ဒီဇင်ဘာ ၂၅ ရက် ၂၀၂၁

နှစ်ပေါင်းအတော်ကြာ ကျင်းပခဲ့တဲ့ ခရစ်စမတ်ရာသီမှာ လက်ဆောင်ရနိုင်ခြေမရှိတဲ့ ကလေးငယ်ပေါင်း ၁၀၀ကျော်ကို ဒေသခံ ရဲမိသားစုတွေက ထည့်ဝင်ကြတဲ့ အလှူငွေေတွနဲ့ လက်ဆောင်လိုက်ဝယ်ပေးတဲ့ Shop With A Cop အစီအစဥ်ကို  Target Corporation က နှစ်စဥ် လက်ခံကျင်းပပေးနေခဲ့တာကနေ ဒီနှစ်မှာ ရပ်နားလိုက်တယ်လို့ ကော်ပိုရိတ်တားဂက်က ဆုံးဖြတ်ခဲ့ပါတယ်။

တားဂက်က လက်ခံကျင်းပပေးတယ်ဆိုပေမယ့် တားဂက်က ဘာမှအထူးတလည် ကုန်ကျတာမရှိပါဘူး။ ဖလော်ရီဒါက ဖလက်စတာကောင်တီမှာ ရဲမိသားစုတွေရဲ့ အလှူငွေနဲ့ ကလေးငယ် ၁၂၅ဦးကို တဦး $175 တန် gift card လေးတွေပေးပြီး သူတို့ကြိုက်တာ ဝယ်စေတာပါ။ ရဲတွေနဲ့ ကလေးတွေအတွက် ဈေးဝယ်ဖို့ အဆင်ပြေအောင် လုပ်ပေးရုံပါပဲ။ အခုလို ဆုံးဖြတ်လိုက်တော့ သူတို့အရောင်းပဲ လျော့သွားမှာပါ။

အဆိုပါအစီအစဥ်ကို ရပ်နားလိုက်တဲ့အကြောင်းရင်းက ရဲတွေကို cancel လုပ်ချင်တဲ့ လက်ဝဲအာဂျင်ဒါတွေကြောင့် ဖြစ်တယ်ဆိုတာ ကော်ပိုရိတ်တားဂက် website ကိုကြည့်ရင် သိနိုင်ပါတယ်။​ တားဂက်ရဲ့ ကော်ပိုရိတ်ပေါ်လစီက လက်ဝဲအာဂျင်ဒါတွေနဲ့ ပြည့်နေတာပါ။ အဲဒီဆုံးဖြတ်ချက်ကလည်း အပေါ်ဆုံးကလာတာဖြစ်တဲ့အတွက် တပြည်လုံးက တားဂက်တွေမှာပါ အကျုံးဝင်တာပါ။

ဖလက်စတာကောင်တီက ရဲတွေကေတာ့ ကလေးတွေရော အလှူငွေရော အားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး သူတို့အစီအစဥ်ကို မဖျက်ချင်တဲ့အတွက် ဝေါလ်မတ်ကို ဖုံးခေါ်မေးမြန်းခဲ့ရာမှာ ဝေါလ်မတ်က ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ဝန်ထမ်းတွေကပါ ရှေ့မှာထွက်ပြီး နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတဲ့အတွက် ကလေးတွေရော ရဲတွေပါ ဝမ်းသာကြည်နူးခဲ့ရပါတယ်။ ဝေါလ်မတ်က တပြည်လုံးမှာ Shop With A Cop အစီအစဥ်ကို လက်ခံ/မခံ မသိပေမယ့် တခြားကောင်တီတွေမှာလည်း ဝေါလ်မတ်က လက်ခံကျင်းပပေးတယ်လို့ သိရပါတယ်။ ကော်ပိုရိတ်ဝေါလ်မတ် page ကို သွားကြည့်တော့ လက်ဝဲစွန်းအာဂျင်ဒါတွေဖြစ်တဲ့ အသားအရောင်ကို ဦးစားပေးတာတွေကို မတွေ့ရပဲ အရင်ကအတိုင်း ပုံမှန်တန်ဖိုး ပုံမှန်သဘောထားတွေဖြစ်တဲ့ ရိုးသားမှု ကြိုးစားမှုတွေကို တန်ဖိုးထားတာပဲ တွေ့ရပါတယ်။

လက်ဝဲစွန်းအာဂျင်ဒါကြောင့် ကိုယ့်ကို ငွေလာပေးမယ့်သူတွေကိုတောင် နှင်ပစ်တဲ့လုပ်ရပ်ကတော့ ဉာဏ်နဲ့ယှဥ်တဲ့လုပ်ရပ်ဖြစ်ပါ့မလားလို့ စဥ်းစားစရာပါ။ လက်ဝဲစွန်းအာဂျင်ဒါတွေနဲ့ တိုင်းပြည်တိုးတက်အေးချမ်းဖို့ မဖြစ်နိုင်တဲ့အတွက် နောက်ဈေးဝယ်လို့ ရွေးစရာရှိရင် လက်ဝဲစွန်းအာဂျင်ဒါတွေကို ထောက်ပံ့လှူတန်းနေတဲ့ အဖွဲ့အစည်းတွေကို ကိုယ့်ငွေနဲ့ ပံ့ပိုးကြမလားလို့ စဥ်းစားကြစေချင်ပါတယ်။

https://wiredailynews.com/2021/12/25/target-canceled-shop-with-a-cop-event-so-deputies-took-matters-into-their-own-hands/

Gavin Newsom ကို ဆက်ထားဖို့နဲ့ နောက်လက်ဝဲစွန်းဖြစ်တဲ့ George Gascon ကို LA ရဲ့ DA အဖြစ် ခန့်ထားဖို့ မဲပေးခဲ့တဲ့ Los Angeles မြို့ကလူတွေက ခရစ်စမတ် ဈေးဝယ်ရာသီမှာ ဘီအယ်လ်အမ်ရဲ့ “Smash & Grab” ရိုက်ခွဲ ခိုးယူ ထွက်ပြေး အစီအစဥ်နဲ့ ကြုံတွေ့နေရပါတယ်။ BLM ရဲ့ LA chapter က LA မှာ နာမည်ကြီး ဆယ်လီတွေနေ/ဈေးဝယ်တဲ့ Beverly Hills က Rodeo Drive မှာ လုယူရမ်းကားမှုတွေပြုလုပ်ဖို့ အစီအစဥ်ချ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ BLM အင်အား ၆၀လောက်က ဆိုင်အချို့ ဖျက်ဆီးလုယူ အပြီးမှာတော့ ကျန်ဆိုင်တွေက ပိတ်ချလိုက်ပါတယ်။ အရောင်းကောင်းဆုံးရက်တွေမှာ ပိတ်ပစ်ခဲ့ရတာပါ။

B:LM လက်ဝဲစွန်း လူရမ်းကားတွေရဲ့ အကြောင်းပြချက်ကတော့ White Capitalism က သူတို့လူတွေကို သတ်နေတာဖြစ်ကြောင်း၊ ကနေ့က Smash & Grab နေ့ဖြစ်ကြောင်း၊ ဒါပေမယ့် ပုံမှန် Smash and Grab မဟုတ်ပဲ Smash တာက White Capitalism ကိုဖြစ်ပြီး, Grab တာက Justice ကိုလို့ BLM LA Chapter ကို ပူးတွဲတည်ထောင်သူ Melina Abdullah က ဆိုပါတယ်။ လူ ၆၀လောက်ပါတဲ့ သူတို့အဖွဲ့ဟာ ကားတွေပေါ်ကနေ သီချင်းတွေဖွင့်၊ “Black lives, we matter,” “whose streets? our streets” and “what do we want? Justice! When do we want it? Now!” စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ချီတက် ရိုက်ခွဲလုယူခဲ့ကြပါတယ်။

လူဖြူတွေရဲ့ အရင်းရှင်စနစ်ကို ရိုက်ခွဲပြီး တရားမျှတမှုကို ဆောင်ကျဥ်းမယ်အော်ပေမယ့် သူတို့ယူသွားတာတွေက တရားမျှတမှုမဟုတ်ပဲ သူများပိုင်တဲ့ တန်ဖိုးရှိပစ္စည်းတွေ ဖြစ်နေတာပါ။ ရမ်းကားမှုက မှောင်နေပြီဖြစ်တဲ့ ညနေ ၅း၂၀ ကစတင်ပြီး ၂နာရီခန့် ကြာမြင့်ခဲ့ပါတယ်။ ဖွင့်ခဲ့တဲ့ သီချင်းတွေက လက်ဝဲအားပေး အကြမ်းဖက်အားပေးတွေအပြင် ထရမ့်နဲ့ ထရမ့်ထောက်ခံသူဆန့်ကျင်ရေးသီချင်းတွေလို့ ဆိုပါတယ်။

သူတို့က ထရမ့်ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲ ဟောပြောပွဲတွေက ဆိုးရွားလှတယ်လို့ ပြောကြ သီချင်းလုပ်ဆိုကြ ယုံကြည်ကြပေမယ့် ထရမ့်ပွဲတွေကို လာရောက်ခဲ့တဲ့ သောင်းချီတဲ့လူတွေက အလံတွေ ဦးထုပ် တီရှပ်လောက်ပဲ ပါကြတာဖြစ်ပြီး တိုင်းပြည်ချစ်သူများ ဖြစ်တဲ့အတွက် ဖျက်လိုဖျက်ဆီး ဘာကိုမှ မလုပ်ခဲ့တာ အမုန်းမီးမပွားခဲ့တာ အထင်အရှားပဲ ဖြစ်ပါတယ်။ အလံ ဦးထုပ် တီရှပ်ဆင်တဲ့သူနဲ့ တူတွေ တူရွင်းတွေ မျက်နှာဖုံးတွေ ဆင်ယင်ထားသူတွေ ဘယ်သူတွေက လူကောင်းဖြစ်မယ်ဆိုတာ သိပ်တွေးစရာ မလိုဘူးထင်ပါတယ်။   

https://redstate.com/jenniferoo/2021/12/24/merry-christmas-los-angeles-you-get-the-gift-of-what-you-voted-for-n496560?fbclid=IwAR36uKolWJIAZrb7Y3-cKBuSFG9KVnL5d65GPJcVM7p-Uu3hQXbZfzUpHUQ

ဆော်ဒီက တာတိုပစ်အဝေးထိန်းဒုံးလက်နက်တွေကို တရုပ်အကူအညီနဲ့ ထုတ်လုပ်နေကြောင်း ဂြိုလ်တုက ပုံတွေကို ကိုးကားပြီး အမေရိကန်ထောက်လှမ်းရေးက သုံးသပ်ထားပါတယ်။ အရင်ကတော့ တရုပ်ဆီက ဝယ်တာပါ၊ အခုမှ ထုတ်နေမှန်း သိကြတာပါ။ ဆော်ဒီရဲ့ အဓိကပြိုင်ဖက်က အီရန်ပါ။ တရုပ်တို့ အီရန်တို့ကို ထိန်းထားနိုင်တဲ့ ခေါင်းဆောင်မရှိတော့ တရုပ်က နှစ်ဖက်လုံးကို တဖက်ကို နျူလက်နက်တပ်ဆင်ဖို့ ကူညီပေးပြီး နောက်တဖက်ကို လက်နက်စက်ရုံဆောက်ပေးကာ နှစ်ဖက်ခွတုပ်နေပါတယ်။

အီရန်ရဲ့ နျူလက်နက်အစီအစဥ်က ထရမ့်အိမ်ဖြူမှာ မရှိတော့တဲ့နောက်ပိုင်း ပြန်စနေပြီဖြစ်တာ တော်တော်ခရီးရောက်နေပြီလို့ သုံးသပ်ကြပါတယ်။ အဲဒါက ဆော်ဒီကို လက်နက်စက်ရုံဆောက်စေဖို့ အဓိက တွန်းအားဖြစ်မှာပါ။ အပြန်အလှန်အားဖြင့် ဆော်ဒီရဲ့ လက်နက်စက်ရုံစီမံကိန်းက အီရန်ကို နျူလက်နက်အစီအစဥ် ဆက်လုပ်ဖို့ တွန်းအားပေးမှာဖြစ်တဲ့အတွက် တရုပ်အကျိုးဖြစ်သလောက် ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားမှာ ဖြစ်ပါတယ်။

တရုပ်အစိုးရက ဒီလို ပူးပေါင်းဆောင်ရွက်တာက ဘာနိုင်ငံတကာဥပဒေကိုမှ ချိုးဖောက်တာမဟုတ်ပဲ လူအစုလိုက်အပြုံလိုက်သေစေတဲ့လက်နက်တွေ ပြန့်ပွားတာနဲ့လည်း အကျုံးမဝင်ဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာ ဥပဒေထက် လူ့ကျင့်ဝတ် နိုင်ငံကျင့်ဝတ်က ပိုအရေးကြီးတယ်ဆိုတာ ကွန်မီတွေ သဘောပေါက်မယ်မထင်ပါဘူး။ ဘိုင်ဒန်အစိုးရကတော့ ပူးပေါင်းမှုမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကို ဆန်ရှင်လုပ်ဖို့ ပြင်နေတယ်လို့ သတင်းပေးသူတွေက CNN ကို ပြောသွားပါတယ်။

https://www.newsmax.com/newsfront/china-saudi-arabia-ballistic-missiles-iran/2021/12/23/id/1049760/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: