ကမ္ဘာပေါ်မှာ အကြီးဆုံး မူးယစ်ရာဇာတွေကတော့ အမေရိကန် ဆေးဝါးကုမ္ပဏီကြီးတွေပါပဲ

(ကန်ဒေ့စ် အိုဝင် – ဒေးလီးဝိုင်ယာ)

ဖိလစ် ဂေါ်လာဒိုက ကောလိပ်ကျောင်းပြီးပြီး ဖက်ဒရယ်ရဲတပ်ဖွဲ့ထဲကို ဝင်သွားခဲ့ပါတယ်။ နောက်တော့  သူက ဂွာဒါလာဟရာဆိုတဲ့ မူးယစ်ရာဇာတယောက် ဖြစ်လာခဲ့ပါတယ်။

၁၉၇၀နှစ်တွေတုန်းက ဂေါ်လာဒိုက နှစ်နိုင်း ဒေါ်လာဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးတွေကို ထုတ်လုပ်ရောင်းချနေခဲ့တာပါ။ သူ့အိတ်ထောင်ထဲမှာ ရဲအရာရှိတွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ တရားသူကြီး/တရားရေးဝန်ထမ်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မက္ကဆီကိုအစိုးရရော၊ ဥပဒေထိန်းသိမ်းတဲ့အဖွဲ့တွေရော၊ ထောက်လှမ်းရေးတွေရော၊ မီဒီယာတွေရော အားလုံးပေါင်းပြီး ရာဇဝတ်ကောင်တကောင်ကို ဝိုင်းကူညီကာကွယ်ပေးနေကြတယ်ဆိုတာ ယုံတမ်းစကားလိုပါပဲ။

ဂေါ်လာဒိုက သိပ်ပိုက်ဆံရှိလာတော့ သူကိုယ်တိုင်က နိုင်ငံရေးအသိုင်းအဝိုင်းမှာ မရှိမဖြစ် ဖြစ်လာပါတယ်။ မဲဆွယ်ပွဲတွေဆိုရင် သူ့ကိုပဲ အားကိုးနေကြရတာလေ။ ၁၉၈၈တုန်းက ရွေးကောက်ပွဲတခုမှာ မဲရေတွက်နေတုန်း မဲရေတွက်တဲ့စနစ်ကြီးက ရုတ်တရက် ပျက်သွားတဲ့အတွက် မဲတွေကို ဆက်မရေတော့ပဲ ရပ်ထားလိုက်ရပါတယ်။ ပြန်ကောင်းသွားတယ်ဆိုတဲ့အချိန်မှာ ဂေါ်လာဒိုနိုင်စေချင်တဲ့ဖက်ကလူက အရင် ရှုံးနေတာကနေပြီး မည်သို့မည်ပုံလုပ်လိုက်သည်မသိ ချက်ချင်းနိုင်သွားပါရောတဲ့။ ရွေးကောက်ပွဲတခုကို မဲခိုးပြီး သူလိုချင်တဲ့လူတက်အောင် လုပ်နိုင်သလို သူ့လက်ချက် မကင်းမှန်းသိပေမယ့် အရေးယူလို့ မရလောက်အောင်အထိ စွမ်းတဲ့ ဂေါ်လာဒိုပါ။

ဒါပေမဲ့ မှားတတ်တဲ့ လူ့သဘာဝအတိုင်း ဂေါ်လာဒိုလည်း အမှားတခု လုပ်မိပါတယ်။ သူက အကျင့်ပျက်ရဲတချိ့ကို သူ့လုပ်ငန်းတွေကို လိုက်စုံစမ်းနေတဲ့ အမေရိကန်ဆေးဝါးထိန်းချုပ်ရေးဌာနက အေးဂျန့်တဦးကို ပြန်ပေးဆွဲပြီး လူသတ်ခိုင်းလိုက်ပါတယ်။ ဂေါ်လာဒို့လူတွေဟာ အဲဒီအေးဂျန့်ကို မသတ်ခင် မအိပ်နိုင်အောင် ဆေးတွေထိုးထားပြီး တောက်လျောက်စစ်မေးပြီး ဆိုးဆိုးရွားရွား နှိပ်စက်ခဲ့ကြပါတယ်။ အဲဒါကနေ ဆေးဝါးထိန်းချုပ်ရေးဌာနရဲ့ အကြီးဆုံးလူသတ်မှု စုံစမ်းဖော်ထုတ်တဲ့ အထိ ဖြစ်လာစေခဲ့တာပါ။ နှစ်နဲ့ချီပြီး စုံစမ်းခဲ့ရပေမယ့် နောက်ဆုံး ၁၉၈၉မှာတော့ ဂေါ်လာဒို အဖမ်းခံခဲ့ရပြီး ခုထိ ထောင်ထဲမှာပဲ​​ ရှိနေဆဲပါ။

ဥပဒေနဲ့ မကင်းလွတ်တာတွေ လုပ်နေပေမယ့် သူ့ကို ဒုက္ခပေးနိုင်တဲ့လူတွေကို ပေးကမ်းထားခြင်းဖြင့် နိုင်ငံရေးသမားတွေ၊ တရားစီရင်ရေးနဲ့ မီဒီယာရဲ့ ကင်းလွတ်ခွင့်ကို ကောင်းကောင်းကြီး ခံစားခဲ့တဲ့ ဂေါ်လာဒိုရဲ့ အနေအထားကို တော်တော်များများက အားကျကြမယ်ထင်ပါတယ်။

အမေရိကန်မှာ အဲဒီလိုလုပ်နေတဲ့ အဖွဲ့အစည်းတခုရှိကြောင်း ပြောချင်ပါတယ်။ အဲဒါကတော့ အက်ဖ်ဒီအေလို့ခေါ်တဲ့ စားသောက်ကုန်နဲ့ ဆေးဝါးထိန်းကွပ်ရေးဌာနပဲဖြစ်ပါတယ်။ စဖွဲ့ထားတာကတော့ စားသုံးသူကို ကာကွယ်ဖို့ ဖက်ဒရယ်အစိုးရရဲ့ လက်တံတခုအနေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဥပဒေတွေ စထုတ်တာကတော့ မကြာသေးပါဘူး။ ဓါတုပညာရှင်တဦးက အစားအစာတွေထဲမှာ ကြာရှည်ခံပစ္စည်းတွေ ပါဝင်နေနိုင်မှုကို စိုးရိမ်တာကနေ ဥပဒေပြုတဲ့အပိုင်း စတင်ခဲ့တာပါ။ (အခြေခံဥပဒေမှာက ပြည်သူက ရွေးကောက်ထားတဲ့ လွှတ်တော်ကိုပဲ ဥပဒေပြုခွင့်အာဏာ အပ်နှင်းထားတာပါ။ နောက်ပိုင်းမှာတော့ ဗျူရိုကရက်အဖွဲ့အစည်းတွေက တစစနဲ့ ဥပဒေတွေ ဝင် ဝင် ပြုပြီး အာဏာပြနေကြတာ ဖောက်ချီတို့အဖွဲ့က အဆိုးဆုံးလို့ ဆိုရမှာပါပဲ။) အဲဒီကနေစလို့ ဥပဒေတွေ ပြဌာန်းလာခဲ့တာ ဒီမိုကရက်သမ္မတ အက်ဖ်ဒီအာလက်ထက်လဲရောက်ရော အလှကုန်တွေနဲ့ ဆေးပစ္စည်းတွေအားလုံးဟာ အက်ဖ်ဒီအေကနေ အတည်ပြုချက်ယူရမယ်ဆိုတဲ့ အထိဖြစ်လာပါတယ်။

၂၀၁၇မှာ အက်ဖ်ဒီအေက အတည်ပြုထားတဲ့ ဆေးဝါးတွေအားလုံးရဲ့ သုံးပုံတပုံနီးပါးက ပြသနာရှိတယ်လို့ သုတေသနပြုချက်တွေအရ တွေ့ရှိရကြောင်း စီအန်အန်က ထုတ်ပြန်ခဲ့ပါတယ်။ သုံးပုံ တပုံဆိုလို့ အံ့ဩသွားကြပြီလား။ တကယ်တော့ သေချာသတိထားကြည့်မယ်ဆိုရင် ဒါဟာ အံ့ဩစရာနံပါတ်တခု မဟုတ်ပါဘူး။ ဥပမာ အက်ဖ်ဒီအေမှာ ၅.၉ဘီလီယံဒေါ်လာဘတ်ဂျက်ရှိပြီး အဲဒီထဲက ၂.၇ ဘီလီယံက အက်ဖ်ဒီအေအတည်ပြုချက် လျောက်ထားကြတဲ့ ကုမ္ပဏီတွေဆီက industry fee အနေနဲ့ ရတာပါ။ အဲဒါဆိုရင် ပိုက်ဆံပေးပြီး အတည်ပြုချက်ရယူတယ်ဆိုတာက အကျိုးစီးပွားချင်း ဆန့်ကျင်ဖက် ဖြစ်မနေဘူးလားလို့ မေးစရာရှိပါတယ်။

အက်ဖ်ဒီအေ စတဲ့ ဗျူရိုကရက်အဖွဲ့အစည်းတွေကို အဲဒီလောက်အထိ ပါဝါကြီးလာစေတာကတော့ အိပ်ချ်အိုင်ဗီ ပန်ဒဲမစ်တုန်းက ဖြစ်ပါတယ်။ အဲဒီတုန်းက အက်ဖ်ဒီအေက လူတွေအတွက် စားသုံးကုန်နဲ့ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဆီက မြန်မြန်အတည်ပြုချက် ချပေးနိုင်ဖို့ ပိုက်ဆံကောက်ခဲ့ရာက စပါတယ်။

အက်ဖ်ဒီအေက ဘယ်လောက်ပဲ အမှားလုပ်လုပ် ခြစားအစိုးရတွေကတော့ ပြည်သူဖက်က ရပ်မှာ မဟုတ်ပါဘူး။ ကျွမ်းကျင်သူ ပညာရှင်တွေကို ယုံကြည်ပါဆိုပြီး အတင်းကြီး ယုံခိုင်းကြဦးမှာပါ။ (အခုဒေါက်တာဖောက်ချီတို့ ဘယ်လောက်ကြီ’ ရှေ့နောက်မညီတာလုပ်လုပ် အတင်း ယုံခိုင်းနေတာပဲမဟုတ်လား။)  

ပြောရရင် အဲဒီ ပညာရှင်ဆိုတာတွေကပဲ ဒီဒီတီလို့ခေါ်တဲ့ အန္တရာယ်များတဲ့ ပိုးသတ်ဆေးတမျိုးကို ကိုယ်ဝန်ဆောင်တွေ သုံးလို့ရကြောင်း ကြော်ငြာခွင့်ပြုခဲ့ပါတယ်။ ၁၉၇၂ကျမှ ပိတ်ပင်ခဲ့တာပါ။

ဟီးရိုးအင်းအစစ်ကိုလည်း ချောင်းဆိုးပျောက်ဆေးအနေနဲ့ ဆေးပေးခွင့် ပြုခဲ့တာပါပဲ။ အဲဒီတုန်းကလည်း ဆေးပညာဂျာနယ်တွေအားလုံးက ဟီးရိုးအင်းက ဘယ်လောက်တောင် ကောင်းကြောင်း ညီညာဖျဖျ ဖော်ပြခဲ့ကြတာပါပဲ။

အိမ်ဆောက်ရာမှာ သုံးတဲ့ အပူခံ Asbestos ကိုလည်း ပညာရှင်တွေက နတ်ဓါတ်သတ္တုအလား ပုံဖော်ခဲ့ကြပြီး နောက်မှ ကင်ဆာဖြစ်စေနိင်တဲ့ အဆိပ်ဆိုတာ သိလာကြတာပါ။

ဆေးလိပ်ကုမ္ပဏီတွေလည်း အာဏာရှိသူတွေကို ဝယ်ဖို့ ဘီလီယံနဲ့ချီသုံးပြီး သူတို့ပစ္စည်းတွေ ရောင်းအားတက်အောင် လုပ်ခဲ့ကြတာပါပဲ။​ ဆရာဝန်တွေ၊ သမားတော်တွေ၊ ဆေးပညာဂျာနယ်တွေ အားလုံးက အဲဒီအချိန်က ဆေးလိပ်သောက်တာကို အားပေးခဲ့ကြပါတယ်။​ ၁၉၆၃မှာတုန်းက အက်ဖ်ဒီအေက ဆေးရွက်ကြီးဟာ သူတို့သတ်မှတ်ထားတဲ့ ဘေးဖြစ်စေတဲ့သတ်မှတ်ချက်တွေမှာ အကျုံးမဝင်ဘူးလို့ ကြေငြာပါတယ်။ ဒါပေမဲ့ သူတို့ပြောတာ အားလုံးမှားတယ်ဆိုတာ နောက်ဆုံးတော့ ဖုံးမရ ဖြစ်လာတာပါပဲ။

အမေရိကန်တွေက ကမ္ဘာပေါ်မှာ ဆေးအသောက်ဆုံးနိုင်ငံဖြစ်နေပါတယ်။ ဒါပေမယ့် GDP သိပ်မကွာကြတဲ့ OECD နိုင်ငံတွေကြေားမှာ အမေရိကန်တွေရဲ့ အသက်ရှည်နှုန်းက ၃၆နိုင်ငံမှာ ၂၈ ဆိုတော့ အောက်ဆုံးနီးပါးလို့ ပြောရမှာပါ။ အဝလွန်တာမှာလည်း အမေရိကန်က ထိပ်တန်းနိုင်ငံဖြစ်နေပါတယ်။ အစိုးရက သိပ္ပံပညာကို ယုံကြည်ပါလို့ တွင်တွင်ပြောပြီး တန်ပြန်မေးခွန်းထုတ်တာတွေ၊ သူတို့ပြောတဲ့အတိုင်းမဟုတ်ပဲ ကိုယ့်ဦးနှောက်နဲ့ကိုယ် ဖြစ်နိုင်/မနိုင် စဥ်းစားတာတွေကိုတော့ လုံးဝ အားမပေးတဲ့အပြင် အစိုးရရဲ့ ဝိတ်သုံးပြီး ဖိနှိပ် နာမည်ဖျက်တာတွေ ဆက်တိုက် လုပ်နေပါတယ်။

အက်ဖ်ဒီအေကို ယုံသင့်သလားဆိုရင် ၂၀၀၆တုန်းက ဆီလီကွန်ရင်သားတုကို အတည်ပြုပေးခဲ့ပြီး နောက်နှစ်တွေမှာ အမျိုးသမီးတွေက ဆံပင်ကျွတ်တာ၊ နာကျင်တာ၊ မှတ်ဉာဏ်ယုတ်လျော့တာ၊ စိတ်ဓါတ်ကျတာတွေနဲ့ အာရုံကြောရောဂါတွေ ဖြစ်လာကြပါတယ်။ အခုတော့ အဲဒီလက္ခဏာတွေကို ရင်သားတုနဲ့ဆိုင်တဲ့ ဖျားနာမှုလို့ ရည်ညွှန်းနေကြေပေမယ့် အက်ဖ်ဒီအေနဲ့ ကျန်းမာရေးလောကကတော့ ခုထိ အသိအမှတ်မပြုကြပါဘူး။ သူတို့က ရင်သားတုတွေကို ဖယ်ရှားလိုက်ရင် အဆိုပါလက္ခဏာတွေ ခံစားရတာ သက်သာသွားမယ်လို့တော့ ဝန်ခံကြပါတယ်။ ဆီလီကွန်ရင်သားတုက လင်ဖိုးမားကင်ဆာတမျိုး (ခုခံအားစနစ်ကင်ဆာ) နဲ့ ပတ်သက်နေတာဆိုတာကိုလည်း အသိအမှတ်ပြုပေမယ့် ဆီလီကွန်ရင်သားတုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အတည်ပြုချက်ကိုတော့ ရုပ်သိမ်းမပေးခဲ့ပါဘူး။ ဆီလီကွန်ရင်သားတုကလည်း ဘီလီယံဒေါ်လာ စီးပွားရေးဆိုတော့ သူတို့အနေနဲ့ ရနိုင်မယ့် ဖီးစ်တွေတင်ကို မနည်းဘူးလေ။  

နောက်တခုက အိုပီရွိုက်ပြဿနာပါ။ အဲဒါလည်း အက်ဖ်ဒီအေက အတည်ပြုထားတဲ့ ပြဿနာကြီးပါပဲ။ လွန်ခဲ့တဲ့ ၂၅နှစ်လုံး အိုပီရွိုက်ထုတ်လုပ်သူတွေဟာ သူတို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျော့ပြပြီး အကျိုးအာနိသင်တွေကို အများကြီး ပိုပြခဲ့ပေမယ့် အက်ဖ်ဒီအေက မသိချင်ယောင် ဆောင်နေခဲ့ပါတယ်။ အက်ဖ်ဒီအေက အိုပီရွိုက်ကို စိတ်ချရတဲ့ ဆေးအဖြစ် ခွင့်ပြုခဲ့ပြီး အန္တရာယ်ရှိတယ်လို့ ရေးတဲ့ ဆေးဂျာနယ်တွေ ပညာရှင်တွေကို လစ်လျူရှုထားခဲ့ပါတယ်။

(အိုပီရွိုက်ဆိုတာ ဘိန်းကထုတ်တဲ့ အကိုက်အခဲပျောက်ဆေးပြင်းတမျိုးပါ။ ဆရာဝန်လက်မှတ်နဲ့မှ ရတာပါ။ အဲဒါနဲ့ လုပ်စားနေတဲ့ ဆရာဝန်တွေလည်း မနည်းပါဘူး။ ၂၀၁၉တုန်းက အိုပီရွိုက်ဆေးလွန်လို့ အမေရိကန် ၅သောင်းနီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။ နှစ်တိုင်းဖြစ်နေကျအပြင် တနှစ်ထက်တနှစ် ပိုပိုဆိုးလာတာကို ဘယ်သမ္မတကမှ ဆေးကုမ္ပဏီကြီးတွေ အငြိုငြင်ခံပြီး အရေးမယူခဲ့ကြပဲ သမ္မတထရမ့်တက်လာတော့မှ မီလာနီယာက ဦးဆောင်ပြီး အိုပီရွိုက်အကြောင်း ပညာပေးတာတွေ၊ အရေးယူတာတွေ စလုပ်ခဲ့ပါတယ်။)

တလောက တင်ဖူးတဲ့ သတင်းတပုဒ်မှာ ပါတဲ့အတိုင်း အမေရိကန်သမိုင်းမှာ ရာဇဝတ်ဒဏ်ကြေး ဒုတိယ အများဆုံးပေးဆောင်ရတဲ့ ကုမ္ပဏီက အများသိကြတဲ့ ဖိုင်ဇာကုမ္ပဏီကြီးပဲဖြစ်ပါတယ်။ ၂၀၀၉ မှာ Bextra ဆိုတဲ့ ဆေးကို ကြော်ငြာရာမှာ ခွင်ပြုထားတဲ့ရောဂါတွေထက် ပိုကြော်ငြာခဲ့လို့ ထိခိုက်ခဲ့ကြသူတွေက တရားစွဲခဲ့ကြတဲ့အတွက်  ၂.၃ ဘီလီယံ ဒဏ်ကြေး ပေးဆောင်ခဲ့ရပါတယ်။ အဲဒီဆေးက ၂၀၀၅ မှာ လုံခြုံရေးအတွက် စျေးကွက်ထဲက ပြန်လည် ရုပ်သိမ်းပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဘယ်သူမှတော့ ထောင်ကျမသွားခဲ့ပါဘူး။ ကုမ္ပဏီအကြီးအကဲတွေကလည်း သူတို့အိတ်ထဲက စိုက်လျော်ရတာမျိုး မဟုတ်ခဲ့ပါဘူး။

ချုပ်ရရင်တော့ အက်ဖ်ဒီအေကို မလျော်ဩဇာသုံးပြီး ငွေနဲ့ပေါက် အတည်ပြုခဲ့လို့ အသက်ဆုံးရှုံးရတဲ့လူတွေ သန်းချီရှိနေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကို ကပ်ရမယ် ဘယ်သူ့ကို ပေး/ပေါင်းရမယ်ဆိုတာ သိနေတော့ သူတို့ရဲ့ တရားဝင်မှုက တပြားဖိုးမှ လျော့မသွားသလို အရေးယူခံရဖို့ဆိုတာလည်း အဝယ်ခံတဲ့ လူတွေ အာဏာရနေသ၍ ဖြစ်လာမှာ မဟုတ်တာ သေချာနေပါတယ်။

အခုလည်း တနှစ်သားမပြည့်သေးတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကလေးတွေအပါအဝင် အများပြည်သူကို အက်ဖ်ဒီအေက အရေးပေါ်သုံးဖို့ ခွင့်ပြုတယ်ဆိုပြီး အတင်းထိုးခိုင်းနေတာ ဆေးကုမ္ပဏီကြီးတွေနဲ့ အက်ဖ်ဒီအေသမိုင်းကို ကြည့်ရင် မသင်္ကာစရာ အများကြီး ရှိနေပါတယ်။ ပိုဆိုးတာက ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုး ခံစားရသူတွေရဲ့ အသံတွေကို လိုက်လံပိတ်ပင်နေတာပါ။ လောကမှာ ပိုက်ဆံနဲ့ အာဏာရှိတဲ့လူတွေ ဘာလုပ်လုပ် အထင်တကြီး လိုက်နာတတ်ကြသူတွေလည်း ရှိမှာပါ။ အဲဒီလူတွေလည်း လိုက်နာပိုင်ခွင့် ရှိသင့်သလို ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် ဆုံးဖြတ်ချင်သူတွေအတွက်လည်း ရွေးချယ်ပိုင်ခွင့် ရှိသင့်ပါတယ်။ လောဘ ဒေါသ မောဟ ကြီးစိုးတဲ့ လောကမှာ ဘယ်သူ၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကိုမှ လူ့အသက်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေ ပုံမအပ်သင့်ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: