ဇန်နဝါရီ ၁၅ရက် ၂၀၂၂

အမြင့်ဆုံးတရားရုံးက လူ၁၀၀အထက် ခန့်ထားတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာသာ ဘိုင်ဒန်ရဲ့ ဗက်ဆင်းမန်ဒိတ်ကို ရပ်ပစ်ခဲ့ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာတော့ ဗက်ဆင်းမန်ဒိတ်ကို ဆက်ထားဖို့ ရီပါဘလစ်ကန်ခန့်တဲ့ တရားသူကြီးတွေဖြစ်တဲ့ ဂျွန်ရောဘတ်နဲ့ ဘရက်ကာဗာနာတို့က ဒီမိုကရက်တရားသူကြီးတွေဖက်က ရပ်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။​ ဖလော်ရီဒါဂါဗာနာ ဒီဆန်းတစ်စ်က အဲဒီတရားသူကြီးနှစ်ဦးကို ဇ မရှိဘူး/ပျော့ညံ့တယ်ဆိုတဲ့ သဘောမျိုး ဝေဖန်ခဲ့ပါတယ်​။

၂၀၂၀ တနှစ်လုံးနဲ့ ၂၀၂၁အစောပိုင်းအထိ ကိုဗစ်ကာလရဲ့ အဆိုးဆုံးအချိန်တွေမှာ ဘာကာကွယ်ဆေးမှမရှိပဲ လူတွေကို ကယ်ခဲ့တုန်းက ကျန်းမာရေးဝန်ထမ်းတွေကြောင့် လူနာတွေမှာ ဘာပြဿနာတွေရှိခဲ့သလဲလို့ တွေးကြည့်ရင် အဲဒီဆုံးဖြတ်ချက်က ဖြစ်သင့်/ မဖြစ်သင့် စဥ်းစားနိုင်မှာပါ။ အခုအဲဒီမန်ဒိတ်ကြောင့် ဆေးမထိုးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖြုတ်ပစ်ပြီး လူမလောက်တဲ့အခါကျတော့ ရှိတဲ့ ကျန်းမာရေးဝန်ထမ်းက ကိုဗစ်ဖြစ်နေရင်လဲ အလုပ်ဆင်းနေရပါတယ်။ အဲဒါက ပိုအန္တရာယ်များ/မများ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဥ်းစားကြပါ။

ဒီနေ့မနက် တက္ကဆက်စ်က ဂျူးဘုရားကျောင်းမှာ ဝတ်ပြုနေကြတဲ့ ဂျုးဘုန်းကြီးနဲ့ ၃ဦးကို ဗုံးကိုင်ဆောင်ထားတယ်လို့ ပြောတဲ့သူတဦးက ဓါးစာခံအဖြစ် ခေါ်ဆောင်ပြီး ဂျူးဘုန်းကြီး ချာလီဆိုင်ထရွန်ဝေါ်လ်ကာကို မန်ဟက်တန်က Central Synagogue ကိုဖုံးခေါ်ပြီး အဲဒီက ဂျူးဘုန်းကြီး Angela Buchdahl ကို သူမရဲ့ အဆက်အသွယ်ကိုသုံးပြီး လေဒီအယ်လ်ကိုင်းဒါးလို့ သိကြတဲ့ Aafia Siddiqui ကို လွှတ်ပေးဖို့ ပြောကြားခဲ့ပါတယ်။ Rabbi Buchdahl က ရဲကိုပဲ​ဖုံးဆက်အကြောင်းကြားခဲ့ပါတယ်။

လေဒီအယ်လ်ကိုင်းဒါးက နာမည်ကြီး MIT တက္ကသိုလ်ဆင်း ပညာတတ်တဦးဖြစ်ပြီး ၂၀၀၈တုန်းက ရေဒီယိုသတ္တိကြွဗုံးကို ဖောက်ခွဲမယ့် နယူးယောက်က အထင်ကရနေရာတွေကို ရေးဆွဲထားတဲ့ လက်ရေးမှတ်စုနဲ့အတူ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ သူမကို ပြစ်ဒဏ်ချခဲ့တာကတော့ ၂၀၁၀မှာဖြစ်ပြီး အာဖဂန်က အမေရိကန်အရာရှိတွေကို သတ်ဖို့ ကြိုးစားမှုနဲ့လို့ ဆိုပါတယ်။ ဓါးစားခံခေါ်ဆောင်သူက သူမရဲ့ အကိုလို့ ပြောပေမယ့် သူမအကိုကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူမဟုတ်ကြောင်း ပြောတယ်လို့ သိရပါတယ်။

အဆုံးသတ်မှာတော့ ရဲလုပ်ပိုင်ခွင့်တွေကို ဥပဒေပေါင်းများစွာနဲ့ ကန့်သတ်ချုပ်ချယ်မထားပဲ လူများစု သေနတ်ကိုင်ဆောင်ထားတဲ့ တက္ကဆက်စ်မှာ အဲဒီလူက ည ၉နာရီ ၁၂မိနစ်မှာ ဂန်းစာမိပြီး သေဆုံးသွားခဲ့တာကြောင့် သူဖမ်းထားခဲ့တဲ့သူတွေအားလုံး ဘေးမသီရန်မခ လွတ်မြောက်လာကြပြီဖြစ်ပါတယ်။

မန်ဟက်တန်က အစိုးရရှေ့နေတွေဟာ ခရိုင်ရှေ့နေ Alvin Bragg ရဲ့ ရုံးကနေ ထွက်ပြေးနေကြတယ်လို့ နယူးယောက်ပိုစ့်က တင်ပြထားပါတယ်။​ အကြောင်းကတော့ DA Bragg က သူ့ရဲ့ လက်ထောက် အစိုးရရှေ့နေတွေကို ရာဇဝတ်ကောင်တွေ တော်တော်များများကို ထောင်မချဖို့၊​ felony အဆင့် ရာဇဝတ်မှုတွေကို misdemeanor အဖြစ် လျော့ချသတ်မှတ်ပေးဖို့ စတဲ့ လက်ဝဲစွန်းပေါ်လစီတွေ တွန်းနေလို့ဖြစ်ပါတယ်။ အခြေအနေက ဆိုးလွန်းတော့ သူ့ကို အွန်လိုင်းမှာ လက်မှတ်တွေစုပြီး ထုတ်ပစ်ဖို့ ကြိုးစားနေရတဲ့အထိပါပဲ။ အစိုးရရှေ့နေတွေရဲ့ အလုပ်က ဥပဒေအတိုင်း ရဲကဖမ်းပို့တဲ့လူတွေ၊ တရားစွဲခံရသူတွေကို ဥပဒေနဲ့အညီ ထိုက်သင့်တဲ့ ပြစ်ဒဏ်များ ရအောင် ကူညီလုပ်ဆောင်ခြင်းဖြင့် တရားဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းထားဖို့ ဖြစ်ပါတယ်။

ရီပါဘလစ်ကန်ဆီနိတ်တာ ရောဂျာမာရှဲလ်ရဲ့ အားထုတ်မှုနဲ့ ဒေါက်တာဖောက်ချီရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူတွေသိခွင့်ရလာပြီ ဖြစ်ပါတယ်။ အရင်ကလည်း သိခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် မီဒီယာတွေရော၊ တက်ခ်ကုမ္ပဏီကြီးများရော၊ အစိုးရဌာနတွေကပါ ပူးပေါင်းဆောင်ရွက်မှုမပြုခဲ့ကြဘူးလို့ သိရပါတယ်။ တသက်လုံး အစိုးရအလုပ်ပဲ လုပ်လာခဲ့တဲ့ ဒေါက်တာဖောက်ချီဟာ ပိုင်ဆိုင်မှု ၁၀သန်းကျော်ရှိပါတယ်။ ကိုဗစ်ကုသလို့ရတဲ့ ဆေးချင်းတူတူ တချို့ကို အတင်းပိတ်ပင်ပြီး တချို့ကိုပဲ ဖွင့်ပေးထားတဲ့အပြင် ဗက်ဆင်းမန်ဒိတ်ကို အတင်းတွန်းအားပေးနေကြသူ အာဏာရှင်တွေကြားမှာ ဗက်ဆင်းကုမ္ပဏီတွေ၊ ဆေးကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ဘယ်လောက်တောင် ပိုင်ထားလို့ တွန်းနေတာလဲဆိုတာ ပြည်သူတွေက သိချင်နေကြတာပါ။

အောက်လွှတ်တော် Oversight Committee က အမတ် James Comer က ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်အများစုနိုင်ခဲ့ရင် ဟန်းတားဘိုင်ဒန်ကို သူ့ရဲ့ မသင်္ကာစရာကောင်းတဲ့ စီးပွားရေးတွေအကြောင်း လွှတ်တော်ကို ဆင့်ခေါ်ပြီး မေးမြန်းသွားမယ်လို့ ဆိုပါတယ်။ ပြည်သူတွေဖက်ကသာ တာဝန်ကျေဖို့ လိုပါတော့တယ်။

ဖလော်ရီဒါမှာ လက်ရှိဂါဗာနာ ဒီဆန်းတစ်စ်စတက်လာစဥ်က ရီပါဘလစ်ကန်အဖြစ် မှတ်ပုံတင်သူများနဲ့စာရင် ဒီမိုကရက်အဖြစ် မှတ်ပုံတင်ထားသူက ၃သိန်းနီးပါး ပိုများနေခဲ့ပြီး အခုအချိန်မှာတော့ ဖလော်ရီဒါသမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရီပါဘလစ်ကန်အနေနဲ့ မှတ်ပုံတင်ထားသူက ပိုများလာပြီလို့ ဆိုပါတယ်။ လစဥ်လည်း ရီပါဘလစ်ကန်အဖြစ် မှတ်ပုံတင်သူတွေ တိုးတိုးလာတယ်လို့ ဆိုပါတယ်။ ဖလော်ရီဒါက ဘိုင်ဒန်ရဲ့ တလွဲပေါ်လစီတွေကို မလိုက်နာဖို့ ခံချနေတဲ့ ရှေ့တန်းက ပြည်နယ်ကြီးတခုဖြစ်ပြီး အမေရိကန်မှာ အလွတ်လပ်ဆုံးပြည်နယ်လို့လည်း ဂါဗာနာက ကြွေးကြော်ထားပါတယ်။

တရုပ်အစိုးရက သမိုင်းမှာအကြီးမားဆုံး ရိက္ခာစုဆောင်းမှုကြီးကို ပြုလုပ်နေတယ်လို့ နယူးစ်မက်စ်က တင်ပြထားပါတယ်။ အဲဒီလို စုဆောင်းတဲ့အတွက် တကမ္ဘာလုံးမှာ စားကုန်ဈေးနှုန်းတွေ ထိုးတက်သွားတာဖြစ်ပြီး တရုပ်က စစ်ပြင်နေပြီလားလို့လည်း စိုးရိမ်နေကြပါတယ်။ ကိုဗစ်ကို အကြောင်းပြပြီး တရုပ်တို့ စုနေတာက စားကုန်တင်မဟုတ်ပဲ ရွှေ၊ စတီးလ်၊ ကြေးနီ၊ စတာတွေကိုပါ ဖြစ်ပါတယ်။ ရိက္ခာတွေကို တကမ္ဘာလုံးက လိုက်စုနေတာဖြစ်တဲ့အတွက် အမေရိကန်မှာ လက်ရှိတက်နေတဲ့ စားကုန်ဈေးတွေက တရုပ်တို့ကြောင့် ထပ်တက်ရုံတင်မက ပစ္စည်းပြတ်လပ်မှာကိုပါ စိုးရိမ်နေရတာပါ။ အနောက်နိုင်ငံမီဒီယာတွေကတော့ ဒီသတင်းကို သိပ်အလေးပေးပုံမရဘူးလို့လည်း ဆိုပါတယ်။

Fox News က အိမ်ဖြူတော်သတင်းထောက် ပီတာဒူးစီက ဘိုင်ဒန်မှာ အစိုးရပိုင်းနဲ့ပတ်သက်ပြီး ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိခဲ့တယ်၊ နှစ်ပါတီကြား ညီညွတ်မှုကို ပြန်လည်ဖော်ဆောင်နိုင်မယ်လို့ ရွေးကောက်ပွဲမတိုင်ခင်က ကြွေးကြော်ကတိပြုထားခဲ့ပေမယ့် အမေရိကန်တဝှမ်းက ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမယ့်နေရာမှာ သူ့အတွေ့အကြုံဆိုတာတွေက အလုပ်ဖြစ်တာ မတွေ့ရပါဘူး၊ Build Back Better ကိုကြည့်မလား၊ voting right bill ကို ကြည့်မလား၊ ဗက်ဆင်းမန်ဒိတ်တွေ ကြည့်မလား၊ နယ်စပ်ကို ကြည့်မလား၊ ဘယ်ကြည့်ကြည့်ပါ၊ အဲဒီတော့ သူ့ကတိတွေ သူ့အတွေ့အကြုံတွေနဲ့ လက်တွေ့အဖြစ်အပျက်တွေကြား ဘာတွေဖြစ်ကုန်ပြီလဲလို့ အိမ်ဖြူပြန်ဝန်ကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဘိုင်ဒန်ကတော့ နှစ်ဖက်ပြည်သူတွေကို ပြန်လည်သင့်မြတ်အောင် စည်းရုံးပေးပါ့မယ်ဆိုတဲ့ ကတိကို ခြေနဲ့နင်းပြီး သူဖြစ်ချင်တာမဖြစ်ရတိုင်း ရီပါဘလစ်ကန်တွေကို နာမည်ဆိုးတွေတပ် စော်ကားတာ အကြိမ်ကြိမ်ရှိနေပါပြီ။ စံပြပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: