နိုဝင်ဘာ ၄ ရက် ၂၀၂၁

အင်္ဂါနေ့က ပြုလုပ်တဲ့ နယူယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့ရဲ့ မြို့ဝန်ရွေးကောက်ပွဲမှာ ၃ကြိမ်အရွေးခံပြီးသားဖြစ်တဲ့ လက်ရှိဒီမိုကရက်မြို့ဝန် ဘိုင်ရွန်ဘရောင်းက ပါတီတွင်း ပဏာမရွေးကောက်ပွဲတုန်းက AOC ထောက်ခံပေးထားတဲ့ လက်ဝဲစွန်း ဒီမိုကရက်တစ်ဆိုရှယ်လစ်လို့ သူ့ကိုယ်သူ သတ်မှတ်ထားသူ အင်ဒီရာ ဝေါ်လ်တန်ကို ရှုံးနိမ့်သွားခဲ့လို့ မဲစာရွက်ပေါ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ မဲပေးသူတွေက အမည်ဖော်ပြထားတဲ့ မဲလက်မှတ်ပေါ်က နာမည်တွေတင်မက ကိုယ်နှစ်သက်ရာလူကိုပါ နာမည်ရေးပေးနိုင်တဲ့ write-in နေရာလည်း ပေးထားတာကြောင့် ဘရောင်းက သူ့ကို ထောက်ခံသူတွေကို မဲစာရွက်ပေါ်က မြို့ဝန်နေရာမှာ သူ့နာမည်ကို ဖြည့်ရေးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ပုံမှန်ဆိုရင် လူတွေက အလွယ်ကြိုက်ကြတဲ့အတွက် တကူးတက နာမည်ဖြည့်နေရမှာမျိုးဆိုရင် မဲများများရဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဘတ်ဖဲလိုးမြို့က ရီပါဘလစ်ကန်နဲ့ အလယ်အလတ် ဒီမိုကရက်တွေက လက်ဝဲစွန်းအစီအစဥ်တွေကို မကြိုက်ကြတဲ့အတွက် အချင်းချင်းလှုံ့ဆော် တိုက်တွန်းခဲ့ကြတာကြောင့် အဆုံးမှာ ဘရောင်းနိုင်သွားခဲ့ပါတယ်။ သိပ်ပြာလွန်းတဲ့ ဒေသတွေမှာ ရီပါဘလစ်ကန်တွေ ဝင်ပြိုင်ခဲပါတယ်။ အတိုက်ခိုက်ခံရတာနဲ့ ကုန်ကျစရိတ်နဲ့ လုံလောက်တဲ့ မဲဆွယ်ရန်ပုံငွေ မရနိုင်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

Aspen Security Forum မှာ ဗိုလ်ချုပ်ကြီးမီလီက အမေရိကန်တွေအနေနဲ့ တပ်တွေကို အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေ မြန်မြန်ဆန်ဆန် လုပ်မသွားဘူးဆိုရင် တရုပ်(သို့) ပြိုင်ဖက်နိုင်ငံတခုခုကို ရှုံးနိမ့်မယ့်အခြေအနေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပြောသွားပါတယ်။ မီလီက တရုပ်ရဲ့ အင်အားဟာ အလျင်အမြန် တက်လာနေတာဖြစ်ပြီး နိုင်ငံတကာ စည်းမျဥ်းတွေကို သူတို့အကျိုးအတွက် အသုံချသွားမှာကြောင့် နောက် ၁၀-၂၀နှစ်လောက်ဆိုရင် တရုပ်က ကျောသွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

တကယ်တမ်းမှာ မီလီက တပ်ရဲ့ ချိနဲ့ရာချိနဲ့ကြောင်းဖြစ်တဲ့ မယောင်ရာဆီလူးပြီး လိင်တူလိင်ပြောင်း၊ အသားအရောင်ကိစ္စကို တိုက်ရည်ခိုက်ရည်ထက် ရှေ့တန်းတင်နေခဲ့သူပါ။ အာဖဂန်မှာလည်း သူက အဓိက တာဝန်ရှိသူတဦးပါ။ တရုပ်ကို အရှုံးပေးဖို့ သေချာ ပလန်ချထားတယ် လို့တောင် ဆိုလို့ရပါတယ်။ အဲဒီလူမျိုးကို တိုင်းပြည်ချစ်သူတိုင်းက ပယ်ရှားပစ်ရမှာပါ။

မီလီလက်ထက် ဘယ်လောက်တိုးတက်လာသလဲဆိုတဲ့ သာဓကတခုက ကယ်လီဖိုးနီးယားမှာ ဗြိတိသျှကွန်မန်ဒိုတွေနဲ့ အမေရိကန်တပ်တွေက အယူအဆနဲ့ လေ့ကျင့်ထားပုံမတူတဲ့ တပ်တွေကြား စစ်ရေးလေ့ကျင့်ကြတာမှာ ဗြိတိသျှကွန်မန်ဒိုတွေက အပြန်အသတ်ဖိထားနိုင်ခဲ့ပါတယ်။ အမေရိကန်တွေက တဝက်လောက်မှာကထဲက ပြန်စဖို့ ပြောနေကြရပါပြီ။ ပြည်ဖျက်ပါတီ ပြည်ဖျက်ဘိုင်ဒန်လို့ ပြောရင် သူ့ဖက်ကနာမယ့်အစား ကိုယ်ရေရှည်နေမယ့်တိုင်းပြည်ဖက်က နာကြပါလို့ပဲ ပြောချင်ပါတယ်။ အမေရိကန်က လွတ်လပ်ခြင်းရဲ့ နောက်ဆုံးခံတပ်ပါ။ အမေရိကန်ကျသွားရင် တကမ္ဘာလုံး အာဏာရှင်အောက် ကျရောက်တော့မှာပါ။

မြောက်ကာရိုလိုင်းနားပြည်နယ် ရှားလော့မြို့က ဟော်သုန်းကျန်းမာရေးသိပ္ပံအကယ်ဒမီ အထက်တန်းကျောင်းမှာ ၁၅နှစ်သမီး ၁၀တန်းကျောင်းသူတဦးက သူ့ကို ကျောင်းသားတဦးက အမြဲလိုက်နှောက်ယှက်နေကြောင်း ကျောင်းအုပ်ချုပ်ရေးကို သတင်းပို့တိုင်တန်းခဲ့ပါတယ်။ သူမအဆိုအရ အဲဒီကျောင်းသားက သူမဝင်တဲ့ အိမ်သာထဲလိုက်လာပြီး နံရံဖက်ကို တွန်းကာ လက်သရမ်းခဲ့ကြောင်း တိုင်တန်းခဲ့ပါတယ်။ အဲဒီစွပ်စွဲချက်ကို ကြားတော့ ကျောင်းတာဝန်ရှိသူတွေက ရဲတွေကို ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။​ အဲဒီမှာ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး လိင်အကြမ်းဖက်တာ တွေ့ရှိခဲ့လို့ အဲဒီကျောင်းသားကို အရေးယူခဲ့ပါတယ်။

ကျောင်းအုပ်ချုပ်သူတွေကလည်း ကိုယ့်ဖာသာကိုယ် စစ်ဆေးမှုတွေ လုပ်ခဲ့ကြပြီး ဘာာသက်သေမှ မတွေ့လို့ ကျောင်းသားဘာမှ ကျူးလွန်တာ မတွေ့ဘူးလို့ဆိုပါတယ်။. ကျောင်းဖက်က အဲဒီမှာမရပ်ပဲ တိုင်တန်းခဲ့တဲ့ ကျောင်းသူကို မဟုတ်မမှန်တိုင်ကြားမှုနဲ့ တရက် ကျောင်းတက်ခွင့်ပိတ်ပင်ခဲ့ပြီး လိင်အနှောက်အယှက်ပေးမှုမှ ကာကွယ်ပေးမယ့်သင်တန်းကို တက်ခိုင်းပါတယ်။ အဲဒီမှာ ကျောင်းသူမိခင်က ဒေါပွပြီး ရဲက ကျောင်းသားကျူးလွန်တယ်လို့ တွေ့ပြီးသား၊ ကျောင်းသားကလည်း ဝန်ခံပြီးသား၊ ငါ့မှာ တရားစွဲခွင့်ရှိတယ်၊ အဲဒါကို မင်းတို့က ဘာမှမဖြစ်ခဲ့ပါဘူးပြောနေတယ်၊ ကံဆိုးချင်တော့ ရဲ/ဥပဒေက ဘာဆိုဆို ကျောင်းက မလိုက်နာတော့ ဘာမှလုပ်လို့မရဘူးလို့ ဆိုပါတယ်။ သူမက ကျောင်းနဲ့ ခရိုင်အရာရှိတွေဆီ အီးမေးလ်အကြိမ်ကြိမ်ပို့ခဲ့သလို WBTV က သတင်းထောက်များကလည်း တာဝန်ရှိသူတွေဆီ မေးမြန်းဖို့ ကြိုးစားပေမယ့် ဘာတုန့်ပြန်မှုမှ မရခဲ့ဘူးလို့ သိရပါတယ်။ မိခင်က နောက်ကို ကျောင်းသားဆိုးတွေ ပိုအတင့်ရဲလာပြီး ကျောင်းသူတွေ မတိုင်ရဲတော့မှာ စိုးရိမ်နေပါတယ်။

တော်ရုံရာဇဝတ်မှုကို အရေးမယူတဲ့ ကယ်လီဖိုးနီးယားက ကျောင်းကောင်းပြီး ပတ်ဝန်းကျင်သန့်တဲ့ မြို့လေးတွေမှာတောင် ဆိုင်တွေမှာ တချို့ပစ္စည်းတွေ (ခိုးသူအကြိုက်တွေ့တတ်တာတွေ၊ အိမ်ဖောက်ထွင်းနိုင်တဲ့ ကရိယာတွေ၊ ဘက်ထရီအသေးလေးတွေ၊ အလှကုန်တွေကစလို့ သော့ခတ်ထားရတဲ့ အနေအထား ဖြစ်နေပါပြီ။ တိုးတက်လာသလား၊ ဆုတ်ယုတ်သွားသလား၊ ဒီလိုအနေအထား ဖြစ်သင့်သလားဆိုတာ စဥ်းစားကြဖို့ သင့်ပါပြီ။ ခြစားတဲ့အစိုးရက ရာဇဝတ်သားတွေနဲ့ စရိုက်တူချင်းဖြစ်လို့ ရာဇဝတ်သားကို သက်ညှာတာဟာ လူ့ဘောင်အသိုင်းအဝိုင်း တခုလုံးရဲ့ စာရိတ္တမဏ္ဍိုင်ကိုပါ ယိုင်နဲ့အောင်လုပ်နေတာဖြစ်ပါတယ်။

ရာဇဝတ်မှုအားပေးတာ ဆိုရော့စ်ပံ့ပိုးထားတဲ့ ရှေ့နေချုပ်တွေ လူကြီးတွေတင်မက ကျောင်းတွေ ကလေးတွေအဆင့်အထိပါ ဆင်းလာနေပါပြီ။ မျက်ကန်းတစ္ဆေမကြောက်တော့ မလုပ်ကြပါနဲ့။ ကိုယ့်ဆီက/ကိုယ့်မိသားစုကို ဘာလာလုမလဲ ဘယ်လိုရန်လုပ်မလဲ ပူနေရတဲ့အချိန်အထိ မစောင့်ကြပါနဲ့။

အမေရိကန်လေတပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ဟာ ကာကွယ်ဆေးထိုးရမယ်လို့ သတ်မှတ်ထားတဲ့ရက်ကျော်လာခဲ့ပေမယ့် မထိုးရသေးသလို ဘာသာရေးစတဲ့ ကင်းလွတ်ခွင့်လျောက်ထားမှုတွေကိုလည်း တခုမှ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ ဝါရှင်တန်မှာ ပြည်နယ်တွေက အစောင့်တပ်တွေ လာတာဝန်ယူကြတုန်းက ထရမ့်ဘက်သားတွေ ပါမှာစိုးလို့ ဆိုရှယ်မီဒီယာတွေနဲ့ လိုက်စောင့်ကြည့်၊ တွေ့ရင်ပြန်ပို့ခိုင်းကြတဲ့လူတွေက အခုလည်း ဆေးမထိုးသူတွေကို ထရမ့်လူတွေလို့ သတ်မှတ်ပြီး ဖြုတ်ဖို့ ကြိုးစားကြဦးမယ်ထင်ပါတယ်။ အာဏာတခုပဲကြည့်တဲ့သူတိုင်းက အာဏာလက်မလွှတ်ရအောင် ဆူးငြောင့်ဟူသမျှ အကုန်ရှင်းထားကြလေ့ရှိတဲ့အတိုင်းပါပဲ။

ဘိုင်ဒန်အစိုးရက the Occupational Safety and Health Administration (OSHA) က ဝန်ထမ်း ၁၀၀အထက်ရှိတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေက ဝန်ထမ်း၈၄သန်းကို ဇန်နဝါရီလ ၄ရက်နေ့ နောက်ဆုံးထားပြီး ကာကွယ်ဆေး မထိုးမနေရ သတ်မှတ်လိုက်ပါတယ်။ မလိုက်နာတဲ့ လုပ်ငန်းရှင်တွေက တကြိမ်ဖောက်ဖျက်တိုင်း ဒဏ်ကြေး $14,000 ပေးဆောင်ရမှာဖြစ်ပါတယ်။ OSHA က အငယ်စားလုပ်ငန်းလေးတွေကိုပါ ကာကွယ်ဆေးမန်ဒိတ် ပြုလုပ်သွားမယ်လို့ အရိပ်အမြွက်ပြောထားပါတယ်။ (လုပ်ငန်းငယ်လေးတွေ၊ အလတ်လေးတွေ ပြုတ်ကုန်တော့ လုပ်ငန်းကြီးတွေ စျေးကွက်ကို ပိုချယ်လှယ်နိုင်တာပေါ့။)

ကျန်းမာရေးကဏ္ဍမှာလည်း ဖက်ဒရယ်အစိုးရရဲ့ အထောက်အပံ့ရယူနေတဲ့ Center for Medicare and Medicaid Services က ကျန်းမာရေးဝန်ထမ်း ၁၇သန်းကို ကာကွယ်ဆေးမထိုးမနေရ သတ်မှတ်လိုက်ပါတယ်။ မကျန်းမာတဲ့လူတွေ ပိုဒုက္ခရောက်ဖို့ ပြင်ထားရတော့မှာပါ။

ကယ်လီဖိုးနီးယားမှာ ၅နှစ်အထက်တွေ ကာကွယ်ဆေးမထိုးမနေရ ပြဌာန်းပြီး ဆန်ဖရန်စစ္စကိုက စားသောက်ဆိုင်တွေမှာ ၅နှစ်အထက်ကလေးတွေ ကာကွယ်ဆေးထိုးပြီးကြောင်း ကဒ်မပါရင် ပေးမဝင်ဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။ ကာကွယ်ဆေးကို ပုံမှန်ဆေးခန်းတွေမှာတင်မဟုတ်ပဲ မိဘမျက်ကွယ်ဖြစ်တဲ့ ကျောင်းတွေမှာပါ ထိုးဖို့ စီစဥ်နေကြပါတယ်။ တချို့နေရာတွေမှာ မိဘသဘောတူညီချက်မရပဲ ဆေးထိုးပေးလိုက်တဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။ 

အဲဒီမန်ဒိတ်ကို ကလေးတွေကတော့ ကာကွယ်ဆေးလို့ပဲ မြင်မှာပါ၊ သမိုင်းကို တီးခေါက်မိသူတွေ ကတော့ ကလအုပ်ဦးခေါင်းလို့ မြင်ကြမှာပါ။ ပြည်သူကို အာဏာရှင်လက်အောက် အသားကျအောင် ပုံသွင်းပေးနေတာပါ။ သဘောတူသူနဲ့ မတူသူကြား ရန်တိုက်ပေးတာလဲ ပါတာပေါ့။ အာဏာရှင်ကို သည်းခံပြီး၊ အချင်းချင်း အတို့အထောင်လုပ်တာနဲ့ အသားကျသွားရင် ပွဲက ပြီးပြီလေ။ ဂျူးတွေတုန်းက မဟာမိတ်က အားကောင်းတယ်။ အမေရိကန်ကြီးလည်းရှိတယ်။ အခုအမေရိကန်တွေ​ ဂျူးတွေ တရုပ်ပြည်သားတွေ လိုဖြစ်ရင် ဘယ်သူလာကယ်မလဲ၊ ဘယ်သူမှမရှိဘူး။ မိဘပြည်သူများ ခံဗျားပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: