နိုဝင်ဘာ ၁၄ ရက် ၂၀၂၁

ဩစတြီးယားနိုင်ငံမှာ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူများဟာ စားသောက်ဆိုင်၊ ဘား၊ ရုပ်ရှင်ရုံ/ဖျော်ဖြေရေးနဲ့ ဆိုင်တွေထဲကို ဝင်ခွင့် တားမြစ်ထားခဲ့တာပါ။ သူတို့က အလုပ်သွား/ပြန်နဲ့ မရှိမဖြစ်တွေ ဝယ်ဖို့လောက်ပဲ ထွက်ခွင့်ရှိနေခဲ့တာပါ။ မနက်ဖြန် တနင်္လာနေ့ကစပြီးတော့ တရစ်ထပ်ကြပ်ပါပြီ။ ကာကွယ်ဆေးအပြည့်အဝ မထိုးထားသူများက လော့ဒေါင်းလုပ်ရပါမယ်။ ရဲက မသင်္ကာတဲ့သူရှိရင် တားပြီး ကာကွယ်ဆေးထိုးထား/မထား စစ်ဆေးခွင့် ရှိသွားပါပြီ။ ခုလောလောဆယ်မှာ တိုင်းပြည်လူဦးရေရဲ့ ၁/၃ ပုံဟာ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူများ ဖြစ်ကြပါတယ်။ အဲဒီလော့ဒေါင်းမှာ ၁၂နှစ်အောက်နဲ့ လောလောလတ်လတ် ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းခါစလူတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ အဲဒီလော့ဒေါင်းကို ၁၀ရက်ကြာ ပြုလုပ်မယ်လို့ သိရပါတယ်။​ ၁၀ရက်နဲ့ ပြီးမလားဆိုတာတော့ စောင့်ကြည့်ကြပေါ့နော်။

သေချာစဥ်းစားကြည့်ရင် ကာကွယ်ဆေးထိုးပြီးကြောင်း စစ်ဆေးဖို့ဆိုတာကို အကောင်အထည်ဖော်ဖို့အတွက် သန်းပေါင်းများစွာသောလူတွေရဲ့ လွတ်လပ်ခွင့်တွေ ချိုးဖောက်ခံရပြီး နဖားကြိုး တင်းတင်းထိုးခံရသလိုဖြစ်နေပါတယ်။ နောက်ပြီးတော့လည်း ၁၂ နှစ်အောက် ဖြစ်ကြောင်းနဲ့ လောလောလတ်လတ် ကိုဗစ်ဖြစ်ထားကြောင်း သက်သေခံဖို့ လူတွေက သွားလေရာ ထောင်သားတွေလို သက်သေခံမှတ်တမ်းတွေ တပုံကြီးနဲ့ သွားရမလိုဖြစ်နေမှာပါ။

Electronic လုပ်တယ်ဆိုရင်လည်း အဲဒါတွေမလုပ်ခင် အရင်လူတွေကို တရုပ်ပြည်မှာလို နံပါတ်တွေလို့ပဲ သဘောထားပြီး အစိုးရက ကိုယ်ဘာလုပ်လုပ် သိနေအောင် ထိန်းချုပ်ထားတော့မှာပါ။ ပေါ့ပေါ့တွေးရင် ဘာမှမဖြစ်ပေမယ့် အစိုးရ/အဆင့်ဆင့်သောအရာရှိတွေဆိုတာ သူတော်စင်တွေ မဟုတ်တဲ့အတွက် ဘာ privacy မှမရှိတော့တာဟာ ညစ်ပတ်တဲ့ လူ့လောကအတွက် အန္တရာယ် များလွန်းတယ်လို့ပဲ ပြောချင်ပါတယ်။  

တရုပ်ပြည်မှာလည်း တယောက်မကျန် ကိုဗစ်ကင်းစင်ဖို့ဆိုပြီး ကလေးတယောက်ဆီမှာ ပိုးတွေ့ရင်တောင် တကျောင်းလုံးပိတ်၊ ကလေးတွေကို PPE မတော်တရော်တွေ ဝတ်ပေးပြီး ကွာရင်တိုင်းပို့နေပါပြီ။ မိဘတွေက မကျေနပ်ပေမယ့် မျက်ရည်လေးစမ်းစမ်းနဲ့ပဲ ကြည့်နေရတာပါ။ လူကြီးတွေလည်း မခံနိုင်တဲ့လူတွေ အော်ဟစ်ပြီး အကြောက်အကန် ရုန်းကြပေမယ့် နောက်ဆုံးတော့ အာဏာရှင်လက်မရွံ့တွေ ဆွဲခေါ်ရာ ပါသွားတာပါပဲ။

သူတို့ကွာရင်တိုင်းလုပ်တာက ကွင်းပြင်ကြီးထဲမှာ တယောက်စာ ကွန်တိန်နာလိုဟာတွေထဲမှာ အဖြစ်အိပ်ယာ၊ အဖြစ် စားပွဲ၊ ထိုင်ခုံနဲ့ သံတိုင်နဲ့ ပြူတင်းပေါက်လေးနဲ့ တယောက်ထည်း နေရတာပါ၊ ချဲထားတာဆိုတော့ သူများနဲ့ စကားပြောဖို့ မြင်တွေ့ဖို့လည်း မလွယ်ပါဘူး။ နောက်တခုက ဖရီးလည်း မရပါဘူး။ ၂၁ရက် ကွာရင်တိုင်းအတွက် ဒေါ်လာ ၈၀၀ နီးပါး  ပေးရတာပါ။ ကွန်မြူနစ်စနစ်မှာ အကုန်ဖရီးရတယ်ထင်နေသူများ မှတ်ထားဖို့ပါ။ ပေးစရာမရှိရင်လဲ ပျော်ပျော်ကြီး သေလို့ရပါတယ်။​ အာဏာရှင်နိုင်ငံမှာ အပေါဆုံးက လူ့အသက်ပါပဲ။

The Environmental Working Group (EWG) က ဘုံံဘိုင်ကလာတဲ့ရေမှာ ဘာတွေပါနေသလဲဆိုတာကို update လုပ်လိုက်ပါတယ်။ ကိုယ်နေထိုင်တဲ့ Zip code ရိုက်ထည့်ပြီး ရှာလို့ရပါတယ်။ လင့်ခ်ကို ကွန်မန့်မှာ ပေးပါမယ်။ ရေပေးဝေစက်ပေါင်း ၅၀,၀၀၀ လောက်မှာ စမ်းသပ်ထားတဲ့ ဒေတာတွေကို ပြုစုထားတာဖြစ်ပါတယ်။ သူတို့တွေ့ရှိချက်အရ အီလီနွိုင်းပြည်နယ်က ရေပေးဝေတဲ့ ကုမ္ပဏီတွေ တော်တော်များများမှာ arsenic, radium, total trihalomethanes စတဲ့ဓါတ်တွေက ဥပဒေအရ ခွင့်ပြုထားတဲ့ပမာဏထက် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။​

ကယ်လီဖိုးနီးယားက တင်းကျပ်တဲ့ စံနှုန်းတွေရှိထားပေမယ့် အဲဒီဥပဒေအရ ခွင့်ပြုတယ်ဆိုတဲ့ ပမာဏကို ပြဌာန်းခဲ့တာကတင် အနှစ် ၂၀လောက်ရှိနေပါပြီ။ ဥပဒေနဲ့ အညီဆိုတဲ့ ပမာဏကလည်း လုံခြုံစိတ်ချရတယ်လို့ မဆိုနိုင်ဘူးလို့ ပြောထားသလို ဖက်ဒရယ်အစိုးရရဲ့ စစ်ဆေးမှုတွေကို အောင်မြင်တယ်ဆိုတာကလည်း အဲဒီရေက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ပြောတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလို့ စကားခံထားပါသေးတယ်။​ ဘုံဘိုင်ရေကို စိတ်ချလက်ချ သောက်ချင်တယ်ဆိုရင် ရေအရင်းအမြစ်တွေကို ညစ်ညမ်းအောင် မလုပ်ပါနဲ့လို့လည်း ဆိုပြန်ပါတယ်။ ရေအရင်းအမြစ်က ကိုယ့်ခြံထဲမှာရှိနေရင်တောင် သူတို့ပြောတဲ့အတိုင်း ၁၀၀% ဖြစ်ဖို့ ခက်မှာပါ။ သတိလည်းထား ရေလည်း စစ်သောက်ကြပေါ့နော်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: