နိုဝင်ဘာ ၁၂ ရက် ၂၀၂၁

ဘိုင်ဒန်က FDA ကို ဦးဆောင်ဖို့ အမည်စာရင်းတင်သွင်းမယ်လို့ မျှော်လင့်ထားတဲ့သူဟာ နှလုံးအထူးကု ဒေါက်တာ ရောဘတ် ကာလစ်ဖ်ဆိုတာကို သိသိချင်း ဒီမိုကရက်ဆီနိတ်တာ ဂျိုးမန်ချင်က ရောဘတ်ရဲ့ ဆေးဝါးကုမ္ပဏီတွေနဲ့ ဆက်နွယ်မှုကြောင့် ချက်ချင်းကို ကန့်ကွက်လိုက်ပါတယ်။ ရောဘတ်က အိုဘားမားလက်ထက်တုန်းက FDA ကို ခေတ္တဦးဆောင်ဖူးပါတယ်။ အဲဒီတုန်းကလည်း မန်ချင်က ကန့်ကွက်ခဲ့ပါတယ်။

ရောဘတ်ကို အမည်စာရင်းတင်သွင်းတာဟာ ဆေးစွဲလို့ ဘဝပျက်ကြသူတွေနဲ့ မိသားစုတွေကို စော်ကားလိုက်သလိုပါပဲ၊ သူ့အနေနဲ့ ဘိုင်ဒန်အစိုးရကို တိုက်တွန်းချင်တာက FDA ကော်မစ်ရှင်နာလုပ်မယ့်သူဟာ ဆရာဝန်လက်မှတ်နဲ့ ဝယ်ရတဲ့ဆေးတွေ စွဲနေကြတဲ့ လူတွေရဲ့ အခြေအနေနဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကောင်းကောင်းသိရှိဖို့လိုသလို ဆေးဝါးလောကရဲ့ လောဘကို တိုက်ဖျက်နိုင်တဲ့ FDA ရဲ့ အခန်းကဏ္ဍကို ကောင်းစွာနားလည်ဖို့ အရေးကြီးကြောင်း ပြောကြားသွားပါတယ်။

အမေရိကန်မှာ အဝလွန်သူတွေ၊ ဆီးချိုရောဂါသည်တွေနဲ့ ဆေးဝါးအပေါ် မှီခိုနေရသူတွေ တနှစ်ထက်တနှစ် အများကြီးတိုးလာတာကလည်း အစားအသောက်နဲ့ ဆေးဝါးထုတ်လုပ်သူတွေက FDA ခေါင်းဆောင်ပိုင်းကို လွှမ်းမိုးမှုရှိနေတာကြောင့်လို့ သံသယ ရှိနေကြပါတယ်။ အစိုးရက မဖြောင့်မတ်ရင် ပြည်သူက ခံဖက်ချည်းဖြစ်နေမှာက သဘာဝပါ။

စက်တင်ဘာလထဲမှာ အမေရိကန်ပေါင်း ၄.၄၃သန်း အလုပ်ကနေ စံချိန်တင် နှုတ်ထွက်ခဲ့ကြတယ်လို့ ကနေ့ထုတ်ပြန်တဲ့ အစိုးရကိန်းဂဏန်းတွေအရ သိရပါတယ်။ အဲဒီအရေအတွက်က အလုပ်လုပ်သူပေါင်းရဲ့ ၃%ဖြစ်ပြီး ဩဂုတ်လနဲ့ယှဥ်ရင် ၁၆၄,၀၀၀ ပိုများလာတာဖြစ်ပါတယ်။ အဲဒီလောက်ဆိုးတာတခုက ဒီဇင်ဘာ ၂၀၀၀ ပြည့်နှစ်မှာပဲ ဖြစ်ဖူးပါတယ်။ အများဆုံးနှုတ်ထွက်ကြတဲ့ အလုပ်တွေကတော့ အနုပညာ၊ ဖျော်ဖြေရေးနဲ့ အပန်းဖြေကဏ္ဍများနဲ့ ပြည်နယ်နဲ့ ဒေသဆိုင်ရာ ပညာရေးအလုပ်တွေက အများဆုံးဖြစ်ပါတယ်။ တချိန်ထဲမှာပဲ လုပ်သားငှားရမ်းမှုကလည်း ဩဂုတ်လတုန်းက ၆.၅သန်း ရှိခဲ့တာကနေ စက်တင်ဘာမှာ ၆.၄၆သန်းပဲ ရှိတော့တာပါ။ အလုပ်အကိုင်လိုအပ်မှုကတော့ ၁၀.၄၄သန်းနဲ့ စံချိန်တင် နေဆဲပါ။ တိုင်းပြည်နဲ့ ပြည်သူ့အကျိုး ဦးထိပ်ထားတဲ့ ခေါင်းဆောင်တွေဆိုရင်တော့ ခေါင်းချင်းရိုက်အဖြေရှာပြီး ကုစားနေလောက်ပါပြီ။

လိင်အရှုပ်တော်ပုံတွေကြောင့် ရာထူးကနှုတ်ထွက်သွားရတဲ့ နယူးယောက်ဂါဗာနာဟောင်း ကူမိုက အာဏာနဲ့ပဲ လုပ်စားတတ်သူပီပီ အရင်လုပ်ခဲ့ဖူးတဲ့ နယူးယောက်ရှေ့နေချုပ်ရာထူးကို မျက်စပစ် နေပါတယ်။​ လက်ရှိနယူးယောက်ရှေ့နေချုပ် လာလိတာဂျိမ်းစ်က သူ့အရှုပ်ထုတ်တွေကို လူထုကို ချပြတာကြောင့်လည်း ပါကောင်းပါနိုင်ပါတယ်။ သူမကလည်း နယူးယောက်ဂါဗာနာရာထူးကို မှန်းနေတာပါ။ အာဏာနဲ့ လုပ်စားတဲ့သူမဟုတ်ရင် အလွန်စိတ်ညစ်စရာကောင်းပြီး အတိုက်အခိုက် များလှတဲ့ နိုင်ငံရေးလောကမှာ အကြာကြီး မနေကြပါဘူး။ အာဏာနဲ့ ကြွယ်ဝလာတဲ့လူတွေသာ ဘယ်လောက်ပဲ အိုအို နန၊  အာဏာကိုလက်လွှတ်ဖို့ နောက်ဆုံးထွက်သက် အထိ စဥ်းစားမှာ မဟုတ်ကြတာပါ။ ကျောမလုံတာလဲ ပါတာပေါ့။ အာဏာလက်လွတ်သွားရင် သူတို့အရိပ်မဲကြီးက သူတို့ကို ပြန်ကိုက်မှာလည်း စိုးရသေးတယ်လေ။

ရုရှားဂိတ်အတွက် အထူးစုံစမ်းစစ်ဆေးသူ ဂျွန်ဒါဟမ်ထုတ်ပြန်လိုက်တဲ့ စတီးလ်ဒေါ်စီယေလိမ်ငြာမှုမှာ ထရမ့်နဲ့ ရုရှား ပတ်သက်နေပါတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ပုံပြင်ဖန်တီးရာမှာ အစဆုံးပါဝင်ခဲ့တဲ့ အီဂေါ်ဒန်ချန်ဂိုက အက်ဘီအိုင်ကို လိမ်လည်တာ ပေါ်သွားပြီးတဲ့နောက်မှာ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မီတီမှာ အထူးအကြံပေးလုပ်ခဲ့တဲ့ ကရှ်ပတဲလ်က ဒါဟမ်အနေနဲ့ အိမ်ဖြူအမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်ကိုပါ ကွန်ဂရက်စ်ကို လိမ်လည်မှုနဲ့ တရားစွဲဆိုသင့်တယ်လို့ ပြောလိုက်ပါတယ်။ ဆူလီဗန်ဟာဟေလာရီကမ်ပိန်းရဲ့ နိုင်ငံခြားရေးပေါ်လစီအကြံပေးဖြစ်ခဲ့တယ်လို့ မိုက်ကယ်ဆပ်စ်မန်ရဲ့ အမှုမှု ဖော်ပြထားပါတယ်။ ဆပ်စ်မန်က အက်ဖ်ဘီအိုင် general counsel James Baker နဲ့ တွေ့ဆုံစဥ်မှာ သူ ကလင်တန်ကမ်ပိန်းမှာလုပ်နေတာကို မဖော်ပြခဲ့ပဲ ထရမ့်အဖွဲ့အစည်းနဲ့ ရုရှားဘဏ်တခုအကြား တိတ်တိတ်လေး ဆက်သွယ်နေတယ်လို့ လီဆယ်တိုင်တမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုက ဘယ်လောက်ကြီး အမှန်တရားပေါ်လာလာ မီဒီယာကျေးဇူးနဲ့ စာမဖတ်ကြသူတွေက ထရမ့်ကို ရုရှားရုပ်သေးလို ခုထိ မြင်နေကြတာ တွေ့နေရပါသေးတယ်။ စာလည်း တတ်နိုင်သလောက် စုံအောင် ဖတ်မယ်၊ ကျိုးကြောင်းဆက်စပ်လည်း စဥ်းစားကြည့်မယ်ဆိုရင် သံသယဖြစ်စရာက ကလင်တန်တို့ဖက်မှာ ရှိနေပေမယ့် ယုံလွယ်သူများကတော့ အမှားကြီးကိုပဲ အမှန်လို စွဲစွဲမြဲမြဲ လက်ခံသွားတော့မှာဖြစ်ပါတယ်။ ဥပါဒန်ရဲ့ သဘာဝပါပဲ။ မသိတော့ မိုက်(မှောင်)တယ်၊ မိုက်တော့ စွဲမိစွဲရာ စွဲပါတယ်။ သင်ခန်းစာယူနိုင်ရင်တော့ အမြတ်ထွက်ပါမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: