ဒီဇင်ဘာ ၂ ရက် ၂၀၂၁

အီလီနွိုင်းက ဆေးရုံတခုမှာ ကိုဗစ်လူနာကို စျေးကြီးတဲ့ remdesivir အတင်းယူခိုင်းပါတယ်၊ အဲဒီကုသမှုကလည်း မအောင်မြင်ခဲ့တဲ့နောက် မိသားစုက စျေးချိုသလောက် ဖလော်ရီဒါမှာ အစိုးရက အောင်အောင်မြင်မြင် သုံးစွဲနေတဲ့ ivermectin ကို ပေးဖို့တောင်းဆိုတာ ဆေးရုံက အကြိမ်ကြိမ် ငြင်းခဲ့ပါတယ်။ မိသားစုကလည်း လျော့မပေးပဲ တရားရုံးကို အပြင်ဆရာဝန်ပေးတဲ့ ivermectin နဲ့ ကုသခွင့် တောင်းခံခဲ့တာမှာ တရားရုံးက ကုသခွင့် ပေးခိုင်းခဲ့တဲ့အတွက် လူနာက ပြန်သက်သာလာပြီး ဆေးရုံကနေ သူ့သမီးအိမ်ကို ပြန်ရောက်သွားပြီဖြစ်ပါတယ်။ ဒီလူက ကံကောင်းခဲ့တယ်ဆိုပေမယ့် တချို့လည်း တရားရုံးက ခွင့်မပြုလို့ပဲဖြစ်ဖြစ် ခွင့်ပြုချက်ကျတာ မမှီလို့ပဲဖြစ်ဖြစ် အသက်ဆုံးရှုံးသွားသူတွေ ရှိနေပါတယ်။

Remdesivir ကို FDA က ကိုဗစ်လူနာတွေမှာ အရေးပေါ်အခြေအနေအတွက် သုံးဖို့ ခွင့်ပြုထားပါတယ်။ Ivermectin ဆေးပြားကိုတော့ FDA က သံကောင်တွေကြောင့်ဖြစ်တဲ့ အူရောဂါတွေမှာ သုံးဖို့ပဲ ခွင့်ပြုထားပြီး ကိုဗစ်လူနာတွေကိုကုဖို့ ခွင့်မပြုထားပါဘူး။ ဒါပေမယ့် ဒီဆေးကို ဆရာဝန်တွေက ပေးနိုင်သလို ဆေးရုံဖက်က တရားစွဲမခံရပဲ စမ်းလိုတဲ့လူနာတွေကို ပေးနိုင်အောင်လည်း Right to Try Act ကို ၂၀၁၈ မေလက ထရမ့်အစိုးရက ပြဌာန်းထားခဲ့ပါတယ်။ ဖလော်ရီဒါမှာလည်း ဒီဆေးနဲ့ ကိုဗစ်ကုနေတာ တနိုင်ငံလုံးမှာ သေဆုံး/ကူးစက်မှုအနည်းဆုံးဖြစ်နေတာဆိုတော့ လှေနံဓါးထစ် ယူဖို့ သင့်/မသင့် နဲ့ FDA ဆိုတာရော ဆေးကုမ္ပဏီတွေရောက သူတော်စင်တွေ ဦးဆောင်နေတာ မဟုတ်ဘူး ဆိုတာကိုတော့ မမေ့ကြဖို့ လိုပါတယ်။

အဲဒီသတင်းကိုမြင်တော့ သမ္မတထရမ့်လက်ထက်က ဈေးလဲချို ပေါပေါများများလည်းရတဲ့ ငှက်ဖျားဆေးကို ကိုဗစ်လူနာတွေနဲ့ ထိတွေ့နေသူတွေ၊ ဖြစ်စလူတွေမှာသုံးရင် ထိရောက်နေတာကို ဝယ်မရ၊ ဆရာဝန်တွေ ပေးမရ၊ အဲဒီအကြောင်းတောင် ပြောမရဖြစ်အောင် တားမြစ်ခဲ့ကြတာ ပြန်ပြောင်း သတိရမိပါတယ်။ ဒီမိုကရက်အားကြီးတဲ့ပြည်နယ်မှာ အုပ်ချုပ်သူတွေတင်မက ဆေးရုံတွေ ကျောင်းတွေအထိပါ ပြည်သူ့အကျိုးကို ရှေ့တန်းမတင်နိုင်တာ ဝမ်းနည်းစရာပါ။ အညံ့စားစိတ်ဓါတ်နဲ့ အညံ့စားအကျိုးပဲ ပေးပါမယ်။

မနေ့က ရေးခဲ့သလိုပဲ အမုန်းတွေ မြေဆွပျိုးထောင်ပေးနေတဲ့ ပတ်ဝန်းကျင်မှာ သတ်ချင်ဖြတ်ချင်လောက်အောင် ဒေါသ ဆီဝသွားပြီဆိုရင် ဒါမျိုးတွေ ထပ်ဖြစ်ပါမယ်ဆိုတာ နေ့တောင်မကူးဘူး၊ မနေ့တုန်းက နယူးယောက်မြို့ ဘရွတ်ကလင်းက အထက်တန်းကျောင်းတခုမှာ ကျောင်းသားတယောက် ကျောင်းနောက်ကျလို့ ရုံးခန်းမှာ လက်မှတ်ဝင်ထိုးနေတုန်း ဝန်ထမ်းတဦးက သူ့ကျောပိုးအိတ်ထဲမှာ လက်နက်ပါလာတယ်လို့ မသင်္ကာတာနဲ့ ရဲကို ဖုံးဆက်လိုက်ပါတယ်။ ရဲကလာစစ်တဲ့အခါမှာ ကျည်အပြည့်နဲ့ ၉မမ သေနတ်အတိုတလက်အပြင် ငွေသား သုံးသောင်းကျော်ပါတွေ့ရတယ်လို့ ဆိုပါတယ်။​ ဒီနှစ်ထဲ အစိုးရကျောင်းတွေမှာ သေနတ်တွေ့တာ အကြိမ်ကြိမ်ပါပဲ။ အောက်တိုဘာလထဲက နေ့တနေ့မှာ တရက်ထဲကို ပစ္စတို ၃လက် တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းတင်မဟုတ်ပါဘူး၊ ဒီကနေ့ ဘရွတ်ကလင်မှာပဲ ကျောင်းကားတစီးကို ခိုးပြီး လမ်းပေါ်မှာ ရပ်ထားတဲ့ ကားတွေကို အရှိန်နဲ့ ဝင်တိုက်ပြီးတော့မှ ရပ်သွားပါတယ်။ အဲဒီတော့မှ ရဲတွေက ဖမ်းလိုက်တာပါ။ လူအသေအပျောက် ဒဏ်ရာရတာ မရှိဘူးလို့တော့ သိရပါတယ်။ ဝစ္စကွန်ဆင်က ခရစ်စမတ် ချီတက်ပွဲထဲ ကားမောင်းဝင်လာလို့ လူ ၅ဦး သေပြီး ၄၈ဦး ဒဏ်ရာရခဲ့တာ ၁၀ရက်ပဲ ရှိသေးတဲ့အချိန်မှာ အခုလို ဖြစ်တော့ အဖြစ်အပျက်တွေက စိပ်လာတယ်ပဲ ပြောရမှာပါ။​

နယူးယောက်တောင်ပိုင်းခရိုင် တရားရုံး အတွက် ဘိုင်ဒန်က အမည်စာရင်းတင်သွင်းထားတဲ့ Dale Ho ဆိုတဲ့သူကလည်း သူ့ကိုယ်သူ အစွန်းရောက်လက်ဝဲသမားလို့ ဖော်ပြခဲ့သူဖြစ်ပြီး နေရာတိုင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ အမြင်ရှိသူဖြစ်ပါတယ်။ Ho က အရင်တုန်းကလည်း ဆီးနိတ်က တရားရေးကော်မီတီဝင် ရီပါဘလစ်ကန်တွေကို ပါတီစွဲနဲ့ တိုက်ခိုက်ခဲ့တဲ့ အစဥ်အလာရှိခဲ့ပါတယ်။ ဆီနိတ်တာ တက်ဒ်ခရုဇ်က ဒီရာထူးကိုရရင် မင်းမှာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်အာဏာတွေ အများကြီး ရှိသွားပြီ၊  နယူးယောက်က အပြာပြည်နယ်ဆိုပေမယ့် အနီပါတီဝင်တဦးဦးက အကြောင်းကြောင်း ကြောင့် မင်းတရားရုံးကို ရောက်လာမယ်ဆိုရင် မင်းလက်ဝဲစွန်းဆံပုံ ဘက်လိုက်ပုံနဲ့ တရားမျှတမှု ဘယ်လို ရမလဲလို့ ထောက်တော့ Ho က ငါအရင်တုန်းက ပြောခဲ့တာတွေက ဟာသအနေနဲ့ ပြောတာပါလို့ လျောချသွားပါတယ်။ Ho ပြောတဲ့ဟာသက အရက်ဆိုင်မှာပြောတဲ့ ဟာသမဟုတ်ပဲ ခရစ်ယာန်ဘုရားကျောင်းမှာ မိန့်ခွန်းပြောတုန်းကဖြစ်နေတာပါ။ တရားသူကြီး လုပ်မယ့်သူရဲ့ သမာဓိ ဆိုပါတော့။

၂၀၂၀ ရွေးကောက်ပွဲမှာ ဘိုင်ဒန်နဲ့ ဒီမိုကရက်တွေဘက်က အများကြီးအသာနဲ့ အနိုင်ရခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ်မှာ ၂၀၂၁ ကျတော့ ရီပါဘလစ်ကန်တွေ ပြိုင်သမျှ နေရာအားလုံးလိုလိုမှာ နိုင်သွားခဲ့တာကြောင့် လက်ဝဲသမား စစ်တမ်းကောက်သူ Brian Stryker က ဘာကြောင့်များ ၁နှစ်အတွင်း ဒီလောက် ပြောင်းလဲသွားသလဲဆိုတာ သိချင်လို့ လေ့လာစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Stryker နဲ့ လုပ်ဖော်ကိုင်ဖက် Oren Savir ဆိုသူတို့က ဗာဂျီးနီးယားမြောက်ပိုင်း ဆင်ခြေဖုံးဒေသတွေနဲ့ ရစ်ချ်မွန်က မဲပေးသူတွေကို focus group လေးတွေဖွဲ့ပြီး ရီပါဘလစ်ကန်တွေကို ဘာကြောင့် မဲပေးခဲ့တဲ့အကြောင်း မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ သူတို့တွေ့လာရတာက ဒီမိုကရက်ပါတီက issue ကိစ္စရပ်တိုင်းမှာ ပြဿနာရှိနေပြီး ပြည်သူကို message ပေးတဲ့ဗျူဟာကလည်း လွဲနေတယ်လို့ ဆိုပါတယ်။​

သူတို့ရဲ့ တွေ့ရှိချက်မှတ်စု ကို နယူးယောက်တိုင်းမ်းစ်နဲ့ တွေ့ဆုံရှင်းပြခဲ့ပြီး ပါတီအနေနဲ့ ရှေ့ကို ဘယ်လိုဆက်သွားသင့်သလဲဆိုတာကို အကြံပြုသွားခဲ့ပါတယ်။ NYT က ၂၀၂၂ မှာ ဝင်ပြိုင်မယ့် ဒီမိုကရက်ပါတီက မင်းတို့ရဲ့  ဖောက်သည်တွေကို ဘယ်လိုအကြံပြုချက်များ ပေးချင်ပါသလဲလို့ မေးရာမှာတော့ စထရိုက်ကာက ငါတို့မှာ ပြဿနာရှိတယ်၊ တနိုင်ငံလုံးမှာ ငါတို့ရဲ့ အမှတ်တံဆိပ်က လူတွေ ထင်ထားတာထက် အများကြီးပိုပြီး နက်နက်ရှိုင်းရှိုင်း ပြဿနာ ရှိနေတယ်၊ ငါတို့ပါတီက ထင်တာက ငါတို့ပြောတာတချို့က ဟိုဖက်ကို မပေါက်ဘူးလို့ပဲထင်တာ၊ ဒါပေမဲ့ ပြဿနာက အဲဒီထက် အများကြီး ပိုနက်နဲတယ်လို့ ဆိုပါတယ်။ စထရိုက်ကာက ဒီမိုကရက်ပါတီရဲ့ ပြည်သူကိုပေးတဲ့ မက်ဆေ့အလွဲတွေကနေ ဖြစ်လာတဲ့ ပြဿနာကြီး ၄ခုကို အောက်ပါအတိုင်း စဥ်ပြထားပါတယ်။

၁။ ငါတို့ရဲ့ အမှတ်တံဆိပ်က ငါတို့ကို အားနည်း ထိခိုက်လွယ်စေတယ်။

၂။ မဲဆန္ဒရှင်တွေဟာ တိုင်ပြည်ဦးတည်နေတဲ့လားရာကို မကြိုက်ကြပဲ အဲဒါကို ငါတို့က သဘောပေါက်တယ်လို့ မထင်ကြဘူး။  

၃။ မဲဆန္ဒရှင်တွေက တိုင်းပြည်စီးပွားရေး ဆိုးရွားနေတယ်လို့ ယုံကြည်ကြပြီး ဘာနံပါတ်တွေ သွားပြပြ သူတို့သံသယက (အနဲဆုံး ရေတိုမှာ) ပျောက်မှာမဟုတ်ဘူး။

၄။ မဲဆန္ဒရှင်တွေက ငါတို့က လူမှုရေးပြဿနာတွေကိုပဲ​ အာရုံစိုက်နေပြီး စီးပွားရေးကို ပစ်ထားတယ်လို့ ထင်ကြတယ်။

Stryker ရော NYT က သတင်းထောက်ရော မယုံနိုင်ဖြစ်နေကြတာက လူတွေက သူတို့ဒီမိုကရက်တွေရဲ့ အကြီးအကျယ်အောင်မြင်မှု တခုဖြစ်တဲ့ မတ်လတုန်းက အတည်ပြုခဲ့တဲ့ ၁.၉ ထရီလီယံ American Rescue Plan ကြီးကို ကျေးဇူမတင်နေကြတာပါ။ အလားတူပဲ ဘိုင်ဒန်ရဲ့ ထိရောက်မှုင်းမဲ့ပြီး နိုင်ငံရေးအာဂျင်ဒါတွေပေါ်မှာ ဘောင်းလန်နေအောင် သုံးထားတဲ့ American Rescue Plan, စွမ်းအင်ပေါ်လစီ စတာတွေနဲ့ ငွေဖောင်းပွမှု ဆက်နွယ်နေတယ်ဆိုတာ အဲဒီ လက်ဝဲသမားနှစ်ယောက် သဘောပေါက်ကြပုံ မရပါဘူး။ အဲဒီတော့ သူတို့ ဆက်တိုင်ပင်တာက ဒါဆို ၂၀၂၂ မှာ ဒီမိုကရက်တွေက ငါတို့ဘာအောင်မြင်မှုတွေ ရထားတာဆိုတာကို ဂုဏ်ပြန်ဖော်နေရမှာပေါ့လို တဦးကပြောပြီး တဦးက ဘိုင်ဒန်အစိုးရကြောင့် ပြည်သူတွေ ဘယ်လို သက်သာချောင်ချိသွားတယ်ဆိုတာ အသားပေးပြောရမယ် ထင်တယ်လို့ မှတ်ချက်ချသွားကြပါတယ်။

ဘာပဲပြောပြော အနှစ် ၅၀လောက် နိုင်ငံရေးလောကထဲမှာ ဖောရှော စားဖား လုပ်ဖူးတာနဲ့ နိုင်ငံကို အုပ်ချုပ်တတ်ပြီတင်သူတွေရော အသာားညိုပြီး မအင်္ဂါ ပါတာနဲ့ ဘာမှ လုပ်တတ်စရာမလိုပဲ မီးရှူးမီးပန်းများ ဖောက်လိုက်သလို သမိုင်းမှာ ဂုဏ်ထည်နေမယ်ထင်တဲ့ သူတွေကတော့ ကုန်ဈေးနှုန်း ဘယ်လောက်တက်တက် အချိန်တန်ရင် အလိမ်ထပ်ခံကြဦးမှာပါပဲ။ အလိမ်ခံနေရမှန်း မသိချင်ကြတော့လည်း ဘယ်သူ ဘာပြောပြော မထူးဘူးလေ။ အမှန်/အရှိကို ရင်ဆိုင်ရဲဖို့ဆိုတာ တော်ရုံသတ္တိနဲ့တော့ မရဘူးပေါ့။

++++++++++++

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: