ဇန်နဝါရီ ၁ရ ရက် ၂၀၂၂

ဒီလ ၈ရက်နေ့က ရေးခဲ့တဲ့ CalCare အတွက် တိုးမယ့်အခွန်ထဲက ACA 11 ကို အတည်ပြုဖို့ ပြည်နယ်လွှတ်တော် နှစ်ရပ်လုံးမှာ သုံးပုံ နှစ်ပုံ ထောက်ခံမှုရရမှာ ဖြစ်ပါတယ်။​ အဲဒီအဆင့်ကို အောင်မြင်ခဲ့ရင်တော့ ပြည်သူက မဲပေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အပြာရင့်ရောင် ကယ်လီဖိုးနီးယားမှာ သုံးပုံနှစ်ပုံက ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ပြည်သူ့မဲမှာလည်း နိုင်ငံသားမဟုတ်သူတွေပေါများပြီး သံသယဖြစ်ဖွယ်ကောင်းတဲ့ မဲပေးစနစ်နဲ့ဆိုတော့ ဒီအဆို မနိုင်နိုင်ဘူးလို့ ပြောလို့မရပါဘူး။

အတည်ဖြစ်လာခဲ့ရင် ပျှမ်းမျှအားဖြင့် တအိမ်ထောင်ကို အခွန် $12,250 တက်သွားမှာဖြစ်လို့ နဂိုထဲက မြင့်နေတဲ့အခွန်နှုန်းတွေက ၂ဆလောက်နီးပါး ထပ်မြင့်သွားတော့မယ်လို့ The Tax Foundation က သုံးသပ်ထားပါတယ်။ အဲဒီအခွန်တွေအပါအဝင် တခြားခေါင်းစဥ်မျိုးစုံနဲ့ တိုးမြှင့်မယ့် အခွန်တွေကနေ တနှစ်ကို လက်ရှိရနေတဲ့ အခွန်တွေအပြင် နောက်ထပ် $163 ဘီလီယံ ထပ်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ၁၆၃ဘီလီယံဆိုတဲ့ပမာဏက ပန်ဒဲမစ်မတိုင်ခင် ကယ်လီဖိုးနီးယားသမိုင်းမှာ နှစ်စဥ်ရနေတဲ့ အခွန်ငွေတွေထက် ကျော်လွန်ပါတယ်။ လောလောဆယ် လုပ်နိုင်တာတခုက ကိုယ့်နယ်မြေကို ကိုယ်စားပြုတဲ့ အမတ်တွေကို ဖုံးခေါ်/အီးမေးလ်ပို့ပြီး ဒီအဆိုကို ကန့်ကွက်မဲပေးဖို့ တွန်းအားပေးကြပါ။

ကယ်လီဖိုးနီးယားပြည်သူတွေက ပန်ဒဲမစ်အပြင် တနိုင်ငံလုံးမှာတက်နေတဲ့ ငွေဖောင်းပွမှုကို အဆိုးဆုံးခံစားနေရတာကြောင့် ဒီနွေမှာ တက်ကောက်ဖို့စီစဥ်ထားတဲ့ ဓါတ်ဆီခွန်ကို မတိုးတော့ပဲ ရပ်တံ့ပြီး လက်ရှိအတိုင်းပဲ ဆက်ကောက်သွားမယ်လို့ U-Haul salesman of the year လို့ နာမည်ရနေတဲ့ နယူဆမ်က ကြေငြာလိုက်ပါတယ်။ အဲဒီတက်ကောက်မယ့် ဓါတ်ဆီခွန်ကနေ $၅၂၃သန်း ရဖို့ စီစဥ်ထားတာပါ။ မနှစ်ကတိုးတုန်းကတော့ တဂါလံကို $0.511 တက်ထားတာပါ။ လက်ရှိကယ်လီဖိုးနီးယားပြည်သူတွေက ဓါတ်ဆီတဂါလံအပေါ်မှာ အခွန်+အခ $1.18 ပေးနေရတာကြောင့် တခြားပြည်နယ်တွေနဲ့စာရင် ဈေးအများကြီး မြင့်နေတာဖြစ်ပါတယ်။

မီရှီဂန်ပြည်နယ်အစိုးရက သက်ကြီးစောင့်ရှောက်ရေး နာ့စ်ဆင်းဟုမ်းတွေမှာ သေတဲ့ကိုဗစ်လူနာတွေကို ၃၀% လျော့ပြထားတယ်လို့ ပြည်နယ်စာရင်းစစ်ချုပ်က အစီရင်ခံထားပါတယ်။ စာရင်းစစ်ချုပ် ဒေါဂ် ရင်ဂလာက ဒီစာရင်းကိုရဖို့ ပြည်နယ်အစိုးရနဲ့ လအတော်ကြာ အခြေအတင်ပြောဆိုနေရတာဖြစ်ပါတယ်။ ၂၀၂၀မတ်လနဲ့ ၂၀၂၁ ဇူလိုင်လ ၂ရက်နေ့ကြား နာ့စ်ဆင်းဟုမ်းတွေမှာ သေသူ သက်ကြီးများက ၈,၀၆၁ဦးဖြစ်ပြီး အစိုးရက တရားဝင်ထုတ်ပြန်ခဲ့တဲ့ ဦးရေက ၅,၆၇၅ ဖြစ်ပါတယ်။

နံပါတ်တွေအရ လျော့နေတာ ၄၂% ဖြစ်ပေမယ့် တရားဝင်လျော့နေတာက ၃၀%သာ ဖြစ်ရတဲ့အကြောင်းကတော့ စာရင်းစစ်အဖွဲ့က ပြည်နယ်တခုလုံးက သက်ကြီးသူတွေကို ကာလရှည်စောင့်ရှောက်မှုပေးတဲ့ နေရာတိုင်းက သေဆုံးမှုတွေကို ထည့်သွင်းရေတွက်ခဲ့တာ ကြောင့်ပါ။ နေရာတိုင်းက မြို့နဲ့ ပြည်နယ်အစိုးရကို သတင်းပို့ဖို့ သတ်မှတ်ချက်တိုင်းနဲ့ အကျုံးမဝင်ပါဘူး။ ပြည်နယ်ကျန်းမာရေးဝန်ကြီး လဇ်ဟာတဲလ်ကတော့ စာရင်းစစ်အဖွဲ့က ကိုးကားတဲ့ Michigan Disease Surveillance System ကို သုံးတာက အဲဒီစနစ်ကြီးက ခေတ်နောက်ကျနေလို့ မသင့်တော်ဘူးလို့ ကာကွယ်ပြောဆိုပါတယ်။ ဘာပဲပြောပြော တပြည်နယ်လုံးသုံးနေတဲ့ စနစ်ကို ခုမှ ရမယ်ရှာတာကတော့ မိုးကြိုးကို ထန်းလက်နဲ့ ကာသလိုပဲ ဖြစ်မှာပါ။ နယူးယောက်က စာရင်းစစ်လဲ အဲဒီလို စစ်ပြပေးစေချင်ပါတယ်။

ဒေါက်တာဖောက်ချီရဲ့ ဆယ်သန်းကျော်သော ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ တရုပ်ကုမ္ပဏီတွေမှာ မြှုပ်နှံထားတာတွေ ပါဝင်နေပါတယ်။ တရုပ်အစိုးရရဲ့ ပေါ်လစီအရ တရုပ်ကုမ္ပဏီအားလုံး၊ တရုပ်နိုင်ငံသားအားလုံးဟာ ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုကို လက်ခံရမှာဖြစ်ပြီး တရုပ်အကျိုးစီးပွားက မိမိအကျိုးစီးပွားထက် ရှေ့ကအမြဲလာပါတယ်။ အဲဒါကြောင့် အလီဘာဘာကို တည်ထောင်သူ စိတ်ထဲရှိရာ ပြောတတ်သူ ဂျက်မားက အစိုးရငွေကြေးပေါ်လစီကို ဝေဖန်မိတဲ့နောက် ၃လလောက် ပျောက်သွားပြီး နောက်ပိုင်းမှာ လူရှေ့မထွက်၊ အသံမပြုတော့ပဲ တော်တော်ကြီးကို ပြောင်းလဲသွားတာ တွေ့ရပါတယ်။

တရုပ်ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံခြင်းက ပန်ဒဲမစ်ကြီးရဲ့ အဓိကတရားခံ တရုပ်အစိုးရကို ​ယုံကြည်အားပေးတဲ့ သဘောလို့ ယူဆလို့ရပါတယ်။ အဲဒီတော့ ပန်ဒဲမစ်ကို တိုက်ဖျက်ဖို့ အဓိက တာဝန်အရှိဆုံးသူက ပန်ဒဲမစ်တရားခံကြီးကို ပင်းနေတာ ဖြစ်သင့်သလားလို့ တွေးဖို့လိုပါတယ်။

DirectTV က ကွန်ဆာဗေးတစ်ချန်နယ်တခုဖြစ်တဲ့ One American News Network ကို သူတို့ဆီကနေ ဆက်ပြခွင့် မပေးတော့ပဲ ဖြုတ်ချလိုက်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ပို့စ်လေးတွေ၊ အကောင့်တွေ၊ ဆင်ဆာလုပ်တာထက် အခုလို နက်ဝေါ့ခ်တခုလုံးကို ဖြုတ်ချပစ်တာက အကြီးစားဆင်ဆာမှုဖြစ်ပါတယ်။ လွတ်လပ်တဲ့နိုင်ငံတခုမှာ ဘယ်ချန်နယ်ကြည့်မယ် မကြည့်ဘူးဆိုတာ ပြည်သူတွေက ဆုံးဖြတ်ရမှာပါ။​ ပြည်သူကို အမုန်းတရားတွေ အဆိပ်တွေနဲ့ မှိုင်းတိုက်နေတဲ့ ချန်နယ်တွေက အပိတ်မခံရပဲ အမှန်တင်နေတဲ့ သတင်းတွေကို အမြင်မတူတာတခုထဲနဲ့ ပိတ်တာက လွတ်လပ်တဲ့လူ့ဘောင်မှာ အရုပ်ဆိုးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။​

ဆီးနိတ်တာရန်ဒ်ပေါ်လ်ကတော့ DirectTV ကို ဖြုတ်ချတော့မှာဖြစ်ပြီး ကျန်တဲ့သူတွေကိုလည်း ငါတို့ကို မုန်းနေတဲ့သူတွေကို ငါတို့ပိုက်ဆံ ပေးနေစရာမလိုဘူးလို့ တွဒ်တာကနေ ရေးသားခဲ့ပါတယ်။ စာဖတ်သူများထဲမှာ DirectTV သုံးနေသူများရှိရင်လည်း မှတ်လောက်အောင် ပညာပေးကြစေချင်ပါတယ်။​ ဒါဟာ ကိုယ်တတ်နိုင်တဲ့လက်နက်နဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်တာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: