FDA က ဖိုင်ဇာဗက်ဆင်းကို အတည်ပြုရာမှာ ပါတ်သက်နေတဲ့ သက်သေခံ အထောက်အထားတွေကို နောက် ၅၅နှစ်ကြာမှ လူထုဆီအပြည့်အဝထုတ်ပြန်ချပြဖို့ ဖက်ဒရယ်တရားသူကြီးတဦးကို လျောက်ထားလိုက်ပါတယ်။ အဲဒီလိုလျောက်ထားရတဲ့ အကြောင်းရင်းကတော့ Freedom of Information Act အရ ဆေးလောက ပွင့်လင်းမြင်သာမှုအတွက် ကြိုးပမ်းနေတဲ့ Public Health and Medical Professionals for Transparency က FDA ကို အဆိုပါ အထောက်အထားတွေ ထုတ်ပြန်ပေးဖို့ တရားစွဲလိုက်လို့ဖြစ်ပါတယ်။
အဲဒီအဖွဲ့ကို ယေးလ်တက္ကသိုလ် ဆေးကျောင်းက ကူးစက်ရောဂါပါမောက္ခ Dr. Harvey Risch အပါအဝင် ဆရာဝန်တွေ သိပ္ပံပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာပါတယ်။ သူတို့က FDA ကို တောင်းဆိုတာ FDA က ပေးဖို့အချိန်ဆွဲနေလို့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ သူတို့အဆိုအရ ဖိုင်ဇာက FDA မှာ လိုင်စင်လျောက်ထားဖို့ သက်သေမှတ်တမ်းတွေ စတင်ပြုစုတာကနေ ၁၀၈ရက်အကြာမှာ ဖီုင်ဇာဗက်ဆင်းအတွက် လိုင်စင်ချပေးလိုက်တာဖြစ်ပါတယ်။
လူ့အသက်တွေအများကြီးနဲ့ ပါတ်သက်ရမဲ့ကိစ္စကို အဲဒီလောက် အချိန်တိုလေးအတွင်းမှာ လွယ်လွယ်ကူကူ ခွင့်ပြုပေးလိုက်တာက စုံစမ်းစစ်ဆေးချင်တဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ၅၅နှစ်အကြာဆိုတော့ အခုကိုဗစ်ကိစ္စမှာ ထဲထဲဝင်ဝင်သိခဲ့သူတွေအကုန် သက်ရှိထင်ရှားရှိနေဖို့ မလွယ်တော့ပါဘူး။ အဲဒီတရားသူကြီးက အဂတိမလိုက်စားဖို့တော့ မျှော်လင့်ပါတယ်။
ဘိုင်ဒန်က မက္ကဆီကန်သမ္မတနဲ့ တွေ့ဆုံဖို့ရှိပေမယ့် သူတို့ဆွေးနွေးမယ့် အစီအစဥ်မှာ အခုအကြီးအကျယ်ပြဿနာတက်နေတဲ့ တောင်ပိုင်းနယ်စပ်ကိစ္စ မပါဝင်ဘူးလို့ သိရပါတယ်။ မဲလိုချင်လို့ တမင်လုပ်နေတာ ပိုပြီးထင်ရှားစေတဲ့ အချက်ပါပဲ။
ကိုင်လ် ရစ်တန်းဟောက်စ်အမှုမှာ MSNBC က ထုတ်လုပ်သူတဦးက အဆုံးအဖြတ်ပေးမယ့် juror တွေ အိမ်ကို ပြန်ပို့တဲ့ ဘစ်ကားကို နောက်ယောင်ခံလိုက်ရင်း မီးနီဖြတ်ခဲ့တာကနေ မိသွားလို့ တရားသူကြီးက MSNBC က တဦးမှ ရုံးတော်ထဲ မဝင်ဖို့ အမိန့်ထုတ်လိုက်ရပါတယ်။ အဲဒီလူက ငြင်းပေမယ့် ဖြစ်တဲ့နေရာက juror တွေတင်ဆောင်လာတဲ့ ဗင်နားလေးမှာဖြစ်နေတော့ မပြေးသော် ကန်ရာရှိ ဖြစ်နေတာပါ။
တရားသူကြီးက ငါက ဒီအမှုက လူစိတ်ဝင်စားတဲ့အမှုအပြင် ဟိုဖက်ဒီဖက် လိုရာဆွဲပြောနေကြတာတွေကြောင့် ပြည်သူတွေ အရှိအတိုင်း သိနိုင် လေ့လာနိုင်အောင် live လွှင့်ဖို့ ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊ အဲဒါတောင်မှာ မီဒီယာတချို့က ပြချင်တဲ့အကွက်လေးတွေပဲ ရွေးပြပြီး လူထွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေကြတာ စိတ်မကောင်းစရာ တွေ့မြင်နေရကြောင်းပြောကြားသွားပါတယ်။ Juror တွေကို နောက်ယောင်ခံလိုက်လို့ သူတို့ဘယ်သူ ဘယ်မှာနေတယ် ဘယ်မှာလုပ်တယ်ဆိုတာ သိသွားရင် မီဒီယာမှာဖွင့်ချ ဖိအားပေးပြီး သူတို့လိုချင်တဲ့ဖက်ကို ဆုံးဖြတ်ပေးအောင် အကျပ်ကိုင်ကြမှာဖြစ်ပါတယ်။
အဲဒီအမှုစစ်နေတဲ့ တရားရုံးအပြင်မှာတော့ ကိုင်လ်ကို ထောက်ခံတဲ့သူတွေနဲ့ ဘီအယ်လ်အမ်အဖွဲ့သားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ အီလီနွိုင်းမှာနေတဲ့ ဘီအယ်လ်အမ်ခေါင်းဆောင်တဦးက နယ်ကျော်မသွားရတဲ့ ရာဇဝတ်မှုခံဝန်ချက်နဲ့ နေရတဲ့ကြားက ဝစ္စကွန်ဆင်ကို နယ်ကျော်ပြီး တရားရုံးရှေ့မှာ လာရောက်ခိုက်ရန်ဖြစ်ပွားခဲ့လို့ အဖမ်းခံလိုက်ရပါတယ်။ ၂၀၂၂ ရွေးကောက်ပွဲနှစ်ဆိုရင် ဝူဟန်ပိုးတို့ ဆူပူမှုတို့လိုမျိုးတွေ ပြန်လာဦးမလားလို့ တွေးစရာဖြစ်ပါတယ်။