တောင်ကာရိုလိုင်းနားပြည်နယ် ကိုလံဘီယာမြို့မှာ ရီပါဘလစ်ကန်တွေထောက်ခံတဲ့သူက အိုဘားမားထောက်ခံမှုပေးထားတဲ့သူကို အနိုင်ရပြီး မြို့ဝန်ဖြစ်သွားပါတယ်။ အဲဒီမြို့မှာ ဒီမိုကရက်မြို့ဝန်တွေပဲ အုပ်စိုးလာတာ အနှစ် ၃၀ရှိပါပြီ။ တိုင်းပြည်ကို ဆင်းရဲကျပ်တည်း အမုန်းပွားအောင် လုပ်သူတွေဆိုရင် ဘယ်ပါတီကဖြစ်ဖြစ် မရွေးသင့်တာကို သဘောပေါက်လာကြပြီထင်ပါတယ်။
နီဗားဒါးမှာ ဂါဗာနာဝင်ပြိုင်မယ့်သူ ရီပါဘလစ်ကန်ဘက်က ၉ဦးရှိတာမှာ Clark County Sheriff Joe Lombardo က ရံပုံငွေ ၃.၁သန်းရှာနိုင်နေပြီဖြစ်လို့ နှစ်ပါတီစလုံးက ဝင်ပြိုင်မယ့်လူတွေကြား အများဆုံးရံပုံငွေ ရှာနိုင်သူဖြစ်လာပါတယ်။ လက်ရှိဒီမိုကရက်ဂါဗာနာကို ယှဥ်ပြိုင်ဖို့ ရီပါဘလစ်ကန်ပါတီက ဘယ်သူ့ကို ရွေးမယ်ဆိုတာကို ဇွန်လမှာ ပြုလုပ်မှာဖြစ်ပါတယ်။
ကာလီဖိုးနီးယားမှာ မြေဈေး၊ အိမ်ဈေး၊ ဆီဈေး၊ ရေဖိုး၊ မီးဖိုး၊ အခွန် အစစ ဈေးကြီးသထက် ကြီးလာတဲ့အတွက် ပြောင်းထွက်ကုန်ကြပါတယ်။ အဲဒါကြောင့် လူဦးရေကို အခြေခံတဲ့ အောက်လွှတ်တော်မှာ အရင်ရနေကျထက် တနေရာ နည်းသွားပါတယ်။ မဲဆန္ဒနယ်မြေတွေကိုလည်း ပြောင်းလည်းဖွဲ့စည်းလိုက်တာကြောင့် လက်ရှိအမတ်တွေက နောက်တခါရွေးကောက်ပွဲလုပ်ရင် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
ဆောင်းညတွေမှာ ရေခဲမှတ်အောက် တော်တော်ကျတတ်တဲ့ ကိုလိုရာဒိုပြည်နယ် ဘိုလ်ဒါမြို့မှာလည်း စွမ်းအင်ဈေးတွေ ထောင်တက်သွားတဲ့အတွက် မြို့ဝန်က မြို့သူ/သားတွေကို heater သိပ်မဖွင့်ပဲ နေ့ခင်း နေရောင်လာတဲ့အချိန်မှ တောင်ဖက်က ပြူတင်းပေါက်တွေ ဖွင့်ထားကြဖို့၊ ပြူတင်းပေါက်ကို လေပိုလုံတာနဲ့လဲဖို့၊ ရေကိုလည်း ရေနွေးမသုံးပဲ တတ်နိုင်သလောက် ရေအေးသာသုံးဖို့၊ ပန်းကန်တွေကိုလည်း စက်နဲ့မဆေးပဲ လက်နဲ့ပဲဆေးဖို့ တိုက်တွန်းလိုက်ပြီး အဲဒီလိုလုပ်ခြင်းအားဖြင့် စွမ်းအင်ရော ရေပါ သက်သာမှာဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်အတွက် အလွန်ကောင်းမွန်ပါကြောင်း အကြံပြုသွားပါတယ်။ လက်ဝဲသမားတွေဆိုတော့ ပြည်သူတွေ ဆင်းရဲတွင်းနဲ့ အသားကျအောင် ကြိုတင်ပြင်ဆင်ပေးထားတဲ့သဘော ဖြစ်နိုင်ပါတယ်။ မြောက်ကိုရီးယားတို့ တရုပ်တို့ဆိုရင်လည်း အပူမပေးနိုင်လို့ ကွန်ပလိန့်တက်ခွင့်မှမရှိတာလေ။
အမေရိကန်အစိုးရအဖွဲ့တခုလုံးမှာ အမြင့်ဆုံးလခရနေတဲ့ ဒေါက်တာဖောက်ချီကို ရီပါဘလစ်ကန်ဆီနိတ်တာ ရော်ဂျာမာရှဲလ်က ဖောက်ချီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကွန်ဂရက်စ်ကို ပြသဖို့ ပြောဆိုခဲ့တာမှာ ဖောက်ချီက ဒေါပွပြီး ငါ့ရဲ့ငွေကြေးမှတ်တမ်းမှတ်ရာတွေက အများပြည်သူနဲ့ဆိုင်တာတွေပဲ၊ အများဆီမှာရှိတယ်လို့ ဖြေပါတယ်၊ အဲဒီတော့ ဆီနိတ်တာက ဘယ်မှာရှိတာလဲ၊ ငါတို့ကွန်ဂရက်စ်က ကြည့်ချင်လို့ဆိုတော့ ရှိပါတယ်၊ မင်းတောင်းဖို့ပဲလိုတာပါလို့ ပြောပေမယ့် ဘယ်ကိုတောင်းရမယ်ဆိုတာကိုတော့ လုံးဝ ထည့်မပြောသွားပါဘူး။ ဆီနိတ်တာမာရှဲလ်ကတော့ တက်ခ်ကုမ္ပဏီကြီးတွေက ပူးပေါင်းဖုံးကွယ် ပေးထားတာဖြစ်မယ်လို့ စွပ်စွဲလိုက်ပါတယ်။ ထရမ့်လက်ထက်က ထရမ့်ရော သူ့လူတွေရောရဲ့ ငွေကြေးစတဲ့အချက်အလက်တွေဆိုရင် လွယ်လွယ်လေး ဖောက်ချလိုက်ကြတဲ့ ၏လူတွေက ခြစားတွေနဲ့ပတ်သက်လို့တော့ သိပ်ကို လျို့ဝှက်ပေးနိုင်ကြတာ သင်ခန်းစာယူလောက်ပါတယ်။ ခြအုံကြီးဆိုတော့ တပေါက်ပွင့်ရင် အကုန်လိုက်ပွင့်မှာစိုးလို့ ဖြစ်ပါလိမ့်မယ်။
ဆီနိတ်တာ တဒ်ခရုဇ်က ကနေ့လွှတ်တော်မှာ အက်ဖ်ဘီအိုင်က လက်ထောက်အလုပ်အမှုဆောင်ဒါရိုက်တာ ဂျေလ်ဆန်ဘွန်းကို မနှစ်က ဇန်နဝါရီ ၆ရက်နေ့ ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီထဲမှာ အက်ဖ်ဘီအိုင်က ဝန်ထမ်းတွေ၊ လျို့ဝှက်သတင်းပေးတွေ ပါဝင်ပတ်သက်နေသလား၊ စီစဥ်ညွှန်ကြားခဲ့တာရောရှိလား၊ ရာဇဝတ်မကင်းတာတွေရော လုပ်ခဲ့သလား၊ အဲဒီလိုလုပ်တာတွေကိုရော အားပေးအားမြှောက်ပြုခဲ့လား ဆိုတဲ့ မေးခွန်းတွေကို မေးခဲ့ပါတယ်။ ဂျေလ်က တခွန်းကိုမှ ဖြေမသွားပဲ သူမအနေနဲ့ အသေးစိတ်တွေ ပြောပြလို့မရဘူးလို့ပဲ ပြန်ဖြေပါတယ်။ ကျမ်းကြိမ်ထားတဲ့ စစ်ဆေးမှုမှာ မဟုတ်ဘူးလို့ တခွန်းမှ ဖြေမသွားပုံထောက်တော့ ဇန်နဝါရီ ၆ရက်မှာ ပြဿနာတွေဖြစ်အောင် တနည်းနည်းနဲ့ ပါဝင်ပတ်သက်နေတာကို သိထားတဲ့ပုံပါပဲ။
နောက်သတင်းတပုဒ်မှာက အဲဒီဇန်နဝါရီ ၆ရက် လန်ကြုတ်ဇတ်လမ်းနဲ့ ဖမ်းထားတဲ့သူတွေကို ထောင်ထဲမှာ ရေလိုင်းဖြတ်ထားတာ အပါအဝင် အခြေခံလိုအပ်ချက်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဖြတ်တောက်ထားတယ်လို့ ဒီစီခရီုင် US Marshal တဦးက ဆိုပါတယ်။ သူတို့ကို ထိန်းသိမ်းထားတဲ့ Central Treatment Facility မှာ အခြေအနေက ဆိုးလွန်းတာ လနဲ့ချီနေတဲ့အတွက် တခြားကို ပြောင်းရွှေ့ပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အာဏာနဲ့ပတ်သက်လာရင် မလုပ်ရဲတာမရှိဘူးဆိုတာ ဒီကစတာလား မြန်မာပြည်ကစတာလားဆိုတာ မေးရမလိုပါပဲ။