တရုပ်စီစီပီက ကမ္ဘာကို လိမ်တဲ့အချက် ၅ချက်

၅။ စီစီပီက တရုပ်ပြည်သူ သန်း၈၀၀ ကို ဆင်းရဲတွင်းထဲကနေ ကယ်ထုတ်နိုင်ခဲ့တယ်။

– မှားပါတယ်။ ကွန်မြူနစ်ဝါဒ အပြည့်အဝအသက်သွင်းလိုက်ချိန်မှာ အစဉ်အလာလည်ပတ်နေတဲ့ ယန္တယားတွေ ရပ်သွားတဲ့အတွက် မကြာမီအတွင်း ပြည်သူအများ ငတ်မွတ်ကြပြီး လူ ၁၀သန်းကျော် သေကုန်ကြပါတယ်။ မော်သေပြီးနောက်မှ​ ကွန်မြူနစ်စနစ်မတိုင်ခင်က လူတွေနေထိုင်အသက်မွေးကြသလို စိုက်တဲ့သူကစိုက်၊ မွေးမြူရေးလုပ်သူကလုပ်၊ ဈေးရောင်းတဲ့သူကရောင်း၊ ကုန်သွယ်သူကကုန်သွယ်စသဖြင့် ကိုယ်ကျွမ်းကျင်ရာလုပ်ဖို့ ပြန်ခွင့်ပြုလိုက်လို့ အငတ်ဘေးက လွတ်ခဲ့တာဖြစ်ပါတယ်။

– နောက်တချက်က ဆင်းရဲမှု poverty line က နိုင်ငံတကာစံနှုန်းနဲ့ သတ်မှတ်တာဖြစ်လို့ တဦးချင်း တနေ့ဝင်ငွေ $1.9 ကို တပြားလောက် ကျော်လိုက်ရင်ကို ဆင်းရဲတွင်းကလွတ်ပြီး ဝင်ငွေနည်းအုပ်စုထဲ ရောက်ပြီလို့ ဝိနည်းလွတ်ပြောလို့ရပါတယ်။​ တကယ်တမ်း တရုပ်ပြည်မှာ သန်း၉၀၀လောက်က ဝင်ငွေနည်းအဆင့်မှာပဲ ရှိနေသေးတာပါ။​ တဦးချင်း တနေေ့ဝင်ငွေ $၁၀ ကျော်မှသာ ဝင်ငွေနည်းအုပ်စုက လွတ်မှာဖြစ်ပါတယ်။

– ဝါဒဖြန့်တာတွေထဲမှာသာ တရုပ်ပြည်က အရမ်းချမ်းသာသယောင် ပြနေပေမယ့် တဦးချင်း ကုန်ထုတ်လုပ်မှုတန်ဖိုးက တိုင်ဝမ်ရဲ့ လေးပုံတပုံပဲ ရှိတာပါ။ ပြည်သူအများစုက ဆင်းရဲပပေမယ့် ခေါင်းဆောင်ကြီးများကတော့ ချမ်းသာပါတယ်။

၄။ တရုပ်ပြည်က ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တယ်။

– မှားပါတယ်။ တရုပ်ပြည်က ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွါးရေးဖြစ်တော့ ဖွံ့ဖြိုးဆဲနိုင်ငံမဟုတ်တော့တာ သေချာပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေပဲ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေ ခံစားချင်တော့ နိုင်ငံတကာခေါင်းဆောင်တွေ နိုင်ငံတကာအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို အိတ်ထဲထည့်စည်းရုံးပြီး ဖွံ့ဖြိုးဆဲအဆင့်ကို အခိုင်အမာ ဖက်တွယ်ထားချင်တာပါ။​ သူချူဆီထည့်ရတာက ပြန်ရတာနဲ့စာရင် အများကြီးတန်တယ်လေ။

၃။ ကွန်မြူနစ် တရုပ်ပြည်က ဘယ်နိုင်ငံကိုမှ မကျူးကျော်ဘူး။

– မှားပါတယ်။ ကွန်မြူနစ်တွေ သိမ်းပြီးတဲ့ တရုပ်ပြည်က ၁၉၅၀မှာ လွတ်လပ်တဲ့တိဗက်ကို အရင်ဆုံး ကျူးကျော်ခဲ့ပါတယ်။​ ၁၉၅၄နဲ့ ၅၈တို့မှာ တိုင်ဝမ်ကို ကျူးကျော်ဖို့ ကြိုးစားခဲ့ပါတယ်။ ၁၉၆၂မှာ အရူနာချယ်ပရာဒက်ရှ်ဆိုတဲ့ အိန္ဒိယနယ်စပ်က ဒေသကို သူတို့ပိုင်လို့ ပြောပြီး ကျူးကျော်ခဲ့လို့ တရုပ်-အိန္ဒိယစစ် ဖြစ်ခဲ့ပါတယ်။​ ၁၉၇၉ တုန်းက ဗီယက်နမ်ကို ကျူးကျော်ခဲ့ပါတယ်။ ၁၉၉၇တုန်းကလည်း ယူကေကို ဟောင်ကောင်ကျွန်းအားလုံးကို သူတို့ဆီ အပြည့်အဝလွှဲပြောင်းပေးဖို့ ဖိအားပေးခြိမ်းခြောက်ခဲ့ပါတယ်။ မကြာသေးခင်ကလည်း တောင်တရုပ်ပင်လယ်နဲ့ ထိစပ်နေတဲ့ တခြားနိုင်ငံတွေရှိနေတဲ့ကြားက အဲဒီပင်လယ်တခုလုံးကို သူတို့ပိုင်တယ်လို့ အတင်းငြင်းရုံတင်မက ပင်လယ်ထဲမှာပါ ကျွန်းတုတွေဆောက်ပြီး အမြှောက်စင်တွေ တပ်ဆင်ထားတာပါ။ ၂၀၁၅ကစပြီးတော့လည်း ဘူတန်ပိုင်တဲ့ မြေထဲမှာ ရွာတွေ ဝင်ဆောက်ပြီး သူတို့လူတွေ သွားနေခိုင်းပါတယ်။ တချိန်ထဲမှာပဲ အိန္ဒိယနယ်စပ်မှာလည်း တရုပ်တပ်တွေ တိုးချထားခဲ့ပါတယ်။​ အခုလည်း တိုင်ဝမ်ကို ကျူးကျော်ချင်လို့ စကားပစ် ခြိမ်းခြောက်လုပ်နေတာ အကြိမ်ကြိမ်ပါပဲ။

၂။ ဖ လုံဂုံးက မကောင်းဆိုးဝါးအဖွဲ့ဖြစ်တယ်။

– မှားတာပါပဲ။ ဖ လုံဂုံးက စိတ်တည်ငြိမ်အေးချမ်းအောင် တရားထိုင်ခြင်း ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာပျော်ရွှင်ပြီး ဘဝအရည်အသွေး အဓိပ္ပါယ် ပြည့်ဝဖို့ ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။ အပြိုင်အဆိုင်များလွန်းလို့ စိတ်ဖိစီးလာတဲ့ပြည်သူတွေက စိတ်ဖိစီးမှုထွက်ပေါက်တခုအဖြစ် ကျင့်သုံးကြရာက အကျိုးကျေးဇူးတွေ လက်တွေ့ခံစားရတဲ့အတွက် ကျင့်သူအင်အားက သန်း၈၀-၁၀၀ လောက်ရှိလာပြီး ပါတီဝင်အင်အားထက်ကို များလာခဲ့တာကြောင့် သမ္မတ ကျန်ဇီမင်းလက်ထက်က သုတ်သင်နှိမ်နှင်းဖြိုခွဲဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလောက်များတဲ့လူတွေကို ဘယ်လိုရအောင်နှိမ်နှင်းသလဲဆိုတော့ အကြောက်တရား ထည့်ပေးထားပြီး မုန်းအောင် မှိုင်းတိုက်ထားလို့ပါ။ ကြောက်ရင် ရှုံးတာပါပဲ။

၁။ ကိုဗစ်ပန်ဒဲမစ်ကြီးဖြစ်ရတာက တရုပ်အပြစ်မဟုတ်ဘူး။

– လုံးဝအမှားပါ။ ဒီပိုးစပေါ်ခါစက သူတို့မီဒီယာတွေက အရင်ပိုးတွေလိုပဲ စတွေ့တဲ့နေရာကို အစွဲပြုပြီး ဝူဟန်ပိုးပဲ ခေါ်ခဲ့တာပါ။ နောက်တော့ သမိုင်းကိုဖျောက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရော၊ မီဒီယာတွေရော ဒီမိုကရက်တွေကပါ ဝူဟန်ပိုးလို့ခေါ်ရင် ဝိုင်းဖဲ့ကြ ဆင်ဆာလုပ်ကြတော့တာပါပဲ။​ အဲဒါဆိုဘယ်သူတွေက ရန်သူဘက်ကလဲဆိုတာ ရှင်းပြနေစရာ မလိုဘူးထင်ပါတယ်။​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: