ဖဘနဲ့ ဖက်ချက်ကင်း

ဖဘက ဖက်ချက်ကာဆိုတဲ့ အမှားကိုအမှန် အမှန်ကိုအမှားဖြစ်အောင် ဆင်ဆာလုပ် ဦးနှောက်ဆေးပေးနေတဲ့ လူတွေကို ပိုက်ဆံပေးပြီး သတင်းဌာနတွေမှာ လိုက်ထည့်ထားတဲ့အကြောင်းကို ဒီစီအခြေစိုက် သတင်းထောက်အဖြစ် အနှစ် ၂၀ကြာ လုပ်လာသူတဦးက ဖွင့်ချလိုက်ပါတယ်။ သူက ဝိကလီးစတန်းဒတ် မဂ္ဂဇင်းမှာ လုပ်ခဲ့တာဖြစ်ပြီး ဖဘက ကမ္ဘာ့အကြီးဆုံး ဆင်ဆာအဖွဲ့ကြီးဖြစ်မလာခင်နှစ်တွေထဲက သတိထားစရာ မသင်္ကာစရာတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သိသိသာသာ ပေါ်ပေါ်ထင်ထင် ဆင်ဆာလုပ်လာကြပြီး အခု ၁နှစ်အကြာမှာလည်း လျော့မသွားပဲ ဘယ်တော့မှ လျော့/အဆုံးသတ်မယ်ဆိုတာကိုတောင် မြင်ကြည့်လို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။

သူလုပ်ခဲ့တဲ့ မဂ္ဂဇင်းတိုက်မှာလည်း ဖဘက လခပေးထားတဲ့ ဖက်ချက်ကာ ရှိနေပြီး  မျှမျှတတမဟုတ်ပဲ ထရမ့်ကို တချိန်လုံးပုတ်ခတ်ပြီး အခုလိမ်ဆင်ကြီးမှန်း ပေါ်သွားတဲ့ ထရမ့်က ရုရှားတွေနဲ့ ပါတ်သက်နေတယ်ဆိုတဲ့ စွဲချက်ကိုသာ နှစ်နဲ့ချီ ဇောင်းပေးရေးနေရတာကို သူတို့သတင်းသမားတွေက အီလာကြပြီး သူတို့စာဖတ်သူတွေကလည်း စိတ်မဝင်စားကြတော့တဲ့အတွက် အဲဒီမဂ္ဂဇင်းတိုက်ကလည်း ၂၀၁၈ နှောင်းပိုင်းမှာ ပိတ်သိမ်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

စန်ဒီဟွခ်ပစ်ခတ်မှုမှာတုန်းက အင်ဖိုဝါးစ်က အဲလက်စ်ဂျုံးစ်ကို ဖဘက ဟတ်စပိချ်နဲ့စွပ်စွဲပြီး ဘန်းတုန်းကလည်း အဲဒီလိုလုပ်ဖို့ စီအန်အန်န်ကစပြီး ဖိအားပေးတဲ့ကမ်ပိန်း အရင်လုပ်ခဲ့တာပါ။

တက္ကသိုလ်တွေကလုပ်တဲ့ လေ့လာဆန်းစစ်မှုတွေမှာတော့ ဖက်ခ်ချက်ကာဆိုသူတွေက ရီပါဘလစ်ကန်တွေကို လိမ်တယ်လို့ စွပ်စွဲတာ ဒီမိုကရက်တွေထက် ၃ဆ များတယ်လို့ တွေ့ရှိရပြီး ဒီမိုကရက်တွေကိုတော့ ဖက်ခ်ချက်လေ့ရှိတာ မတွေ့ရပါဘူး။ သူတို့က ဒီမိုကရက်တွေဆိုရင် ဖက်ချက်ဖို့ထက် ရွေးကောက်ခံရအောင် ကူဖို့အတွက် ထင်ရှားတဲ့ အမှန်တရားတွေကိုတောင် ဖာ၊ ဖုံး၊ ဖိပဲ လုပ်ပေးကြတာပါ။ ဥပမာပေးရရင် ၂၀၁၂တုန်းက အိုဘားမားမဲဆွယ်ပွဲမှာ အိုဘားမားကဲနဲ့ ပတ်သတ်ပြီး ကတိပေးခဲ့တဲ့တာတွေက အလိမ်တွေဖြစ်နေတာကို ရွေးကောက်ပွဲမပြီးမချင်း ဆက်လိမ်နေခဲ့ပြီး နောက်တနှစ်အကြာ လူတွေသိရှိပြီးမှသာ အလိမ်လို့ ပြောင်းလဲသတ်မှတ်ခဲ့တာပါ။

ဝူဟန်ပိုးနဲ့ပါတ်သက်ပြီးတော့လည်း ဖက်ချက်ကာတွေက တရုပ်အစိုးရ မရိုးသားကြောင်းနဲ့ လက်ဘ်ထဲကလာတဲ့ ပိုးမှန်း သိရှိခဲ့ကြပေမယ့် အဲဒီအတိုင်း ဝန်ခံလိုက်ရင် ထရမ့်ကို ထောက်ခံသလို ဖြစ်သွားမှာစိုးလို့ မှန်လဲမှား၊ မှားလဲမှား အဓိကက ထရမ့်ပြန်မတက်ဖို့ရည်ရွယ်ချက်တခုထဲနဲ့ အမှန်တရားအားလုံးကို လစ်လျူရှုခဲ့ပြီး ထရမ့်ပြန်မတက်တော့တာ ကျိန်းသေတော့မှ လက်ဘ်ကလာတဲ့ပိုးဆိုတာ ဖြစ်နိုင်တယ်လို့ ပြင်ပြောခဲ့ကြတာပါ။ အဲဒါကိုကြည့်ရင် ထရမ့်ကို သိက္ခာချချင်ဇောနဲ့ လူအသက်တွေ ဘယ်လောက်တောင်  စတေးခဲ့ရနိုင်မလဲဆိုတာကိုပါ ဆက်စဥ်းစားရပါလိမ့်မယ်။ ဥပမာ ကိုဗစ်ဖြစ်ခါစက ထရမ့်က တရုပ်ကအဝင်နဲ့ ဥရောပဖက်ကအဝင်တွေကို မီဒီယာနဲ့ ဒီမိုကရက်တွေ ဝိုင်းကန့်ကွက် ရှုံ့ချခဲ့တဲ့ကြားက တွန်းလုပ်လိုက်လို့ အစောပိုင်းမှာ ဖြစ်နှုန်းအများကြီး သက်သာသွာတာကို ပြောရပါလိမ့်မယ်။

အကြီးဆုံး ဖက်ခ်ချက်ကာတွေက ပေါ်လတီဖက်ခ်နဲ့ ဝါရှင်တန်ပို့စ်ဖက်ခ်ချက်ကာတွေပါ။ ပေါ်လတီဖက်ခ်ကို ငွေနဲ့ပေါက်ပြီး ရီပါဘလစ်ကန်တွေ၊ ဒီမိုကရက်အာဂျင်ဒါတွေကို မေးခွန်းထုတ်သူတွေကို နောက်ကျောဓါးထိုးခိုင်းနေတာက ဖဘပါ။ ဖွင့်ချသူက အဲဒါတွေအကြောင်းကို ၂၀၁၆တုန်းက အလိမ်တွေ၊ သောက်ကျိုးနဲအလိမ်တွေနဲ့ ဖက်ခ်ချက်ကင်းဆိုတဲ့အကြောင်း သူ့မဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ မီဒီယာတွေက ဖက်ခ်ချက်ကင်း စလုပ်နေကြတာ ၂၀၁၁ မတိုင်ခင်ထဲကပါ။

ဖဘက ဖက်ခ်ချက်ဖို့ စနုပ်စ်နဲလည်း ပါတနာလုပ်ထားပါတယ်။ စီအန်န်အန်န်ကတော့ ဖဘနဲ့ ပါတနာလုပ်မထားပေမယ့် ဖဘနဲ့ပေါင်းပြီး အဲလက်စ်ဂျုံးစ်ကို ပလက်ဖောင်ကနေ ဘန်းဘို့ အောင်အောင်မြင်မြင် လက်တွဲလုပ်ဆောင်နိုင်ခဲ့တဲ့နောက်ပိုင်း တဦးနဲ့တဦး ဟန်ချက်ညီညီ အားဖြည့်ဆောင်ရွက်လာကြပါတယ်။

တချို့ကွန်ဆာဗေးတစ်စာစောင်တွေကလည်း ဖက်ချက်ကာတွေကို ခန့်လိုက်ရင် ပိုပြီးမျှတလိမ့်မလား၊ လူပိုဖတ်ကြမလားလို့ တွေးပြီး ခန့်ကြပါတယ်။ အစပိုင်းမှာတော့ အမှန်တကယ် ဖက်ချက်တဲ့သူများလည်း ရှိပါတယ်။​ ဒါပေမဲ့ သူတို့ကို ဝိုင်းတိုက်ခိုက်ကြတော့ တချို့လည်း လွင့်သွားပြီး မရိုးသားတဲ့လူတွေကတော့ နောက်ပိုင်း ဖဘအတွက် အလုပ်လုပ်ပေးနေသူတွေ ဖြစ်သွားတာပါပဲ။

ဖက်ချက်ကာဆိုသူတွေက သူတို့အာဘော်နဲ့ မကိုက်တဲ့ သတင်း/စာ/ဆောင်းပါးတွေဆိုရင် အင်တာနက်ပေါ်ပြန့်နိုင်စွမ်းရဲ့ ၈၀% လောက်အထိ လျော့ကျသွားအောင် လုပ်ပစ်နိုင်စွမ်းရှိပါတယ်။ တယောက်ထဲကတောင် အဲဒီလိုလုပ်နိုင်တယ်ဆိုရင် အရမ်းချမ်းသာတဲ့ ဖဘလို ကုမ္ပဏီကြီးက အဖွဲ့လိုက် အုံနဲ့ကျင်းနဲ့ အကြီးအကျယ်လုပ်နေကြရင် ကမ္ဘာပေါ်မှာ အမှန်တရားပြန့်မလား၊ မုသားတွေပဲ ပြန့်မလားဆိုတာ တွေးကြည့်ကြဖို့ လိုပါတယ်။ ပိုဆိုးတာက သူတို့လုပ်နေတာက ရုရှားတို့ တရုပ်တို့ ဆော်ဒီတို့လို အာဏာရှင်နိုင်ငံတွေမှာမဟုတ်ပဲ လွတ်လပ်တဲ့ ကမ္ဘာကြီးရဲ့ ခေါင်းဆောင်အဖြစ်မှာ ရှိနေသေးပြီး ကမ္ဘာ့ထိပ်တန်းမီဒီယာတွေရှိတဲ့ အမေရိကန်ပြည်မှာ ဖြစ်နေတာပါပဲ။

အသေဝနာစ ဗာလာနံဆိုတာကို မင်္ဂလာတရားတော်မှာ ထိပ်ဆုံးကထားတာ အကြောင်းမဲ့ မဖြစ်နိုင်ပါဘူး။ လူပေါင်းမှားရင် ပစ္စုပ္ပန်ရော သံသရာမှာပါ ဆိုးကျိုးတွေ အတောမသတ်နိုင်အောင် လာတတ်သလို အဲဒီလိုမဖြစ်ဖို့ အမှန်သိအောင် လုပ်ရမယ့်သူကလည်း ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တာကြောင့် မြတ်စွာဘုရားဟောတော်မူတဲ့ ကာလာမသုတ်ကို အမြဲသတိရပြီး ဆင်ခြင်နေဖို့ လိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: