ဇန်နဝါရီ ၃ ရက် ၂၀၂၂

တရုပ်ကပ်ပိုးလူနာတွေကို လူအိုရုံတွေပို့ဖို့ အမိန့်ချခဲ့လို့ လူအိုတွေ သောင်းကျော် သေဆုံးခဲ့ရတဲ့အပေါ် မန်ဟက်တန်ခရိုင်ရှေ့နေက ဂါဗာနာဟောင်း ကိုမိုကို အမှုပိတ်ပြီး လွှတ်ပေးလိုက်ပါတယ်။ သေချာစစ်ဆေးပြီးတဲ့နောက် ဘာဥပဒေချိုးဖောက်ထားတာကိုမှ မတွေ့ဘူးလို့ ဆိုပါတယ်။ ဒီလိုသာဆိုရင် ကိုယ်ခံအားနည်း ကူးရင်လည်း ခံနိုင်ရည်မရှိမှာ သေချာသလောက်ဖြစ်နေတဲ့ လူအိုတွေကြားထဲကို ကပ်ပိုးလူနာတွေ သွားထည့်တဲ့ အမိန့်ကိုယ်တိုင်က အခြေခံလူသားကျင့်ဝတ်နဲ့ မညီသလို အကြံဆိုးနဲ့မဟုတ်ပါဘူးဆိုရင်တောင် ရက်စက်လွန်းရာ ကျနေတာပါ။ အပြာမြို့ကြီးတွေက ဒီအေတွေက ပုံမှန်အားဖြင့် ဆိုရော့စ်တို့ တင်ပေးထားတဲ့လူတွေ ကမ္ဘာ့ရွာကို သွားချင်ကြတဲ့ လက်ဝဲစွန်းတွေ ဖြစ်တော့ ဘက်ချင်းတူတဲ့ ကိုမိုကို ချစ်သောမျက်စေ့နဲ့သာကြည့်ပြီး အပြစ်မမြင်မှာကတော့ သေချာနေပါတယ်။ ဒီနိုင်ငံမှာ လူအိုရုံထားတာ အကုန်အကျများတာတော့ တတ်နိုင်ဖို့ လိုအပ်တာအပြင် ယဥ်ကျေးမှုအရလည်း လူဖြူအဖိုးအဖွားတွေ များကြတာကြောင့် နိုင်ငံရေးမပါဘူးလို့တော့ ပြောဖို့ ခက်နေတာပါ။ သေတဲ့နံပါတ်များလေ လူတွေရဲ့ ကြောက်စိတ်နဲ့ ကစားလို့ရတာလည်း တကြောင်းပါမှာပေါ့။

ထရမ့်လက်ထက်က ဘာမှ ထိရောက်တဲ့အဖွဲ့အစည်းမဟုတ်ပဲ တရုပ်အာဘော်/လက်ကိုင်ဒုတ်လို ဖြစ်နေလို့ နှုတ်ထွက်ခဲ့ပြီး ဘိုင်ဒန်တက်လာမှ ကသောကမျောပြန်ဝင်ခဲ့တဲ့ ဒဗယ်လျူအိတ်ချ်အိုဟာ ၂၀၂၁ထဲမှာ ကပ်ပိုးကာကွယ်ဆေးပေါင်း ၂ဘီလီယံ ကမ္ဘာကို ဖြန့်ပေးဖို့ ရည်ရွယ်ထားခဲ့ပေမယ့် တကယ်တန်းမှာ သန်း ၉၀၀ ပဲဖြန့်နိုင်ခဲ့တဲ့အတွက် လျာထားချက်ရဲ့ ၅၀ရာနှုန်းတောင် ပြည့်အောင် မစွမ်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အကြီးကြီးမှန်းပြီး ဖြစ်အောင်မလုပ်နိုင်တာက တပိုင်းဖြစ်ပေမယ့် ၅၀ရာနှုန်းတောင် မပြည့်ခဲ့တာကတော့ ညံ့ချက်က ရုပ်ပျက်လှပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကို တရုပ်က တနှစ်ကို သန်း ၄၀သာထည့်ဝင်နေပေမယ့် တနှစ် သန်း၄၅၀ ထည့်ဝင်နေရတဲ့အမေရိကန်ကို ကျော်ပြီး အဖွဲ့ကြီးကို နဖားကြိုးထိုးထားနိုင်တာကတော့ အသည်းနာစရာဖြစ်ပါတယ်။   

အခုလိုကပ်ပိုးကာလမှာ ဘိုင်ဒန်နဲ့ ဒီမိုကရက်တွေ မဖြစ်ဖြစ်အောင်တွန်းနေကြတာက ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံဖြစ်ပါတယ်။​ အဲဒါပါမှ စားသောက်ဆိုင်တွေမှာ ထိုင်စားလို့ရတယ်ဆိုပေမယ့် ဘယ်သူမဆို ဝင်မှာနိုင်ပြီး ကိုယ်မှာထားတာ မရမချင်း ဝင်ရပ်စောင့်နိုင်ပါတယ်။ ထိုင်နေတဲ့ စားပွဲတွေနားမှာရောပေါ့။ ပြီးတော့လည်း အိုင်ဒီနဲ့ တိုက်ကြည့်တာမဟုတ်တော့ ဝတ်ကျေတန်းကျေပဲ ကြည့်ကြတာပါပဲ၊ အဲဒီတော့ ဘာအဓိပ္ပါယ်ရှိလဲဆိုတာ မေးနေစရာမလိုဘူးထင်ပါတယ်။ အဓိပ္ပါယ်က ပြည်သူတွေအပေါ်မှာသာ မရှိပေမယ့် အာဏာရူးတွေအတွက်တော့ အလွန်အဓိပ္ပါယ်ရှိတဲ့ ကိစ္စပါ။

အခုလိုလုပ်နေတာက မထိရောက်ဘူးဆိုတာ လူတိုင်းသိပါတယ်။​ ဒါပေမယ့် မထိရောက်လို့ဆိုပြီး ပိုထိရောက်တဲ့နည်း မကြာခင် ခေါ်လာပါလိမ့်မယ်။ ဘာလဲဆိုတော့ မိုက်ကရိုချစ်ပ်လေးတွေ အသားထဲ ထည့်ပေးထားမှာပါ။ အဲဒီလိုလုပ်လိုက်ရင် လူတွေက မီနီယွန်လေးတွေလို သူတို့လက်ခုတ်ထဲကရေ ဖြစ်သွားပါပြီ။ ကိုယ့်ကိုယ်ထဲထည့်မယ့် ချစ်ပ်ဆိုတာ ကိုယ့်ကို နဖားကြိုးထိုးတာ(သို့) လည်ပင်းမှာခြူဆွဲပေးထားတာလိုပဲဆိုတာ သဘောပေါက်ဖို့လိုပါတယ်။​ အဲဒီအဆင့်ရောက်လာရင် လူတွေရဲ့ လွတ်လပ်ခွင့်တွေ ဆိတ်သုဥ်းတော့မှာပါ။ ဒါပေမဲ့ လူဆိုတာ သေမျိုးဆိုတာကိုမေ့ပြီး သေမှာကြောက်တာတခုတည်းနဲ့ အကုန်လုံးကို စတေးခံချင်သူ အမြင်တိုသူတွေကတော့ လုပ်သင့်တဲ့ဖက်က ကျယ်ကျယ်လောင်လောင် အော်ကြဦးမှာပါ။

ချစ်ပ်ထုတ်တဲ့ ကုမ္ပဏီတွေက လူတွေက မကောင်းတာပဲ တွေးပူနေတယ်၊ ဒီနည်းပညာက ကောင်းတဲ့ဖက်မှာ သုံးလို့ရတာတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ မှန်ပါတယ်။ သိပ်မှန်ပါတယ်။ ကောင်းတဲ့ဖက်မှာ သုံးလို့ရတာမှန်ပေမယ့် အာဏာနဲ့ ပိုက်ဆံ ပေါင်းမိသွားလို့ လိမ္မာသွားတဲ့ ခေါင်းဆောင်/အာဏာရှင်/လုပ်ငန်းရှင် ဘယ်နှစ်ယောက်ရှိသလဲဆိုတာကို အရင်လေ့လာဖို့ လိုပါတယ်။ ဒါက ဘာမှ ခက်ခက်ခဲခဲစဥ်းစားစရာမလိုတဲ့ အခြေခံလူ့သဘာဝပါ။ စလုပ်တုန်းက ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာဆိုရင်တောင်မှ အဲဒီအပေါ်အမြတ်ထုတ်လာမယ့်သူတွေ ရှိကို ရှိလာနိုင်တယ်ဆိုတာကို ထည့်မစဥ်းစားလို့ မရပါဘူး။

ဘိုင်ဒန်အစိုးရရဲ့ ကာကွယ်ဆေးမထိုးမနေရအမိန့်ကြောင့် လတ်တလော ဘုစ်တာထိုးထားတဲ့ လေယာဥ်မှူး ကိုဒီဖလင့်ဟာ လေယာဥ်မောင်းနေစဥ်မှာ သတိလစ်သွားတယ်လို့ ဆိုပါတယ်။ အချိန်မှီ သတိပြန်ရလို့ ဘယ်သူမှ ထိခိုက်မသွားပေမယ့် အဲဒီလို မြန်မြန်သတိပြန်မရခဲ့ရင် ဆုံးရှုံးမှု အကြီးစားကြီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။​ မင်းသမီးကြီး ဘက်တီဝှိုက် နှစ်၁၀၀ပြည့် မွေးနေ့မတိုင်ခင် ၃ပတ်မှာ သေဆုံးသွားတာကိုလည်း တချို့က သူမက ၂၈ရက်နေ့ကမှ ဘုစ်တာထိုးထားတာလို့ ပြောကြပေမယ့် တရားဝင်သူမရှေ့နေကတော့ အဲဒီလို မဟုတ်ဘူးလို့ ဆိုပါတယ်။

မနေ့ကညွှန်းထားတဲ့ ဆရာဝန်ပီတာမက်ကူးလိုက အမေရိကန်မှာ တာဝန်ရှိသူတွေက ပိုးမကူးသေးတဲ့လူတွေကိုပဲ ကာကွယ်ဆေးထိုးခိုင်းဖို့ အာရုံစိုက်နေပြီး ကူးသွားတဲ့လူတွေကို ဘာလုပ်ရမယ် ဘယ်လိုကုရမယ်ဆိုတဲ့အပိုင်းမှာ ဘာသံမှ ကြားမနေရဘူးလို့ ဆိုပါတယ်။ ဒီနေရာမှာ ချွင်းချက်တွေက ဖလော်ရီဒါတို့ တက္ကဆက်စ်တို့လို အနီအုပ်ချုပ်တဲ့ ပြည်နယ်တွေမှာ ခေါင်းဆောင်တွေက ထိုးချင်သူများအတွက် ကာကွယ်ဆေးလုံလုံလောက်လောက် လက်လှမ်းမီအောင် ထားပေးပေမယ့် ထိုးဖို့ အကျပ်ကိုင် အမိန့်ပေးတာမျိုး မရှိတဲ့အပြင် ပိုးကူးလာရင်လည်း ဘာအဆင့်ဘာပေးရမယ်ဆိုတာ ဖက်ဒရယ်ကလို ကန့်သတ်မထားပဲ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမျိုးစုံကို လွယ်လွယ်ကူကူ ရရှိနိုင်ဖို့ စီစဥ်ပေးထားတာပဲဖြစ်ပါတယ်။

ဒီဆန်းတစ်စ်တို့လို ဂါဗာနာတွေက ကာကွယ်ဆေးထိုးဖို့ တွန်းတဲ့အပိုင်းမှာ အသံမကျယ်ပေမယ့် လူနာတွေ ဆေးရုံတင်ရတဲ့အထိ မဖြစ်အောင် ကုသရေးနဲ့ပါတ်သက်ပြီး အဆင့်အလိုက် ဘာတွေလုပ်ရင် ရတယ်ဆိုတာကို ကျယ်ကျယ်လောင်လောင် ပညာပေးကြပါတယ်။ ဘိုင်ဒန်နဲ့ အပြာပြည်နယ်တွေမှာ တွန်းနေသလို ဆေးထိုး၊ နှာခေါင်းစည်းတပ်၊ လက်ဆေး စတာတွေ အော်ကြပေမယ့် ပိုးကူးလူနာ ကျ မသွားတဲ့ အမှန်တရားကို လက်မခံတဲ့အပြင် ကူးလာရင်လည်း ဘာဆေးမပေးရ ညာဆေးမပေးရလို့ ကန့်သတ်ပိတ်ပင်မယ့်အစား ကုသရေးပိုင်းကို ဆရာဝန်တွေကိုပဲ ဆုံးဖြတ်စေသင့်ပါတယ်။ လိုအပ်ရင် ပညာပေးလို့ရပေမယ့် အာဏာနဲ့ ဝင်စွက်တာကတော့ မဖြစ်သင့်တဲ့ ကိစ္စပါ။

One thought on “ဇန်နဝါရီ ၃ ရက် ၂၀၂၂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: