ကိုဗစ်ကာလ နဲ လုံခြုံရေး

2020 May – 2021 May အကြားမှာ တကမ္ဘာလုံး ကိုဗစ်ဒဏ် အလူးအလဲခံခဲ့ရပေမယ့် ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ရဲ့ နောက်ဆက်တွဲ တူညီချက်တွေအဖြစ် Netfilix လိုမျိုးတွေ ပိုကြည့်ပြီး ရာဇဝတ်မှုတွေ ကျဆင်းခဲ့ပါတယ်။ မူးယစ်ဂိုဏ်းတွေနဲ့ လူမှောင်ခိုဂိုဏ်းတွေ အကြီးအကျယ်ကျက်စားတဲ့ မက္ကဆီကိုလိုနိုင်ငံမှာတောင်မှ ရာဇဝတ်မှုတွေ လူသတ်မှုတွေ ကျဆင်းခဲ့ပါတယ်။ ကိုဗစ်ကာလမှာ ရာဇဝတ်မှု လူသတ်မှုတွေ တက်လာတာတော့ တနိုင်ငံပဲရှိပါတယ်။ အမေရိကန်ပြည်ထောင်စုပါ။ တက်တာမှ တော်တော့်ကို ထောင်တက်လာတာပါ။ Portland OR မှာဆိုရင် ၈၀၀% တောင် တက်သွားတာပါ။ ကျန်တဲ့မြို့ကြီးတွေမှာလည်း အနည်းဆုံး ၂၅%လောက်တော့ တက်ကြပါတယ်။ အဲဒါ ဘာကြောင့်လဲလို့ အဖြေရှာကြည့်မယ်ဆိုရင်တော့ လက်ရှိအုပ်ချုပ်နေသူတွေရဲ့ ပေါ်လစီတွေကြောင့်ပါပဲ။ ကြည့်ကြည့်ပါ။ ဒီမိုကရက်ခေါင်းဆောင်တွေအားလုံး တသံထဲထွက်နေကြတာက “Reimagining police” ပါ။ အဓိပ္ပါယ်က ရဲတွေကို လူမျိုးရေးခွဲခြားသူတွေအဖြစ် အတင်းပုံဖော်ပြီး ရဲလုပ်ပိုင်ခွင့်တွေ၊ ရဲလေ့ကျင့်ခန်းတွေ၊ ရဲသင်တန်းတွေ၊ ရဲဘတ်ဂျက်တွေကို လျော့ချဖြတ်တောက်ပြီး ရဲလုပ်ငန်းဆောင်တာတွေကို ရဲတွေအစား community policing လို့ခေါ်တဲ့ သေချာလေ့ကျင့် ဆန်းစစ်ထားခြင်းမရှိတဲ့ အရပ်လူမိုက်လိုဟာတွေနဲ့ အစားထိုးဖို့ လုပ်နေကြလို့ပါ။ ဒါကို သိနားလည်လာတဲ့ ဒီမိုကရက်အမတ်တွေအပါအဝင် အစဥ်အလာဒီမိုကရက်ထောက်ခံသူတွေက ဒီမိုကရက်ပါတီကို စွန့်ခွာလာကြပေမယ့် အများစုကတော့ ကိုယ်တိုင် (သို့) ကိုယ့်မိသားစုကို လာမထိသေးသ၍ လေးလေးနက်နက် စဥ်းစားဖြစ်ကြမှာ မဟုတ်ပါဘူး။ လူ့ပတ်ဝန်းကျင်တခု အေးချမ်းလုံခြုံဖို့ဆိုတာ တပါတီထဲနဲ့ လုပ်လို့မရပါဘူး။ ကိုယ်နဲ့ ကိုယ့်မိသားစုလုံခြုံရေးအတွက် တာဝန်ရှိသူတွေကို ပြည်သူအများက မေးခွန်းတွေ များများမေးဖို့၊ မညှာမတာ ဆန်းစစ်ဖို့ လိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: