ဒီဇင်ဘာ ၃၁ ရက် ၂၀၂၁

အမေရိကန်မှာ ကိုဗစ်လူနာတွေကို ငှက်ဖျားဆေးတို့ အီဗာမက်တင်တို့လို လွယ်လွယ်ရပြီး ဈေးချိုတဲ့အပြင် ကိုဗစ်လူနာတွေရဲ့ အဓိက ပြဿနာဖြစ်တဲ့ ဆဲလ်တွင်း ယောင်ယမ်းမှုကို အောင်အောင်မြင်မြင် ကုသနိုင်တဲ့ ဆေးတွေကို ဒီမိုကရက်ပြည်နယ်အစိုးရတွေက ဘာကြောင့် မပေးဖို့ ပိတ်ပင်နေကြသလဲ ဆိုတာနဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ ကာကွယ်ဆေး၊ ကုသမှု၊ စတဲ့ ဒေတာတွေကို အရင်လို လစဥ် review လုပ် သုံးသပ်ဆွေးနွေးကြတဲ့ အစဥ်အလာကို မလုပ်တော့တဲ့အကြောင်းတွေကို လူနာတွေကို ကုသပေးနေတဲ့ ကူးစက်ရောဂါကုဆရာဝန် ဒေါက်တာ ပီတာ မက်ကူးလိုက American Thought Leader အစီအစဥ်မှာ Jan Jekielek နဲ့ ဆွေးနွေးထားပါတယ်။ ကိုဗစ်စကတဲက ဒီရောဂါက ကုလို့ရတဲ့ ရောဂါမဟုတ်ဘူးဆိုတဲ့ ပုံမျိုး မြင်လာအောင် တွန်းခဲ့ကြတဲ့အတွက် ကိုဗစ်ကြောင့် လူသေတာကို လူတွေက အလွယ်တကူပဲ လက်ခံလာကြပါတယ်။ လူတဦးထဲရဲ့အမြင်က ပြီးပြည့်စုံတယ်လို့ မပြောနိုင်ပေမယ့် ဘယ်လိုဆင်ခြေနဲ့မှ ပြလို့မရတဲ့ အစိုးရရဲ့ ပိတ်ပင်မှုတွေကို စနစ်အကြောင်း ကောင်းကောင်းသိသူက ရှင်းပြထားတာဖြစ်လို့ ဗီဒီယိုရှိတုန်း ကြည့်ကြပါလို့ တိုက်တွန်းပါတယ်။

https://www.theepochtimes.com/dr-peter-mccullough-the-inexplicable-suppression-of-hydroxychloroquine-ivermectin-and-other-covid-19-treatments-part-1_4186432.html?utm_source=share-btn-copylink

မကြာသေးခင်က သတင်းတွေထဲမှာ ကိုဗစ်ကြောင့် ကလေးတွေ ဆေးရုံတင်ရတာများလာတယ်လို့ ဆိုကြပါတယ်။ အဲဒါက တကယ်တော့ မမှန်ပါဘူး၊ မှားယွင်းဖော်ပြတာသာဖြစ်တယ်လို့ CDC က ဒါရိုက်တာ Rochelle Walensky က ဆိုပါတယ်။ အမှန်တော့ ကလေးတွေက တခြားရောဂါများနဲ့ ဆေးရုံတက်လာကြတာဖြစ်ပြီး ဆေးရုံမှာ စစ်ကြည့်တော့မှ ကိုဗစ်ပိုးရှိနေကြောင်း တွေ့ရှိကြတာပါ။ အခုအခါမှာ ဆေးရုံတင်ရသူတွေကို ကိုဗစ်စစ်ကြတဲ့အတွက် ဘာရောဂါနဲ့တက်တက် ဆေးရုံတက်တဲ့ ကိုဗစ်စာရင်းထဲဝင်ပြီး စာရင်းတွေ ဖောင်းပွနေနိုင်ပါတယ်။ သေနှုန်းတွေမှာလည်း အလားတူပါပဲ။ တခြားရောဂါနဲ့ သေတဲ့သူကလည်း ကိုဗစ်ပေါ့စတစ်ဖြစ်ရင် ကိုဗစ်အသေစာရင်းထဲ ဖော်ပြခံရနိုင်ပါတယ်။ မမျှော်လင့်ပဲ အရေအတွက်အများကြီး နှစ်နဲ့ချီ ဆက်တိုက်လို ရောက်လာတာဆိုတော့ စနစ်တကျမရှိနေတာ ကိုဗစ်နဲ့ပတ်သက်တဲ့ နေရာတော်တော်များမှာ ဖြစ်နေတာပါ။ ဒါကြောင့် ကြောက်စေချင်သူတွေက လိုသလိုပုံဖော်ကြမှာကို သတိထားဖို့ လိုပါတယ်။

ဖိုင်ဇာနဲ့ မိုဒါးနားကာကွယ်ဆေးတွေရဲ့ အခြေခံဖြစ်တဲ့ mRNA နည်းပညာနဲ့ ကာကွယ်ဆေးဖော်ထုတ်ရာမှာ ပါဝင်ခဲ့တဲ့ ကူးစက်ရောဂါကျွမ်းကျင်သူ အဓိက သိပ္ပံပညာရှင်တဦးဖြစ်တဲ့ Robert Malone ကို တွဒ်တာက ကန်ထုတ်လိုက်ပါတယ်။ အကြောင်းကတော့ ရောဘတ်က ဖိုင်ဇာကာကွယ်ဆေးက ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေနိုင်တယ်ဆိုတဲ့ ဗီဒီယိုကို တွဒ်တာမှာ ရှဲခဲ့လို့ဖြစ်ပါတယ်။ ရောဘတ်က mRNA နဲ့ပတ်သက်ပြီး အရေးပါတဲ့ အစောပိုင်းလေ့လာချက်တွေကို ရေးသားခဲ့ပြီးနောက်ပိုင်းမှာတော့ သူ့အတွေးအခေါ် အယူအဆတွေကို ဆင်ဆာလုပ်ခံခဲ့ရတာဖြစ်ပါတယ်။ သိပ္ပံပညာမှာပဲဖြစ်ဖြစ် ဆေးလောကမှာပဲဖြစ်ဖြစ် မတူတဲ့ အယူအဆတွေကို ဆင်ဆာမလုပ်ပဲ ဘာကြောင့် အဲဒီလိုတွေး/ မြင်တယ်ဆိုတာကို ဆွေးနွေးငြင်းခုံနိုင်မှသာ လူသားတွေအတွက် အကောင်းဆုံး အဖြေရမှာဖြစ်လို့ censor/cancel လုပ်လာတဲ့ စနစ်ကြီးကို လုံးဝ လက်မခံပဲ တိုက်ဖျက်ပြစ်ကြဖို့ လိုပါတယ်။

အက်ပ်စတိန်းမိတ်ဆွေ ဂျရှ်လင်မက်ဆွဲလ်ရဲ့ သက်ငယ်လိင်ကုန်ကူးတဲ့အမှုမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ဝိုင်းဖျက်ဆီးအားပေးခဲ့ကြတဲ့ အက်ပ်စတိန်းရဲ့ အပေါင်းအပါများအားလုံးကို တယောက်မကျန် ဖော်ထုတ်ပေးဖို့ ဆီးနိတ် တရားရေးကော်မီတီအဖွဲ့ဝင် ရီပါဘလစ်ကန်ဆီနိတ်တာ Ben Sasse က ဘိုင်ဒန်အစိုးရရဲ့ တရားရေးဌာနကို တောင်းဆိုလိုက်ပါတယ်။ Ben က အက်ပ်စတိန်းအမှုမှာ အမှန်ပေါ်ဖို့ အက်ပ်စတိန်းနဲ့ မိတ်ဆွေများရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေ တရားမျှတမှုရဖို့ တစိုက်မတ်မတ် တွန်းနေခဲ့သူပါ။

ဝစ္စကွန်ဆင်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲတွေကို ပြည်နယ်က ဘယ်လိုကိုင်တွယ်ခဲ့သလဲ ဆိုတာကို စစ်ဆေးဖို့ အထူးရှေ့နေ Michael Gableman က ပြည်နယ်ဌာနတွေ၊ ဝန်ထမ်းတွေ၊ special interest group တွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ မြို့ဝန်ဝန်ထမ်းတွေ၊ IT ဌာနတာဝန်ခံတွေဆီ ဆင့်ခေါ်မှုပေါင်း ၇၀ကျော် ပေးပို့ထားပါတယ်။ မိုက်ကယ်က အရင်က ဝစ္စကွန်ဆင်ပြည်နယ် အမြင့်ဆုံးတရားရုံးရဲ့ တရားသူကြီးတဦးဖြစ်ခဲ့ပြီး ဝစ္စကွန်ဆင်ပြည်နယ် လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ က ၂၀၂၀ ရွေးကောက်ပွဲကို စစ်ဆေးပေးဖို့ မေတ္တာရပ်ခံခဲ့တဲ့အတွက် မိုက်ကယ်ကလက်ခံခဲ့တာပါ။ မိုက်ကယ်စစ်ဆေးသွားမယ့်ထဲမှာ ဖဘက ဇကာဘတ်က Center for Tech and Civic Life ကနေ သန်း ၃၅၀လောက် သုံးပြီး ရွေးကောက်ပွဲကို ကစားသွားတဲ့အကြောင်း၊ မဲစာရင်းနဲ့ မဲရေစက်တွေအကြောင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဘိုင်ဒန်နဲ့ ကမလာတို့အပေါ် လူထုထောက်ခံမှု သမိုင်းတွင်အောင် နိမ့်ဆင်းနေပြီး အပြာပြည်နယ်နဲ့ အနီပြည်နယ်တွေကြား လုပ်နည်းလုပ်ဟန်တွေ ပေါ်လစီတွေ ရလာဒ်တွေ နေ့နဲ့ညလို ကွာခြားလာတဲ့အချိန်မှာ ၂၀၂၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒီမိုကရက်တွေ စိုးရိမ်နေကြပြီဖြစ်ပါတယ်။ ထပ်အရွေးမခံပဲ အနားယူတော့မယ်လို့ ကြေငြာတဲ့အမတ်တွေလည်း တိုးတိုးလာပါပြီ။ ၂၀၂၄မှာ ထပ်မံယှဥ်ပြိုင်ဖို့ စဥ်းစားနေဟန်တူတဲ့ ဟေလာရီက အပြာရင့်နေရာတွေတင်နိုင်နေလို့တော့ မပြီးဘူး၊ ကျန်တဲ့နေရာတွေမှာပါ ဘယ်လိုနိုင်အောင် လုပ်ရမယ်ဆိုတာကို သိအောင် လုပ်ကြဖို့လိုကြောင်း ပြောသွားပြီး လောလောဆယ်မှာ ကွန်ဂရက်စ်ကလည်း ပရိုဂရက်ဆစ်လို့ခေါ်တဲ့ လက်ဝဲစွန်းတွေ ကြီးစိုးနေတာကြောင့် ဘာမှ ဟုတ်တိပတ်တိ အလုပ်မဖြစ်နေကြောင်း၊ အိမ်ဖြူကလည်း စိတ်မှန်၊ ခေါင်းရှင်း၊ တည်ငြိမ်ပြီး တကယ်အလုပ်လုပ်နိုင်တယ်ဆိုတာမျိုး မရှိနေကြောင်း MSNBC က Will Geist နဲ့ တွေ့ဆုံပြောကြားသွားပါတယ်။​ ဟေလာရီပုံစံက ဒီမိုကရက်တွေကို ဘိုင်ဒန်အစား သူ့ကို ရွေးချယ်ဖို့ အသည်းအသန် တောင်းပန်နေပုံရတယ်လို့ ဩစတျေးလျ ဂျာနယ်လစ် Mirinda Devine က သုံးသပ်ထားပါတယ်။ သူ့ဖောင်ဒေးရှင်းကလည်း အလှူငွေ ဝင်တာနည်းသွားပြီဆိုတော့ ကြံလာဖန်လာတာဖြစ်နိုင်ပါတယ်။ အာဏာနဲ့မှ လုပ်စားတတ်သူတွေက အာဏာမရှိရင် ရေနည်းငါးလို ဖြစ်နေတာ သဘာဝပါပဲ။

https://www.foxnews.com/media/hillary-clinton-progressive-democrats-suggests-2022-election-losses?fbclid=IwAR3oT-KLHJ1bKfaYzWW-2tJVoqI_pw_QkwxU8XRV19Sn04EpiN1Miwz1THQ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: