ဟေလာရီကလင်တန်ရဲ့ အရှုပ်တထုပ်

ဘရက်ဒ်လေ ဘာကန်ဖဲလ်ဒ်ဆိုတဲ့ ဆွစ်ဇာလန်ယူဘီအက်စ် ဘဏ်မန်နေဂျာတဦးက သမ္မတဟောင်းအိုဘားမားလက်ထက် ကလင်တန်နိုင်ငံခြားရေးဝန်ကြီးလုပ်စဥ်က အမေရိကန်ကလူတွေ ဆွစ်ဇာလန်မှာ အခွန်ရှောင်ဖို့ လာထားကြတဲ့ ဒေါ်လာသန်းပေါင်းများစွာကို အိုဘားမားအစိုးရအဖွဲ့က အဆင့်မြင့်အရာရှိများက ဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ အခွန်ဒေါ်လာသန်းရာပေါင်းများစွာေဆာင်ရမယ့်ဟာကို ရှောင်ဖို့ လာထားကြတဲ့ပိုက်ဆံတွေကို လွန်ခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်အစိုးရကို ဖော်ပြပေးခဲ့ရတာဖြစ်ပြီး အိုဘားမားအစိုးရနဲ့ အပေးအယူအစီအစဥ်အရ ဘဏ်က သန်း၇၈၀ပေးဆောင်ပြီး အခွန်ရှောင်ဘဏ်စာရင်း ၁၉,၀၀၀ အနက်မှ ၄,၇၀၀ကိုပဲ ဖော်ပြဖို့ သဘောတူညီခဲ့ပါတယ္။

အဲဒီလို ဆွစ်အာဏာပိုင်တွေနဲ့ ပြည်တွင်းအခွန်ကြား ရာဇဝတ်မှုမြောက်တဲ့ အပေးအယူလုပ်ပေးတဲ့ထဲမှာ ပါနေတာကတော့ ဟေလာရီပါပဲ။ သူက မေးခွန်းထုတ်တာက ဟေလာရီက နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ ဘာဖြစ်လို့ ခုလို ရာဇဝတ်မကင်းတာမျိုးလုပ်ရတာလဲ၊ နိုင်ငံတကာရာဇဝတ်မှုခင်းစုံစမ်းမှုတွေမှာ ဘာလို့ပါနေရတာလဲဆိုတာကိုပါ။ ပြီးတော့ သူ့ကိုပေးလိုက်တဲ့ အခွန်ရှောင်တဲ့အကောင့်ပေါင်း ၁၉၀၀၀ကျော်မှာ ဘာဖြစ်လို့ ၄၇၀၀ ကိုပဲေဖာ်ပြခိုင်းရတာလဲ၊ ဒါဆို မှားနိုင်ခြေ ၇၅%ဖြစ်မသွားဘူးလားလို့ ဆိုပါတယ်။ သူ့ဘဏ်က ဆွစ်ဘဏ်တွေရဲ့ ထုံးစံအတိုင်း အခွန်ရှောင်သူတွေကို ဖုံကွယ်ပေးထားရမယ်ဆိုပေမယ့် အမေရိကန်ကိုလာပြီး ရာဇဝတ်မှုနဲ့ တရားရင်ဆိုင်ရမယ်ဆိုပြီး ခြိမ်းခြောက်တဲ့အခါကျတော့လည်း သူတို့ဘာမှ မတတ်နိုင်ကြပါဘူး။

ယူဘီအက်စ်က သန်း၇၈၀ပေးလိုက်ရတယ်ဆိုပေမဲ့ ဒါဟာအဲဒီအခွန်ရှောင်တဲ့ပိုက်ဆံတွေပေါ်ကရတဲ့ အကျိုးအမြတ်ဆုံးရှုံးမှာနဲ့စာရင် သန်း၁၀၀၀ကျော်လောက် သက်သာတော့ သူတို့အတွက် သာသာယာယာပါပဲ။

၂၀၀၉ခုနှစ်က အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ယူဘီအက်စ်က အမေရိကန်နိုင်ငံသားတွေ အခွန်အများကြီးပေးရတာရှောင်နိုင်အောင် ပြုလုပ်ပေးဖို့အတွက် အမေရိကန်ကို အကြိမ်ကြိမ်လာရောက်ပြီး အထူးပြုလုပ်ထားတဲ့လက်ပ်တော့ပ်တွေနဲ့ ဘယ်သူမှ ခြေရာခံမရအောင် ငွေလွဲပြောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီမှာသွားထားတဲ့လူတွေက အခွန်ဆောင်တဲ့အခါ ဆွစ်ဘဏ်ကရတဲ့အတိုး/အမြတ်တွေကို မဖော်ပြတဲ့အပြင် နိုင်ငံခြားမှာ ဘဏ်စာရင်းရှိတယ်လို့တောင် မဖော်ပြကြပါဘူး။

သူတို့ဘဏ်က ပြည်တွင်းအခွန်နဲ့ လုပ်တဲ့ သဘောတူညီချက်အပြီးမှာတော့ ကလင်တန်ဖောင်ဒေးရှင်းကို အရင်က ဒေါ်လာခြောက်သောင်းလှူထားတာကို ဆယ်ဆတိုးပြီး ဒေါ်လာ ခြောက်သိန်း အလှူထည့်လိုက်ရပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း သမ္မတဟောင်း ကလင်တန်ကို ဘဏ်ထိပ်တန်းအရာရှိတဦးနဲ့ အမေးအဖြေကဏ္ဍပြုလုပ်ဖို့အတွက်အကြောင်းပြပြီး ဒေါ်လာ ၁.၅သန်း ပေးခဲ့ပါတယ်။ ကလင်တန်က ယူဘီအက်စ်ဘဏ်ကို လျော့ပေါ့ဒဏ်ရိုက်ခဲ့တာဟာ အမေရိကန်ပြည်သူ သန်း၃၅၀အပေါ် မလျော်မကန်ပြုတာပါပဲလို့ အဲဒီလူက ထုတ်ဖော်ပြောကြားသွားပါတယ္။

(ဒါကြောင့်သူ့အီးမေးလ်တွေဖျက်ပစ်တာ၊ အာဏာအသဲအသန်ပြန်လိုချင်နေတာနေမှာပါ။ ထရမ့်ကိုစွပ်စွဲကြတာတွေက လေမှာအရုပ်ရေးသလိုပဲ ဘာမှအခြေအမြစ်မရှိပေမဲ့ ကလင်တန်တို့ ဘိုင်ဒန်တို့လို ထင်ထင်ရှားရှားခြစားတာကျတော့ ဖုံးကြဖိကြ မသိချင်ယောင်ဆောင်ကြဦးမှာပါပဲ။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: