ဒီဇင်ဘာ ၈ ရက် ၂၀၂၁

ထရမ့်ကို ထောက်ခံတဲ့ အောက်လွှတ်တော်အမတ် Matt Gaetz က ၂၀၂၂ ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်အများစုနိုင်ခဲ့ရင် ထရမ့်ကို လွှတ်တော် ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ခန့်အပ်ဖို့ လှုံ့ဆော်ကြိုးစားနေပါတယ်။ လွှတ်တော် ပြောရေးဆိုခွင့်ရှိသူက အင်္ဂါစဥ် ၃ ဖြစ်ပြီး သမ္မတနဲ့ ဒုသမ္မတတို့ မရှိတော့လျင် (သို့) တာဝန်မထမ်းဆောင်နိုင်ခဲ့လျင် သမ္မတရာထူးကို ရယူရမယ့်သူပါ။ အဲဒီရာထူးကိုရဖို့ လွှတ်တော်အမတ် ဖြစ်စရာ မလိုဘူးလို့ ဆိုပါတယ်။​ သမ္မတထရမ့်ကို သူ့ရဲ့ အကြံအစည်ပြောထားတယ်ဆိုပေမယ့် လက်ခံမယ်/မခံဘူးဆိုတာကိုတော့ ထရမ့်ဘက်က ပြောရေးဆိုခွင့်ရှိသူတွေက အကြောင်း မပြန်သေးပါဘူး။

တခုပဲရှိတာက လွှတ်တော်ပြောရေးဆိုခွင့်ရှိသူအနေနဲ့ သမ္မတနေရာကို ရောက်ဖို့ဆိုလျင် သမ္မတကို အောင်အောင်မြင်မြင် impeach လုပ်ပြီး ဖြုတ်ချရမှာဖြစ်ပါတယ်။ အောက်လွှတ်တော်ကို impeachment ဖြတ်ဖို့က ထက်ဝက်ကျော်မဲရဖို့ အခက်အခဲမရှိပေမယ့် အထက်လွှတ်တော်မှာ ၃ပုံ ၂ပုံ မဲရဖို့ဆိုတာ ဒီမိုကရက်မဲ မပါပဲ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒီမိုကရက်ဆီနိတ်တာတွေထဲမှာလည်း ဘိုင်ဒန်အစိုးရရဲ့ ပေါ်လစီတွေကို မကြိုက်ကြတာ ရှိပေမယ့် ငါနဲ့မတူ ငါ့ရန်သူလုပ်တတ်တဲ့ ရှူးမားတို့ရဲ့ ဖိအားပေးတာကို ခံကြပါ့မလားဆိုတာကလည်း စဥ်းစားစရာဖြစ်ပါတယ်။ တိုင်းပြည်မျက်နှာ ပြည်သူအကျိုးကို ကြည့်သူများမယ်ဆိုရင်တော့ အခုလို ဘီးတပ်ဆင်းနေတဲ့ နိုင်ငံကြီး အသက်ရှုချောင်မှာဖြစ်သလို ကမ္ဘာတလွှားက လွတ်လပ်မှု မြတ်နိုးကြသူများအတွက်လည်း သတင်းကောင်းဖြစ်လာမှာပါ။

FDA က ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ဒေတာတွေကို နောင် ၇၅နှစ်ကြာမှ ထုတ်ပြန်ခွင့်ရဖို့ တရားသူကြီးကို တောင်းဆိုလိုက်ပါတယ်။ လက်ရှိ ဝန်ထမ်း ၁၀ဦးနဲ့ တလကို စာမျက်နှာ ၅၀၀ ထက်ပိုမြန်အောင် လုပ်ဖို့ ဖြစ်နိုင်ပေမယ့် အရင်တခါ တင်ပြတုန်းကထက် စာမျက်နှာပေါင်း ၅၉,၀၀၀ ကျော် ပိုများနေတဲ့အတွက် အရင်တခါကထက် အနှစ် ၂၀လောက် ပိုအချိန်ယူဖို့ လျောက်ထားတာဖြစ်ပါတယ်။ ဘီလျံနဲ့ချီ အမြတ်ရမယ့် အဲဒီဆေးကို အရေးပေါ်သုံးဖို့ အတည်ပြုဖို့တော့ ၁၀၈ ရက်ပဲ အချိန်ယူခဲ့ပြီး သုံးစွဲသူအတွက် ဘေးထွက်ဆိုးကျိုးစသည်ရှိ/မရှိကို ကြည့်ဖို့ကျတော့ မဖြစ်နိုင်တဲ့အချိန်တွေနဲ့ အကြောင်းပြနေတာကိုကြည့်ရင် FDA အပေါ် ဆေးကုမ္ပဏီတွေရဲ့ လွှမ်းမိုးမှုကို သိနိုင်ပါတယ်။   

Johnson & Johnson ကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေမှာ ခုခံအားဖရိုဖရဲဖြစ်စေတဲ့ ရောဂါတခုဖြစ်တဲ့ Guillain-Barre syndrome ဖြစ်ဖို့အခွင့်အလမ်း ပိုများတယ်လို့ သုတေသနတခုမှာ ဖော်ပြထားပါတယ်။ အဲဒီအတွက် ဒေတာတွေကိုတော့ CDC ရဲ့ Vaccine Safety Datalink က ယူတယ်လို့ သိရပါတယ်။​ ဖြစ်နှုန်းက ဆေးထိုးပြီး ၃ပတ်အတွင်းမှာ လူတသိန်းကို ၃၄.၆ ဖြစ်ပြီး အရင်မှတ်တမ်းတင်ထားတဲ့ တသိန်းကို ၂ဦးနဲ့ စာရင် တော်တော်များနေတာကို တွေ့ရမှာပါ။​ J&J ဆေးကြောင့် GBS ဖြစ်တဲ့နှုန်းက ဖိုင်ဇာတို့ မော်ဒါးနားတို့လို mRNA ပုံစံကာကွယ်ဆေးနဲ့စာရင် နည်းတယ်လို့ သုတေသီတွေက ကောက်ချက်ချကြပါတယ်။ အဆိုပါ သုနေသနတွေ့ရှိချက်က CDC နဲ့ FDA တို့သုံးတဲ့ passive reporting system တခုဖြစ်တဲ့ the Vaccine Adverse Event Reporting System က တွေ့ရှိချက်တွေကို အတည်ပြုတယ်လို့ ဆိုပါတယ်။

ဘိုင်ဒန်အစိုးရရဲ့ surgeon general က ပြင်းထန်တဲ့ လော့ဒေါင်းတွေကြောင့် ငယ်ရွယ်သူတွေမှာ စိတ်ကျန်းမာရေး စိန်ခေါ်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တာတောင် ကျောင်းသွားဖို စိတ်မပါကြသလို အတန်းကစောထွက်ပြီး သန့်စင်ခန်းကို သွားသလိုနဲ့ အတန်းချိန်တွေကို ရှောင်နေကြတယ်လို့ ရေးသားထားပါတယ်။ ကိန်းဂဏန်းတွေအရ ပန်ဒဲမစ်ထဲမှာ စိတ်ဓါတ်ကျတာ ၂၅%နဲ့ စိတ်ပူပန်သောကရောက်တာ ၂၀% ဆိုတော့ အရင်ကထက် ၂ဆ တက်လာတယ်လို့ ဆိုပါတယ်။ လူငယ်လေးတွေကြား သတ်သေဖို့ကြိုးစားရင်း ဆေးရုံရောက်လာတဲ့ထဲမှာ မိန်းကလေးက ၅၁% တက်လာပြီး ယောက်ကျားလေးတွေက ၄% တက်လာတယ်လို့ သိရပါတယ်။ အဲဒီလိုဖြစ်သူအများစုက ပြည်ပက ဝင်ရောက်လာသူတွေ၊ မစွမ်းမသန်တွေနဲ့ ဝင်ငွေနည်း အရောင်ရှိမိသားစုတွေက များတယ်လို့ သိရပါတယ်။

ဒီမိုကရက်တွေက လွန်ခဲ့တဲ့ ၄နှစ်လုံး သမ္မတထရမ့်ကို ရုရှားရဲ့ ရုပ်သေးရုပ်အနေနဲ့ စွပ်စွဲနေခဲ့ကြေပေမယ့် တကယ်တမ်း ယူကရိန်းကို အိုဘားမားက အသင့်စားအစာတွေနဲ့ စောင်တွေ လောက်ပဲ ကူခဲ့ပေမယ့် ထရမ့်က တင့်ကားပစ်ဒုံးကျည်တွေ ပို့ကူခဲ့တာရယ်၊ ရုရှားရဲ့ proxy ဖြစ်တဲ့ Bashar al-Assad ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဆီးရီးယားက ရုရှားကြေးစားတပ်တွေကိုပါ ထရမ့်အစိုးရက ရှင်းထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ဟန်းတားဘိုင်ဒန်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီကို ယူကရိန်းအစိုးရကို စုံစမ်းခိုင်းပြီး မစုံစမ်းခဲ့ရင် အထောက်အပံ့မပေးဘူးလို့ ဖိအားပေးတာကြောင့် ဒီမိုကရက်တွေက ထရမ့်ကို impeach လုပ်ခဲ့ကြပါတယ်။ ဂျိုးက ဟန်းတားကို ဝယ်ထားတဲ့ကုမ္ပဏီကို ယူကရိန်းရှေ့နေချုပ်က စစ်မယ်လုပ်တုန်းက အထောက်အပံ့တွေ မပေးတော့ဘူးလို့ ခြိမ်းခြောက်ခဲ့သလို စစ်တဲ့ရှေ့နေချုပ်ကိုပါ ဖြုတ်ခိုင်းခဲ့တာပါ။ ဒါပေမဲ့ ဘယ်ဒီမိုကရက်ကမှ သဲ့သဲ့လေးတောင် မဝေဖန်ကြတော့ ဝေစုရလို့ ငြိမ်နေကြသလားလို့ မေးစရာရှိပါတယ်။​

ယူကရိန်းနဲ့ ဥရောပရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ the Nord Stream 2 ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ယူကရိန်းကို ဘာသံမှ မထွက်အောင် ခြိမ်းခြောက်ခဲ့တာက ဘိုင်ဒန်အစိုးရဖြစ်ပါတယ်။ အဲဒီပိုက်လိုင်းနဲ့ ရုရှားက ဥရောပကို ရေနံတင်ပို့မှာဖြစ်လို့ ရုရှားကို အင်အားကောင်းစေမယ့် ပိုက်လိုင်းကို  ထရမ့်က ကန့်ကွက်နေခဲ့တာပါ။ ဘိုင်ဒန်က ရုရှားရဲ့ ပိုက်လိုင်းကို ကာကွယ်ပေးနေတာဆိုတော့ ဘယ်သူက ဘယ်သူ့ရုပ်သေးလဲဆိုတာ သိပ်စဥ်းစားစရာ လိုမယ်မထင်ပါဘူး။

အလားတူပဲ ဘိုင်ဒန်တို့ ဒီမိုကရက်တွေက ထရမ့်ကြောင့် စစ်ဖြစ်မယ်၊ ထရမ့်ကနိုင်ငံရေးနားမလည်ဘူး စသဖြင့် မှိုင်းတိုက်စွပ်စွဲခဲ့ကြပေမယ့် တကယ်တမ်းမှာ စစ်အင်အား ဖြည့်တင်းပြီး ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်မှုကြောင့် ဘာစစ်ပွဲမှ မစခဲ့တဲ့ သူ့ကြောင့် ဘယ်အမေရိကန်စစ်သည် အကျအဆုံးမရှိခဲ့တဲ့ ရှားရှားပါးပါးသမ္မတအဖြစ် ထရမ့်တယောက် သမိုင်းဝင်ခဲ့ပါတယ်။ ဘယ်အာဏာရှင်မှလည်း ပုဆိုးခြုံထဲက လက်သီးပြတာကလွဲလို့ နားရွက်မခတ်ရဲခဲ့ကြတာ အများအမြင်ပါပဲ။ ဘိုင်ဒန်တက်လာပြီးမှ တရုပ်ကလည်း တိုင်ဝမ်ကို သိမ်းဖို့ပြင်၊ ရုရှားကလည်း ယူကရိန်းကို ကျူးကျော်ဖို့ပြင်၊ အီရန်ကလည်း နျူလက်နက်ရခါနီး၊ ကမ္ဘာတလွှားက တရုပ်မြှောက်ပေးထားတဲ့ အာဏာရှင်တွေလည်း အာဏာတွေထသိမ်းနဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေပါတော့တယ်။

အာဖဂန်မှာတုန်းက အရည်အချင်းပြခဲ့တဲ့ ဘိုင်ဒန်ကို ရုရှားက ပူတင်က ဘယ်လိုမှ လေးစားမှာ မဟုတ်တဲ့အတွက် အခုယူကရိန်းကိစ္စမှာ အတင့်ရဲလာမှာက သေချာသလောက်ပါပဲ။ ယူကရိန်းက ဩဇာရှိသူတွေရဲ့ ပေးစာကမ်းစာကို စားထားသူအနေနဲ့ ဘိုင်ဒန်က ယူကရိန်းကို ကာကွယ်ပေးဖို့ ဟိုဖက်က ဖိအားပေးလာခဲ့ရင် ပြည်သူ့အခွန်ဘဏ္ဍာတွေအပြင် တိုင်းပြည်ရဲ့ သားသမီးတွေပါ ဆုံးရှုံးနိုင်ခြေ ရှိနေတာက စိုးရိမ်စရာပါ။ တိုင်းပြည်ကို ဦးဆောင်တဲ့သူက အရည်အချင်းမရှိတဲ့အပေါ်မှာ ခြစားတာက ဆင့်ထားတော့ တိုင်းပြည်အတွက် တော်တော် ခက်ခဲမယ့် အနေအထားပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: