ကွန်နက်တီကပ်ပြည်နယ်မှာ ၁၃နှစ်သား ၇တန်းကျောင်းသားတဦးက ဖန်တနိုင်းလ်ဆေးလွန်ပြီး သေဆုံးခဲ့ပါတယ်။ သူ့ကို ကြာသာပတေးနေ့က ကျောင်းက Gym မှာ လဲကျ သတိလစ်သွားခဲ့လို့ ဆေးရုံပို့ခဲ့ရာက စနေနေ့ညနေမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ဆေးလွန်တယ်ဆိုပေမယ့် အများကြိး သုံးထားတာမဟုတ်ပါဘူး၊ သူ့သွေးထဲမှာတွေ့ရတဲ့ opiate က နဲနဲလေးသုံးရင်တောင် သေနိုင်ပါတယ်၊ အထူးသဖြင့် ကလေးတွေမှာ ဖြစ်ပါတယ်။ နောက်ကလေး ၂ဦးကလည်း မူးမော်တယ်ဆိုလို့ ဆေးရုံပို့ထားပေမယ့် အခုတော့ အိမ်ပြန်ရောက်သွားပါပြီ။ ရဲတွေက အနံ့ခံခွေးတွေသုံးပြီး ကျောင်းထဲရှာဖွေရာမှာတော့ ဖန်တနိုင်းလ်အမှုန့်ပါတဲ့ အထုတ်ကလေး ၄၀ကို စာသင်ခန်း ၂ခန်းနဲ့ Gym မှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်ဖွင့်ထားတဲ့ နယ်စပ်က မူးယစ်ဆေးတွေရော ဆေးဖြန့်တဲ့စနစ်တွေရော အတားအဆီးမရှိ ဝင်နေတဲ့နောက်တော့ ဒီလို အဖြစ်ဆိုးတွေက ပုံမှန်လို ဖြစ်လာတော့မှာပါ။ မျက်မွှေးတဆုံးလောက်ပဲ ကြည့်တာနဲ့ မလုံလောက်တဲ့ သာဓကပါပဲ။
လော့စ်အိန်ဂျလိစ်ကောင်တီက ရဲအကြီးအကဲ အဲလက်စ် ဗီလန်နွေဗာက ရဲအရာရှိတဦးကို တာဝန်ချိန်ပြင်ပမှာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သူဖမ်းမိထားတဲ့ လူ၄ဦးကို သူ့ဒေသက ခရိုင်ရှေ့နေရုံးမပို့ပဲ ဖက်ဒရယ်ရှေ့နေရုံးကို အရေးယူပေးဖို့ ကျော်လွန်ပို့ဆောင်ခဲ့ပါတယ်။ သူစိုးရိမ်တာက အယ်လ်အေက အစိုးရရှေ့နေတွေက ရာဇဝတ်သားတွေကို ကိုင်တွယ်ရာမှာ သိပ်ပြီး ပျော့ညံ့တာကြောင့် ချက်ချင်း ပြန်လွှတ်ပေးလိုက်ရင် နောက်ထပ်နှိမ်နှင်းဖို့ မလွယ်မှာကိုပါ။ ဖက်ဒရယ်တရားရုံးက ပြစ်မှုထင်ရှားရှိတယ်လို့ တွေ့ခဲ့ရင် အဲဒီ ၄ဦးလုံး သေဒဏ် (သို့) လွတ်လမ်းမရှိတဲ့ ထောင်ဒဏ် တသက် ကျခံရမှာဖြစ်ပါတယ်။
အယ်လ်အေက ဒီမိုကရက်ဒီအေ ဂက်စ်ကွန်က မနှစ်က စတက်လာကတဲက ရာဇဝတ်ပြစ်မှု တော်တော်များများကို ပြစ်ဒဏ်တွေ လျော့ပစ်ပြီး ဘောင်ဝင်နေရင်တောင် အစိုးရရှေ့နေတွေကို အပြင်းဆုံးပြစ်ဒဏ်တွေ ပေးလို့မရအောင် တားမြစ်ထားတာပါ။ လက်ဝဲစွန်းတွေ ပြည်ပြုလား ပြည်ဖျက်လား သိသင့်နေပါပြီ။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် လမ်းခင်းခဲ့သူတွေထဲမှာ သင်မပါပါစေနဲ့။
အယ်လ်အေက ဒီအေ ဂက်စ်ကွန်ရဲ့ ရာဇဝတ်ပြစ်မှုနဲ့ ဖမ်းမိတဲ့သူတွေကို ငွေသားအာမခံ တင်စရာမလိုပဲ ပြန်လွှတ်ပေးနေတဲ့ ပေါ်လစီကြောင့် လော့စ်အိန်ဂျလိစ်ဒေသမှာ ချောပို့ရထား တွေကို ဓါးပြတိုက်လုယက်မှုတွေ ၃ဆခွဲလောက် တိုးလာပါတယ်။ လူတွေအွန်လိုင်းက ဈေးဝယ်ကြတဲ့အခါ ရောင်းသူကနေ ဝယ်သူဆီကို ပို့လိုက်တဲ့ ပါဆယ်တွေကို အိမ်ရှေ့တွေကနေ ကားနဲ့လိုက်ခိုးကြတာ အများကြီးတက်လာသလို ရထားတွဲတွေပေါ်ကပါ အချီကြီးလုနေကြ တာပါ။
အဲဒီလို ပို့ကြတာတွေထဲမှာ ဆေးပစ္စည်း၊ အကောင်းစားလက်ကိုင်အိတ်၊ ခရီးဆောင်အိတ်၊ အလှခေါင်းအုံး၊ လေယာဥ်အပိုပစ္စည်း၊ ကလေးကစားစရာ အစရှိသဖြင့် အမျိုးစုံ ပါဝင်ပါတယ်။ ခိုးသူတွေက တန်ဖိုးနည်း/မလိုချင်တာတွေ တွေ့ရင် သံလမ်းဘေးမှာတင် ပစ်ချခဲ့ကြလို့ သံလမ်းတလျောက်လုံးလည်း မုန်တိုင်းတိုက်ထားသလို ပြန့်ကျဲနေပါတော့တယ်။ ယူနီယံပစိဖိတ်ရထားလိုင်းက တာဝန်ရှိသူတွေက သူတို့တသက်မှာ ဒါမျိုး တခါမှ မကြုံဖူးဘူးလို့ ဆိုပါတယ်။ ကင်းလှည့်ရဲတွေ တိုးချ၊ ဒရုန်းတွေသုံးပြီး စောင့်ကြပ်နေပေမယ့် ဒီမိုကရက်ဒီအေရဲ့ ပေါ်လစီကြောင့် ဒီနေ့ဖမ်းမိရင် နောက်တနေ့ပြန်လွတ်ပြီး ပြန်ခိုးနေကြတော့ နောက်ဆိုရင် အယ်လ်အေကို ရှောင်ပြီး မောင်းဖို့ စဥ်းစားနေကြပါပြီ။
မနေ့ကရေးခဲ့တဲ့သတင်းမှာပါတဲ့ တရုပ်ပြည်က ရိက္ခာစုနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး HSBC ဘဏ်က စီးပွားရေးပညာရှင်တွေက အမေရိကန်မှာ မကြာခင် ဆပ်ပလိုင်းချိန်းပြဿနာ အကြီးကြီးတက်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ အဲဒီအတွက် ဘိုင်ဒန်အစိုးရက ဘာမှ အဆင်သင့်ဖြစ်လိမ့်မယ်လို့ ထင်စရာ အကြောင်းတခုမှ မရှိဘူးလို့ ဆိုပါတယ်။ အဲဒီလို ဖြစ်လာခဲ့ပါက နာလံထူဖို့ အကြိမ်ကြိမ် ပြန်ကြိုးစားနေရတဲ့ အမေရိကန်ရဲ့ စီးပွားရေးကို အကြီးအကျယ် ရိုက်ခတ်မှာဖြစ်ပါတယ်။
ပို့ဆောင်ရေးဝန်ကြီး ပိဘူတီဂက်က ဒီကိစ္စတွေကို ကြိုတင်ပြင်ဆင်သင့်နေပြီဖြစ်ပေမယ့် ပြည်ဖျက်ဖို့ကလွဲလို့ ဘာမှမလုပ်နေကြတဲ့ ဘိုင်ဒန့်အစိုးရ အဖွဲ့ဝင်တွေက ဘာမှ ပြင်ဆင်ထားမယ်တော့ မထင်ပါဘူး။ သူတို့ဦးနှောက်က အလုပ်လုပ်ဖို့ထက် တိုက်ခိုက်တဲ့ ဖက်မှာပဲ သုံးရတဲ့ပုံပါပဲ။ ဘိုင်ဒန်ကိုယ်တိုင်ကတောင် ရီပါဘလစ်ကန်ပြည်သူတွေကို ဟိန်းဟောက်ဆဲဆိုတာနဲ့ပဲ အချိန်ကုန်နေတာပါ။
တရုပ်ရဲ့ ကိုဗစ်ဇီးရိုးပေါ်လစီကြောင့် တယောက်မှာ ပိုးတွေ့တာနဲ့ တတိုက်လုံး၊ တဌာနလုံး၊ တတန်းလုံး ကွာရင်တိုင်းပို့ပစ်၊ မြို့အလိုက် လော့ဒေါင်းတွေ လုပ်ကြတာက စက်ရုံတွေ စားကုန်ထုတ်လုပ်မှုတွေ အကုန်ထိခိုက်ကုန်တာ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု ထိခိုက်နိုင်တာတွေထဲမှာ အိုင်ဖုံးနဲ့ တခြား စမတ်ဖုံးတွေ ပါဝင်ပါတယ်။ တရုပ်ပြည်မှာ လောလောဆယ် လူသန်း၂၀လောက်က လော့ခ်ဒေါင်းတွေအောက်မှာ နေနေကြရတာပါ။
ဗြိတိန်က ကာကွယ်ဆေးလုပ်ငန်းအဖွဲ့တွေရဲ့ ဥက္ကဌ္ဎဟောင်းက ကပ်ပိုးအတွက် ကာကွယ်ဆေးထိုးဖို့ တွန်းနေမယ့်အစား အသက်အန္တရာယ်ထိခိုက်နိုင်သူတွေကိုသာ ကာကွယ်ဆေးထိုးပေးဖို့နဲ့ ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ဖို့ ကူညီသင့်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ ကလိုက်ဖ်ဒစ်က ကပ်ပိုးကာကွယ်ဆေးဖော်တဲ့နေရာမှာ အဓိကပါဝင်ကူညီခဲ့တဲ့သူပါ။ သူက အခုမျိုးကွဲက ပျော့တဲ့အနေအထားဖြစ်တော့ တိုင်းပြည်ရဲ့ အချိန်တွေ အင်အားတွေကို လူထုတရပ်လုံးကို ဆေးထိုးရမယ်ဆိုပြီး ပုံထားရင် အဓိကလိုနေတဲ့နေရာတွေ လစ်ဟာမှာဖြစ်လို့ မလိုအပ်တဲ့လူတွေနဲ့ အချိန်ဖြုန်းမနေကြဖို့ တိုက်ထွန်းထားတာပါ။
ဘိုင်ဒန်အစိုးရရဲ့ ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဝန်ကြီးဌာနက နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို နှင်ထုတ်မခံရဖို့အတွက် ပြည်သူတွေရဲ့ အခွန်ငွေတွေကနေ ဒေါ်လာ ၁၅၈သန်း သုံးထားတယ်လို့ သိရပါတယ်။ အဲဒီငွေတွေကို Vera Institute of Justice လို လက်ဝဲစွန်းအဖွဲ့တွေကနေ ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။ နယ်စပ်တံတိုင်းဆောက်ဖို့ ငွေချေပြီးသားကိုတောင် ပြည်သူ့အခွန်နဲံ့ ပိုက်ဆံအများကြီးထပ်သုံးပြီး လျော်ကြေးပေး ရပ်နားခိုင်းတဲ့အပြင် ပြည်သူတွေလုံခြုံရေး၊ မူးယစ်ဆေးစတဲ့အရာများ မဝင်ရောက်အောင် တားဆီးပေးနေတဲ့ Immigration and Customs Enforcement ICE ကိုကျတော့ ဘတ်ဂျက် အများကြီး ဖြတ်တောက်လျော့ချပြီး တကယ်ဘာမှလုပ်လို့ ရမနေအောင် ခြေတွေလက်တွေ တုပ်နှောင်ထားလိုက်တာက ပိုကောင်းတဲ့လူဝင်မှု ပေါ်လစီလို့ ထင်နေသေးရင်တော့ လူဖြစ်ရကျိုး တော်တော်မနပ်တာလို့ပဲ ပြောပါမယ်။