နိုဝင်ဘာ ၈ ရက် ၂၀၂၁ဒီမိုကရက် ဆီနိတ်တာ ၁၁ဦးက လောင်စာဆီဈေး ကြီးမြင့်နေမှုအပေါ် သက်သာရာ ရဖို့အတွက် ဘိုင်ဒန်ဆီကို စာရေးတောင်းဆိုခဲ့ကြပါတယ်။ သူတို့က နိုင်ငံမှာ အရေးပေါ်အခြေအနေအတွက် စုဆောင်းထားရှိတဲ့ Strategic Petroleum Reserve ကို ထုတ်သုံးဖို့နဲ့ ရေနံစိမ်းတင်ပို့မှုကို တားမြစ်ထားဖို့ အဆိုပြုခဲ့ကြတာပါ။ ကြည့်ရတာ ငြိမ်နေရင် သူတို့ပြန်လည်ရွေးကောက်ခံရဖို့ အခက်အခဲ ရှိလာနိုင်တဲ့အတွက်သာ အသံကောင်း ထဟစ်တာဖြစ်ပြီး ဆီဈေးတက်ရတဲ့ မူလပြဿနာကို ကိုင်တွယ်ဖို့ဝေးလို့ ဝေဖန်မှုတောင် မပြုခဲ့ကြတာဖြစ်ပါတယ်။အဲဒီ Strategic Petroleum Reserve က အရင်သမ္မတအဆက်ဆက်မှာ ဘာမှမရှိခဲ့ပဲ သမ္မတထရမ့်တက်လာပြီး ပြည်တွင်းရေနံ ဖူလုံလာတဲ့အချိန်မှာ Reserve မရှိတော့တာ သိခဲ့တဲ့အပြင် ရေနံစိမ်းဈေးတွေကလည်း အောက်ဆုံးရောက်နေတဲ့အတွက် တိုင်းပြည်ရဲ့ အရေးပေါ်အခြေအနေနဲ့ ကြုံခဲ့ရင် ထုတ်သုံးဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ယူဖြည့်တင်းထားခဲ့တာ ဖြစ်ပါတယ်။ အခုကိစ္စက အရေးပေါ်မဟုတ်သလို ဆေးမြှီးတိုနဲ့ ရှင်းရမယ့် ပြဿနာလည်း မဟုတ်ပါဘူး။ အဲဒီအရံရေနံကလည်း တပြည်လုံးဝိုင်းသုံးရင် ဘာမှ ခံမှာမဟုတ်သလို လက်သင့်ရာ စားတော်ခေါ်ကြတာနဲ့ ပြည်သူလက်ထဲ ရောက်လာဖို့ လမ်းမမြင်ပါဘူး။ တကယ်လို့ အခုထုတ်သုံးလိုက်ရင် ဘိုင်ဒန်(သို့) ဒီမိုကရက်တွေ တက်နေသ၍ ပြန်ဖြည့်မှာမဟုတ်တဲ့အတွက် အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင် အခက်ကြုံပါလိမ့်မယ်။ ကယ်လီဖိုးနီးယား ဂါဗာနာ နယူဆမ်က အောက်တိုဘာ ၂၇ ရက်နေ့က booster shot ထိုးခံခဲ့ပြီးကထဲက လူမြင်ကွင်းက ပျောက်နေခဲ့တယ်လို့ သိရပါတယ်။ စကော့တလန်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ထိပ်သီး ကလိုင်းမိတ်အစည်းအဝေးကို တက်ရောက်ဖို့ စီစဥ်ထားခဲ့ပေမယ့် မတက်ရောက်နိုင်ခဲ့သလို ဇွန်းနဲ့ စီစဥ်ပြန်တော့လည်း နယူဆမ် ပါဝင်တာ မတွေ့ရဘူးလို့ ဆိုပါတယ်။ အကြောင်းပြတာကတော့ မိသားစုကိစ္စလို့ အကြောင်းပြပါတယ်။ နယူဆမ်ရဲ့ ဇနီးကတော့ တွဒ်တာမှာ ပို့စ်တင်ခဲ့ပြီး မကြာခင် ပြန်ဖျက်သွားတယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယား ပညာရေးဝန်ကြီးဌာနက အစိုးရအထက်တန်းကျောင်းတွေမှာ သင်္ချာဘာသာသင်ရင်း လက်ဝဲစွန်းအတွေးအခေါ်တွေကို ထည့်သွင်းသွားဖို့ လက်ရှိသင်ရိုးတွေကို ပြန်လည်မွန်းမံဖို့ စီစဥ်နေတာကို မိဘတွေက ဝေဖန်နေကြပါတယ်။ မူလအစီအစဥ်အရ အလယ်တန်းမတက်ခင်မှာ အရည်အချင်းစစ်ပြီး ကိုယ့်ကလေးလိုက်နိုင်တဲ့ သင့်တော်တဲ့ အတန်းကို ထားပေးပါတယ်။ မိဘတွေက ဖိဖိစီးစီး သင်ပေးလေ့ရှိတဲ့ အာရှသားကလေးအများစုက သင်္ချာဘာသာမှာ အနည်းဆုံး တတန်းကနေ ၂ တန်း စာလောက်အထိ ကျောနေတတ်ကြပါတယ်။ ဒါပေမဲ့လည်း တခြားဘာသာတွေမှာတော့ ရွယ်တူကလေးတွေနဲ့ အတူ တက်နေကြရဆဲပါ။ အစီအစဥ်အသစ်အရ သက်တူရွယ်တူကလေးတွေကို အဲဒီလို အတန်းကျော်သင်တာတွေ ပြုလုပ်ခွင့်မပေးတော့ပဲ တူတူပဲ သင်ပေးတော့မယ်လို့ ဆိုပါတယ်။ ဒီမှာက အတန်းအလိုက်သင်္ချာဆိုတာက အာရှသားအများစုအတွက် တော်တော့ကို လွယ်နေပါတယ်။ ကိုယ့်အဆင့်နဲ့ ကိုက်ညီတဲ့ သင်ယူမှုတွေ မပြုလုပ်ရရင် ကလေးတွေက စိတ်ပါဝင်စားမှု အများကြီး လျော့ကျသွားနိုင်ပြီး ငြီးငွေ့လာတဲ့အခါ ဖျက်လိုဖျက်ဆီးလုပ်တာ၊ ရွဲ့တာတွေ ဖြစ်လာနိုင်သလို တယောက်နဲ့ တယောက် အားသန်တာချင်း မတူတဲ့အတွက် ကိုယ့်အားသာချက်ကို လေလွင့်အချိန်ဖြုန်းနေသလို ဖြစ်နိုင်နေတာပါ။ကယ်လီဖိုးနီးယား ပညာရေးဌာနရဲ့ အဆိုပြုချက်မူကြမ်းမှာ သင်္ချာဘာသာက အသားအရောင် ကွဲပြားမှုကို မမြင်တာဟာ မဖြစ်သင့်ကြောင်းနဲ့ ဆရာတွေက သင်္ချာလေ့ကျင့်ခန်းတွေကို အသုံးပြုပြီး လူမှုရေးတရားမျှတမှု ရှာဖွေသင့်ကြောင်း ဥပမာ ပုစ္ဆာတွေမှာ gender stereotype တွေ ပါနေသလား၊ စတာနဲ့ သင်္ချာအယူအဆတွေကို အသုံးပြုပြီး လူဝင်မှုနဲ့ အသားအရောင်/လိင်ပေါ်မူတည်တဲ့ မညီမျှမှုတွေကို လူမျိုးရေးရှုထောင့်က ကြည့်တတ်အောင် သင်ပြသွားဖို့ အကြံပြုထားပါတယ်။ သူတို့အဆိုအရ အဲဒီလိုလုပ်တာက သင်္ချာညီမျှချင်းတွေ အလွတ်ကျက်မှတ်နေရတာထက် ပိုကောင်းတယ်လို့ ဆိုပါတယ်။ ကုန်စည်စီးဆင်းမှူ အခက်ခဲဆုံးအချိန်မှာ ခွင့်ရက်ရှည်ယူထားတဲ့ ဘိုင်ဒန်အစိုးရရဲ့ ပို့ဆောင်ရေးဝန်ကြီး Pete Buttigieg က မနေ့က အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အခြေခံအဆောက်အဦ အသုံးစရိတ်ဥပဒေက ရမယ့် ဘတ်ဂျက်ကို လူမျိုးရေးခွဲခြားတဲ့ အမြန်လမ်းတွေကို ပြန်ပြင်ဖို့ သုံးသွားမယ်လို့ ဆိုပါတယ်။ အမြန်လမ်းတွေက ဘယ်လိုလူမျိုးရေးခွဲခြားသလဲဆိုတာက တပိုင်း၊ လက်ရှိရှင်းစရာ ပြဿနာတွေ တောင်လိုပုံနေတာကို မရှင်းပဲ မရှိတဲ့ပြဿနာကို မီးထွန်းရှာပြီး နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ အောက်တန်းစား စိတ်ဓါတ်တွေကလည်း တပိုင်း၊ ဒီနည်းတွေကိုပဲ ထပ်ခါထပ်ခါ သုံးနေတာတောင် မရိပ်မိကြသေးပဲ ခုထိ သခင်တော်ချင်နေကြတဲ့လူတွေကလည်း တမျိုးနဲ့ ခက်တော့ နေပါပြီ။ အဲဒီဘေလ်ကလည်း ဒီမိုကရက်တွေရဲ့ တခြားဘေလ်တွေလိုပဲ တကယ်တမ်း လမ်း၊ တံတား စတဲ့ အခြေခံအဆောက်အဦတွေမှာ သုံးမှာက ၁၀ပုံ ၁ပုံပဲ ပါပါတယ်။