ဟန်းတားလက်ပ်တော့ပ်ထဲက ထပ်ထွက်လာတဲ့ အစများ

ဟန်းတားဘိုင်ဒန်ရဲ့ လက်ပ်တော့ပ်မှာ ဟန်းတားက သူ့ရဲ့ တရုပ်က ဘောစိများကို ဘယ်သူ့ကို ဘယ်လိုပိုင်ကြောင်း ကြွားထားတာတွေ တွေ့ရတယ်လို့ သိရပါတယ်။ သူပြောထားတဲ့ထဲမှာ ပထမဆင့် ပစ်မှတ်ထားတဲ့ ပရောဂျက်တွေအတွက် ပြည်တွင်းက အရေးပါတဲ့ အဆက်အသွယ်တွေအနေနဲ့ ဂယ်ဗင်နယူဆမ်၊ အန်ဒရူးကိုမို၊ ဆီနိတ်တာများဖြစ်ကြတဲ့ ချပ်ခ်ရှူးမား၊ ခရစ်စတန် ဂျီလီဘရန်းတို့အပြင် ဒိုင်ယန်းဖိုင်းစတိုင်းနဲ့ ကမလာတို့ ပါဝင်ပါတယ်။ နယူဆမ်ကိုတော့ ဟန်းတားရဲ့ သူငယ်ချင်းလို့ ဖော်ပြထားပြီး အဲဒီအချိန်မှာ ပလိုးစီရဲ့တူ နယူဆမ်က ဆန်ဖရန်မြို့ဝန်လုပ်နေဆဲပါ။

ဘိုင်ဒန် ဒုသမ္မတလုပ်နေတုန်းက ဟန်းတားကို တလ ဒေါ်လာ ၈၃,၃၃၃ ပေးထားတဲ့ ယူကရိန်းက ဘူရစ်စ်မာပိုင်ရှင်ကလည်း ဟန်းတားရဲ့ တာဝန်တွေဖြစ်တဲ့ သူတို့အပေါ် နားလည်မှုရှိတဲ့ သံအမတ်ကို ယူကရိန်းမှာထားဖို့၊ သူတို့ကုမ္ပဏီအကြောင်းကို ပရိုက်ဗိတ်ဆက်တာမှာရော ပါ့ဘလစ်ဆက်တာမှာပါ ကောင်းသတင်းပျံ့နှံ့ဖို့၊ ကုမ္ပဏီဥက္ကဋ္ဌကို ယူကရိန်းခေါင်းဆောင်တွေကြား ထောက်ခံကာကွယ်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။ အဲဒါကြောင့် ဘူရစ်စ်မာကို ယူကရိန်းအစိုးရက စစ်ဆေးမယ်လုပ်တဲ့အချိန်မှာ ဘိုင်ဒန်က ယူကရိန်းကိုသွားပြီး ဘူရစ်စ်မာကို စစ်ဆေးမယ်ဆိုရင် ယူကရိန်းကိုပေးမယ့် အထောက်အပံ့တွေ မပေးတော့ဘူးလို့ အကြပ်ကိုင်ပြီး စစ်ဆေးဖို့ ကြိုးစားတဲ့ ရှေ့နေချုပ်ကိုပါ ရာထူးက ပယ်ရှားဖို့ ပါလီမန်မှာ တက်ပြီး မိန့်ခွန်းခြွေခဲ့တာပါ။ နိုင်ငံငယ်လေးတွေရဲ့ လွတ်လပ်ခွင့်ကို တော်တော်ကြီး အလေးထားပုံပါပဲ။

ဂျိုးဘိုင်ဒန်ရဲ့ ညီ ဂျင်ကလည်း အန်ဒရူးကိုမိုကို ဟန်းတားနဲ့ တရုပ်စီအက်ဖ်အီးစီက ဇန်းကျန်ကျွံတို့ကို တွေ့ဆုံဖို့ စာရေးတိုက်တွန်းလိုက်ပြီး ဇန်းရဲ့သမီးအတွက် ထိပ်တန်းပုဂ္ဂလိကကျောင်းမှာ ဝင်ခွင့်ရအောင် စီစဥ်ပေးခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ ဇန်းက ဟန်းတားရဲ့ ပါတနာ ဘိုဘျူလင်းစကီးပြင်ပေးတဲ့ စာချုပ်နဲ့ ဟန်းတားကို ၁၀သန်းပေးဖို့ လက်မှတ်ထိုးလိုက်ပါတယ်။ ဒါပေမဲ့ ဆီနိုဟော့ခ်ကတဆင့်တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဟန်းတားက ကြားဖြတ်သဘောတူညီမှုတခုနဲ့ ၆သန်းကို သူနဲ့ သူ့ဦးလေး ဂျင်မ်အိတ်ထဲ ဖြတ်ယူသွားလို့ပါပဲ။ 

ဟန်းတားရဲ့ အဆက်အသွယ်တွေက ပြည်တွင်းမှာတင် မကပါဘူး။ တကမ္ဘာလုံးမှာရှိတယ်လို့ ကြွားထားတာပါ။ အဲဒီနာမည်တွေထဲမှာ ကိုလံဘီယာက သမ္မတ ဝှမ်မန်နျူရယ်ဆန်းတို့စ်၊ အာဂျင်တီးနားသမ္မတ မောရစ်ခို မက်ကရီ၊ အိုင်ယာလန်က ဝန်ကြီးချုပ် အန်ဒါကန်နီနဲ့ အိန္ဒိယက အချမ်းသာဆုံးသူဌေးကြီး မူကက်ရှ်အမ်ဘာနီတို့ ပါဝင်ပါတယ်။ မက္ကဆီကိုက ဘီလျှံနာသူဌေးကြီး ကားလို့စ်စလင်းမ်ကတော့ အရမ်းသဘောကောင်းတယ်လို့ အထူးဖော်ပြခြင်းခံရသူပါ။ ဟန်းတားနဲ့ ပေါင်းလုပ်ကြတဲ့ ဆီနိုဟော့ခ်က အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ မက္ကဆီကိုနဲ့ ယူအေအီးနိုင်ငံတွေမှာ စာချုပ်နဲ့လုပ်ငန်းတောင် စနေပြီလို့လည်း လက်ပ်တော့ပ်ထဲက စာရွက်စာတမ်းများမှာ ဖော်ပြထားပါတယ်။​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: