouchable တွေအဖြစ် လူသိများပါတယ်။ သူတို့အရှုပ်ထုတ်တွေကို ဖွင့်ချနိုင်တယ်လို့ သံသယရှိသူတွေမှန်သမျှ ထူးထူးဆန်းဆန်း သေကြောင်းကြံသွားကြချည့်တာပါ။ အဲဒီထဲမှာ မြန်မာတွေသိကြတဲ့ အန်တော်နီ ဘော်ဒိန်းတောင် ပါပါသေးတယ်။ ကျန်ခဲ့တဲ့လူတွေကလည်း သူတို့ပါပါမှာစိုးတော့ နှုတ်ဆိတ်ကုန်ကြတာပါပဲ။ တဖက်မှာတော့ ထရမ့်တို့ကို နည်းမျိုးစုံနဲ့ စွပ်စွဲအပုပ်ချနေကြတဲ့အပြင် ဩဇာအကြီးဆုံး ဗျူရိုကရက်အဖွဲ့အစည်းတွေအားလုံးက ဒီမိုကရက်တွေဘက်ကနေ microscope နဲ့ ဒေါက်ထောက်ကြည့်နေတာတောင် ဘာတခုမှ တိတိပပတွေ့ခဲ့တာမျိုးမရှိပါဘူး။

သူတို့စွပ်စွဲကြသမျှဟာလည်း ဝေဝေဝါးဝါးတွေသာဖြစ်ပြီး သေချာမေးလိုက်ရင် အဖျားရှုးသွားကြတာပါပဲ။

ဒီနေရာမှာ လွဲနေတာက ထရမ့်က ၂၀၁၆မတိုင်ခင်အထိ စီးပွားရေးသမားပါ။ နိုင်ငံပိုင်ပိုက်ဆံနဲ့ စီးပွားရေးလုပ်နေတာမဟုတ်သလို IRS ကလည်း တချက်မှားတာနဲ့ ဖြဲဖို့ စောင့်နေတာပါ။ သူတို့စစ်သင့်တာက ဘာမဟုတ်တဲ့ နိုင်ငံရေးသမားလစာလေးတွေနဲ့ သူဌေးတွေလို နေနိုင်နေကြတဲ့ ပလိုးစီတို့၊ ဘိုင်ဒန်တို့၊ အိုဘားမားတို့၊ ကလင်တန်တို့အပါအဝင် နိုင်ငံရေးသမားတွေကို စစ်ရမှာပါ။

ချုပ်ရရင်တော့ သမ္မတထရမ့်လျောက်နေရတဲ့လမ်းက တော်တော်ကို ခက်ခဲပါတယ်။ ပြည်တွင်းလဲ ပြည်တွင်းမို့၊ ပြည်ပလဲပြည်ပမို့ တချိန်ထဲမှာ စစ်မျက်နှာပေါင်းစုံ ဖွင့်တိုက်နေရတာပါ။ ပေါင်းမစားဘူး၊ လွယ်လွယ်နဲ့ အလျော့ပေးမယ့်သူမဟုတ်တော့ ဝါရှင်တန်က ပိုနေမြဲ ကျားနေမြဲသွားချင်တဲ့လူတွေက ပြုတ်စေချင်မှာ အသေအချာပါပဲ။ ဒါပေမဲ့ အမေရိကန်ပြည်ကြီး ကြီးပွားစည်ပင်ပြီး တရုတ်လက်ခုတ်ထဲမရောက်ဖို့ရော၊ စက္ကူကျားမဖြစ်ဖို့ရော မြန်မာပြည်မှာ တရုတ်ရန်ကင်းကင်းနဲ့ ဒီမိုကရေစီထွန်းကားဖို့ရော၊ အနောက်ဖက်ကကိစ္စအတွက်ရောမှာ အရေးအပါဆုံးက အမေရီကန်မှာ သမ္မတထရမ့်ပြန်အရွေးခံရဖို့နဲ့ မြန်မာပြည်မှာ NLD အစိုးရဖွဲ့နိုင်တဲ့အထိရဖို့လို့ ပြောရင် မှားမယ်မထင်ပါဘူး။ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တာကြောင့် ကိုယ်တတ်နိုင်တဲ့ဖက်က တတ်နိုင်သလောက် ဝိုင်းဝန်းကြဖို့ အားလုံးကို တိုက်တွန်းလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: