ဇန်နဝါရီ ၈ ရက် ၂၀၂၂

အမေရိကန်နိုင်ငံဟာ သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ ရှေ့ဆောင်နိုင်ငံတခု ဖြစ်နေဆဲပါ။ ဒါပေမယ့် မကြာသေးမီနှစ်တွေမှာ ပြောင်းလဲချမှတ်ထားတဲ့ ဦးစားပေးပုံစံသစ်တွေကြောင့် သိပ္ပံနဲ့ နည်းပညာမေဂျာတွေမှာ အခက်အခဲတွေ တွေ့နေရတယ်လို့ သိရပါတယ်။ အစဥ်အလာအရ အမေရိကန်မှာ လူငယ်တွေက ကိုယ်ဝါသနာပါတာကို ကိုယ်ရွေးချယ်သင်ကြားကြပြီး ကိုယ်စိတ်ဝင်တစားလေ့လာထားသလောက် (သို့)ကိုယ့်ပင်ကိုယ်အရည်အချင်းပေါ်မှာ မူတည်ပြီး နာမည်ကြီးကောလိပ်တွေက အကောင်းဆုံးဆိုတာတွေကို ရွေးခေါ်ကြပါတယ်။

နောက်ပိုင်းမှာ ဒီမိုကရက်တွေက အရည်အချင်း/ပင်ကိုယ်စွမ်းရည်ထက် အသားအရောင်၊ လိင်ကို ဦးစားပေး ရွေးချယ်စေကြတာကြောင့် နာမည်ကြီးကောလိပ်တွေက သိပ္ပံနဲ့ နည်းပညာဆရာကြီးတွေက သူတို့နဲ့တွဲပြီး အတွေးကောင်းကောင်းနဲ့ တီထွင်ဖန်တီးမှုကောင်းကောင်းလုပ်နိုင်မယ့် ကျောင်းသားတွေ ရှားလာတာနဲ့ ကြုံနေရပါတယ်။ The College Fix ဆိုတဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြနေတဲ့ website က အဲဒီအခြေအနေက အကောင်းဆုံးသိပ္ပံပညာတွေကို ဖန်တီးဖို့ အခြေအနေကို ထိခိုက်စေတယ်လို့ဆိုပါတယ်။ တကယ်က ဒီအခြေအနေက ခုမှ ရောက်တာတော့ မဟုတ်ပါဘူး၊ ၁၉၈၀-၉၀လောက်ထဲက diversity ကို ရှေ့တန်းတင်လာကြတာပါ။ အခုကတော့ လောလောဆယ်အထိ အဆိုးဆုံးအခြေအနေကို ရောက်နေတာဖြစ်ပါတယ်။  

ဥရောပ သမဂ္ဂရဲ့ ကြိုးနီစံနစ်ကြောင့် ဥရောပနိုင်ငံတွေက လေယာဥ်တွေဟာ ခရီးသည်မပါသလောက်နဲ့ ဥရောပကို ပတ်ပျံနေရတာက မလိုအပ်တဲ့အပြင် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ကြီးတယ်လို့ လေကြောင်း လိုင်းတွေကရော ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေရောက အပြစ်တင်လိုက်ကြပါတယ်။

အရင်က လေကြောင်းတွေက လေဆိပ်တွေက သူတို့အတွက် သတ်မှတ်နေရာတွေရဲ့ အနည်းဆုံး ၈၀% ပြည့်မှ ပျံသန်းရတာဖြစ်ပြီး ၂၀၂၀အစောပိုင်းကစလို့ ကိုဗစ်ကြောင့်ဆိုပြီး အဲဒီသတ်မှတ်ချက်တွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။​ အဲဒီလိုမလိုအပ်ပဲ ပျံသန်းနေရမှုတွေက ၂၀၂၀ ဒီဇင်ဘာလလယ်ကနေ ၂၀၂၁ မတ်လလယ်အထိ ၁၈,၀၀၀ ရှိခဲ့ပြီး လေယာဥ်ဆီအစားဆုံးနဲ့ ကာဗွန်ထုတ်လွှင့်မှုအမြင့်ဆုံးက အတက်အဆင်းတွေမှာ ဖြစ်တဲ့အတွက် ဘယ်လောက်ပဲခရီးတိုတို မလိုအပ်ပဲ​တခါပျံလိုက်ရရင် အနဲလေး ကာဗွန် တန် ၃၀လောက် ထွက်သွားတာဖြစ်ပါတယ်။ အဲဒီပြဿနာတွေအပေါ်မှာ ပဲရစ်ရာသီဥတုအဖွဲ့ကြီး ဘာတခွန်းမှ မဟဘူးလား သိချင်ပါတယ်။

ဒိန်းမတ်က ကူးစက်ရောဂါဆရာဝန်မကြီး Tyra Grove Krause က အခုလို ကူးစက်မြန်ပြီး ပျော့တဲ့ပိုးမျိုးကွဲတွေ ဖြစ်လာပြီဆိုတော့ အခုလောလောဆယ် ကူးစက်မှုမြင့်နိုင်ပေမယ့် နောက် ၂လလောက်ဆို အားလုံး သဘာဝခုခံအား ရသွားလောက်ပြီဖြစ်လို့ ပုံမှန်အခြေအနေကို ပြန်ရောက်တော့မှာပါလို့ ဆိုပါတယ်။

Denmark State Serum Institute ရဲ့ လေ့လာတွေ့ရှိချက်အရ ဇန်နဝါရီလကုန်မှာ ကူးစက်မှု အမြင့်ဆုံးဖြစ်မှာဖြစ်ပြီး ဖေဖော်ဝါရီကစလို့ ကူးစက်မှုတွေ စတင်ကျဆင်းလာမှာဖြစ်ပါတယ်။ ဆေးရုံတင်ရနိုင်ခြေကတော့ ဒယ်လ်တာမျိုးကွဲနဲ့စာရင် တဝက်လောက်ပဲ ရှိနိုင်တယ်လို့ မှန်းထားပြီး ဇန်နဝါရီလကုန်မှာ ကူးစက်မှုအမြင့်ဆုံးဖြစ်လာရင် ဆေးရုံ ဆေးခန်း စတာတွေက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်အောင် ပြင်ဆင်ထားကြဖို့တော့ လိုမှာဖြစ်ပါတယ်။ သူမအဆိုအရ အိုမီခရွန်က ကိုဗစ်လောကမှာ အကြီးဆုံးဖြစ်လာပြီဆိုရင် ကမ္ဘာကြီးက အကောင်းဖက်ကို ဦးတည်သွားတော့မှာလို့ ဆိုပါတယ်။​

ကိုဗစ်နဲ့ပတ်သက်တဲ့ ဆေးဝါးအညွှန်းတွေကို မနှစ်က ပြည်သူရှေ့ထွက်လာပြီး ဟောပြောချပြခဲ့လို့ ယူကျူကရော ဂူဂဲလ် ဖဘ တွဒ်တာ အားလုံးက ဘန်းလိုက်တဲ့ဆရာဝန်အဖွဲ့က တင်ပြထားတဲ့အတိုင်း လင့်ခ်နဲ့တကွ ommasnotes မှာ တင်ထားပါတယ်။ တယ်လီဂရမ်မှာလည်း တင်ပေးပါမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: