ကိုဗစ်နဲ့ ရိုးသားမှု

ကိုဗစ်ကာကွယ်ဆေးကြောင့် ဖြစ်ရတဲ့ ထိခိုက်မှုတွေက တသန်းကျော်သွားပြီလို့ စီဒီစီ ဝက်ဘ်ဆိုက် က ဒေတာတွေက ဆိုပါတယ်။ The Vaccine Adverse Events Reporting System (VAERS) ရဲ့ အစီရင်ခံစာအရ ဒီဇင်ဘာ ၂၄ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ သေဆုံးမှု ၂၁,၀၀၂မှု၊ ဆေးရုံတင်ရမှု ၁၁၀,၆၀၉မှု အပါအဝင် ၁,၀၀၀,၂၂၇ ဦးဟာ ကာကွယ်ဆေးကြောင့် ဆိုးကျိုးရခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေနဲ့ ဆရာဝန်တွေက တကယ့်နံပါတ်က အဲဒီထက် အများကြီး ပိုနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးထိုးထားတဲ့လူတိုင်းကို follow up မလုပ်တာကြောင့် ဖြစ်မယ်ထင်ပါတယ်။ အရင်တုန်းက ကာကွယ်ဆေးတွေဆိုတာက အခြေအနေတခုမှာ လိုချင်သူတွေကို ထိုးပေးပြီး ဘယ်လိုတုန့်ပြန်တယ်ဆိုတာကို သေချာ မှတ်တမ်းတင်ကြတာပါ။ Clinical studies in controlled environment လို့ ခေါ်ပါတယ်။ အခြေအနေ အမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အနေအထားအမျိုးမျိုးမှာ ဘယ်လိုတုန့်ပြန်တယ်ဆိုတာ သေချာစာရင်းပြုစုပြီး အများစုအတွက် စိတ်ချရပြီဆိုတော့မှ အများကြီးအတွက် ကာကွယ်ဆေး ထုတ်တာပါ။ ထုတ်ပြီးလို့ လူ ၅၀လောက် သေရင်တောင် အကုန်ပြန်သိမ်းပြီး နောက်တခါ စိတ်ချရတဲ့အထိ အစအဆုံး ပြန်စမ်းကြတာပါ။ အဲဒါကြောင့် စိတ်ချရတဲ့ ကာကွယ်ဆေး တခုထွက်ဖို့ အချိန် နှစ်နဲ့ချီ ကြာပါတယ်။ အခု ကာကွယ်ဆေးကြောင့် သေတာက ၂သောင်းကျော်ပြီဆိုတော့ အဆ ၄၀၀ ကျော်များနေတာတောင် ပြန် ရီကောမခေါ်ပဲ မန်ဒိတ်လုပ်နေတာ ရိုးသားတယ်လို့ ဘယ်လိုမှ မဆိုနိုင်ပါဘူး။

ကာကွယ်ဆေးကြောင့် သေဆုံးတဲ့လူတွေရဲ့ ၃၀% က ဆေးထိုးပြီး ၀ – ၂ ရက်အတွင်းမှာ သေဆုံးတာလို့ ဝစ္စကွန်ဆင်က ရီပါဘလစ်ကန်ဆီနိတ်တာ ရွန်ဂျွန်ဆင်က ဆိုပါတယ်။ ရွန်က စောစော ကုသမှုမပေးတာတွေကိုလည်း ထောက်ပြသွားပါတယ်။​ ဒေါက်တာ ပီတာမက်ကူလိုကလည်း အဲဒီအချက်ကိုပဲ ပြောတာပါ။ စောစော ကုသပေးနိုင်ရင် ဒီပိုးက လူများစုအတွက် တခုပ်တရ ကြောက်နေစရာ အကြောင်းကို မရှိဘူးလို့ ဆိုပါတယ်။

အခုကာကွယ်ဆေးထိုးပေးနေတဲ့ပုံစံက အပွိုင့်မန့်ယူ၊ ဆေးထိုး၊ ကဒ်ပေးပြီး ဘယ်သူ့ကိုမှ ဖော်လိုးအပ် မလုပ်တော့တာပါ။ အမေရိကန် တနိုင်ငံထဲတင် လူသန်း ၂၀၀ ထိုးထားတာဆိုတော့လည်း လိုက်ဖို့ ခက်ပါမယ်။ အပေါ်က ဒေတာတွေရတဲ့ VAERS က မှတ်တမ်းတင်ထားတယ်ဆိုတာလည်း ကိုယ့်သဘောနဲ့ကိုယ် ဆိုတော့ လာသတင်းပို့မှပဲ မှတ်တမ်းတင်လို့ ရတာပါ။ လွန်ခဲ့တဲ့ ၁၀နှစ်က ဟားဗတ်ကလုပ်တဲ့ သုတေသနတခုမှာတော့ VAERS က ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ထိခိုက်မှုတွေရဲ့ ၁% လောက်ကိုပဲ မှတ်တမ်းတင်ထားတာလို့ ခန့်မှန်းကြပါတယ်။

ကနေ့ခေတ်မှာ ကိုဗစ်ကာကွယ်ဆေးဆိုးကျိုးကို မှတ်တမ်းတင်မှုနည်းရတဲ့ နောက်အကြောင်းရင်းတခုက ဆိုရှယ်မီဒီယာတွေမှာ လိုက်အပိတ်ခံရတာတွေကြောင့်ဖြစ်တယ်၊ အဲဒီအကြောင်းပြောချင်ရင်တောင် စကားဝှက်နဲ့ ပြောနေရတယ်လို့ ယူတာပြည်နယ်က ထိခိုက်ခဲ့သူတွေက ဆိုပါတယ်။ အဲဒါကတော့ အားလုံးအမြင်ပါပဲ၊ သတိထားတင်နေကျ ကျမတောင် ထိပါတယ်။

ဘိုင်ဒန်အစိုးရရဲ့ ကျန်းမာရေးဌာနကတော့ ကာကွယ်ဆေးထိုးပေးလိုက်သူတွေက ဥပဒေအရ ဆေးထိုးပေးစဥ် မှားယွင်းမှုတွေ၊ ဆေးထိုးပြီး သေဆုံးမှုတွေ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို သတင်းပို့ဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတော်တော်များများက သူတို့ကို သူတို့အကြီးအကဲတွေက ကိုဗစ်ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ဘယ်ဆိုးကျိုးကိုမှ VAERS ကို သတင်းမပို့ရဘူးလို့ ဖွင့်ပြောခဲ့ကြတယ်လို့ ဒဗလျူအန်ဒီသတင်းဌာနက အတ်မိုးက ကိုလံဘီယာက လေ့လာချက်ကို ကိုးကားရေးသားထားပါတယ်။

ဖလော်ရီဒါက ရှေ့နေအဖွဲ့တခုက သူတို့ဆီကို လူရာနဲ့ချီပြီး ကာကွယ်ဆေးကြောင့် သွေးခဲ၊ နှလုံးယောင် စသဖြင့် ဒုက္ခများခဲ့လို့ တရားစွဲဖို့ လာမေးကြခဲ့ကြပါတယ်။၊ ပုံမှန်ကာကွယ်ဆေးတွေဖြစ်တဲ့ ကြက်ညှာ၊ ဆုံဆို့၊ တုပ်ကွေး၊ ဟက်ပါတိုက်တစ်စ်စတာတွေလိုဆိုရင်တော့ အဲဒီလို တရားစွဲတာက မြိုးမြိုးမြက်မြက်​ရတဲ့အလုပ်ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကျတော့ လျော်ကြေးရဖို့ မဖြစ်နိုင်သလောက်ခက်ခဲတာကြောင့် စွဲချင်စွဲလို့ရတယ်၊ ရှုံးဖို့တော့ ပြင်ထားရမယ်လို့ ဆိုပါတယ်။

မျိုးကွဲသစ် အိုမီခရွန်က ကာကွယ်ဆေးထိုးထားတဲ့လူတွေကို ပိုကူးစက်ပြီး ဘုစ်တာထိုးထားသူတွေကို ကူးစက်မှုကတော့ အများဆုံးလို့ ဆိုပါတယ်။ ကာကွယ်ဆေးထိုးထားသူချင်းကြားမှာ ကူးစက်မှုတော့ နည်းတယ်လို့လည်း ဆိုကြပါတယ်။

ဘိုင်ဒန်အစိုးရက ကိုဗစ်နဲ့ပတ်သက်တဲ့ ကောင်းတယ်ဆိုတဲ့ဆေးတွေကို ရန်ရှာနေတာမှာ ရှီကာဂိုလေဆိပ်မှာ မက္ကဆီကိုကပို့လိုက်တဲ့ အိုင်ဗာမက်တင်ဆေးပြား ၃၂ပြားတွေ့လို့ သိမ်းဆည်းလိုက် ပြီး တရုပ်ကလာတဲ့ အထုတ်မှာတော့ အိုင်ဗာမက်တင်ဆေးပြား ၁၀၀ပါတဲ့ ဗူးတွေ့တယ်လို့ဆိုပါတယ်။ အက်ဖ်ဒီအေက အဲဒီဆေးတွေကို သူတို့ချထားတဲ့ စည်းမျဥ်းတွေ ဖောက်ဖျက်မှုနဲ့ သိမ်းဆည်းခိုင်းခဲ့ပါတယ်။ အဲဒီလို တင်သွင်းလာတာတွေက စိုးရိမ်စရာကောင်းတယ်လို့ ရှီကာဂိုပို့တ်ဒါရိုက်တာက ဆိုပါတယ်။

နိုင်ငံတကာမှာ ကိုဗစ်ကူးလူနာတွေကို သိပ်အခြေအနေမဆိုးခင်ပေးရင် အောင်မြင်နေတဲ့ဆေးကို အမေရိကန်မှာ ဆရာဝန်တွေက ပေးချင်ရင်တောင် ပေးဖို့ တားထားခံရတော့ ပြည်ပနဲ့အဆက်အသွယ် ရှိသူတွေက ရသလို သွင်းကြမှာပါပဲ။ ပြည်သူတွေအသက်ဘေးကို အမှန်တကယ် စိုးရိမ်တယ်ဆိုရင် လေယာဥ်နဲ့လာတဲ့လူတွေကျတော့ ပိုးမရှိကြောင်း သက်သေပြရတာ နားလည်ပေးနိုင်ပေမယ့် ဘာဖြစ်လို့ နယ်စပ်ကျတော့ အပွင့်ကြီးထားပြီး ပိုးသယ်ဆောင်သူတွေ၊ ရာဇဝတ်ကောင်တွေကို အစစ်အဆေးမရှိ ဝင်ခွင့်ပေးသလဲဆိုတာကတော့ ရိုးသားမှု မရှိတာကို ပြတာပါပဲ။ အလားတူပါပဲ အရွယ်ကောင်းအမေရိကန်တွေကို သတ်နေတဲ့ အိုပီရွိုက်တို့ ဖန်တနိုင်းတို့ကိုကျတော့ နယ်စပ်ကနေ သန်းနဲ့ချီဥဒဟို ဝင်နေတာကို မမြင်ချင်ယောင်ဆောင်နေကြပြီး အခု လူ့အသက်ကယ်မယ့် အိုင်ဗာမက်တင်တဗူးခွဲလောက် တွေ့တာကျမှ မိုးမီးလောင်သလို လုပ်နေတာကတော့ ရီစရာကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။

လူတယောက် မရိုးသားတာက သူ့နယ်ကျဥ်းရင် ကျဥ်းသလောက် ထိခိုက်မှု နည်းနိုင်ပေမယ့် နိုင်ငံအုပ်ချုပ်သူတွေ မရိုးသားရင် ထိခိုက်မှုက သန်းချီနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အထူးသဖြင့် အမေရိကန်လို ကမ္ဘာက မော့ကြည့်နေရတဲ့နိုင်ငံမှာ မရိုးသားသူတွေက ပေါ်လစီချနေရင် ထိခိုက်မှုက ကမ္ဘာကိုပါ ရိုက်ခတ်ပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: