နိုဝင်ဘာ ၁၆ ရက် ၂၀၂၁

ကူမိုနေရာကို ဆက်ခံတဲ့ နယူးယောက် ဂါဗာနာ ကေသီဟိုချုးလ်က ရေဖိုး၊ မီးဖိုး၊ ဖုံးဖိုး၊ အင်တာနက်ဖိုး စတာတွေကောက်တဲ့ ကုမ္ပဏီတွေကို သုံးစွဲသူက (မည်သည့် တရားဝင်နာမည်ရှိရှိ သူတို့ကို ခေါ်စေချင်တဲ့နာမည်ကိုသာ ခေါ်ဖို့နဲ့ နာမ်စားတွေမှာလည်း သူတို့ကို ရည်ညွှန်းစေချင်တဲ့ နာမ်စားကိုသာ အသုံးပြုဖို့ ဥပဒေတခု လက်မှတ်ထိုး ပြဌာန်းလိုက်ပါတယ်။ ဒီကိစ္စကို အရည်မရ အဖတ်မရတို့ လူပိန်းကြိုက်တို့ ပြောရင်လည်းရပါတယ်။ တကယ်တမ်း အဲဒီထက်ကြီးတဲ့ အာဂျင်ဒါတခုခုကို ပျိုးနေတာလည်း ဖြစ်နိုင်ပါတယ်။

ကုမ္ပဏီတွေဖက်ကတော့ သပိတ်မမှောက်နိုင်သေးသ၍ ထုတ်ထားတဲ့ ဥပဒေအတိုင်းပဲ လိုက်လုပ်ကြရတာပါပဲ။ ပိုအလုပ်ရှုပ်လာရင် လူပိုငှားရပါမယ်၊ ကုန်ကျစရိတ်တွေ တက်လာပါမယ်၊ ဥပဒေအသစ်က ကိုယ်မှန်နေတောင် တရားစွဲခံရနိင်တဲ့ ဥပဒေမျိုးဆိုရင် တရားရုံးစားရိတ်တွေ ရှိလာနိုင်ပါတယ်။ လျော်ကြေးပေးရဖို့တွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ခံစားချက်လိုမျိုး လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ကိစ္စတွေမှာဆိုရင် အများကြီး ပိုဆိုးပါတယ်၊ မှန်လဲမှား၊ မှားလဲမှား ခံဖက်ကချည့်ပါပဲ။

နောက်တချက်ကလည်း အုပ်ချုပ်သူတွေနဲ့ အလွမ်းမသင့်တဲ့ (သို့) လက်ဝဲအာဂျင်ဒါတွေကို ဒူးမထောက်တဲ့ ကုမ္ပဏီတွေကို သောက်မြင်ကပုဒ်မနဲ့ စွဲဖို့ အကြောင်းရင်း မီးစတခု ဖြစ်နိုင်ပါတယ်။ အခုစတာက utilities ကုမ္ပဏီတွေဆိုပေမယ့် နောက်ကို ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်ဆိုတာ မသိနိုင်ပါဘူး။​ ကျယ်ကျယ်ပြန့်ပြန့် ကျပ်လာတဲ့အချိန်ကျရင် ကိုယ့်လုပ်ငန်းအခြေခိုင်အောင် ကြိုးစားနေရချိန်မှာ အပိုဆာဒါးတွေ၊ တရားရင်ဆိုင်တဲ့စားရိတ်တွေ၊အတွက် မသုံးနိုင်ကြတာတွေကြောင့် လုပ်ငန်းငယ်လေးတွေက ဈေးကွက်ထဲက အလိုအလျောက် ထွက်သွားရတော့မှာပါ။

နိုင်ငံတခုမှာဖြစ်ဖြစ် ပြည်နယ်တခုမှာဖြစ်ဖြစ် လုပ်ငန်းငယ်လေးတွေရဲ့ ကဏ္ဍက အလွန်အရေးပါပါတယ်။​ များစွာသောသူတွေရဲ့ ခြားနားများပြားလှတဲ့ လိုအင်တွေ အကြိုက်တွေကို ဖြည့်စည်းပေးဖို့အပြင် စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာနိုင်ဝဲ့ လုပ်ငန်းရှင်လေးတွေရဲ့ ရေခံ မြေခံ ဖြစ်နေလို့ပါ။​ သူတို့က အောက်ခြေအလုပ်ခွင်တဲ ခုမှစဝင်ကြမယ့် လူငယ်လေးတွေအတွက်လည်း လေ့လာပညာယူစရာ နေရာကောင်းတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အားနည်းချက်က သူတို့မှာ ကော်ပိုရေးရှင်းကြီးတွေလို လော်ဘီတွေ ငှားမထားနိုင်သလို အာဏာရှိသူများကိုလည်း အိတ်ထဲ မထည့်ထားနိုင်ကြပါဘူး။ ဒါပေမဲ့ တိုင်းပြည်ကို တကယ်ဖွံ့ဖြိုးစေချင်တဲ့ခေါင်းဆောင်တိုင်းက လုပ်ငန်းရှင်ငယ်လေးတွေ လုပ်ရကိုင်ရ အဆင်ပြေလွယ်ကူအောင် အားထည့် ဆောင်ရွက်ကြသလို တိုင်းပြည်ကောင်းစားတာကို မြင်ချင်တဲ့ တိုင်းချစ်ပြည်သူများကလည်း အဲဒီအချက်ကို ခေါင်းဆောင်ရွေးရာမှာ ထည့်သွင်းစဥ်းစားကြပါတယ်။

တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့ Judicial Watchdog ဆိုတဲ့ လွတ်လပ်တဲ့အဖွဲ့က ပြည်နယ် ၅ခုမှာရှိတဲ့ ၁၄ကောင်တီက ရွေးကောက်ပွဲအရာရှိတွေကို ဆက်သွယ်ပြီး သူတို့က ၁၉၉၃ National Voter Registration Act ကို သိသိသာသာ ချိုးဖောက်ထားတယ်လို့ အသိပေးအကြောင်းကြားလိုက်ပါတယ်။​ အဲဒီဥပဒေအရ ပြည်နယ်/ကောင်တီ အရာရှိတွေက သေဆုံး/ပြောင်းရွှေ့သွားပြီဖြစ်တဲ့ မဲပေးဖို့ မှတ်ပုံဝင်ထားသူတွေကို မဲစာရင်းကနေ ဖယ်ပစ်ဖို့ လျောက်ပတ်တဲ့ အားထုတ်မှုတော့ ပြုကြဖို့ ညွှန်ကြားထားပါတယ်။ အဲဒီမဲစာရင်းကလူတွေကို လိပ်စာအတည်ပြုဖို့ ဆက်သွယ်လို့ မရရင်နဲ့ အထွေထွေရွေးကောက်ပွဲ ၂ခုမှာ မဲမပေးခဲ့ရင် သူတို့ကို မဲစာရင်းကနေ ထုတ်ပါယ်ပစ်ဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။​

စာပို့ထားတဲ့ ကောင်တီ ၁၄ခုမှာ မဲပေးဖို့ မှတ်ပုံတင်ထားသူပေါင်း ၁၂သန်းနီးပါးရှိပြီး လွန်ခဲ့တဲ့ ၄နှစ်အတွင်း သေဆုံး/ပြောင်းရွှေ့တဲ့အတွက် မဲစာရင်းက ထုတ်ပယ်ခဲ့တာက ၃၃ဦးသာ ရှိနေတာပါ။ အမေရိကန်မှာ ပြည်သူတွေက တနှစ်ကို ၁၀%လောက် ပြောင်းရွှေ့ကြတာရှိတဲ့အပြင် သေဆုံးတာတွေပါ ရှိနိုင်တဲ့အတွက် ပါယ်ဖျက်စာရင်းက သိန်းဂဏန်းမရှိဘူးဆိုရင်တောင် တော်တော်မြင့်တဲ့ သောင်းဂဏန်း ဖြစ်သင့်နေတာပါ။​

မဲပေးကြတော့လည်း သာသာထိုးထိုးတွက်ရင်တောင် မဲပေးခွင့်ရှိသူစုစုပေါင်းရဲ့ ၆၀-၇၀% သာ မဲလာပေးကြတာဖြစ်လို့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက တချို့မဲဆန္ဒနယ်တွေမှာ မဲအရေအတွက်က မဲပေးခွင့်ရှိသူ စုစုပေါင်းကို ကျော်လွန်နေတာဟာ စိတ်အနေအထား ပုံမှန်ရှိသူတိုင်းအတွက် မသင်္ကာစရာ ကောင်းလွန်းနေပါတယ်။​ မဲစာရင်းမတိကျလေ မဲမသမာမှုတွေဖြစ်နိုင်လေ လူထုရဲ့ ဆန္ဒအမှန်နဲ့ ဝေးကွာလေ ဖြစ်နေမှာကြောင့် မဲစာရင်းတိကျဖို့ကို ကြိုးစားလုပ်ကိုင်နေတဲ့ တရားမျှတမှု စောင့်ကြည့်ရေးအဖွဲ့ကို ကျေးဇူးတင်ရပါတယ်။ သူတို့ကလည်း သာမာန်ပြည်သူ့အလှူငွေတွေနဲ့ပဲ လှုပ်ရှားနေရတာဖြစ်လို့ တရားမျှတမှုအတွက် လှူမယ်ကြံရင် သူတို့ကို စဥ်းစားသင့်ပါတယ်။

အမေရိကန်တရားရေးဌာနရဲ့ Inspector General Michael Horowitz က တရားရေးဝန်ကြီးဌာနဟာ ပါတီဘက်လိုက်မှုကို ကာကွယ်ဖို့ ပြုလုပ်ထားတဲ့ ပေါ်လစီတွေ လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာနေကြောင်း၊ ဥပမာအားဖြင့် ၂၀၁၆ရွေးကောက်ပွဲမှာ ထရမ့်ရဲ့ကမ်ပိန်းကို စစ်ဆေးခဲ့ပြီး မီဒီယာတွေကို တမင်ဖောက်ချခဲ့ကြောင်း၊ အဲဒါကြောင့် နိုင်ငံရေးပါတီလွှမ်းမိုးမှုတွေကနေ ကင်းလွတ်မနေတာကို ကုစားဖို့လိုကြောင်း၊ မနှစ်က တနှစ်လုံး ဖြစ်သမျှအဖြစ်အပျက်တွေကလည်း ဒီဌာနက အဓိပ္ပါယ်ရှိတဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ အရေးတကြီးလိုအပ်နေတာကို ပြနေကြောင်း သတိပေး ပြောကြားသွားပါတယ်။

Pew Research Center ကပြုလုပ်တဲ့ စစ်တမ်းတခုကို စောင့်ကြည့်ရေးအဖွဲ့တခုက ကိုးကားရာမှာတော့ ထရမ့်တက်နေတဲ့အချိန်မှာ ဒီမိုကရက်တွေက တရားရေးဌာနကို မနှစ်မြို့တော့သလို အဲဒီအချိန်မှာ ရီပါဘလစ်ကန်တွေက တရားရေးဌာနကို ပိုပြီး အကောင်းမြင်လာတယ်လို့ ဆိုပါတယ်။​ နှစ်ဖက်စလုံးက ဝေဖန်သူတွေကတော့ တရားရေးဌာနဟာ လတ်တလောနှစ်တွေမှာ လုပ်ဆောင်ပုံတွေ မှားယွင်းနေကြောင်း၊ ထရမ့်ရဲ့မိတ်ဆွေ ရော်ဂျာစတုံးကို ပစ်ဒဏ်လျော့ချပေးခဲ့သလို မကြာသေးမီကမှ အလိမ်ပေါ်သွားတဲ့ ထရမ့်ကမ်ပိန်းက ရုရှားနဲ့ ပူးပေါင်းကြံစည်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ စတီးလ်ဒေါစီယေးနဲ့ ပါတ်သက်ပြီး ပြောစရာတွေ အများကြီး ရှိနေတဲ့အပြင် အဲဒီစွပ်စွဲချက်နဲ့ ပါတ်သက်ပြီး ထရမ့်ပြိုင်ဖက် ဟေလာရီက အီးမေးလ်နဲ့ စုံစမ်းခဲ့တာတွေကလည်း ဖြစ်သင့်တဲ့အဖြစ်တွေ မဟုတ်ခဲ့ပါဘူး။

အခုတဖန် ဘိုင်ဒန်ရဲ့ ရှေ့နေချုပ်မာရစ် ဂါလန်က ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးတွေမှာ စီအာတီသင်တာကို မကျေနပ်ကြတဲ့ မိဘတွေက မဖြစ်သင့်ကြောင်း ထဆွေးနွေးကြတာကို ပြည်တွင်းက အကြမ်းဖက်တွေကို ဖော်ထုတ်ဖို့ ပြဌာန်းထားတဲ့ the Patriot Act နဲ့ ကျပ်ဖို့ အက်ဖ်ဘီအိုင်ကို ညွှန်ကြားတဲ့ မီမိုကို အတွင်းလူတွေက ဖောက်ချလိုက်ပါတယ်။ ကွန်မြူနစ်အာဂျင်ဒါတွေကို နုနယ်တဲ့ ကလေးတွေကို သင်တာကို ကန့်ကွက်ကြတဲ့ မိဘတွေကို နောက်ပိုင်းမှာ အစည်းအဝေးထဲ ပေးမဝင်တော့သလို မကျေနပ်ကြောင်းကို တနည်းနည်းနဲ့ ပြောဆို ပြသခဲ့တဲ့ မိဘတွေကို အက်ဘီအိုင်နဲ့ ခြိမ်းခြောက်လိုက်တာပါ။ သူတို့ကို ဆန့်ကျင်ရင် အချိန်မတော် တံခါးလာခေါက်တဲ့အခါ လိုက်ဖို့ အထုတ်ပြင်ထားရမယ့်သဘောပါ။

တရားရေးဌာနနဲ့ ထောက်လှမ်းရေး ပေါင်းမိရင် ဘယ်ပါတီအတွက်ပဲဖြစ်ဖြစ် မကောင်းနိုင်ဘူးဆိုတာကို ဆယ်စုနှစ်ပေါင်းများစွာ တွေ့ကြုံခံစားခဲ့ရဖူးတဲ့ မြန်မာပြည်ကလူတွေ သိကြပါတယ်။ တိုးတက်တဲ့နိုင်ငံမှာနေတိုင်း လူတွေက အလိုလိုလူကောင်းတွေ ဖြစ်မသွားသလို ကိုယ်ကြိုက်တဲ့ပါတီကို ပင်းတာနဲ့ မြုံနေမယ်ဆိုတာကလည်း အသိဉာဏ် အမျှော်အမြင် ရှိတဲ့လူသားတွေအတွက် မဖြစ်သင့်ဘူးဆိုတာကို သတိပြုမိကြပါစေလို့ မျှော်လင့်ပါတယ်။

CDC က ဖောက်ချီက စီစီပီပိုးကာကွယ်ဆေး ၃ကြိမ်ထိုးတာက ကာကွယ်ဆေးထိုးပြီးပြီလို့ ပြောဖို့ စံအသစ်ဖြစ်လာလိမ့်မယ်လို့ ပြောသွားပါတယ်။ ဂျူးတွေခေတ်တုန်းကလို ဖြေးဖြေးချင်းကြပ်လာတာမဟုတ်တော့ပါဘူး၊ အများကြီး မြန်လာပါပြီ။ နောက်ဆို ၆လတခါ/ ၃လတခါ စသဖြင့် တိုးသွားနိုင်သလို ကိုဗစ်ဆေးထိုးပြီးတာသက်သေပြဖို့ အိမ်မွေးတိရိစ္ဆာန်တွေမှာလို မိုက်ကရိုချစ်ပ်လေးတွေပါ ထည့်တဲ့အဆင့် ရောက်မလာဘူးလို့ မပြောနိုင်ပါဘူး။ အာဏာနဲ့ဖိတာကိ့ စောစောမကာကွယ်ပဲ တဝက်လောက်ဝင်ပြီးမှ ဟုတ်တော့ဘူးထင်တယ်ဆိုရင်တော့ ရှေ့မှန်ထဲကသူကိုသာ ဆဲကြပါလေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: