ဒီဇင်ဘာ ၁၈ ရက် ၂၀၂၁

တရုပ်ပြည်မှာ Evergrande ကုမ္ပဏီကြီး အကြွေးတွေမဆပ်နိုင်ပဲ အကျပ်အတည်းဖြစ်နေတဲ့အတွက် သူ့ရဲ့ မြီရှင်တွေ ဆက်စပ်ပတ်သက်နေသူတွေပါ အကျပ်အတည်း ဖြစ်နေပါတယ်။ Evergrande က အိမ်ခြံမြေနဲ့စတာဆိုပေမယ် စောစောပိုင်းတုန်းက အကျိုးအမြတ်များတဲ့အတွက် တရုပ်တွေ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံခဲ့ကြတာကြောင့် ဆက်စပ်ပတ်သက်နေသူတွေ ကဏ္ဍစုံမှာ ရှိနေတာပါ။

အခုတော့ အဲဒီပြဿနာတွေအပြင် ကမ္ဘာတလွှမ်း ဖြစ်ပွါးနေတဲ့ ကုန်ကြမ်းအခက်အခဲနဲ့ ကုန်စည်စီးဆင်းမှုအခက်အခဲတွေပါ ထပ်ဆင့်လိုက်တော့ တရုပ်ကုမ္ပဏီကြီးတွေမှာ ၂၅-၃၀% လောက်အထိ လုပ်သားလျော့ချတာတွေ ဖြစ်နေတယ်လို့ China Observer က ဆိုပါတယ်။ ဒါတင်မက အစိုးရဌာနတွေမှာပါ မကြေငြာပဲ ၂၅% အထိ လခလျော့တာတွေ ဖြစ်နေတယ်လို့လည်းဆိုပါတယ်။

အစိုးရဝန်ထမ်းတွေရဲ့ အခြေခံလခက အစိုးရက အာမခံတယ်ဆိုပေမယ့် အစိုးရဌာနတွေကလည်း သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်တွေပေါ်မှာ မူတည်ပြီး ခံစားခွင့်ကို ပေးရတာဆိုတော့ ခံစားခွင့်တွေ လျော့သွားတာလည်း ဖြစ်နိုင်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစိုးရအာဏာကို ချွင်းချက်မရှိ လိုက်နာရုံကလွဲလို့ ဘာအာမခံချက်မှမရှိတဲ့ ကွန်မြူနစ်စနစ်မှာ အစိုးရကို အာခံခွင့်မရှိတော့ အစိုးရဘာလုပ်လုပ် အံကျိတ်ခါးစီးပြီး ခံရုံပဲ ရွေးစရာရှိပါတယ်။

သင်ခန်းစာယူစရာကတော့ ကမ္ဘာကို ကိုဗစ်နဲ့ ဗြောင်းဆန်အောင် လုပ်ခဲ့လို့ အမေရိကန်မှာရော ကမ္ဘာမှာရော သူတို့လူတွေ တစခန်းထခွင့်ရခဲ့ပေမယ့် အခုလိုကမ္ဘာ့ရွာခေတ်ကြီးမှာ ကိုယ်မွှေးတဲ့မီးက ကိုယ့်ပြန်မလောင်ဘူးလို့ အာမခံချက်မရှိတော့ ကမ္ဘာ့ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ တရုပ်ကြီးလည်း ၂၀၂၂မှာတည်ငြိမ်မှု ရဖို့ကိုတောင် အသည်းအသန် လုံးပမ်းရမယ့်အခြေအနေ ဖြစ်နေပါတယ်။

ကယ်လီဖိုးနီးယားမှာ လောလောဆယ် ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့ လုပ်သားများဟာ ရောဂါလက္ခဏာ မပြသနေသ၍ အကန့်အသတ်မရှိပဲ အလုပ်လုပ်ခွင့် ရှိပါတယ်။ ဆေးထိုးမထားသူများကတော့ အခြေအမေအလိုက်ကွာ ရင်တိုင်း၊ နှာခေါင်းစည်းအပြင် ၂ ပတ်တခါ ပိုးရှိ/မရှိ စစ်ရပါတယ်။ ဇန်နဝါရီ ၁၄ရက်ကစပြီး ဆေးထိုးထားသူတွေလည်း မထိုးထားသူတွေလိုပဲ နှာခေါင်းစည်း မဖြစ်မနေတပ်ရမယ့်အပြင် တခြားသူတွေနဲ့ ၆ပေခြား နေရမှာဖြစ်ပြီး ပိုးရှိသူနဲ့ နိိးစပ်မိရင် ကွာရင်တိုင်း ၂ ပတ် လုပ်ရမယ်လို့ တင်းကျပ်လာပါတယ်။

ဝေဖန်သူတွေကတော့ ကာကွယ်ဆေးထိုးပြီးနဲ့ မထိုးထားသူတွေကြား ဥပဒေအရ ဘာမှ မကွာနေဘူးဆိုတာက သိပ္ပံပညာနဲ့ရော သူတို့အရင်ပြောခဲ့တာတွေနဲ့ပါ ဆန့်ကျင်နေတဲ့အပြင် အလုပ်လုပ်ချင်သူ ရှားပါးနေတဲ့အချိန်မှာ အခုလိုတင်းကျပ်လိုက်တဲ့အပေါ် မေးခွန်းထုတ်နေကြပါတယ်။

အမှန်တော့လည်း ဒီကိစ္စက ဘာမှ အံ့ဩစရာတော့ မရှိပါဘူး။ မလိုအပ်ပဲ အာဏာတင်းကျပ်လာတယ်ဆိုကထဲက အနှေးနဲ့ အမြန် ပိုဆိုးလာတော့မယ်ဆိုတာ သမိုင်းမှာ အထင်အရှား သာဓကတွေ အများကြီးပါ။ အာဏာရဲ့သဘော အာဏာနဲ့ ချုပ်ကိုင်ချင်သူတွေရဲ့ ဖော်မြူလာက ရိုးစင်းပါတယ်။ ပြည်သူတွေကို အကြောက်တရားနဲ့ ချောက်မယ်၊ ကြောက်တဲ့သူနဲ့ မကြောက်သူတွေကြား ရန်တိုက်ပေးမယ်၊ ကြောက်သူတွေ များလာရင် ဥပဒေတွေ ထုတ်ပြီး တင်းကျပ်မယ်၊ ဝက်အူ တရစ်ချင်း တင်းသလို တိုးတိုးပြီး ကျပ်လာမယ်၊ အဲဒါက ဘယ်တေ့ာမှ ဆုံးမလဲဆိုတော့ သူတို့ အာဏာရနေသ၍ မဆုံးပါဘူး။

တရုပ်ပြည်ပဲကြည့်ကြည့် မြန်မာ့သမိုင်းပဲကြည့်ကြည့်ပါ။ အာဏာရှင်တွေ အပြည့်အဝ ချုပ်ကိုင်နေပြီး အာဏာ လက်လွှတ်ရမှာ ပူစရာမလိုဘူးဆိုရင် ထပ်ကျပ်ဖို့ မလိုတတ်ပေမယ့် အာဏာ မခိုင်သေးခင်မှာရော၊ အာဏာ မြဲသထက်မြဲအောင် ကြိုးစားနေရချိန်မှာရော တင်းကျပ်မှုတွေကို အတိုင်းအဆ အကန့်အသတ်မရှိ ပြုလုပ်နေဦးမှာပါ။ အကောင်းဆုံးကတော့ အာဏာရှင် ခြေကုပ်မခိုင်ခင် အမြစ်က ဖြုတ်ဖို့ပါပဲ။ အမေရိကန်လို ရွေးစရာရှိ​နေတဲ့ အချိန်မှာ ပါးနပ်ဖို့ လိုပါတယ်။ မြန်မာပြည်တို့ တရုပ်ပြည်တို့လို ဖြစ်သွားတဲ့အခြေအနေအထိ မစောင့်ကြပါနဲ့လို့ ပြောချင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: