နယူးဂျာစီပြည်နယ်ရဲ့ အထက်လွှတ်တော်ဥက္ကဌအဖြစ် ၁၀နှစ်ကျော်လုပ်လာတဲ့ ဒီမိုကရက်အမတ်ကို ထရပ်ကားမောင်းသူက မဲ၂၀၀၀ကျော်အသာနဲ့ အနိုင်ရသွားပါပြီ။ ထရပ်ကားမောင်းသူ အက်ဒ်ဘား က ပဏာမရွေးကောက်ပွဲမှာ $153 သာသုံးခဲ့ပြီး ရွေးကောက်ပွဲတလျောက်လုံးအတွက် သုံးစွဲခဲ့တာ $5000 မပြည့်ပဲ ဒီမိုကရက် စတိဗ်ဆွီနီကတော့ ၁သန်းလောက် သုံးခဲ့တာဖြစ်ပါတယ်။ အက်ဒ်ရဲ့ ကြော်ငြာ ကိုတောင် သူ့သူငယ်ချင်းရဲ့ တူလေးက ရိုက်ပေးခဲ့တာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းငယ်လေးတွေ လုပ်ရကိုင်ရခက်တဲ့ အမိန့်တွေ အာဏာတွေကြောင့် နယူးဂျာစီက လုပ်ငန်းငယ်လေးတွေ ၃ ပုံ ၁ပုံလောက် ပိတ်သွားပြီဖြစ်ပါတယ်။
အက်ဒ်က မျက်စိမှိတ်၊ ကံကိုပုံပြီး ဝင်ပြိုင်ခဲ့တာမဟုတ်ပဲ နံပါတ်တွေကိုကြည့်ပြီး ဝင်ပြိုင်ခဲ့တာပါ။ သူတို့မဲဆန္ဒနယ်မှာ မဲပေးနိုင်သူ ၁သိန်းခွဲအနက် အကြိမ်ကြိမ်အရွေးခံခဲ့ရတဲ့ ဆွီနီက တခါမှ သုံးသောင်းကို များများကျော်ပြီး မရဖူးပါဘူး။ အဲဒီတော့ ကျန်တဲ့နံပါတ်တွေထဲက သုံးသောင်းကျော်လောက်ရဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာမဟုတ်ဘူးလို့ တွက်ပြီး ဝင်ပြိုင်ခဲ့တာပါ။ သူမှန်းတဲ့အတိုင်းပဲ ဆွီနီက ၃သောင်းစွန်းစွန်းပဲရပြီး သူက သုံးသောင်း သုံးထောင်ကျော် ရခဲ့တာပါ။ တခုအားသာချက်က သူက အာဏာရတာကြာသွားတဲ့ နိုင်ငံရေးသမားတွေလို ပြည်သူတွေရဲ့ လက်တွေ့ဘဝနဲ့ ကင်းကွာသွားတာမဟုတ်ပဲ လူများစုတွေ့ကြုံခံစားနေရတာတွေနဲ့ သူ့ခံစားချက်တွေက ထင်ဟပ်နေတာဖြစ်ပါတယ်။
တောင်ပိုင်းနယ်စပ်ကနေ ၁၇နှစ်သားအရွယ် Reynel Alexander Hernandez လို့ လိမ်ပြီး မိဘမပါပဲ ဝင်လာတဲ့ ၂၄နှစ်အရွယ် Yery Noel Edina Ulloa က သူ့ကို ၁၇နှစ်အရွယ်ဆိုလို့ အိမ်ပေါ်တင်လက်ခံပေးထားတဲ့ အသက် ၄၆နှစ်အရွယ် ကလေး၄ယောက်ဖခင်ကို သတ်ဖြတ်ခဲ့ပါတယ်။ ဖလော်ရီဒါဂါဗာနာက ဒီလိုဖြစ်ရတာတွေအတွက် ဂျိုးဘိုင်ဒန်မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၈ ဖလော်ရီဒါ ဂါဗာနာရွေးကောက်ပွဲတုန်းက ဒီမိုကရက်တွေက အကြီးအကျယ်ငွေသုံးပြီး ယှဥ်ပြိုင်ခဲ့ကြပေမယ့် ဒီဆန်းတစ်စ်က မဲ ၄သောင်းခန့်အကွာနဲ့ ခက်ခက်ခဲခဲ ယှဥ်ပြိုင် အနိုင်ရခဲ့တာပါ။ ခုတော့ ဒီဆန်းတစ်စ်ရဲ့ ရဲဝံ့ပြောင်မြောက်တဲ့ ဦးဆောင်မှုကြောင့် သူဟာ လူကြိုက်များ ထင်ရှားတဲ့ ခေါင်းဆောင်တဦးဖြစ်လာပါတယ်။ အခုဆိုရင် ဒီမိုကရက်ဂါဗာနာများအသင်းက ဖလော်ရီဒါမှာ ဒီဆန်းတစ်စ်နဲ့ ပြိုင်ချင်တဲ့သူကို ငွေကြေးထောက်ပံ့မှာ မဟုတ်ဘူးလို့ ပြောရတဲ့အထိ ဖြစ်လာခဲ့ပါပြီ။
အလယ်အလတ်ဒီမိုကရက်အမတ်တဦးဖြစ်တဲ့ ဂျိုးမန်ချင်က ဘိုင်ဒန်ကို ဆီဈေးတက်တာကို ကုစားဖို့ ပြည်တွင်းမှာ လုပ်လို့ရတာတွေအများကြီးရှိတဲ့ကြားက အိုပက်ကို သွားအပြစ်တင်နေတာကို ဝေဖန်လိုက်ပါတယ်။ ဂျိုးမန်ချင်က သူ့ပြည်နယ်ဖြစ်တဲ့ အနောက်ဗာဂျီးနီးယားမှာ ဓါတ်ငွေ့ပင်လယ်ကြီးမြေအောက်မှာ ရှိနေတာ သုံးပေါ့၊ ရေနံပိုက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်ပေါ့လို့ တိုက်တွန်းသွားပါတယ်။
ဘိုင်ဒန်ကတော့ ကနေဒါကနေ မီရှီဂန်ကို ဖြတ်ပြီး သွယ်ထားတဲ့ ရေနံပိုက်လိုင်းကိုပါ ပိတ်ပစ်ဖို့ စဥ်းစားနေပါတယ်။ အဲဒီလိုလုပ်ရင် ဆီဈေးဘယ်လောက် ထပ်တက်မလဲဆိုတာကို ချိန်နေတယ်လို့ ဆိုပါတယ်။ ကနေဒါဘက်ကတော့ စာချုပ်ဟောင်းတွေထဲက သဘောတူညီချက်တွေပြန်ရှာပြီး မီရှီဂန်ဖက်က ပိတ်လို့မရအောင် ဟန့်တားဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်-စက်တင်ဘာ တတိယ ၃လပတ်မှာ အမေရိကန်လုပ်သားတွေရဲ့ အလုပ်ချိန်က ၇% တက်လာပေမယ့် ထွက်ကုန်က ၁.၇% ပဲ တက်ခဲ့တဲ့အတွက် ကုန်ထုတ်လုပ်မှုနှုန်းက ၅% ကျဆင်းသွားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ သူတို့က ကုန်ထုတ်လုပ်မှုနှန်း ၁.၅% လောက်ပဲ ကျမယ်မှန်းခဲ့တာပါ။ ပထမ ၃လပတ်နဲ့ ဒုတိယ ၃လပတ်တို့မှာ ကုန်ထုတ်လုပ်မှုက ၈.၁% နဲ့ ၈.၅% တက်ခဲ့လို့ အလုပ်လုပ်တဲ့အချိန်နဲ့စာရင် ထွက်ကုန် ပိုထွက်ခဲ့ပါတယ်။
သုံးသပ်သူတွေကတော့ ကုန်ကြမ်းမလုံလောက်တော့ စက်ရုံတွေ အင်ပြည့် အားပြည့် မလည်နိုင်တာ၊ ဝန်ထမ်းရှားတဲ့အတွက် ရှိတဲ့လူတွေက အချိန်ပိုလုပ်ကြရတော့ ထွက်အားကျလာတာ၊ မကျွမ်းကျင်တဲ့ လူတွေပါ ငှားကြရတော့ ခရီးမတွင် စံမမှီဖြစ်နေတာတွေကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတဝင်ပြိုင်မယ်လို့ ပထမဆုံးကြေငြာခဲ့တဲ့ ဇွန်လ ၁၆ ၂၀၁၅ ကနေ ရက်ပိုင်းအတွင်းမှာပဲ ရုရှားနွယ်ဖွား အီဂေါ် ဒန်ချန်ကိုက ထရမ့်နဲ့ ရုရှားအစိုးရကြား ဖုံးခေါ်တာ တွေ့ရှိထားတယ်လို့ ဆိုတဲ့ စွဲချက်တခုပေါ် အခြေပြုပြီး ကလင်တန်တို့ ဖွလိုက်ကြတဲ့ စတီးလ်ဒေါ်စီရေ ဇတ်လမ်းက ထရမ့်ကို အယုံအကြည်မရှိအဆိုတင်ပြီး ဖြုတ်ချဖို့အထိပါ ဖြစ်ခဲ့တာပါ။ ခုတော့ ၂၀၁၆ရွေးကောက်ပွဲကို ရုရှားက စွက်ဖက်တယ်ဆိုတဲ့ ကိစ္စ၊ ထရမ့်နဲ့ ရုရှားဆက်သွယ်တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းဖို့ ခန့်ထားတဲ့ ဂျွန်ဒါဟမ်ရဲ့ အစီရင်ခံစာအရ ထရမ့်က ဘယ်ရှရှားနဲ့မှ ဖုံးပြောခြင်းမရှိခဲ့သလို ဒီမိုကရက်တွေရဲ့ စွပ်စွဲချက်က အခြေအမြစ်မရှိတာ တွေ့ရှိရလို့ အီဂေါ် ဒန်ချန်ကိုကို အက်ဖ်ဘီအိုင်ကို လိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရပြီဖြစ်ပါတယ်။ အဲဒီလူတွေအားလုံးဟာ ကလင်တန်မွေး/ငှားထားတဲ့လူတွေဖြစ်ပြီး ဇတ်ညွှန်းကအစ ကလင်တန်တို့က စီစဥ်ပေးနေခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ခန့်မှန်းတယ်ဆိုတာက သူတို့ကတော့ ဝန်ခံမှာ မဟုတ်လို့ပါ။ ပေါ်မယ့်အရေးမြင်ရင် အရှင်းခံရမှာရယ် ခြေ/ဥ ပြင်ဆင်ချက် ၅ အရ မပြောပဲနေပိုင်ခွင့်လည်း ရှိတဲ့အတွက် ဖြစ်စဥ်အတိအကျ ထွက်လာဖို့တော့ မလွယ်ပါဘူး။
မီလီကို NBC က လက်စ်တာ ဟို့လ်တ်က တိုင်ဝမ်ကို တရုပ်တို့ ကျူးကျော်လာရင် အမေရိကန်က ကာကွယ်ပေးမှာလားလို့ မေးတော့ မီလီက ငါတို့က ငြိမ်းချမ်းတဲ့ အဖြေထွက်ဖို့ပဲ စိတ်ဝင်စားပါတယ်လို့ ဖြေပါတယ်။ တရုပ်က တိုင်ဝမ်ကို ကျူးကျော်ဖို့ ပြင်ဆင်နေသလားဆိုတာကိုတော့ နောက် ၆-၂၄လအတွင်းတော့ မဖြစ်ဘူးထင်ပါတယ်၊ ဒါပေမယ့် ဘာမဆိုဖြစ်နိုင်တယ်လို့ ဖြေပါတယ်။ မီလီက အမေရိကန်တပ်တွေက ကမ္ဘာပေါ်မှာ တိုင်ဝမ်ကို ကာကွယ်တာအပါအဝင် ဘာမဆို လုပ်လို့ရတယ်၊ လုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်၊ ဒါပေမဲ့ ဘာလုပ်မယ် ဘာမလုပ်ဘူးဆိုတာကိုတော့ သမ္မတက ဆုံးဖြတ်ရမှာလို့ တာလီဘန်ကိုတောင် တောင်းပန်နေရတဲ့ ဗိုလ်ချုပ်ကြီးက ပြောသွားပါတယ်။ စစ်သားက xာပါးစပ်လို အရှက်မရှိလျောက်ပြောလို့ရတယ်ဆိုတာ ဘယ်သူက စလိုက်တာပါလိမ့်။