နိဝင်ဘာ ၂ ရက် ၂၀၂၁

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ထပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်များ၊ ဗီအိုင်ပီများဟာ ကိုယ်ပိုင်(သို့)စင်းလုံးငှား လေယာဥ်ပေါင်း ၄၀၀ကျော်နဲ့ CO2 တန်ချိန်များစွာ ထုတ်လွှင့်ပြီး ပျော်ပျော်ကြီးတက်ရောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ အကြီးဆုံးလေယာဥ်ကတော့ အမေဇုံက ဂျက်ဖ်ဘေဇိုစီးတဲ့ Gulf Stream jet ဖြစ်ပြီး ဗီအိုင်ပီတွေထဲမှာ ဘိုင်ဒန်၊ မင်းသားချားလ်စ်၊ ဘောရစ်ဂျွန်ဆင်၊ မက်ခရွန်၊ အန်ဂျလာ မာကဲယ်လ်၊ မိုဒီ၊ စကော့ မော်ရစ်ဆင်။ အယ်လ်ဂိုး၊ အာနိုး၊ ဘေလ်ဂိတ်စ်၊ ဒီကာပရီယို၊ အဆိုတော် Ellie Goulding< မိုနာကိုက မင်းသား အဲလ်ဘတ်နဲ့ လက်ဝဲသမားတွေရဲ့ ရာသီဥတုကိစ္စကို ထောက်ခံကြတဲ့ ကော်ပိုရေးရှင်းကြီးတွေက စီအီးအိုတွေလည်း ပါဝင်ပါတယ်။ သူတို့က ဂလပ်စဂိုနဲ့ အီဒင်ဘာရာမှာ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေက ရောက်ရှိခဲ့ကြတာပါ။

လေယာဥ်တွေ များလွန်းလို့ အစည်းအဝေးတက်မယ့်သူတွေကို ချပြီးတာနဲ့ လေယာဥ်တွေက အနီးအနားမြို့တွေက လေဆိပ်တွေမှာ သွားရောက် ရပ်နားကြရပါတယ်။ UK က ပို့ဆောင်ရေးနဲ့ ပတ်ဝန်းကျင်ကမ်ပိန်းဂရုက မက်တ်ဖင့်ချ်က အဲဖို့စ်ဝမ်းတို့ဘာတို့ကို ခဏဖယ်ထားဦး၊ သာမာန် ပုဂ္ဂလိကလေယာဥ်တစင်းဆိုရင်တောင် တနာရီပျံသန်းချိန်မှာ CO2 ၂ တန်ထုတ်လွှင့်တာဖြစ်ပါတယ်။ ဆိုတော့ လေယာဥ်အကြီးအသေး ၄၀၀ဆိုရင် အနဲလေး တနာရီကို CO2 တန် ၁၀၀၀ ထုတ်လွှင့်နေတာဖြစ်ပါတယ်။ သာမာန်လူတဦးက တနှစ်တာအတွင်း သွားသမျှ လုပ်သမျှအတွက် CO2 ထုတ်လွှင့်မှုက ၈တန်လောက်ပဲ ရှိတယ်ဆိုတာနဲ့ ယှဥ်ကြည့်ကြပါ။

အဲဒီခရီးစဥ်အတွင်း ပုဂ္ဂလိကလေယာဥ် ၄၀၀ကျော်က CO2 တန်ချိန် ၁၃,၀၀၀ ထုတ်လွှင့်မှာဖြစ်လို့ အဲဒီပမာဏဟာ စကော့တလန်ပြည်သား အယောက် ၁,၆၀၀ တနှစ်မှာ လောက်ကျွမ်းစေတဲ့ ပမာဏနဲ့ တူညီနေတာဖြစ်ပါတယ်။ ယူကေနိုင်ငံခြားရေးဝန် လဇ်ထရပ်ဇ်ကတော့ ဇွန်းမီတင်တွေက အသုံးဝင်ပေမယ့်လည်း ဒီကိစ္စမှာ အဲဒီလို မျက်နှာချင်းဆိုင်တွေ့ကြဖို့က အရမ်းအရေးကြီးတယ်လို့ ကာကွယ်သွားပါတယ်။ ဘောရစ်ဂျွန်ဆင်ကလည်း အခုအစည်းအဝေး လာတက်ကြသူတွေကို ဂျိမ်းစ်ဘွန်းတွေ ကမ္ဘာကို ကယ်တင်နေတာလို့ တင်စားသွားပါတယ်။

သူတို့တွေ ပတ်ဝန်းကျင်ကို အမှန်တကယ် ဂရုစိုက်တယ်ဆိုရင် စုပေါင်းလာတာမျိုးဖြစ်ဖြစ် အများသုံးလောယာဥ်တွေနဲ့ပဲဖြစ်ဖြစ် စီမံလို့ ရပါတယ်။ သူတို့ကျတော့ အဆင်ပြေဖို့ကို အဓိကထားပြီး အောက်ခြေပြည်သူတွေကျမှ ဘာမလုပ်ရ ညာမလုပ်ရဆိုတာကတော့ ဓါတ်ဆီကား စီးမိတယ်ဆိုရင်ကို အပြစ်ကြီးလို မြင်နေကြတဲ့သူတွေ ခေါင်းဆောင်မပီသဘူးလို့ပဲ ပြောပါဦးမယ်။ လိမ်နေတာတွေ၊ ပုံသွင်းနေတာတွေက အရင်က ရေးခဲ့ပြီဖြစ်လို့ အခုမထည့်တော့ပါဘူး။

 ဘိုင်ဒန်က အာဖဂန်ကို ခရိုက်စစ်ဖြစ်အောင်လုပ်ပြီး ထားခဲ့တဲ့အတွက် တာလီဘန်တွေအောက်မှာ စီးပွားရေး စားဝတ်နေရေးလုပ်ဖို့ အဆင်မပြေကြသူတွေက စားဝတ်နေရေးခက်ခဲလာတဲ့အတွက် လူမမယ် ကလေးမလေးတွေကို ရောင်းစားနေကြတယ်လို့ သိရပါတယ်။ ဖခင်တဦးက ငါ့မှာ မိသားစု ၈ယောက်ရှိတယ်၊ ကျန်တဲ့လူတွေကို ကျွေးထားဖို့ တယောက်တော့ ရောင်းရတော့မှာပဲ၊ လိုအပ်ရင် နောက်တယောက် ရောင်းရမှာပေါ့၊ ၂နှစ်သမီးလေးတောင် ပါရင် ပါသွားနိုင်တယ်လို့ ဆိုပါတယ်။ ဖခင်တဦးကတော့ ကျနော့်သမီးက ခင်ဗျားလက်ထပ်မယ့်သတို့သမီးနော်၊ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ၊ မရိုက်မနှက်ပါနဲ့လို့ ငိုကြွေးတောင်းပန်ပေမယ့် ကြွေးရှင်က ငါက ပိုက်ဆံပေးဝယ်ထားတာ၊ ငါ့ဘာသာငါ ဘာလုပ်လုပ် မင်းနဲ့မဆိုင်တော့ဘူးလို့ ပြောပါတယ်။

၁၅နှစ်အောက်နဲ့ လက်ထပ်တာ တရားမဝင်ဘူးဆိုပေမယ့် ပုံမှန်လို လုပ်နေကြတာပါပဲ။ လက်နက်ကိုင် တာလီဘန်တွေက မျက်စေ့ကျသူတွေဆိုရင်တော့ ပိုက်ဆံမရလဲ ပေးလိုက်ရတဲ့သဘောမှာ ရှိနေပါတယ်။ တာလီဘန်တွေက အာဖဂန်အမျိုးသမီးဗောလီဘောအသင်းဝင်တဦးကို ခေါင်းဖြတ်သတ်လိုက်တာပါ။ ဖီးမင်းနစ်တွေ ဘယ်ပျောက်နေကြပါလိမ့်။ အဖြူမ မပါဆိုတဲ့ နောက်ဆုံးပေါ် ဖီးမင်းနစ်ဆိုရင်တောင် ခုဟာက အရောင်နဲ့လေ၊ သတ်မှတ်ချက်တွေ အကုန်ပြည့်စုံနေတာပဲ၊ မျက်နှာလွှဲမထားကြပါနဲ့။

ဘိုင်ဒန်ရဲ့ ဘစ်လ်ဒ်ဘက်ဘက်တာဆိုတဲ့ ဇီးသီးဗန်းပလန်အကြီးကြီးကို သေချာလေ့လာကြည့်တဲ့သူတွေက ၄၇၀ ဘီလီယံကို ဘယ်စာရင်းထဲမှာမှ ပါနေတာ မတွေ့နေလို့ သတိပေးခေါင်းလောင်းခေါက်လိုက်ပါတယ်။ ဝှါတန်ဘဇ်နက်စ်စကူးလ်က သုံးသပ်ချက်အရ အိမ်ဖြူရဲ့ ခန့်မှန်းအသုံးစရိတ်က လာမယ့် ၁၀နှစ်အတွင်း ၁,၉၉၅ ဘီလီယံ ဖြစ်ပြီး ဝှါတန်ရဲ့ ဘတ်ဂျက်မော်ဒယ် ခန့်မှန်းမှုများအရ ၁,၅၂၇ ဘီလီယံဖြစ်တာကြောင့် ကွာခြားချက် ၄၆၈ ဘီလီယံက ဘယ်မှာပိုပြထားတယ်ဆိုတာကို မေးခွန်းထုတ်လိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: