နိုဝင်ဘာ ၃၀ ရက် ၂၀၂၁

မနေ့က အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ဂျက်ဖရေ အက်ပ်စတိန်းရဲ့ ဘော်ဒါ/ဖောက်သည် များဖြစ်ကြတဲ့ ချမ်းသာ/အာဏာရှိ/နာမည်ကြီးတဲ့ နှာဘူးကြီးများကို ဖျော်ဖြေဖို့ ဖျားယောင်း ကျုံးသွင်း လေ့ကျင့်ပေးခဲ့တဲ့ Ghislaine Maxwell အမှုကို စတင် စစ်ဆေးခဲ့ပါတယ်။ အမှုမှန်ပေါ်သွားရင် အဲဒီဖောက်သည်တွေက ဘယ်သူတွေဆိုတာ ပေါ်သွားမှာကို သေမလောက် ကြောက်ကြတဲ့အတွက် ခုထဲက ကြိုဖာနေတဲ့လူတွေက ဖာကုန်ပါပြီ။ နယူးယောက်မြို့ဝန်ဟောင်း Bloomberg က ဂျရှ်လင် ကိုယ်တိုင်ကလည်း သားကောင်ဖြစ်နေနိုင်တယ်ဆိုတဲ့ ပုံစံမျိုး ကျောင်းပေးထားပါတယ်။ အစိုးရရှေ့နေ ကတော့ ဂျရှ်လိန်က သူဘာလုပ်နေတယ်ဆိုတာ သူသိတယ်ဆိုတဲ့ စကားလုံးနဲ့ တရားခွင်ကို စဖွင့်ခဲ့ပါတယ်။​

တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်သတင်းတပုဒ်မှာ FAA Federal Aviation Agency က အက်ပ်စတိန်း လေယာဥ် ၄ စီးရဲ့ လေကြောင်းမှတ်တမ်းတွေကို မှားယွင်းပြီး ထုတ်ပေးမယ် ပြောမထားပဲ  ထုတ်ပေးသွာပါတယ်။ ၂၀၂၀ ဇန်နဝါရီမှာ Business Insider က အက်ပ်စတိန်းလေယာဥ်တွေရဲ့ ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန် စတာတွေကို မှတ်တမ်းပြုစုနေလို့ FAA ကနေ တောင်းခံခဲ့ပါတယ်။  နှစ်လအကြာမှာတော့ FAA က ရဲလုပ်ထုံးတွေနဲ့ ပတ်သက်နေလို့ မပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

အမှန်က ပျံသန်းမှုမှတ်တမ်းက လျို့ဝှက်မဟုတ်ပါဘူး၊ ပေးမယ်ဆို ပေးလို့ ရတဲ့ဒေတာပါ။ အဲဒီလို ငြင်းထားပေမယ့် ၁၉၉၈ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း လေယာဥ် ၄စီးကနေ ပျံသန်းမှုပေါင်း ၂၃၀၀ ပြုလုပ်ခဲ့တယ်လို့ Insider ကို ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၃-၂၀၁၆ကြား အရင်မသိရသေးတဲ့ ပျံသန်းမှုပေါင်း ၇၀၄ ခုရဲ့ အချက်အလက်တွေကိုပါ ပေးပို့ခဲ့တာပါ။ ဘယ်သူတွေ လေယာဥ်ပေါ် ပါတယ်ဆိုတာကိုတော့ FAA က မဖော်ပြခဲ့ပေမယ့် အစိုးရရှေ့နေကတော့ ဂျရှ်လင်နဲ့အတူ သူ့ရဲ့ သားကောင်ဆိုတဲ့ မိန်းကလေးတွေ အတူပျံသန်းခဲ့တဲ့ မှတ်တမ်းတွေ တင်ပြမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရရှေ့နေတွေက ဂျရှ်လင်တို့က ကလေးတွေရဲ့ အိပ်မက်တွေ ဖြစ်လာအောင် လုပ်ပေးမယ်လို့ အယုံသွင်းခဲ့ပြီး တကယ်တမ်းမှာ လိင်အမြတ်ထုတ်ပြီး လိင်ကုန်ကူးခဲ့တယ်လို့ ပြောသွားပါတယ်။ တရားခွင်မှာ သားကောင်ဖြစ်ခဲ့တဲ့ မိန်းကလေးတွေရော လေယာဥ်မောင်းသူပါ အစစ်ခံမှာဖြစ်ပါတယ်။

သမ္မတဟောင်းကလင်တန်ကတော့ အထင်ရှားဆုံး ခရီးသည်ဖြစ်ပါတယ်၊ သူကလည်း အက်ပ်စတိန်းရဲ့ လေယာဥ်တွေပေါ်မှာ ၄ခါ လိုက်စီးဖူးတယ်လို့ ဝန်ခံထားပါတယ်။ အက်ပ်စတိန်းရဲ့ မန်ဟက်တန်က အိမ်မှာချိတ်ထားတဲ့ ကလင်တန် မိန်းမလိုဝတ်ထားတဲ့ ပန်းချီကားက ထင်ရှားပါတယ်။ အဲဒီပန်းချီကား ထဲက ဂါဝန်က ဟေလာရီဝတ်ခဲ့ဖူးတာနဲ့ တူနေတာက ပိုစိတ်ဝင်စားစရာဖြစ်ပါတယ်။ ဘေလ်ဂိတ်စ် ကလည်း နောက်ပိုင်းမှာ ခပ်ခွာခွာနေတယ်ဆိုပေမယ့် အက်ပ်စတိန်း လိင်ပြစ်မှုကျူးလွန်သူ စာရင်းဝင်သွားပြီးနောက်မှာတောင် အကြိမ်ကြိမ် တွေ့ခဲ့ကြသေးတာပါ။ မင်းသားအန်ဒရူးနဲ့ ကလေးမလေးတယောက် တွဲရိုက်ထားတဲ့ပုံရော အက်ပ်စတိန်းအိမ်ကနေ ထွက်သွားတာရောက အထင်အရှားပါ။ အမြင့်ဆုံးတရားရုံးက အမြင့်ဆုံးတရားသူကြီးနာမည် တွေ့တဲ့သူလည်း တွေ့တယ်ပြောကြပေမယ့် ခုတော့ မီဒီယာက မြုံနေကြပါတယ်။ သူတို့က ထရမ့်ကိုပါ ဆွဲထဲ့ချင်ကြပေမယ့် ထရမ့်က သူ့စံအိမ်က ဝန်ထမ်းမိန်းကလေးတွေကို အက်ပ်စတိန်းက ထိကပါး ရိကပါး ဆက်ဆံခဲ့တာကို သိရှိပြီးနောက်ပိုင်း သူ့စံအိမ်ကို အလာမခံတော့ဘူးလို့ သိရပါတယ်။  နောက်တချက်ကလည်း ထရမ့်က သူကြိုက်တဲ့ ပုံစံတွေက မယ်တွေ ဖွံ့ဖွံ့ထွားထွားတွေပါ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ကြိုက်တဲ့ ရာဇဝင်လည်း မရှိတဲ့အတွက် ဆွဲထဲ့လို့ ရ/မရ စောင့်ကြည့်ရဦးမှာပါပဲ။

ဒီအမှုမှာ ရာထူး အာဏာ ပိုက်ဆံ ဩဇာရှိသူတွေ ပါဝင်နေတော့ အစစ်ခံမယ့် လေယာဥ်မှူးနဲ့ ကလေးမလေးတွေ လုံခြုံပါစေ၊ ခြိမ်းခြောက် အကျပ်ကိုင်မှုများမှ ကင်းဝေးပြီး ကလေးတွေ တရားမျှတမှု ရကြပါစေလို့ ဆုတောင်းပါတယ်။

ဒီကနေ့ မိရှီဂန်ပြည်နယ် ဥက္ကလံကောင်တီက အထက်တန်းကျောင်းတကျောင်းမှာ ၁၅နှစ်သား ကျောင်းသားက ပစ်ခတ်ခဲ့လို့ ကျောင်းသား ၃ဦး(မ ၂ ကျား ၁)သေဆုံးပြီး ကျောင်းသား ၇ဦးနဲ့ ဆရာတဦး ဒဏ်ရာရှရှိသွားပါတယ်။ ပစ်ခတ်ခဲ့တဲ့ကျောင်းသားက ဆီမီးအော်တို သေနတ်အတိုနဲ့ ၁၅-၂၀ ကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျောင်းမှာ ကျောင်းသား ၁၈၀၀ လောက်ရှိပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က vandalism ဖျက်ဆီးမှုတခုမှာ ပစ်မှတ်ထားခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တွေက ပစ်ခတ်မှုတွေဖြစ်တိုင်း သေနတ်ကိုပဲ ရမယ်ရှာပြီး ပြည်သူတွေလက်ထဲ လက်နက်လုံးဝမရှိအောင် အမြဲတိုးပြီး ကြိုးစားနေကြတာပါ။ ဟိုတုန်းကလည်း အမေရိကန်မှာ သေနတ်ပေါတာပါပဲ၊ အခုခေတ်လိုလည်း သေနတ်ဝယ်ရင် လိုင်စင်တို့ သေနတ်မီးခံသေတ္တာနဲ့ ထားရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိပါဘူး။ ဒါပေမဲ့ လူတွေ(ကလေး+လူကြီး) က စိတ်ဖိစီးမှု သိပ်မများခဲ့ကြတော့ အခုလိုမျိုး ကိုယ့်ကျောင်းမှာကိုယ် ပစ်ခတ်ခဲ့တာမျိုး ရှားမှာပါ။

မီရှီဂန်ဂါဗာနာက အရည်အချင်း လုံးဝမရှိတဲ့ လက်ဝဲစွန်းဖြစ်လေတော့ ရာဇဝတ်မှုတွေကို ဖိဖိစီးစီး မကိုင်တဲ့အပြင် ရာဇဝတ်မှု မပြုဖူးရင်တောင် စပြုကြည့်ချင်စရာဖြစ်အောင် ဖိတ်ခေါ်နေတဲ့ ဥပဒေတွေနဲ့၊ အထွေတွေ ကုန်စျေးနှုန်းတွေရဲ့ ဖိစီးမှု၊ ကိုဗစ်အကြောင်းပြပြီး ချုပ်ချယ် ကန့်သတ်လွန်းတဲ့ ပတ်ဝန်းကျင်မှာ စိတ်ကျန်းမာရေး ချို့တဲ့နေကြတာက အဓိက အကြောင်းရင်းတွေထဲက တခု ဖြစ်မယ်ထင်ပါတယ်။ ပစ်တဲ့သူနောက် မလိုက်ပဲ​ ဒုတ်နောက်လိုက်နေရင်တော့ ပြဿနာက သေးသွားမှာမဟုတ်တာ အသေအချာပါပဲ။  

နယူးယောက်မြို့ဝန်က သူ့သက်တမ်းမကုန်ခင် ၄ပတ်အလိုမှာ နယူးယောက်မြို့က ဆေးသမားတွေ လုံခြုံစိတ်ချစွာ ဆေးသုံးနိုင်တဲ့ နေရာတွေကို ပထမဆုံးအကြိမ် ပြည်သူ့အခွန်ငွေနဲ့ ဖွင့်လှစ် ပေးလိုက်ပါတယ်။​ အခုအချိန်ဟာ ဆေးလွန်လို့ သေဆုံးသူတွေ မြင့်တက်နေပြီး ဆေးသမားတွေ လမ်းဘေး လူမြင်ကွင်းမှာ မူးယစ်ဆေးထိုးနေတာတွေ ဒင်းကြမ်းဖြစ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီနေရာတွေကိုတော့ Overdose Prevention Centers လို့ ခေါ်ပါတယ်။ အိုပီရွိုက်အကျပ်အတည်း ပြဿနာကို ကိုင်တွယ်ဖို့ အထိရောက်ဆုံးနဲ့ အကောင်းဆုံးလို့ မြို့ဝန်က ဂုဏ်ယူစွာ ပြောသွားပါတယ်။

နယ်စပ်က မူးယစ်ဆေးတွေ အတားအဆီးမရှိ ဒလဟောဝင်လာနေတဲ့အချိန်မှာ တရားဝင်ဆေးထိုးဖို့ အပ်တွေ ပလပ်စတာတွေ ဂွမ်း အရက်ပြန် စတာတွေ အခမဲ့ ပံ့ပိုးပေးထားတော့ တခြားရောဂါကူးမှာ မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။ မနှစ်က နယူးယောက်မှာ စတင် စာရင်းပြုစုတဲ့ ၂၀၀၀ ပြည့်နှစ်ကစလို့ အမြင့်ဆုံးအဖြစ် လူ ၂၀၀၀ ကျော် ဆေးလွန်သေခဲ့ပါတယ်။ ဒီနှစ်ပထမ ၃လမှာ ၅၉၆ဦး ဆေးလွန်သေဆုံးခဲ့တာကြောင့် ဒီနှစ်က အများကြီး ပိုလာမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အခုလို ဆေးသန့်သန့်ထိုးနိုင်တဲ့ နေရာတွေ ဖွင့်ပေးလိုက်တာကြောင့် လူ ၁၃၀လောက် ကယ်နိုင်မယ်မှန်းတယ်လို့ သိရပါတယ်။ ကဲ ကဲ ဒီမိုကရက်များ သာဓုအကြီးကြီးခေါ်လို့ ရပါပြီ။

နယူးယောက် စတေတန်အိုင်းလန်းက ရီပါဘလစ်ကန်အမတ် Nicole Malliotakis က အဆိုပါ အခမဲ့ မူးယစ်ဆေးထိုးခန်းတွေဟာ Controlled substance နဲ့ ပတ်သက်တဲ့ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်တယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ဥပဒေအရ ပြည်သူ့အခွန်နဲ့ လည်ပတ်တဲ့ နေရာတွေမှာ တရားမဝင်မူးယစ်ဆေး သုံးခွင့် မရှိတဲ့အပြင် သုံးခဲ့ရင် ရာဇဝတ်မှု မြောက်ပါတယ်။ သူမကတော့ ဘိုင်ဒန့်ရှေ့နေချုပ်ကို အရေးယူဖို့ တိုက်တွန်းထားပါတယ်။ ပြည်ဖျက်ချင်းဆိုတော့ အရေးယူမှာမဟုတ်ပေမယ့် တာဝန်ရှိသူကို တိုင်ရမှာဆိုတော့လည်း ရွေးစရာရှိပုံမရပါဘူး။

မူးယစ်ဆေးကိစ္စတွေက သိပ်မခက်ခဲပေမယ့် နိုင်ငံရေးသမားတွေက မျက်လှည့်ပြတာ ကျွမ်းကျင်တော့ ယုံလွယ်သူတွေ မျက်စေ့လည်သွားနိုင်ပါတယ်။ ကောင်းမကောင်းသိချင်ရင် မှတ်ကျောက်တိုက်ကြည့်ပါလို့ အကြံပေးပါမယ်။ ကိုယ့်သားသမီးသာဆိုရင်​ စနစ်တကျ ဆေးဖြတ်ဖို့ ကူညီတာကလွဲလို့ ဆေးစွဲတာကို အားပေးတဲ့အလုပ် ပေးလုပ်မလား၊ မလုပ်ဖူးဆိုရင်တော့ ပြည်သူအပေါ်လည်း မလုပ်သင့်တာ သိသာပါတယ်။ လုပ်မယ်ဆိုရင်တော့ အဲဒီလူတွေက မိဘကောင်း မဖြစ်လို့ ခေါင်းဆောင်နေရာမှာလည်း မရှိသင့်ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: