ဇန်နဝါရီ ၁၀ ရက် ၂၀၂၂

အမေရိကန်မှာ ကုန်ဈေးနှုန်းတွေ ဆီဈေးနှုန်းတွေတက်နေတာက ဘိုင်ဒန်ရဲ့ ပေါ်လစီမှားယွင်းမှုတွေ ကြောင့်လို့ ဝန်မခံပဲ တချို့ကော်ပိုရေးရှင်းကြီးတွေရဲ့ လောဘကြောင့်လို့ အပြစ်တင်လိုက်တဲ့အပေါ် အစိုးရအတွင်း/အပြင်က စီးပွားရေးပညာရှင်တွေကြား အမြင်တွေ ကွဲကုန်ပါတယ်။ တချို့က ဒီမိုကရက်တွေအနေနဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်တွေကို ရင်ဆိုင်ဖို့ ငွေဖောင်းပွမှုကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စဥ်းစားကြဖို့သင့်ပြီလို့ အကြံပြုကြပါတယ်။ တကယ်တမ်း သူတို့ကြောင့် တက်တာမဟုတ်ပဲ အခြားအကြောင်းတွေကြောင့်ဆိုရင်တောင် လူထုအကျိုးစီးပွားကို ကာကွယ်ပေးရမယ့်တာဝန် ယူထားတဲ့အတွက် တက်ရတဲ့အကြောင်းရင်းတွေကို ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်ကောင်းက ဘလိမ်းဂိမ်းမလုပ်ပါဘူး။

အီရန်မှာ ထရမ့်ရှင်းပစ်ခဲ့တဲ့ စစ်ဗိုလ်ချုပ် ဆိုလေမာနီရဲ့ ရုပ်တုတွေကို အီရန် နိုင်ငံနေရာအချို့မှာ ခါမေနီအစိုးရက လိုက်လံဖွင့်လှစ်ခဲ့ပြီး အမေရိကန်တွေ အဲဒီအတွက် အမေရိကန်နိုင်ငံထဲမှာ သွေးကြွေး ပြန်လည်ပေးဆပ်ရမယ်လို့ အစ်စမေးဂါနီက ခြိမ်းခြောက်လိုက်ပါတယ်။ အဲဒီလိုလုပ်ဖို့ သူတို့ကို ထောက်ခံတဲ့လူတွေရဲ့ အကူအညီနဲ့ သူတို့တောင် ပါစရာမလိုပဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူခြိမ်းခြောက်တာ ထရမ့်လက်ထက်မှာ ကြောက်စရာမရှိခဲ့ပေမယ့် အရည်အချင်းထက် အသားအရောင် လိင်ကို​ ဦးစားပေးတဲ့ ဘိုင်ဒန်အစိုးရက ခြလည်းစားပြီး တာလီဘန်လည်းမနိုင်၊ ပြည်ဝင်တဲ့လူလည်း မစစ်၊ အက်ဖ်ဘီအိုင်ကလည်း သုံးမရဆိုတော့ စိုးရိမ်စရာတော့ဖြစ်ပါတယ်။

 ခါမေနီက တိုင်းပြည်ကို ၁၉၈၉ထဲက အုပ်စိုးလာတာဖြစ်ပြီး အဲဒီမတိုင်ခင် ၁၉၈၁-၈၉အထိ တိုင်းပြည်ရဲ့ ဒုတိယအာဏာအရှိဆုံး ဖြစ်တဲ့ သမ္မတရာထူးမှာ ရှိခဲ့တာပါ။ ပြည်သူတွေကတော့ ဆိုလေမာနီရုပ်တုတွေကို လစ်ရင်လစ်သလို ဖြိုဖျက်နေကြတာ နောက်ဆုံးဖွင့်ခဲ့တဲ့ ရုပ်တုက ဖွင့်ပြီးတဲ့ညမှာပဲ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ ဒုတိယမြောက် ဖျက်ဆီးခံရတဲ့ ရုပ်တုဖြစ်ပါတယ်။ အီရန်ပြည်သူတွေရဲ့ အာဏာရှင်ကို ဆန့်ကျင်ချင်တဲ့ စိတ်ဓါတ်ကို မြင်နိုင်ပါတယ်။ ဘာသာရေးအယောင်ပြထားတဲ့ အာဏာရှင် အာဏာမမြဲသေးရင် မြန်မာပြည်မှာလို တော်လှန်ကြမယ့်ပုံပါပဲ။

နယူးယောက်တိုင်းမ်းစ်ကသတင်းတပုဒ်မှာတော့ ကိုဗစ်ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ ကလေးတွေမှာ ပုံစံ၁(သို့)ပုံစံ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ အများကြီး မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ တချို့ဒေတာတွေအရ ဆီးချိုဖြစ်နိုင်ခြေက အရင်ကထက် ၂.၆ဆ တက်သွားပြီး တချို့ဒေတာတွေမှာတော့ ၃၀% တက်တယ်လို့ ဆိုပါတယ်။ တခြားလေ့လာချက်တွေမှာလည်း ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းသွားတဲ့ လူကြီးတွေမှာပါ ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်လာတယ်လို့ သိရပါတယ်။ အဲဒီတော့ စီဒီစီက သုတေသနဆရာဝန် ဒေါက်တာရှာရွန်ဆေဒါးက ဆီးချိုရဲ့ လက္ခဏာတွေကို သိအောင်လုပ်ထားဖို့ အကြံပြုပါတယ်။ ဆီးချိုနဲ့ပတ်သက်လို့ မဖြစ်ခင်ထဲက အနေအထိုင် အစားအသောက်ပုံစံပြောင်းလဲပြီး ဖြစ်လာရင်လဲ စောစောစီးစီး ကုသမှုခံယူကြဖို့ လိုအပ်ပါတယ်။

နယူးယောက်မြို့ကြီးမှာရှိတဲ့ နိုင်ငံသားမဟုတ်သူ ၈သိန်းလောက်ကို အရင်မြို့ဝန်က မြို့တော် ရွေးကောက်ပွဲတွေမှာ မဲပေးလို့ရဖို့ ဥပဒေပြင်ဆင်သွားခဲ့ပါတယ်။ အခုတက်တဲ့မြို့ဝန်က အဲဒါ မဖြစ်သင့်ဘူးလို့ ပြောပြီး ရက်အနည်းငယ်အတွင်းမှာပဲ အတည်ပြုပေးလိုက်ပါတယ်။ မြို့က အတည်ပြုပေမယ့် ပြည်နယ်ရဲ့ အခြေခံဥပဒေအရ နိုင်ငံခြားသားက မဲပေးခွင့်မရှိတဲ့အတွက် မြို့တော်ကောင်စီက လူနည်းစု ခေါင်းဆောင်ဂျိုးဘိုရယ်လီနဲ့ ရီပါဘလစ်ကန်တွေက မြို့ဝန်အသစ်ကို တရားစွဲကြမှာဖြစ်ပါတယ်။

မဲ၈သိန်းကို မက်ကြတာနဲ့ နိုင်ငံသားတွေရဲ့ အသံတွေရဲ့ တန်ဖိုးက ရေရောထားသလို ဖြစ်တော့မှာပါ။ နိုင်ငံသားတွေပေးရတဲ့ ဖက်ဒရယ် ရွေးကောက်ပွဲတွေမှာတောင် သေပြီး ပြောင်းရွှေ့ပြီးသူတွေကို တမင်မဖယ်ပဲ ညစ်လို့ရအောင် လုပ်နေတာဆိုတော့ အခုလို နိုင်ငံသားမဟုတ်တဲ့လူတွေ ၈သိန်းလောက် ပါလာတဲ့အခါ ပိုဇယားရှုပ်ပြီး ရွေးကောက်ပွဲတွေက ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ဖို့ ပိုဝေးသွားတော့မှာပါ။ ပိုဆိုးတာက အမေရိကန်ရဲ့ အကြီးဆုံးမြို့ကြီးက နမူနာဖြစ်သွားပြီဆိုတော့ ကျန်မြို့တွေက လိုက်လာတော့မှာပါ။​ အဲဒါဆို ခြစားတွေ ထိုင်ခုံမှာ ဆူပါဂလူးနဲ့ ကပ်ထားသလို ဖြစ်ပြီပေါ့။

ဝူဟန်ပိုးမွှားတက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် သင်တန်းသားတွေခေါ်နေပါတယ်။​ လာလျောက်မယ့် သူတွေက တရုပ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုကို ထောက်ခံရမှာဖြစ်ပြီး ဆိုရှယ်လစ်နည်းနဲ့သွားမယ့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဝန်ကို ထမ်းချင်စိတ်ရှိရမယ်လို့ ဆိုပါတယ်။ မှန်ကန်တဲ့ နိုင်ငံရေး အမြင်ရှိသလားဆန်းစစ်ဖို့ မေးခွန်းတွေလည်း ဖြေရဦးမှာပါ။ တရုပ်စစ်တပ်မှာ လက်ရှိတာဝန်ထမ်းဆောင် နေဆဲလူတွေလည်း ရွေးချယ်သင်တန်းပေးတာကို လျောက်လို့ရကြောင်း အကျယ်တဝင့် ရှင်းပြထားတော့ ဖောက်ချီရဲ့ ဂိန်းအော့ဖ်ဖန်ရှင်သုတေသနလုပ်ဖို့ ထောက်ပံ့ပေးထား တာကို အန်အိုင်အိတ်ချ်က အတည်ပြုတာနဲ့ သွားကိုက်ညီနေတယ်လို့ နေရှင်နယ်ပါ့လ်စ်က နာတလီဝင်းတားစ်က ရေးသားထားပါတယ်။

အိုမီခရွန်မျိုးကွဲ ပြန့်ပွားလာတာက ပန်ဒဲမစ်ဖြစ်တာကို အဆုံးသတ်တော့မယ့်လက္ခဏာလို့ လေ့လာချက်မှာ တွေ့ရှိရကြောင်း တောင်အာဖရိကသုတေသီတွေကလည်း ပြောကြားလာတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေကြား အဲဒီလိုမြင်လာတဲ့ ပညာရှင်တွေ တိုးလာပြီဖြစ်ပါတယ်။ သူတို့တွေ့ရှိချက်က အိုမီခရွန်ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ဒယ်လ်တာကို လုံးဝ အစားထိုးသွားပြီး မျိုးကွဲသစ် စတွေ့တာကနေ ၅ပတ်အကြာမှာ တွေ့နှုန်းရော ဆေးရုံတင်နှုန်းရောက သိသိသာသာ ကျလာတယ်လို့ ဆိုပါတယ်။ ဆေးရုံတက်ရတဲ့ရက်လည်း ၈.၈ရက်ကနေ ၄ရက်ကို ကျဆင်းသွားပြီး အသည်းအသန်ခန်းထဲထည့်ရတာက ၄.၃ရာနှုန်းကနေ ၁ရာနှုန်းကို ကျဆင်းသွားပါတယ်။ လက်ရှိဆေးရုံတက်လူနာဖိတ်စင်မှုနှုန်းကလည်း ၄.၅ရာနှုန်းအထိ သိသိသာသာကျသွားပါတယ်။

ဆေးရုံတင်လူနာတွေကြား အောက်ဆီဂျင်လိုအပ်မှုကလည်း ပထမလှိုင်းတုန်းက ၉၉.၅ရာနှုန်း ရှိခဲ့ပေမယ့် အခုအခါမှာတော့ ဆေးရုံတင်လူနာရဲ့ ၄၅ရာနှုန်းကသာ အောက်ဆီဂျင်အကူအညီ လိုအပ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်ဝါ့ဒ်ကလူနာတွေရဲ့ ၆၃ရာနှုန်းကလည်း တခြားရောဂါတွေနဲ့ ဆေးရုံတက်လာပြီးမှသာ ကိုဗစ်ရှိကြောင်းတွေ့ရတာလို့ သိရပါတယ်။ အမေရိကန်မှာလည်း တခြားအကြောင်းနဲ့ ဆေးရုံတက်လာပြီးမှ ကိုဗစ်ပိုးရှိကြောင်းတွေ့လို့ ကိုဗစ်စာရင်းထဲ ရောက်သွားကြတာ ဒေသအလိုက် ၂၅ ကနေ ၅၀ရာနှုန်းလောက်ရှိတယ်လို့ တချို့ဆေးရုံတွေက ထွက်လာတဲ့ စာရင်းဇယားတွေက ဆိုပါတယ်။

တခြားနိုင်ငံတွေက ဒေတာတွေ ထွက်နေပေမယ့် အမေရိကန်အစိုးရက (ကူးတဲ့နှုန်း၊ ကာကွယ်ဆေး ထိုးတဲ့နှုန်းကလွဲလို့) အခုလိုဒေတာတွေ ထုတ်ပြန်မနေတာလည်း စိတ်ဝင်စားစရာပါ။ အဲဒါကြောင့်လည်း ပန်ဲဒမစ်အကြောင်းပြပြီး နိုင်ငံရေးအမြတ်ထုတ်ချင်ကြတဲ့ သူတွေက ဒီ လိုတရပိုးကြီး လွယ်လွယ်နဲ့ အဆုံးသတ်မှာကို လိုလားနိုင်မှာမဟုတ်ဘူးဆိုတာကိုတော့ ကြိုတင်တွက်ဆထားဖို့ လိုပါမယ်။ အဲဒါကြောင့် ခြောက်တိုင်းလဲမကြောက်နဲ့ မကြောက်ပဲလဲမနေနဲ့ ဆိုတဲ့ ပညာရှိစကားလို သတိနဲ့ပဲ ကိုယ်ခံအားကောင်းအောင် ကျန်းမာအောင် နေကြပါလို့ ပြောချင်ပါတယ်။

ဂျာမဏီအစိုးရရဲ့ (လုပ်ငန်းကြီးတွေ မိုနိုပိုလီမဖြစ်အောင်ထိမ်းတဲ့) antitrust ရုံးက Google ဟာ သူတို့စည်းမျဥ်းတွေ ကျင့်သုံးလို့ရမယ့်အချက်တွေနဲ့ ညီနေတယ်လို့ ကြေငြာလိုက်ပါတယ်။ အခုအချိန်ကစပြီးတော့ ပြိုင်ဖက်တွေကို ထိခိုက်နိုင်တဲ့ လက်ဝါးကြီးအုပ်နိုင်တဲ့ကိစ္စတွေမှာ ဂူဂဲလ်က လူတွေရဲ့ ဒေတာတွေကို ဘယ်လိုအသုံးချသလဲဆိုတာနဲ့ ပတ်သက်တဲ့ လုပ်ပုံကိုင်ပုံကို ဘယ်လိုကိုင်တွယ်သွားမယ်ဆိုတာ စပြီးလေ့လာနေပြီလို့ ဆိုပါတယ်။ အခုလို ကြေငြာလိုက်တာကြောင့် နောင် ၅နှစ်ကျော်အတွင်းမှာ ဂျာမဏီက ဂူဂဲလ်ရဲ့မိခင် Alphabetကို စုံစမ်းစစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာလည်း ဒီလိုလုပ်ဖို့လိုနေတာ ကြာပါပြီ။ ဒီနှစ်ရွေးကောက်ပွဲမှာ အဲဒီလိုလုပ်မယ့်သူတွေကို တင်ပေးဖို့လိုပါတယ်။

ထရမ့်ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်ဖြစ်တဲ့ Truth Social က ဖေဖေါ်ဝါရီ ​၂၁ရက် သမ္မတများနေ့မှာ စတင်မယ်လို့ Apple App Store မှာ ဖော်ပြထားကြောင်း ဂါးဒီးယန်းက ဆိုပါတယ်။ App ကတော့ preorder လုပ်လို့ရနေပါပြီ။ အဲဒီရက်ကျမှပဲ စအလုပ်လုပ်မယ်ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: