Kyle Rittenhouse အမှုမှ ဒီမိုကရက်နဲ့ မီဒီယာ လိမ်လည်မှုများ

အခုတလော သတင်းတွေထဲမှာ နေရာယူနေတာကတော့ မနှစ်က ဝစ္စကွန်ဆင်ပြည်နယ် ကီနိုရှာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဘီအယ်လ်အမ်နဲ့ အန်တီဖာဆူပူသောင်းကျန်းမှုများမှာ ဘီအယ်လ်အမ်နဲ့ အန်တီဖာ အကြမ်းဖက် လုယက်သူတွေက ကီနိုရှာမြို့က အိမ်တွေ ဆိုင်ခန်းတွေကို မီးရှို့/ဖျက်ဆီးမှာစိုးလို့ လက်နက်နဲ့ သွားရောက်စောင့်ကြပ် ကာကွယ်ပေးတဲ့ အဲဒီအချိန်က ၁၇နှစ်သားလေး ကိုင်လ်ကို အစိုးရရှေ့နေက လူသတ်မှုနဲ့ တရားစွဲထားလို့ အမှုစစ်ဆေးနေတဲ့ သတင်းဖြစ်ပါတယ်။​

ကိုင်လ်က ကီနိုရှာမြို့ကနေ မိုင် ၂၀နီးပါးဝေးတဲ့ အန်းတိယော့မြို့မှာ သူ့မိခင်နဲ့အတူ နေထိုင်သူဖြစ်ပြီး အန်းတိယော့မြို့ရဲ့ မီးသတ်တပ်ဖွဲ့မှာ လူငယ်တွေအတွက် ဖွဲ့ပေးထားတဲ့ cadet အဖွဲ့ဝင် ဖြစ်ပါတယ်။ အရံမီးသတ်တပ်ဖွဲ့ဝင်သဘောမျိုး ဖြစ်မယ်ထင်ပါတယ်။ သူဟာ Grayslake ရဲဌာနမှာလည်း cadet အဖွဲ့ဝင်တဦးဖြစ်ပြီး YMCA မှာ lifeguard နဲ့ အရေးပေါ်လူနာတင်ယာဥ်တွေမှာ လူနာပြုစုဖို့ လိုက်ပါနိုင်အောင် လေ့ကျင့်ထားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေကို တတ်နိုင်သလောက် ကူညီ ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။​

ကိုင်လ်ရဲ့ လုပ်ရပ်ကို ကြည့်ရင်းနဲ့ မြန်မာပြည်မှာ အာဏာလုပြီးခါစ အစောပိုင်းက မအလတပ်တွေ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ရမ်းရမ်းကားကား နှိမ်နှင်းနေတုန်းက ကိုယ့်အိမ်ထဲမှာ ကိုယ်အေးအေးမနေနိုင်ပဲ ပြည်သူကို အသက်နဲ့လဲပြီး ရဲရဲဝံ့ဝံ့ ကူညီကာကွယ်ပေးခဲ့ကြတဲ့ သူရဲကောင်းလူငယ်လေးတွေကို ပြန်ပြောင်းသတိရမိပါတယ်။ မတူတာကတော့ ဟိုဖက်က စစ်တပ်မဟုတ်သလို သူ့မှာလည်း လက်နက်ရှိနေတာပါ။

ကိုင်လ်နဲ့ ပတ်သက်ပြီး ဘိုင်ဒန်အပါအဝင် ဒီမိုကရက်တွေ မီဒီယာတွေက နည်းမျိုးစုံနဲ့ အပုတ်ချ အသရေဖျက်ကြတာ မနှစ်က သူ ၁၈နှစ် မပြည့်ခင်ကထဲကပါ။ မီဒီယာတွေ လိမ်တဲ့အချက်တွေက

  • ဝစ္စကွန်ဆင်ဥပဒေအရ ၁၈နှစ်အောက်တွေ လက်နက်ကိုင်တာ တရားမဝင်ဘူး၊

+ မှားပါတယ်၊ ဝစ္စကွန်ဆင်ဥပဒေမှာ ၁၈နှစ် မပြည့်သေးသူတွေက သေနတ်အတိုကို ကိုင်ခွင့်မရှိပဲ ရိုင်ဖယ်လို အရှည်မျိုးကိုသာ ကိုင်နိုင်တယ်လို့ ပြဌာန်းထားပြီး ကိုင်လ်က အဲဒီဥပဒေနဲ့ အကျုံးဝင်တဲ့ လက်နက်ကို ကိုင်တာ ဖြစ်ပါတယ်။

+ Politifact ဆိုတဲ့ လက်ဝဲ ဖက်ခ်ချက်ကာ site ကလည်း ဒီလို အမှားတွေကိုချည်း ကိုးကားနေတာပါ။ ဥပဒေမှာ အထင်အရှားပါလို့ အဲဒီလက်နက်နဲ့ ပတ်သက်တဲ့ စွဲချက်ကိုတောင် တရားသူကြီးက ပယ်ချခဲ့ပြီးသားပါ။ ဖက်ခ်ချက်ကာဆိုတာတွေကလည်း လူလိမ်ချင်း သိဒ္ဓိတင်ပေးနေတဲ့ အဖွဲ့တွေချည်း ဖြစ်နေတာပါ။ အဲဒါတွေကို ကိုးကားသူများ သတိထားဖို့ပါ။

  • ကိုင်လ်က သူနေတဲ့ အန်းတိယော့ကနေ မိုင် ၂၀နီးပါးဝေးတဲ့ ကီနိုရှာကို သူ့အပူတပြားဖိုးမှမပါပဲ နယ်ကျော် ကားမောင်းပြီး သွားကူတယ်၊

+ ကိုင်လ်က အန်းတိယော့မှာနေတာဆိုပေမဲ့ သူ့ဖခင်က ကီနိုရှာမှာ နေတာပါ၊ အဲဒီတော့ ကီနိုရှာကလည်း သူ့မြို့လို့ ပြောလို့ရပါတယ်။ ကားကလည်း သူမောင်းတာမဟုတ်ပဲ သူ့မိခင်က မောင်းပို့ခဲ့တာပါ။

  • ကိုင်လ်ကစပြီး ရန်လိုပစ်ခတ် သတ်ဖြတ်တယ်၊

+ ဗီဒီယိုသက်သေတွေထဲမှာ ကိုင်လ်ကို ရန်ပြုဖို့ ညာသံပေးပြီး အုပ်လိုက်ကြီး ချောင်ပိတ်ဝင်လာကြတဲ့အတွက် ကိုင်လ်က အန္တရာယ်နဲ့ အရမ်းနီးလာတဲ့အချိန်မှာမှ ပစ်လိုက်တာဖြစ်ပါတယ်။ ကိုင်လ်က ၃ဦးကို ပစ်ခတ်ခဲ့တာမှာ နှစ်ဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဲဒါတွေအားလုံးဟာ တနေရာထဲမှာ ဖြစ်ခဲ့တာမဟုတ်ပဲ ပြေးရင်းလွားရင်းနဲ့ မတူတဲ့ နေရာ အခြေအနေတွေမှာ ဖြစ်ခဲ့တာပါ။

+ ဖြစ်စဥ်အားလုံးမှာ ဗီဒီယိုသက်သေခံများအရ ကိုင်လ်က အကြမ်းဖက်တွေရဲ့ အသက်အန္တရာယ်ကို လိုက်လံရန်ရှာနေတာ မဟုတ်ပဲ (သို့) ဟိုဖက်ကလူတွေက ကိုင်လ်ရဲ့ အန္တရာယ်ကို နီးနီးကပ်ကပ်ခံစားနေရတာမဟုတ်ပဲ ကိုင်လ်ကသာ အသက်ဆုံးရှုံးဖို့ လက်မတင်လေးအလိုမှာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တာ ထင်ထင်ရှားရှား တွေ့ရပါတယ်။ ဒါပေမဲ့ ဘက်လိုက်တဲ့ မီဒီယာတွေက အဲဒီလိုရှင်းနေတဲ့ ဗီဒီယိုတွေ တရားခွင်ထဲက အဖြစ်မှန်ကို ထင်ရှားစေတဲ့ အပိုင်းတွေကို ပြသခြင်းမျိုးမပြုကြဘူးလို့ သိရပါတယ်။

  • ကိုင်လ်က လူဖြူကြီးစိုးရေးဝါဒီဖြစ်တယ်၊

+ အဲဒီလို အခြေအမြစ်မရှိ၊ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ စွပ်စွဲချက်တွေကို ဒီမိုကရက်တွေနဲ့ မီဒီယာတွေ သိပ်ခံတွင်းတွေ့ပါတယ်။​ ဘိုင်ဒန်ကအစပေါ့။ ဘိုင်ဘိုင်က တခြားကိစ္စတွေမှာသာ ယောင်နန အိုးနင်းခွက်နင်းဖြစ်မယ်၊ ထရမ့်ကို အပြစ်တင်ဖို့နဲ့ သူများကို သွားပုပ်လေလွင့် စွပ်စွဲရမယ်ဆိုရင်တော့ ၁၈နှစ်သားလေးလို သွက်လက်ချက်ချာနေဆဲပါ။

  • ကိုင်လ်က လက်နက်ကိုင်ထားခဲ့တဲ့အတွက် သူ့ကိုယ်သူ ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ ဆုံးရှုံးသွားပြီ။
  • + ပစ်ခတ်ခဲ့တဲ့ထဲက မသေပဲ ဒဏ်ရာရခဲ့တဲ့လူက အရွယ်ရောက်ပြီး သေနတ်ကိုင်ထားသူ ဖြစ်ပေမယ့် အဲဒါကို ဒီမိုကရက်နဲ့ မီဒီယာတွေက လုံးဝ ထည့်မပြောပဲ ကိုင်လ်ကိုသာအရွယ်မရောက်သေးပဲ သေနတ်ကိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့် မရှိတောကြောင်းသာ မဲနေကြသလို အစိုးရရှေ့နေတဦးကလည်း မင်းကို ထိုးသွားရင် အထိုးခံလိုက်ပေါ့၊ ဒါမျိုးက ဒီလိုပဲဖြစ်တတ်တယ်လို့ တရားခွင်မှာ ပြောခဲ့ပါတယ်။ ကိုင်လ်ရဲ့ ရှေ့နေများက အခင်းဖြစ်တဲ့နေရာက ဗီဒီယိုကို ပြသပြီး ကိုင်လ်က မင်းနောက်ကို လိုက်တာလား၊ မင်းက ကိုင်လ်နောက်ကို လိုက်တာလား၊ မင်းနဲ့ ကိုင်လ်နဲ့ ဘယ်လောက်ဝေးလဲ၊ ကိုင်လ်ကဖင်ထိုင်လျက် လဲသွားတဲ့အခြေအနေမှာ မင်းလက်က ဘာလုပ်နေတာလဲ၊ မင်းလက်ကသေနတ်က ကိုင်လ်ကို ချိန်မထားရင် ကိုင်လ်က ပစ်ပါ့မလားလို့ မေးမြန်းခဲ့ပါတယ်။ ဗီဒီယိုက ရှင်းနေတော့ အဲဒီလူကလည်း မငြင်းနိုင်တော့ပဲ အမှန်အတိုင်း ဝန်ခံလိုက်ပါတယ်။ အဲဒီလိုဖြေပြီးနောက်မှ လက်ဝဲမီဒီယာတွေက ခေါ်ပြီး သူတို့လိုတဲ့အဖြေရအောင် ပြန်ကျောင်းမေးကြပြန်ပါတယ်။ အဲဒီကျတော့ အနှီပုဂ္ဂိုလ်က မီဒီယာတွေ ကြားချင်တားမျိုး ဖြေပါတယ်။​ ဒါဆိုရင် ရုံးတော်မှာ ကျမ်းကျိမ်ထွက်ဆိုခဲ့တာတွေက အလိမ်လား၊ မီဒီယာတွေက ပြည်သူကို သူတို့ကြားစေချင်တဲ့ ပုံစံအတိုင်းကြားအောင် ဇတ်တိုက်ပေးနေတာလားဆိုတာ ရှင်းမယ်ထင်ပါတယ်။

ကိုင်လ်အမှုနဲ့ ပါတ်သက်ပြီး လက်ဝဲယိမ်းတော်တော်များများက မီဒီယာတွေပြောတာနဲ့ ဒီမိုကရက်ခေါင်းဆောင်တွေ ပြောတာပဲ ယုံခဲ့ကြပြီး ကိုင်လ်က စတင်လိုက်လံတိုက်ခိုက်ခဲ့တာ၊ တရားမဝင် လက်နက်ကိုင်ဆောင်တာ၊ ကီနိုရှာကို သူ့ကိစ္စမရှိပဲ နယ်ကျော်သွားတာ စသဖြင့် ယုံကြည်ခဲ့ကြတာပါ။ ဒါပေမဲ့ တရားခွင်က live နေ့တိုင်းထုတ်လွှင့်ပေးနေတာတွေ၊ အပြန်အလှန်စစ်ဆေးကြတာတွေ ဖြေဆိုကြတာတွေကို ကြည့်ပြီး လက်ဝဲက ဘာဖြစ်ဖြစ်ထောက်ခံမယ် ယုံမယ်၊ လက်ဝဲမဟုတ်ရင် မုန်းမယ်၊ ဘာသက်သေပြပြ မယုံဘူးလို့  သန္တဌာန်ချထားသူတွေကလွဲလို့ ကိုင်လ်မှာ အပြစ်မရှိကြောင်း၊ သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ နောက်ဆုံး မလွှဲသာလွန်းမှသာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံလာကြပါပြီ။ အဲဒီထဲမှာ လက်ဝဲစွန်းသတင်းအစဥ်တင်ဆက်သူ Ana Kasparian နဲ့ ဘီလီယံနာသူဌေး Bill Ackman တို့က ထင်ရှားပါတယ်။​ မှားနေတာကို မှားမှန်းသိပြီး ဝန်ခံခဲ့တဲ့အဲဒီနှစ်ယောက်ရဲ့ သတ္တိကို လေးစားပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ဒီမိုကရက်တွေအုပ်ချုပ်တဲ့ အမေရိကန် မြို့ကြီးတွေ တော်တော်များများမှာ ဘီအယ်လ်အမ်တွေ အန်တီဖာတွေက ဖျက်လိုဖျက်ဆီးတွေလုပ်၊ အိမ်တွေ ဘုရားကျောင်းတွေ၊ ဆိုင်ခန်းတွေကို မီးရှို့၊ ဆိုင်တွေဝင်လု၊ တားတဲ့လူတွေကို ရန်လုပ် စသဖြင့် မင်းမဲ့တိုင်းပြည်လို ပြုမူနေခဲ့ကြတာပါ။ အဲဒီအချိန်က ဆူပူ လုယက် ဖျက်ဆီးမှုတွေ မဖြစ်အောင် ထိန်းချင်ရင် ထိန်းလို့ရပါတယ်။ သမ္မတထရမ့်ကလည်း မင်းတို့မထိန်းရင် ငါတပ်တွေပို့ပြီး ထိန်းခိုင်းမယ်ဆိုတော့ ဝိုင်းတိုက်ခိုက်ခဲ့ကြတာ ရုပ်ပျက်ဆင်းပျက်ပါပဲ။ အခုတော့ ကိုင်လ်အမှုက စီရင်ချက်ချတော့မှာဆိုတော့ ဆူပူမှုတွေမဖြစ်အောင် ထိန်းသိမ်းဖို့ဆိုပြီး ပြည်နယ်ရဲ့ National Guard အင်အား ၅၀၀ ချထားဖို့ စီစဥ်နေပါတယ်။ မနှစ်က ဆူပူမှုတွေ မဖြစ်ခင်ကသာ အဲဒီလို ချပေးထားလိုက်ရင် အခုလို ဝမ်းနည်းစရာကိစ္စတွေ ဖြစ်တောင်လာမှာမဟုတ်တာ ပြည်သူတွေ သိသင့်ပါတယ်။ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: