CalCare အတွက် တိုးမယ့်အခွန်

ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်က ဒီလ ၅ရက်နေ့မှာ ပြည်နယ်အဆမ်ဘလီအခြေခံဥပဒေ ပြင်ဆင်ချက် ၁၁ ကို ပြည်နယ်အမတ် Ash Kalra နဲ့ Alex Lee တို့က တင်သွင်းလိုက်ပါတယ်။​ ပူးတွဲတင်သွင်းသူတွေမှာ ပြည်နယ်အောက်လွှတ်တော်အမတ် ၅ဦးနဲ့ ပြည်နယ်ဆီနိတ်တာ ၅ဦး ပါဝင်ပါတယ်။​ ထုံးစံအတိုင်းပါပဲ၊ ကယ်လီဖိုးနီးယားမှာ ဘာဥပဒေထုတ်ထုတ် ထုတ်သမျှက အခွန်တိုးဖို့(သို့) အခွန်တိုးတာကို ဖြစ်စေမယ့် ပဏာမ အခင်းအကျင်း (သို့) အချောင်သမားတွေကို အခွင့်အရေးပိုပေးဖို့ တခုခုပဲ ဖြစ်မှာပါ။ အခုကိစ္စကတော့ ပြည်နယ်တွင်းက လူတိုင်းကို ကျန်းမာရေးအာမခံချက်ပေးဖို့အကြောင်းပြပြီး အိုဘားမားကဲလိုဟာမျိုး ပြည်နယ်မှာ လုပ်မှာဖြစ်ပါတယ်။

ACA 11 မှာ အခုတက်ဖို့တာစူနေတဲ့အခွန်က ပုံစံ ၃မျိုးနဲ့ လာမှာဖြစ်ပါတယ်။

၁။ လက်ရှိတဦးချင်းတနှစ်ဝင်ငွေအပေါ် စည်းကြပ်နေတဲ့အခွန်တွေကို အောက်ပါအတိုင်း တိုးကောက်မှာဖြစ်ပါတယ်။

  • $149,509 to $299,508 အထိကို 0.5%
  • $299,509 to $599,012 အထိကို 1.0%
  • $599,013 to $1,299,499 အထိကို 1.5%
  • $1,299,500 to $2,484,120 အထိကို 1.75%
  • $2,484,121 အထက်ကို 2.5% of taxable income

၂။ တနှစ်ကို $49,990 အထက်ဝင်တဲ့ ဝန်ထမ်းတွေအပေါ်မှာ payroll tax တိုးကောက်ဖို့ဖြစ်ပါတယ်။

၃။ လုပ်ငန်းကရတဲ့ဝင်ငွေ ပထမ ၂သန်းကို ဖယ်ထားပြီး အဲဒီအထက် ရောင်းရငွေအားလုံးအပေါ်မှာ ၂.၃% ထပ်ဆောင်း အခွန်ကောက်မှာဖြစ်ပါတယ်။​

ဒီမိုကရက်တွေက လုပ်ငန်းကြီးတွေကို အခွန်တိုးကောက်တာက လုပ်သင့်တဲ့လုပ်ရပ်လို့ တလွဲမှိုင်းတိုက်ထားကြပါတယ်။ တိုးလာတဲ့အခွန်က အခွန်ထမ်းပြည်သူတွေပေါ်ပဲ ပြန်ရောက်တယ်ဆိုတာ ဘေလ်တွေ တိုးလာတာကိုကြည့်ရင် သဘောပေါက်သင့်ပါတယ်။ ဘယ်သူမှ အိတ်ထဲက စိုက်မဆောင်ပါဘူး၊ စာရင်းအင်းအရကလည်း အဲဒီလိုလုပ်လို့ မရပါဘူး။

အမေရိကန်မှ လောလောဆယ် နှစ်ပြည်နယ်ပဲ အလုပ်လက်မဲ့ဖြစ်ခဲ့ရင် ပေးဖို့ အာမခံကြေးကလွဲလို့ payroll tax ကောက်တာရှိပါတယ်။​ မန်ဆာချူးဆက်က ပြည်နယ်ကစည်းကြပ်တဲ့ တဦးချင်းဝင်ငွေခွန် 5% ပေါ်မှာ ထပ်ပြီး 0.68% တိုးကောက်ပါတယ်။ နီဗားဒါးမှာတော့ တဦးချင်းဝင်ငွေခွန်မရှိပဲ အဲဒီနေရာမှာ payroll tax 1.475% ကောက်ပါတယ်။ ကယ်လီဖိုးနီးယားက ဝင်ငွေအလိုက်မြင့်သွားတဲ့ တဦးချင်းဝင်ငွေအပေါ်မှာ အခွန် 13.3% အထိ ရှိနှင့်ပြီးသားဖြစ်ကာ အဲဒီအပေါ်မှာမှ နောက်ထပ် 2.25% ကို payroll tax အနေနဲ့ ထပ်ကောက်မှာဖြစ်ပါတယ်။ မန်ဆာချူးဆက်မှာလည်း အခု ကယ်လီဖိုးနီးယားအမတ်တွေ လုပ်ချင်နေတဲ့ single payer health system လုပ်ထားတာပါ။

ACA 11 အတည်ဖြစ်ခဲ့ရင် တိုးကောက်လို့ ရလာမယ့် အခွန်ဘဏ္ဍာတွေကို ပညာရေးစတဲ့ တခြားနေရာတွေမှာ သုံးခွင့်ရှိမှာမဟုတ်ပဲ ကယ်လီဖိုးနီးယားအမတ်တွေ ဖြစ်ဖို့တွန်းနေတဲ့ CalCare တခုတည်းအတွက်သာ သုံးရမှာဖြစ်ပါတယ်။ CalCare ဇီးသီးဗန်းဆိုပါတော့။ အဲဒီတော့ တခြားခေါင်းစဥ်နဲ့ ဖြုန်းချင်တာများရှိလာရင် သပ်သပ်ရာနှုန်းနဲ့ ထပ်ကောက်ဖို့တွေ ဖြစ်လာဦးမှာပါ။ ဘနှဖူးသိုက်တူးတာကလွဲလို့ ဘယ်လိုဝင်ငွေရှာရမှန်းမသိတဲ့သူတွေကို တင်ထားတဲ့အကျိုးပဲဆိုပါတော့။ ပါတီနာမည်မှာ ဒီမိုကရက်ပါတာနဲ့ ကြည်နူးပြီး ဘုမသိဘမသိ ပေးကျွေးနေတာတွေ ရပ်သင့်ပါပြီ။

အစိုးရက ဝင်စီမံတဲ့ လုပ်ငန်းမှန်သမျှ လိုက်လို့မဆုံး ဖို့လို့မဆုံးနဲ့ အရှုံးကြီးလှပါတယ်။ ဒါ့အပြင် အခုလို နယ်စပ်အပွင့်ကြီးနဲ့ လာသမျှလူတွေကို အလကားကုပေးရမယ်ဆိုရင် အဲဒီအခွန်ရာခိုင်နှုန်းတွေကလည်း ဂဏန်းတလုံးကနေ နှစ်လုံးကို တခဏအတွင်း ရောက်သွားပါမယ်။​ ငွေကဖောင်းပွ၊ စွမ်းအင်ဈေးတွေက ခေါင်ခိုက်၊ အခွန်တွေကတိုး၊ ကုန်ဈေးနှုန်းတွေက တက်နဲ့ ပျော်ကြရဲ့လားလို့ပဲ မေးပါတော့မယ်။​  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: