ဖန်တနိုင်းလ်

၂၀၂၀ ခုနှစ်အတွင်း အမေရိကန်မှာ အသက် ၁၈-၄၅ကြားတွေကို သတ်နေတဲ့ အဓိက တရားခံကတော့ ဖန်တနိုင်းလ်မူးယစ်ဆေးပဲဖြစ်တယ်လို့ စီဒီစီက ဒေတာတွေကို ကိုးကားပြီး စေတနာ့ဝန်ထမ်းအဖွဲ့တခုဖြစ်တဲ့ Families Against Fentanyl (FAF) ဆိုပါတယ်။ အဲဒီအသက်အပိုင်းအခြားတွေကို သတ်နေတဲ့ တခြားတရားခံတွေကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာ၊ ကားမတော်တဆဖြစ်တာ၊ သေနတ်ကြောင့် သေတာတွေ ဖြစ်ပါတယ်။

ဖန်တနိုင်းလ်က လူလုပ်တဲ့ အိုပီရွိုက်ဖြစ်ပြီး မော်ဖင်းထက် အဆ ၅၀-၁၀၀ လောက် ပိုပြင်းရုံတင်မက အရမ်းစွဲစေ အရမ်းသေစေတတ်တာဖြစ်ပါတယ်။ သေနှုန်းများရတဲ့ အကြောင်းရင်းတခုက ဝယ်သုံးတဲ့သူတွေက သူတို့ဝယ်တဲ့ အကိုက်အခဲပျောက်ဆေးမှာ တရားမဝင်ထုတ်လုပ်ထားတဲ့ ဖန်တနိုင်းလ်တွေ ပါဝင်နေတာကြောင့် ၂ မီလီဂရမ်လောက်နဲ့ကို သေစေနိုင်နေတာဖြစ်ပါတယ်။ အဲဒါကိုကြည့်ရင် ဆေးလွန်သေတဲ့သူတွေက ဆေးစွဲနေသူတွေ၊ တာဝန်မဲ့သူတွေ၊ ဆေးသုံးရဖို့အသက်နဲ့ လဲမဲ့သူတွေလို့ ပြောလို့ ရနိုင်မယ်မထင်ပါဘူး။

အဲဒီဖန်တနိုင်းလ်အတုတွေကို တရုပ်ကလာတဲ့ ပစ္စည်းတွေနဲ့ အမေရိကန်မနယ်စပ် မက္ကဆီကိုဖက်မှာ မူးယစ်ရာဇာတွေက ထုတ်လုပ်တာဖြစ်ပြီး ဖန်တနိုင်းလ်ကို တခြားမူးယစ်ဆေးတွေနဲ့ ရောလိုက်ခြင်းအားဖြင့် ပိုပြင်း ပိုထိအောင် လုပ်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအရောမူးယစ်ဆေးတွေကို အကိုက်အခဲပျောက်ဆေး အတုပုံစံမျိုး ဥပမာ အပြာရောင် ဘိန်းကထုတ်တဲ့ အကိုက်အခဲပျောက်ဆေးတမျိုးဖြစ်တဲ့ ဆရာဝန်လက်မှတ်နဲ့မှရတဲ့ အောက်ဆီကိုဒုံးပုံစံမျိုး ထုတ်လုပ်ပြီး မက္ကဆီကန်အောက်ဆီလို့ ရောင်းနေကြတာပါ။ ဒီတိုင်းတောင် အောက်ဆီကိုဒုံးတို့ ပါကိုဆက်တို့က တော်တော် ပေါနေပြီဆိုတော့ အတုဆိုရင် မဖြစ်စလောက်ကုန်ကျစရိတ်နဲ့ လူငယ်တွေကို သတ်နေတာ တော်တော် ဝမ်းနည်းစရာကောင်းပါတယ်။

FAF က ဖန်တနိုင်းလ်ကို လူအစုလိုက်အပြုံလိုက်သတ်တဲ့လက်နက်တခုအနေနဲ့ ကန်အစိုးရကို သတ်မှတ်ပေးဖို့ တိုက်တွန်းနေတာပါ။ အဲဒီလိုသတ်မှတ်ဖို့ မည်သည့်လက်နက်မဆိုက သေတာ(သို့) ပြင်းပြင်းထန်ထန်ဒဏ်ရာရတာ၊ အဆိပ်သင့်တာ၊ အဆိပ်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေကို ထုတ်လုပ် ဖြန့်ဖြူးတာတွေ အကျုံးဝင်ပါတယ်။ ဧပြီလကုန်မှာ အဆုံးသတ်တဲ့ တနှစ်အတွင်း အမေရိကန်ပေါင်း တသိန်းကျော် ဆေးလွန်သေဆုံးခဲ့ပြီး အဲဒီနံပါတ်ရဲ့ ၃ပုံ ၂ပုံနီးပါးက ဖန်တနိုင်းလ်ကြောင့် ဖြစ်ပါတယ်။

လော့ခ်ဒေါင်းတွေကြောင့် လူတွေ စိတ်ဓါတ်ကျကုန်ကြတဲ့အပြင် ဆရာဝန်ပြရတာ၊ ဆေးဝယ်ရတာစတဲ့ အခက်အခဲတွေကြောင့် တော်ရုံကိုက်ခဲတာဆိုရင် ဆရာဝန်ပြ အဖြေရှာမယ့်အစား လွယ်လွယ်ပေါပေါရတဲ့ အကိုက်အခဲပျောက်ဆေးဝယ်သုံးလိုက်ကြလို့ ဖန်တနိုင်းလ်ပြဿနာက ပိုဆိုးလာတာဖြစ်နိုင်ပါတယ်။

ပန်ဒဲမစ်လော့ခ်ဒေါင်းတွေကြောင့် စိတ်ဖိစီးနေကြတဲ့ အမေရိကန်တွေဟာ အခုလို ငွေဖောင်းပွမှုနဲ့ အထွေထွေကုန်ဈေးနှုန်းတက်မှုတွေကြောင့် ပိုကျပ်တည်းလာကြတဲ့အတွက် သတ်သေတာတွေ အရက်စွဲ ဆေးလွန်စသည်ဖြစ်နေကြတဲ့အတွက် နောင်နှစ်အတန်ကြာအထိ လူ ၇၅,၀၀၀ လောက် ပိုသေမယ်လို့ ခန့်မှန်းနေကြပါတယ်။

ကိုဗစ်မျိုးကွဲသစ်ဖြစ်တဲ့ အိုမီခရွန်က ကူးစက်မြန်ပိုးတွေရဲ့ ထုံးစံအတိုင်း ပြင်းပြင်းထန်ထန် ရောဂါဖြစ်ပွါးတာမျိုး မရှိပေမယ့် ကူးစက်မြန်တာကို အကြောင်းပြုပြီး ကျောင်းတွေ ရုံးတွေ ပိတ်ကုန်ကြပြန်ပါပြီ။ အကျိုးဆက်တွေက အဆင်ပြေတဲ့ မိသားစုတွေကြား ထိခိုက်မှု နည်းပေမယ့် တိုင်းပြည်ရဲ့ ယန္တယားကြီးကို အဓိက ဝင်တွန်းနေကြတဲ့ အခြေခံ လူတန်းစားတွေ၊ တနိုင်တပိုင် လုပ်ငန်းရှင်လေးတွေ အကြီးအကျယ် ဒုက္ခရောက်ကြဦးမှာပါ။ အိုပီရွိုက်တို့ ဖန်တနိုင်းလ်တို့လို တိတ်တိတ်လေး သတ်နေတာတွေကျတော့ သမ္မတထရမ့်ကလွဲလို့ ဘယ်သမ္မတမှ အရေးတယူမလုပ်ခဲ့တာကိုတော့ အမှန်အတိုင်း သိစေချင်ပါတယ်။ ခေါင်းဆောင်လုပ်တဲ့လူက ကွက်ကျားမိုး ရွာလို့မရသလို နာမည်ရမယ့်ကိစ္စ၊ အာဏာပိုခိုင်အောင် အကွက်ရွှေ့တဲ့ကိစ္စတွေကလွဲလို့ ဘာမှ မလုပ်တာမျိုးတွေ ဖြစ်မလာအောင်လည်း နိုင်ငံသားအားလုံးမှာ တာဝန်ရှိတာပါပဲ။

စိန် ၃ကာရက်နဲ့ သန်း ဆယ်ဂဏန်းလောက် ခွန့်ထားလိုက်တာနဲ့ တိုင်းပြည်အပေါ် ပိုးစစ်ပွဲ၊ ဘိန်းစစ်ပွဲတွေဆင်ပြီး လည်ပင်းညှစ်အသေသတ်​နေတဲ့ စီစီပီကိုရော သိက္ခာ၊ တာဝန်နဲ့ ကိုယ်ကျင့်တရားကို ပေါပေါပဲပဲ ရောင်းစားရဲတဲ့၊ ပိုက်ဆံအတွက် နိုင်ငံကိုတောင် ချနင်းရဲတဲ့ အကျင့်ပျက်နိုင်ငံရေးသမားတွေကို ဖြုတ်ချနိုင်မှ နိုင်ငံသားတာဝန်ကျေမယ်လို့ ပြောချင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: