ဇန်နဝါရီ ၃၀ ရက် ၂၀၂၁

အမေရိကန်မှာ ကိုဗစ်ကူးစက်မှုတွေ စံချိန်တင်ဖြစ်ပွားနေပေမဲ့ ဆေးရုံတင်ရနှုန်းနဲ့ သေဆုံးမှုနှုန်းတွေက ကူးစက်မှုနဲ့ယှဥ်ရင် တော်တော်နည်းပါးပါတယ်လို့ စီဒီစီက ထုတ်ပြန် ကြေငြာပါတယ်။ ကူးစက်မှုနှုန်းက လူဦးရေ သန်း ၃၃၄နီးပါးရှိတဲ့နိုင်ငံမှာ တနေ့ကို ၂၆၅,၀၀၀ ကူးစက်နေတယ်လို့ ဆိုပါတယ်။ အရင်ကအမြင့်ဆုံးနှုန်းက ၂၀၂၁ ဇန်နဝါရီလလယ်မှာ ၂၅၀,၀၀၀ ရှိခဲ့တာပါ။ အများဆုံးကူးစက်နေတာက အိုမီခရွန်ဖြစ်တော့ ရောဂါလက္ခဏာတွေကလည်း ပုံမှန်ကျန်းမာတဲ့လူတွေမှာ သိပ်ပြင်းထန်မှု မရှိကြပါဘူး။

စီဒီစီဒါရိုက်တာ Rochelle Walensky က တခြားနိုင်ငံတွေမှာ အိုမီခရွန်ကူးစက်သူများက ပိုပျော့တဲ့ လက္ခဏာများ ရှိကြပြီး အမေရိကန်မှာတော့ သက်ရောက်မှုအတိုင်းအတာကို ကျယ်ကျယ်ပြန့်ပြန့်သိရဖို့ စောသေးတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်တာက အမေရိကန်တွေမှာ ကိုယ်အလေးချိန် များတဲ့သူတွေနဲ့ အဲဒီကနေ ဆက်နွယ်တဲ့ ဆီးချို သွေးတိုး ယောင်ယမ်းတာတွေကြောင့်လို့ ထင်ပါတယ်။ ပင်ကိုယ်မကျန်းမာသူတွေက သာမာန်တုပ်ကွေးနဲ့တောင် အသက်ဆုံးရှုံးနိုင်ကြတာဖြစ်လို့ သိပ်မစိုးရိမ်ကြပဲ ကျန်းမာအောင်နဲ့ ကိုယ်ခံအားကောင်းအောင် ကြိုးစားနေကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Minnesota Board of Medical Practice က အီဗာမက်တင်ဆေးပေးခဲ့တဲ့ လူနာတွေရဲ့ ဖိုင်တွေကို တင်ပြဖို့ ဆရာဝန်တွေကို တောင်းဆိုနေတယ်လို့ လွန်ခဲ့တဲ့ ၁၇လအတွင်း ၅ကြိမ်မြောက် အစစ်ဆေးခံနေရတဲ့ ဆရာဝန်တဦးက ဆိုပါတယ်။ အဲဒီဘုတ်အဖွဲ့က ဒါရိုက်တာတဦးကတော့ ဒီလိုစစ်ဆေးတာက လုပ်ရိုးလုပ်စဥ်တခုပါလို့ ဆိုပေမယ့် ဖိတ်စင်/ဆိုးကျိုးဖြစ်သွားတဲ့ လူနာမဟုတ်ပဲ စစ်ဆေးတာက ဆရာဝန်တွေ နောက်မပေးရဲအောင် ကြာပွတ်သံပေးနေသလို ဖြစ်နေပါတယ်။ ဆရာဝန်တဦးရဲ့ လွတ်လပ်တဲ့ အယူအဆနဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်နေသလိုလည်း ဖြစ်နေတာကြောင့် ခုလိုလုပ်ရပ်မျိုးကိုတော့ အားမပေးပါဘူး။

အီဗာမက်တင်က တကမ္ဘာလုံးမှာ သိပ္ပံပညာရှင်ပေါင်း ၆၈၀ နဲ့ လူနာပေါင်း ၅၆,၆၉၂ဦး ပါဝင်တဲ့ စမ်းသပ်မှုပေါင်း ၇၂ကြိမ်လုပ်ခဲ့ပြီး စမ်းသပ်မှုတွေအများစုမှာ ကောင်းမွန်တဲ့​​ရလာဒ် ရရှိထားတာဖြစ်ပါတယ်။ တော်တော်များများ case တွေမှာ ဆရာဝန်တွေက ပေးချင်၊ လူနာတွေက ကိုယ့် risk ကိုယ်ယူပြီး သုံးပါရစေဆိုတာတောင်မှ ဆေးရုံအုပ်ချုပ်ရေးနဲ့ ကျန်းမာရေးအရာရှိတွေက ခွင့်မပြုတာကြောင့် အသက်ဆုံးရှုံးရတာတွေ ရှိနေတာပါ။ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကိုဗစ်ပိုး မွေး/ဖြန့်ခဲ့ကြသလိုပဲ​ အခုလည်း ပြည်သူတွေ မကြောက်ရင် ချုပ်ကိုင်လို့ မရမှာစိုးလို့ သေနှုန်းတက်အောင် တမင်လုပ်နေကြသလားလို့ တွေးစရာဖြစ်နေပါတယ်။  

 ကလင်တန်ဖောင်ဒေးရှင်းက ဟေလာရီ နိုင်ငံခြားရေးဝန်ကြီး ဖြစ်တုန်းက အလှူငွေ ၂၄၉ သန်းအထိ ရခဲ့ပေမယ့် ၂၀၂၀ မှာ ၁၆သန်းပဲ ရတော့တဲ့အတွက် ဟေလာရီက တွဒ်တာမှာ အလှူငွေထည့်ကြဖို့ ဖိတ်ခေါ်ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ကလင်တန်ဖောင်ဒေးရှင်း လက်ခံရတဲ့ အလှူငွေတွေက ဟေလာရီရဲ့ ရာထူး/လုပ်ပိုင်ခွင့်နဲ့ ဆက်စပ်နေတာကို ပြည်သူတွေက မြင်လာကြပြီဖြစ်လို့ သူမရဲ့ အလှူခံပို့စ်ကို သရော်တာတွေ ကဲ့ရဲ့ ဝေဖန်တာတွေနဲ့ပဲ ကြုံတွေ့နေရတာပါ။

ဗြိတိန်က နာမည်ကြီး ဂါးဒီးယန်းသတင်းစာက Person of the Year 2021 အတွက် ကောက်ယူတဲ့ စစ်တမ်းမှာ လက်ဝဲတွေရဲ့ သိပ္ပံပညာနဲ့ ဆန့်ကျင်တဲ့ လိင်ဆိုတာ လူတယောက်ရဲ့ ခံစားချက်အပေါ်ရွေးချယ်မှုတခုဆိုတာကို ဟာသလုပ်ခဲ့တဲ့ J. K. Rowling ရွေးချယ်ခံရနိုင်ခြေ ရှိနေတာကြောင့် အဲဒီစစ်တမ်းကို cancel လုပ်လိုက်ပါတယ်။ J.K. Rowling ဟာ Harry Potter စာအုပ်တွေရဲ့ ဖန်တီးရှင် အင်္ဂလိပ် စာရေးဆရာမပါ။ သူမပျက်ရယ်ပြုခဲ့တာက မုဒိမ်းကောင်ကို စကော့တလန်ရဲက မိန်းမအဖြစ် ဖော်ပြခဲ့တာကြောင့်ပါ။ သူမရဲ့ ခပ်ငေါ့ငေါ့တွဒ်က “War is Peace. Freedom is Slavery. Ignorance is Strength. The Penised Individual Who Raped You Is a Woman,” ဖြစ်ပါတယ်။ နာမည်ကြီးပေမယ့် ဂျာနယ်လစ်မပီသတဲ့ သတင်းဌာနတွေ သတင်းစာ တီဗီတွေကို ရမ်းသမ်း မယုံသင့်တဲ့ သာဓကပါပဲ။

အရွယ်မရောက်သေးတဲ့ ကလေးမလေးတွေကို ဂျက်ဖရေအက်ပ်စတိန်းနဲ့ သူ့ရဲ့ အာဏာ/ငွေ/ကြော်ကြားမှုရှိကြတဲ့ elite သက်ငယ်လိင်မုဆိုးမိတ်ဆွေများကို ဖျော်ဖြေဖို့ မြှူဆွယ်ဖျားယောင်းခဲ့တဲ့ ဂျစ်ရှလင်မက်ဆွဲလ်ကို စွဲဆိုထားတဲ့ ၆မှုမှာ ၅မှုက အပြစ်ရှိတယ်လို့ ဂျူရီက ဆုံးဖြတ်လိုက်ပါတယ်။ အကြီးဆုံးအပြစ်ကတော့ သက်ငယ်လိင်ကုန်ကူးမှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် အနှစ် ၄၀ ကျနိုင်တဲ့အတွက် သူမတသက်တာ ထောင်ထဲမှာ အဆုံးသတ်ရဖို့ ရှိနေပါတယ်။ သူမကတော့ အယူခံဝင်မှာဖြစ်ပြီး အပြစ်ပေါ့လိုပေါ့ငြား လူသိများ ထင်ရှားသူအချို့နဲ့ ပတ်သက်တဲ့ တချို့အချက်အလက်တွေကို ထုတ်ဖော်ပြောကြားသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ဥပဒေက ပေးအပ်တဲ့ အပြစ်ကိုသာ မျှမျှတတ ခံစားသင့်တာဖြစ်လို့ အဲဒီလိုမထုတ်ဖော်ခင် သူမမိတ်ဆွေကြီးလို ကိစ္စမတုံးပါစေနဲ့လို့ ဆုတောင်းပါတယ်။

သူမမိတ်ဆွေကြီး “သတ်သေ”တာ ဖြစ်ခဲ့တဲ့ညက စောင့်တဲ့အစောင့်တွေကိုလည်း အမှုပိတ်ပြီး လွှတ်ပေးလိုက်ပါပြီ။​ သူတို့က သတ်သေနိုင်ခြေရှိတဲ့သူတွေကို နာရီဝက်တခါ သွားကြည့်ဖို့ တာဝန်ရှိပေမယ့် အဲဒီညက အွန်လိုင်းပေါ် စျေးဝယ်နေကြလို့ သွားမကြည့်ဖြစ်ဘူးလို့ ဆိုပါတယ်။ သူတို့ကို တဦးဦးက သွားမကြည့်ဖို့ လာဘ်ထိုးထားသလား၊ တာဝန်မကျေလို့ အသက်တချောင်း ဆုံးတာကို ဘယ်သူက တာဝန်ခံမလဲဆိုတာတွေတော့ မေးစရာဖြစ်နေဆဲပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: