တရုပ်ပြည်မှာ ဆောင်းအိုလံပစ် ကျင်းပမှာ တလတောင်မလိုတော့တဲ့အချိန်မှာ ဘေဂျင်းနဲ့ နာရီဝက်လောက်သာ ရထားစီးရတဲ့ တီယန်ဂျင်းမြို့မှာ ကိုဗစ်ပိုးတွေ ပျံ့နှံ့နေပါတယ်။ တရုပ်ကတော့ ဇီးရိုးကိုဗစ်ပေါ်လစီကို မိုက်မိုက်မဲမဲ ဆုတ်ကိုင်ထားဆဲပါ။ အိုလံပစ်ကို လာကြမယ့်သူတွေကို ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းတွေ၊ လုပ်အားပေးတွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေ၊ စားဖိုမှုးတွေ၊ ဘတ်စ်မောင်းသူတွေ အားလုံးကို အိုလံပစ်မတိုင်ခင် ရက်သတ္တပတ်အနည်းငယ်ကစပြီး ပြင်ပကမ္ဘာနဲ့ လုံးဝမထိတွေ့ရအောင် လုပ်ထားမှာဖြစ်ပါတယ်။ ကစားသမားတွေကိုလည်း နေ့တိုင်း ပိုးရှိ/မရှိ စစ်ဆေးသွားမှာပါ။ ဘယ်လောက်ပဲတင်းကြပ်ထားထား အိုမီခရွန်က ရောက်ချင်လည်း ရောက်လာဦးမှာပါ။
တရုပ်ပြည်မှာ ကိုဗစ်ပိုးကူးစက်တာတွေ အလွန်များနေတဲ့ အကြောင်းရင်းတချို့က သူတို့ကာကွယ်ဆေးက အလုပ်မဖြစ်တာအပြင် ကုသဖို့လည်း နည်းကောင်းလမ်းကောင်း ဆေးကောင်းတွေ သိပ်မရှိတာကြောင့်လို့ ဆိုပါတယ်။ အဲဒါကြောင့် လွှတ်ပေးလိုက်ရင် လုံးဝ ထိန်းမနိုင်သိမ်းမရတာတွေ ဖြစ်နိုင်ပါတယ်။ အမေရိကန်ပြည်သူတွေ အမြင်မှန်မရပဲ လက်ဝဲလမ်းလိုက်သွားကြရင် အရင်ဆုံးဖြစ်လာမှာက အထွန့်တက်ခွင့်မရှိတဲ့ ဆုံးဖြတ်ချက်အမှားတွေအပြင် အကြံတုံးဉာဏ်တုံးတွေနဲ့ဆိုတော့ သဘာဝ(သို့) လူလုပ်ဘေးအန္တရာယ်တွေနဲ့ ကြုံလာသမျှ ကားနေအောင် ခံရဖို့ပဲ ဖြစ်မှာပါ။
အမေရိကန်ရဲ့ ငွေဖောင်းပွမှုက အနှစ် ၄၀အတွင်း အမြင့်ဆုံးကို ရောက်ရှိလာပြီဖြစ်ပြီး စားသောက်/သုံးကုန်စျေးတွေက ၂၀၂၁အတွင်းမှာ ၇% မြင့်တက်သွားခဲ့တယ်လို့ ဆိုပါတယ်။ တလထက်တလ တက်နေတဲ့ ဈေးတွေနဲ့ supply chain အကျပ်အတည်းကြောင့် ဝင်ငွေနည်းသူတွေအနေနဲ့ တလတလ တက်လာနေတဲ့ ကုန်ကျစရိတ်တွေကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနေစဥ်မှာ လက်ဝဲစွန်းတွေရဲ့ ကျောင်းတွေ လုပ်ငန်းတွေ ပြန်ပိတ်မှာကိုလည်း ရင်ဆိုင်နေရပါတယ်။ ဆန်ဖရန်စစ္စကို ဗေးဧရိယာမှာတော့ ဟေးဝါဒ်တမြို့ပဲ ခရိုင်နဲ့ ပြည်နယ်ရဲ့ တားမြစ်ချက်ကို လွန်ဆန်ပြီး ကျောင်းတွေ ပိတ်ခဲ့တာပါ။ ကျောင်းတွေပိတ်ရင် အလုပ်ဈေးကွက်လည်း ထိခိုက်ပါတယ်။
အစိုးရရဲ့ ငွေဖောင်းပွမှုအညွှန်းကိန်းတွေက တပြည်လုံးကို ပျှမ်းမျှယူထားတာဖြစ်ရင်ဖြစ် မဟုတ်ရင် အနိမ့်ဆုံးကိန်းကဏန်းတွေကိုများ ရွေးယူသလားလို့ ထင်ရပါတယ်။ အကြောင်းကတော့ မနေ့ကသတင်းမှာ ကိုလိုရာဒိုးက စွမ်းအင်ဈေးတွေက ၃၆% တက်တယ်လို့ တွေ့လိုက်သလို ကာလီဖိုးနီးယားမှာ အနည်းလေး ၂ ဆလောက် တက်သွားတာပါ။ ကယ်လီဖိုးနီးယားမှာ စားသောက်ကုန်ဈေးနှုန်းရော ဆီဈေးရော လျှပ်စစ် ဓါတ်ငွေ့ အစစ အကုန် အတက်ကြမ်းတာ သူတို့ပြောတဲ့ နှုန်းတွေထက် အများကြီး ပိုပါတယ်။ ပိုဆိုးတာတခုက အခုတလော ကုန်စုံဆိုင်တွေရဲ့ စင်တွေမှာ ပစ္စည်းပြတ်နေတာတွေ တွေ့ရစိတ်လာတာပါပဲ။ ရာသီဥတုဆိုးလို့ လုပ်သားရှားပါးရတဲ့ကြားထဲ ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်ကြောင့် ထွက်ရသူတွေအပေါ်မှာ လမ်းပမ်းဆက်သွယ်ရေးမကောင်းတာဆင့်လိုက်တော့ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်လာပါတယ်။ တခြားကိစ္စတွေလိုပဲ ဘိုင်ဒန်အစိုးရကရော နယူဆမ်အစိုးရကပါ ဖြေရှင်းပေးမယ့်ပုံ မရှိပါဘူး။
မနေ့က ဆီးနိတ်မှာ ဖောက်ချီနဲ့ ဆီနိတ်တာရန်ဒ်ပေါလ်တို့ အခြေအတင်ဖြစ်ကြရတဲ့ အကြောင်းကို ဖောက်စ်နယူးစ်က မေးမြန်းရာမှာ ပေါ်လ်က ငါကဖောက်ချီဘာပလန်မှ မရှိနေတာကို ထင်ရှားအောင်/သူသဘောပေါက်လာအောင် မေးနေတာပါ၊ အထူးသဖြင့် ပိုးစစ်တာနဲ့ ကာကွယ်ဆေး နှစ်နေရာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပိုးစစ်တာကလည်း ဘာလက္ခဏာမှ မရှိတဲ့လူတွေပါ အကုန်လုံးကို စစ်ပေးနေတော့ တကယ်လက္ခဏာရှိတဲ့လူတွေ လိုအပ်နေတဲ့လူတွေက အစစ်ခံရဖို့ ရက်ချိန်းယူလို့မရ၊ ပစ္စည်းပြတ်၊ လူမရှိ စတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဘာလက္ခဏာမှ မပြနေတဲ့ကလေးတွေကို စစ်ပြီး ပေါ့စတစ်ပြရင် တတန်းလုံးစစ်၊ မိသားစုပါစစ်နေတော့ နံပါတ်တွေကြီးပြီး လူတွေအကြောက်တရား ပိုလာတာပဲ ရှိမှာပါ။
ဆေးလောကမှာ လုပ်ရိုးလုပ်စဥ်အရ လက္ခဏာရှိသူတွေ၊ ကူးရင်အသက်အန္တရာယ်ရှိသူတွေနား သွားမယ့်သူတွေ၊ စတာတွေကိုပဲ စစ်ရတာပါ။ ရှိသမျှလူအကုန်စစ်တာက လုပ်ရိုးလုပ်စဥ်မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြောရရင်တော့ ဖောက်ချီရဲ့ တလွဲစီမံမှုတွေကြောင့် သူကိုယ်တိုင်က ပြဿနာဖြေရှင်းသူဖြစ်ရမယ့်အစား ပြဿနာရဲ့ အစိတ်အပိုင်းဖြစ်နေတာပါ။ စီဒီစီက ဒါရိုက်တာ ဝယ်လန်းစကီးကိုလည်း ဆီးနိတ်မှာ မေးမြန်းခဲ့ရာမှာ ကွာရင်တိုင်းနဲ့ တခြားလုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး ဆေးထိုးပြီးနဲ့ မထိုးထားတဲ့သူကြား ဘာမှ ကွာခြားမှုမရှိနေတာဆိုတော့ ဘာကြောင့် ဆေးထိုးဖို့ အတင်းတွန်းနေရသလဲဆိုတာက မေးခွန်းထုတ်စရာဖြစ်လာတာပါ။
လူလိမ်ကြီးဘိုင်ဒန်က မဲပေးတဲ့အခွင့်အရေးကို သူငယ်ငယ်က ကြိုးပမ်းပေးခဲ့လို့ အဖမ်းခံခဲ့ရတယ်ဆိုတဲ့ လုပ်ဇတ်ကို ထပ်ပြောပြန်ပါတယ်၊ ဘယ်သမိုင်းမှာမှလဲမရှိ၊ ဘာအထောက်အထားမှလဲ မပြနိုင်ပဲ သူ့ဝသီအတိုင်း အာဘောင်အာရင်းသန်နဲ့ လိမ်နေတာကို ကြည့်ရင် သတိမေ့ သူငယ်ပြန်နေသူက သူမဟုတ်သလိုပါပဲ။ သန်ရာသန်ရာထင်ပါရဲ့။
ကမလာကလည်း ခေသူမဟုတ်ပါပဲ၊ ဒီမိုကရက်တွေက မဲပေးတဲ့ ဥပဒေတွေကို လိုသလိုပြင်ချင်တာကို သဘောမတူသူတွေကို တွဒ်တာမှာတက်ပြီး “ဒီမယ်၊ ကျမ ရှင်းအောင်ပြောမယ်၊ အခြေခံဥပဒေက ကွန်ဂရက်စ်ကို ဥပဒေပြုခွင့်အာဏာ ပေးထားတယ်၊ ဒါပေမဲ့ ခြေ/ဥထဲမှာ ဘယ်နေရာမှာမှ လူနည်းစုတွေကို ဥပဒေမထွက်အောင် တားမြစ်ထားဖို့ အခွင့်ပေးမထားဘူး၊ ဆီးနိတ်က အလုပ်စလုပ်သင့်ပြီ” လို့ တက်ရေးခဲ့ပါတယ်။
မှားနေတာက ဆီးနိတ်မှာ ရီပါဘလစ်ကန် ၅၀ ရှိပြီး – ကျန် ၅၀ က ဒီမိုကရက်နဲ့ ဘာနီဆန်းဒါးစ်တို့လို ဒီမိုကရက်မဟာမိတ်တွေဖြစ်ပါတယ်။ ပါတီလိုင်းအတိုင်း မဲပေးကြရင် ကမလာက သူ့မဲကိုသုံးပြီး ဒီမိုကရက်ဘက်က ဝင်ရပ်လို့ရပါတယ်။ ဒီကိစ္စမှာက သူတို့ထင်တိုင်းကြဲမယ့် ဥပဒေကို ကန့်ကွက်နေတာ ရီပါဘလစ်ကန် ၅၀ အပြင် ဒီမိုကရက် ၂ဦးပါ ပါနေသေးတဲ့ အများစုက ကန့်ကွက်နေလို့ ဥပဒေ ထွက်မလာတာပါ။ အနည်းစုမှန်း အများစုမှန်းတောင် မတွက်တတ်ဘူးလို့ ဟားကြသူတွေရှိသလို ဘာလုပ်လုပ် ကြည်ညိုရင်းစွဲနဲ့ မ နေသူတွေလည်း ရှိတာပါပဲ။
ဘိုင်ဒန်က နယူးယောက်တောင်ပိုင်းခရိုင်မှာ တရားသူကြီးအဖြစ်ခန့်ဖို့ အမည်စာရင်း တင်သွင်းထားတဲ့ ဂျက်ဆီကာ ကလာ့ခ်ကို ဆီးနိတ်မှာ အမတ်ဂျွန်ကနေဒီက SEC Rule 10b-5 ဆိုတာဘာလဲလို့ မေးမြန်းခဲ့ပါတယ်။ ကလာ့ခ်က အဲဒါဟာ fraud နဲ့ပတ်သက်တာလို့ပဲ ဝေဝေဝါးဝါးဖြေပြီး သူအဲဒါနဲ့ပတ်သက်တဲ့ အမှုတွေနဲ့ ကြုံလာရင် သေချာ သုတေသနလုပ်မှာပါလို့ ဖာပါတယ်။ ကနေဒီက နောက်ပိုင်းမှာမင်းသုတေသနလုပ်မယ်ဆိုတာ ထားပါတော့၊ အခုလောလောဆယ် ဒီဥပဒေကို မင်းမသိဘူးလို့ ပြောနေတာလားဆိုတော့မှ သူ့မှာ အဲဒီစည်းမျဥ်းနဲ့ပတ်သက်ပြီး အခြေခံအသိလောက်ပဲ ရှိပါတယ်လို့ ဝန်ခံသွားတာပါ။ နယူးယောက်မြို့ကြီးမှာ စတော့ရှယ်ယာစျေးကွက်ကြီးတွေ ရှိနေတော့ တောင်ပိုင်းခရိုင်တရားရုံးက စတော့ရှယ်ယာတွေနဲ့ ပတ်သက်တဲ့ ကလဖန်ထိုးတာတွေ လက်တလုံးခြားလုပ်တာတွေ မသမာတာတွေကို အဓိက ကိုင်တွယ်ရတဲ့ တရားရုံးဖြစ်ပါတယ်။ SEC Rule 10b-5 ဆိုတာ အဲဒီလို မသမာလုပ်တာတွေနဲ့ပတ်သက်တဲ့ စည်းမျဥ်းပါ။ တကယ်တတ်သိနားလည်သူထက် အသားညိုတဲ့ ဣတ္ထိလိင်ကို ရွေးတင်တဲ့ အကျိုးပါပဲ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ US Mission to Pakistan က ပါကစ္စတန်က လိင်ပြောင်းတွေကို လူထုကလက်ခံလာဖို့နဲ့ လုပ်ငန်းလေးတွေ စလုပ်ဖို့ ပြည်သူ့အခွန်ထဲက ဒေါ်လာ ၁သိန်းခွဲ စတင်ပေးပို့လိုက်ပါတယ်၊ အဲဒီထဲကနေ လိင်ပြောင်းတဦးကို အသက်မွေးဝမ်းကျောင်းဖို့ လိုအပ်တဲ့ အတတ်ပညာတွေ လေ့ကျင့်သင်တန်းပေးပြီးနောက် $600 ပေးအပ်ကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်ဖို့ ကူညီသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ လွဲတော့နေပါပြီ၊ အဲဒီမှာ ဘာသာရေးအရ အဖိနှိပ်ခံနေရတဲ့ အမျိုးသမီးတွေကျတော့ ဘာတွေကူခဲ့သလဲ မေးချင်ပါတယ်။