နိုဝင်ဘာ ၂၂​ ရက် ၂၀၂၁

မနေ့က ဝစ္စကွန်ဆင်ပြည်နယ် ဝေါကီရှာမြို့လေးမှာ ပြုလုပ်ခဲ့တဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေ ပါဝင်တဲ့ ခရစ်စမတ်ချီတက်ပွဲထဲကို လူတဦးက SUV အငယ်စားကားနဲ့ ဒုန်းမောင်းချလာတဲ့အတွက် လူ ၅ဦးသေဆုံးပြီး ကလေး ၁၈ယောက်အပါအဝင် ၄၀ကျော် ဒဏ်ရာရသွားပါတယ်။ ဒီနေ့မှာတော့ အဲဒီလူက အသက် ၃၉နှစ်အရွ​ယ် ဒါရဲလ် ဘရွတ်က်စ်ဖြစ်ပြီး ဝစ္စကွန်ဆင်မှာတင် ရာဇဝတ်မှု ၂မှုနဲ့ အချုပ်ကျနေရာက အာမခံနဲ့ လွတ်လာပြီး နီဗားဒါးပြည်နယ်မှာလည်း ၁၅နှစ်သမီးနဲ့ လိင်ဆက်ဆံတဲ့လိင်ရာဇဝတ်မှုနဲ့ အလိုရှိနေတာဖြစ်ပါတယ်။

၂၀၂၀ တုန်းက အမှုမှာ နမော်နမဲ့ ဘေးဖြစ်စေမှုနဲ့ ရာဇဝတ်ကောင်အနေနဲ့ လက်နက်ကိုင်ဆောင်မှု နှစ်မှုနဲ့ ဖမ်းထားပြီး အာမခံ $ တသောင်း ချထားပါတယ်။​ အာမခံငွေကို နောက်တော့ $ 7500 သို့ လျှော့ချလိုက်တယ်လို့ ခရိုင်ရှေ့နေရုံးက ဆိုပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီက ပို့စ်မှာတော့ တရားရုံးရဲ့ ရက်ချိန်းတိုက်နေတာက သူ့ရဲ့ လျင်လျင်မြန်မြန်အမှုစစ်နိုင်မယ့် အခွင့်အရေးကို ထိပါးတယ်ဆိုပြီး သူ့အာမခံကို $500 အထိ လျော့ချပစ်လိုက်ပါတယ်။

အာမခံငွ $500 ဆိုတဲ့ပမာဏက ရာဇဝတ်မှုမဟုတ်တဲ့ အသေးအဖွဲ အမှုလေးတွေမှာပဲ သင့်တော်တာပါ။ ရာဇဝတ်မှုကို $500 အာမခံဆိုတာကတော့ တမင်လုပ်တာကလွဲလို့ ဘာမှ မဖြစ်နိုင်ပါဘုး။ အစိုးရရှေ့နေတွေ၊​ ပြည်နယ်ရှေ့နေချုပ်တွေ လောကမှာ ဝုတ်အဖြစ်ဆုံး (လက်ဝဲအဆန်ဆုံး/ရာဇဝတ်မှု အားအပေးဆုံး) ရှေ့နေတွေကိုသာ လက်ရွေးစင် ထောက်ခံပံ့ပိုးပေးထားတဲ့အတွက် အခုလို နည်းမျိုးစုံရှာပြီး ရာဇဝတ်ကောင်တွေ လမ်းပေါ်ရောက်လာအောင်လုပ်တာ မဆန်းတော့ပါဘူး။

ဒါရဲလ်က ဒီလထဲမှာတင် နောက်ထပ် နမော်နမဲ့ ဘေးဖြစ်စေမှု၊ အာမခံနဲ့ လွှတ်ထားပေးလျက်က တရားရုံးက ဆင့်ခေါ်တဲ့အချိန်မှာ ပျက်ကွက်ခဲ့မှု၊ လက်ရောက်မှု/တိုက်ခိုက်မှု၊ ရဲဝတ္တရားနှောက်ယှက်မှုနဲ့ စည်းကမ်းမဲ့ ပြုမူမှု စတာတွေနဲ့ တရားစွဲခံနေရတာပါ။

သို့သော်ငြားလည်း အဲဒီလူက လူမည်းလဲဖြစ် ရာဇဝတ်သားလည်း ဖြစ်နေတော့ လက်ဝဲမီဒီယာတွေက ဖာဖို့ ကြိုးစားကြပြန်ပါတယ်။ သူလုပ်ရပ်က တမင်လုပ်တာမဟုတ်ပါဘူးဆိုတာမျိုးပေါ့။ ဓါးထိုးခံရမယ့်ဘေးက ပြေးလာတယ်လို့လည်း ပြောကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်မြင်သက်သေတွေအဆိုအရက သူက လူတွေကို တကယ်တိုက်ချင်စိတ်မရှိခဲ့ရင် ဟွန်းတီးတာလိုမျိုး၊ ရှောင်/လျော့မောင်းတာလိုမျိုး တခုခုတော့ လုပ်ဖို့ ကြိုးစားမှာ ဖြစ်ပေမယ့် သူတို့အမြင်မှာ အရှိန်တောင် မလျော့ချခဲ့လို့ အငယ်စား SUV ကလေးက ဒီလောက် လူများများကို သေကြေဒဏ်ရာရစေခဲ့တာလို့ ဆိုကြပါတယ်။ 

ဘိုင်ဒန်အစိုးရရဲ့ တရားရေးဌာနနဲ့ အက်ဖ်ဘီအိုင်တို့ ပူးပေါင်းပြီး ကွန်ဆာဗေးတစ်တွေကို စစ်ဆင်ရေးလုပ်နေတဲ့ သာဓကတွေထဲကတခုကတော့ မနေ့တုန်းက အက်ဖ်ဘီအိုင်က ကိုလိုရာဒိုပြည်နယ် မယ်ဆာကောင်တီက ရီပါဘလစ်ကန် မဲအရာရှိ တီနာ ပီတားစ်ရဲ့ အိမ်ကို ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ လက်နက်ကိုင်အင်အား အလုံးအရင်းနဲ့ မနက်အစောကြီး ဝင်စစ်တာဖြစ်ပါတယ်။​

တီနာက ၂၀၂၀ ရွေးကောက်ပွဲမှာ ပုံမှန်မဟုတ်တာတွေ တွေ့ရှိကြောင်း အစဥ်တစိုက် ပြောဆိုနေခဲ့တာပါ။ သူ့ကို လက်ထိပ်ခတ်ပြီး သူ့ဆီက ဖုံး၊ ကွန်ပြူတာ စတဲ့ device တွေ သိမ်းယူသွားတယ်လို့ ဆိုပါတယ်။​ သူတို့စွပ်စွဲတာက protected computer ကို တမင်ဖျက်ဆီးမှု၊ ငွေလွှဲလိမ်လည်မှု၊ protected computer ကို ပျက်စီးစေဖို့ ပူးပေါင်းကြံစည်မှုတွေဖြစ်ပြီး တီနာကတော့ အဲဒါတွေ ဘာတခုမှ မသိရှိကြောင်း လင်းဒဲလ်တီဗီကနေ ငြင်းဆိုလိုက်ပါတယ်။ အဲဒီကွန်ပြူတာက ဒိုမီနီယံ မဲပေး/ရေစက်တွေကို ပြောတာ ဖြစ်ဖို့ များပါတယ်။ သူတို့က စွပ်သာစွပ်စွဲတယ်၊ တကယ်တိတိကျကျ မေးတော့လည်း ဘာမှ မပြောနိုင်ဘူးလို့ သူမက ဆိုပါတယ်။ သူမအပြင် သူမရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ အသက် ၆၅နှစ်ဝန်းကျင် အမျိုးသမီးကြီးတွေရဲ့ အိမ်တွေကိုပါ ပြီးခဲ့တဲ့အပတ်က အက်ဖ်ဘီအိုင်က ရှာဖွေစစ်ဆေးခဲ့တာပါ။ အဲဒီလုပ်ရပ်ကို လက်ဝဲယိမ်းတဲ့ ACLU ကတောင် မလုပ်သင့်တဲ့လုပ်ရပ်အဖြစ် ဝေဖန်လိုက်ပါတယ်။

ကိုင်လ်ရဲ့ အမှုကတော့ နိုင်လဲမကောင်း၊ ရှုံးလဲ မကောင်းလို့ပဲ ပြောရမယ်ထင်ပါတယ်။​ ရှုံးသွားရင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ နောင်မပြုရမယ့်အရာလို့ အဆိပ်သင်ခန်းစာ ပေးလိုက်သလို ဖြစ်မှာအပြင် နိုင်သွားပြန်တော့လည်း ဂျူရီရဲ့ အဆုံးအဖြတ်ကို မကျေနပ်ကြသူတွေက မကျေနပ်တာကို အကြောင်းပြပြီး တပြည်လုံးမှာ လုယက်ဖို့ အကြောင်းပြချက်တခု ရသွားပါတယ်။​ နဂိုအေးချမ်းတဲ့ လူလတ်တန်းစားတွေ အနေများတဲ့ မြို့ငယ်လေးတွေမှာတောင် လုယက်မှုတွေ ဖြစ်နေတာပါ။

မနှစ်က လုယက်မှုတွေဖြစ်တုန်းက ဒီမိုကရက်ခေါင်းဆောင်တွေ ဖာကြသလို ဒီလူတွေက ငတ်နေလို့ ပေါင်မုန့်လေး ဘာလေး လုရတာပါဆိုတာမျိုးနဲ့ လုံးဝ ဆန့်ကျင်ပြီး သူတို့လုသမျှက စျေးကြီး နာမည်ကြီး ဘရန်းဒ်တွေ ရတနာတွေ ဖြစ်နေတာက ငတ်တာနဲ့ မဆိုင်တော့ပါဘူး။ တောကြောင်တွေ ထနိုင်ဖို့ တောမီးလောင်အောင် တမင်လုပ်ပေးနေသလိုပါ။ လုတဲ့လူတွေက မျက်လုံးပဲ ဖော်ထားတဲ့ ခေါင်းစွပ်မျိုးတွေ ဝတ်ပြီး ဆိုင်တံခါး၊ ကောင်တာဘီရိုတံခါးတွေကို ရိုက်ခွဲပြီး လုဖို့ ပြင်လာကြတာပါ။​ ဆိုင်တွေလဲ ပိတ်ကြ၊ အကာအရံတွေ လုပ်ကြ၊ ဝန်ထမ်းတွေလည်း ကြောက်လန့်တကြားတွေဖြစ်နဲ့ပါပဲ။ လူမျိုးရေးနဲ့ ဆိုင်တယ်လို့ ထင်နေသေးသူတွေ စိတ်ဆရာဝန်ဆီ အမြန်သွား စစ်ဆေးမှု ခံသင့်နေပါပြီ။

 ကိုင်လ့်အမှု စီရင်ချက်အပေါ် ဘယ်လိုမြင်သလဲလို့ ဘိုင်ဒန်ကို သတင်းထောက်တယောက်က လှမ်းမေးရာမှာ ဘိုင်ဒန်က ဂျူရီအဖွဲ့က ဆုံးဖြတ်တာ သူဘာမှ ပြောစရာမရှိပါဘူး၊ ငါတို့ရဲ့ တရားရေးစနစ်က အလုပ်ဖြစ်နေပါသေးတယ်လို့ ပြောသွားပါတယ်။ သိပ်မကြာခင်မှာပဲ အိမ်ဖြူကနေ ကြေငြာချက်ထွက်လာတာမှာတော့ သူဒေါသဖြစ်ရပါတယ်၊ ခံစားရသူတွေကို သူစာနာပါတယ်၊ ဒါပေမဲ့ ဂျူရီဆုံးဖြတ်ချက်ကို လေးစားရမှာပါလို့ တွေ့ရပါတယ်။ သူ့ကို အဲဒီလို ကြေငြာဖို့ ညွှန်ကြားခံလိုက်ရပုံပါပဲ။ ဒါမှလဲ ဆူပူမှုတွေ လောင်စာထိုးလို့ ကောင်းမှာပေါ့လေ။

ကနေ့ ကိုင်လ်နဲ့ တပ်ကာတို့ အင်တာဗျူးမှာ စိတ်ဝင်စားစရာတချက်က ကိုင်လ်က အချုပ်ထဲမှာ ၈၇ရက် နေသွားခဲ့ရပြီး အဲဒီအချိန်က သူ့ရှေ့နေတွေဖြစ်တဲ့ Lin Wood နဲ့ John Pierce တို့က သူ့ကိုယ်စား တရားရုံးစာရိတ် အလှူခံကြပေမယ့် သူ့အတွက် ဘွန်းကိုကျတော့ တလအတွင်း ထုတ်ရမယ့်ဟာကို ၃လနီးပါးကြာအောင် အချိန်ဆွဲထားခဲ့တယ်လို့ စွပ်စွဲသွားပါတယ်။​ ဒါ့အပြင် သူ့ကိုလည်း ပြည်သူ့စစ်အဖွဲ့ကလို့ မဟုတ်ပဲ ပုံဖော်ခဲ့တာက အခြေအနေတွေကို ပိုမိုရှုပ်ထွေးသွားစေခဲ့တယ်လို့ ဆိုပါတယ်။

လင်းဝုဒ်က မဟုတ်မတရား အမည်ဖျက်ခံရတာတွေနဲ့ ပတ်သက်တဲ့ အထက်မြက်ဆုံး ရှေ့နေတယောက်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတုန်းက ထရမ့်ဘက်က ကိုယ့်သဘောနဲ့ကိုယ် မဲလိမ်မှုတွေ လိုက်ရှင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ကို ထရမ့်ဘက်က ဘယ်သူကမှ တရားဝင် မငှားခဲ့သလို ဆက်သွယ်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။​ ဒါပေမဲ့ သူကတော့ တော်တော် နာမည်ကြီးသွားပါတယ်။ နောက်ပိုင်းတော့ ပြောတာဆိုတာတွေက ဘောင်ကျော်လာတာကြောင့် မျက်စိမှိတ်ကြည်ညိုသူတွေကလွဲရင် သိပ်လူမကြိုက်တော့ပါဘူး။ ကိုယ့်ဖက်ကဆိုတိုင်းလည်း ပုံပြီး မယုံသင့်တဲ့ သာဓကပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: