အိပ်မပျော်သူတွေအတွက် မစွဲပဲ အိပ်ပျော်စေတဲ့ ဆေးတမျိုးဖြစ်တဲ့ မယ်လာတိုနင်ဆေးက ကိုဗစ် ပေါ့စတစ်ဖြစ်နိုင်ခြေကို လျော့ချပေးရုံမက သွေးခဲတာ၊ အဆိပ်တက်တာနဲ့ ကိုဗစ်ကြောင့် ဖြစ်ရတဲ့ ဆိုးရွားတဲ့ လက္ခဏာတွေကို ရှောင်ရှားနိုင်တဲ့အပြင် ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရတာတွေကိုပါ လျော့ချနိုင်စွမ်းရှိကြောင်း တွေ့ရှိရတယ်လို့ အဓိကစမ်းသပ်ချက် ၂ခုမှာ ဖော်ပြထားကြောင်း သိရပါတယ်။ ဒါ့အပြင် ကိုယ်ခံအား ထိန်းညှိခြင်း၊ အကျိတ်အခဲများ ကြီးထွားခြင်းမှ ရပ်တံ့စေခြင်း၊ ကယ်လ်စီယံအပေါ် မှီခိုနေရတဲ့ ဇီဝဖြစ်စဥ် စတာတွေအပေါ်မှာလည်း သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။
မယ်လာတိုနင်ကို ခန္ဓာကိုယ်ထဲက တစ်ရှုးတော်တော်များများက ထုတ်နိုင်ပေမယ့် အဓိကထုတ်လုပ်ပေးနေတာကတော့ ဦးနှောက်အလယ်နားမှာရှိတဲ့ pineal gland ဆိုတာလေးက ထုတ်ထာများပါတယ်။ စမ်းသပ်ချက်တွေမှာ မလာတိုနင်ပေးထားတဲ့ အုပ်စုမှာ သေနှုန်း ၁.၂ % ရှိပြီး မပေးတဲ့အုပ်စုမှာ ၁၇.၁% အဖိတ်အစင်ရှိတယ်လို့ သိရပါတယ်။ စျေးလဲချို၊ ဝယ်လို့လဲလွယ်၊ ထိလဲထိရောက်တာကြောင့် ပိုတိတိကျကျ သိရအောင် သုတေသနတွေ ထပ်လုပ်သွားမယ်လို့ သုတေသီတွေက အောက်တိုဘာလက ထုတ်ဝေတဲ့ the International Journal of Infectious Diseases မှာ ရေးသားထားကြောင်း the Epoch Times က Joseph Mercola က ဖော်ပြထားပါတယ်။
ပင်ဆယ်လ်ဗေးနီးယားက UPMC ရဲ့ ICU မှာ တက်နေတဲ့ ကိုဗစ်လူနာတဦးဖြစ်တဲ့ Keith Smith ကို ဆရာဝန်တွေက အီဗာမက်တင်ပေးဖို့ ငြင်းဆိုခဲ့တဲ့အတွက် ဇနီးဖြစ်သူက အဆိုပါဆေးနဲ့ ကုခွင့်ရဖို့ တရားရုံးကို ဦးတိုက်လျောက်ထားခဲ့ရာမှာ ၄ရက်အကြာ ခွင့်ပြုမိန့်ကျချိန်မှာ အချိန်မီသေးတဲ့အတွက် ဆေးစသောက်နေပြီဖြစ်ပါတယ်။ အီဗာမက်တင်က လူတွေ သုံးစွဲနေတာ ၃၅နှစ် ရှိပြီဖြစ်ပြီး တကမ္ဘာလုံးဆိုရင် အကြိမ်ပေါင်း ၄ ဘီလီယံကျော်တောင် သုံးစွဲခဲ့ပြီလို့ သိရပါတယ်။ အမေရိကန်ကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တိုင်း ကိုလည်း အဲဒီဆေးပေးခဲ့တဲ့အထိ စိတ်ချရတာပါ။
ဒီအမှုကို လိုက်ပေးတဲ့ ဘတ်ဖဲလိုးမြို့က ရှေ့နေ Ralph Lorigo က သူတယောက်ထဲတင် အလားတူ အမှုပေါင်း ၁၀၀ကျော် လိုက်ပေးနေရပြီး သုံးပုံတပုံက တရားရုံးခွင့်ပြုမိန့်မကျခင် ဆုံးပါးသွားကြပြီလို့ ဆိုပါတယ်။ စနေတနင်္ဂနွေ ပိတ်ရက်၂ရက်ထဲမှာတင် သူ့ဆီ ၃၇ဦးလောက် ဆက်သွယ်လာကြတယ်လို့ ဆိုပါတယ်။ မခက်တာခက်အောင် မရှုပ်တာရှုပ်အောင်လုပ်ပြီး ကိုဗစ်အကြောက်ဇတ်လမ်းကို ဆက်လက် အသက်သွင်းချင်နေသူတွေကို အံ့ဩမိပါတယ်။ ပိုဆိုးတာက ကမ္ဘာမှာ အမေရိကန်က စံပြ ရှေ့ဆောင်လိုဖြစ်နေတော့ တကမ္ဘာလုံးက နည်းမှားတွေ အတုလိုက်ယူကြရင် တသီကြီး ဒုက္ခများကြဦးမှာပါ။
ကယ်လီဖိုးနီးယားမှာ လုယက်ဖောက်ထွင်းတာတွေ ဖြစ်နေခဲ့တာမှာ အခုဆိုရင် ဟောလီဝုဒ်က နာမည်ကျော်တွေနေတဲ့ ဘီဗာလီဟေးလ်ထိတောင် ရောက်လာပြီလို့ ဆိုပါတယ်။ ဂီတသမား Clarence Avent ရဲ့ဇနီး အသက် ၈၁ ရှိ Jacqueline Avant က သူ့ရဲ့ ဘီဗာလီဟေးလ်ကအိမ်မှာ ပြီးခဲ့တဲ့အပတ်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ အောက်တိုဘာထဲမှာ Real Housewives of Beverly Hills က သရုပ်ဆောင် Dorit Kemsley ရဲ့ ဗီဗာလီဟေးလ်ကအိမ်ကို ဓါးပြတွေက နောက်ယောင်ခံလိုက်လာပြီး အိမ်ထဲထိ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဘီဗာလီဟေးလ်က နေရာကောင်းမှာ Brooklyn Projects စကိတ်ဘောဒ်ဆိုင် ဖွင့်ထားသူ Dominick DeLuca က သူ့နေရာက တကယ့်ပစ်မှတ် ပါပဲ၊ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၃ကြိမ် အဖောက်ခံရပြီးပြီမို့ သေနတ်ဆောင်ထားရတယ်လို့ ဆိုပါတယ်။
LA ရဲအကြီးအကဲကတော့ ရာဇဝတ်ကောင်တွေကို ပိုဖမ်းဖို့လိုတယ်၊ အခုဖြစ်နေတဲ့ ရိုက်ခွဲ ယူပြေး (Smash & grab) ကြတဲ့ သူခိုးတွေကို အမှုရုံးချိန်းမတိုင်ခင် ပြန်လွှတ်ကြတဲ့အတွက် ခိုးမှုတွေ ကျဆင်းမနေတာပါလို့ ဆိုပါတယ်။ ရဲတွေ တိုးချမှာကိုလည်း ဘီအယ်လ်အမ်က ကန့်ကွက်ပြန်ပါတယ်။
အဲဒီတော့ လုံခြုံရေးငှားပြီး ခြံစည်းရိုးမြှင့်ကြမလား၊ ရာဇဝတ်မှုတွေကို တင်းတင်းကျပ်ကျပ်ကိုင်တဲ့ အစိုးရကို ရွေးမလားဆိုတဲ့အပေါ်မှာ ရွေးချယ်မှု မှန်ပါစေလို့ပဲ ဆုတောင်းပါတယ်။
ဖောက်ထွင်းလုယက်တာတွေ ပြောရင်းနဲ့ ပတ်သက်တာတခု တွေ့မိပါတယ်။ တစ်တော့ထရန်းဒ်တခုပါ။ ညသန်းခေါင်/ကျော်ဆိုရင် လူငယ်လေးတွေက ရပ်ကွက်ထဲက အိမ်တွေရဲ့ တံခါးတွေကို ကန်ဖွင့်တဲ့ စိန်ခေါ်မှုပါ။ အခုလို ဖောက်ထွင်းမှုတွေ များနေချိန်မှာ လူတွေက အလိုလို သွေးလန့်နေတာဖြစ်လို့ တကယ့်ဖောက်ထွင်းသမားထင်ပြီး သေနတ်နဲ့ ထွက်ပစ်လိုက်ရင် အကျိုးနည်းကြဦးမှာပါ။ စတဲ့ကလေးက လူမည်း၊ ပစ်လိုက်တာက လူဖြူဆိုရင်တော့ အဲဒီအမှုက မီးခိုးကြွက်လျောက် သွားဦးမှာပါ။ မကြာသေးမီကလည်း တစ်တော့ထရန်းစိန်ခေါ်မှုတခုမှာ ဆရာကို ရိုက်နှက်နေတာ တွေ့လိုက်ပါတယ်။ အရေးယူတယ်လည်း မကြားမိတော့ တရုပ်နဲ့ ပတ်သက်သမျှ တစ်တော့တောင် ဥပဒေအထက် ရောက်နေသလိုပါပဲ။
လူ ၃၄ဦးပါတဲ့ ဘိုင်ဒန်ရဲ့ Supreme Court နဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေလုပ်ဖို့ လေ့လာတဲ့ ကော်မီတီက နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးမှာ တရားသူကြီးထပ်တိုးဖို့ ထောက်ခံသွားမှာ မဟုတ်ဘူးလို့ ဒီကနေ့ထုတ်ပြန်တဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တိုးလိုက်ရင် အခြေခံဥပဒေအပေါ် အများကြီး ထိခိုက်သွားနိုင်သလို တိုးသင့်တဲ့ ခိုင်မာလုံလောက်တဲ့အကြောင်းလည်း မတွေ့ဘူးလို့ ဆိုပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ တရားသူကြီး ၉နေရာက ၁၈၃၇ခုနှစ်ထဲက သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ထရမ့်လက်ထက်က အမြင့်ဆုံးတရားရုံးက လစ်လပ် တရားသူကြီး ၃ နေရာကို ခန့်အပ်ခဲ့တဲ့အတွက် ကွန်ဆာဗေးတစ် အင်အား များနေတာရယ်၊ ရာထူးတွေက ကိုယ်တိုင်မနှုတ်ထွက်မချင်း ရာသက်ပန်ဖြစ်နေတာရယ် ကြောင့် ဒီမိုကရက်တွေက တရားသူကြီးအရေအတွက် တိုးချဲ့ဖို့ မောင်းတင်နေတာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကထဲကပါ။
ရှီကာဂိုမှာ ကြမ်းတမ်းရာဇဝတ်မှုတွေ အလွန်အမင်း မြင့်တက်လာနေတာကြောင့် လက်ရှိရဲတွေကို နားရက် ၂ရက် မပေးနိုင်ပဲ စနေ တနင်္ဂနွေမဟုတ်တဲ့ ၁ရက်ပဲ နားခွင့်ပေးတယ်လို့ ဆိုပါတယ်။ ရဲအလုပ်က ကိုယ်ရော စိတ်ရော ပင်ပန်းတဲ့အလုပ်ဖြစ်လို့ လုံလောက်တဲ့ နားရက်မရခဲ့ရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေအပေါ်မှာ လိုတာထက်ပိုပြီး ပြစ်ဒဏ်ပေးကိုင်တွယ်ကြဦးမှာလားလို့ တွေးမိနေပါတယ်။ ဘတ်စ်ကားမောင်းသူကို လူငယ်တွေ အုပ်စုလိုက် ဝိုင်းရိုက်ကြတာ ဒီလထဲတင် ၂ကြိမ်ရှိနေပါပြီ။ ရန်ပွဲတွေ ဖြန်ဖြေရင်း ထိခိုက်ဒဏ်ရာရတဲ့ ရဲတွေလည်း မနည်းတော့ပါဘူး။ ရှီကာဂို မြို့ဝန်ကလည်း လူမျိုးရေးမှိုင်းတိုက်၊ ရာဇဝတ်သားအားပေးတာတွေကလွဲလို့ ကောင်းတာ ဘာတခုမှ လုပ်မပြနိုင်သူဖြစ်ပါတယ်။
ဘိုင်ဒန်က ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်ရင် အမေရိကန်နဲ့ မဟာမိတ်တွေက စီးပွားရေး ပိတ်ဆို့မယ်လို့ ပူတင်ကို ပြောလိုက်ပါတယ်။ ပိတ်ဆို့မှုမှာ ဘာတွေ ပါမလဲဆိုတာကိုတော့ ဆူလီဗန်က ဘာမှ သေချာ ပြောမသွားပါဘူး။ ရုရှားတွေက (အိုဘားမားလက်ထက်) ၂၀၁၄ မှာ ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်စဥ် ကလည်း အခုလိုပဲ နယ်စပ်မှာ စစ်အင်အား တိုးမြှင့်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ သူတို့သိမ်းမယ့်နိုင်ငံအပေါ် ဆန့်ကျင်တဲ့ ရေးသားမှုတွေနဲ့ ပြည့်နေအောင် လုပ်ထားခဲ့တယ်လို့ အမေရိကန်အရာရှိတချို့က ထောက်ပြကြပါတယ်။ လောလောဆယ် ယူကရိန်းနယ်စပ်မှာ ရုရှားတပ်အင်အား ၉သောင်းကျော် ချထားတာဖြစ်ပါတယ်။
ဆူလီဗန်ကတော့ ၂၀၁၄တုန်းက မလုပ်ဖြစ်ခဲ့တာတွေ အခုလုပ်ဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ရင် ဂျာမဏီက ထွက်တော့မယ့် မာကယ်လ်ရော အသစ်ဝင်လာမယ့် ဝန်ကြီးချုပ်ရောကို ရုရှားက တင်သွင်းနေတဲ့ the Nord Stream 2 ရေနံပိုက်လိုင်းကို ဘာလုပ်မယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ ဒီမိုကရက်ခေါင်းဆောင်တွေ အရာရှိတွေကို မကြိုက်ဆုံးအချက်က အဲဒါပါပဲ၊ ဘာမှ တိတိပပ မပြောပဲ မျှော်လင့်ချက်လေးတွေပေးပြီး စကားလုံးလှလှတွေနဲ့ အဖျားရှူးတတ်တဲ့ ဘိုင်ဒန်အစိုးရက ဒီတခါရော ဘာပုံပြင်ပြောဦးမှာလဲလို့ စောင့်ကြည့်ရဦးမှာပါ။ ခေါင်းဆောင်ညံ့တော့ ရုရှားကလည်း မလေးစား၊ တရုပ်ကလဲ စော်ကား၊ အီရန်ကလည်း မခန့်နဲ့ နောက် ၃နှစ် ဘယ်လိုစခန်းသွားရဦးမှာပါလိမ့်။