မနေ့ကရေးတဲ့ သတင်းထဲမှာပါတဲ့ ကာပီတိုမှာ အနီးကပ်ပစ်သတ်ခံခဲ့ရတဲ့ လေတပ်ထဲမှာ ရဲလုပ်ခဲ့တဲ့ အက်ရှ်လေ ဘက်ဘစ်က ကာပီတိုထဲမှာ ဆူပူသူတွေက အစောင့်ရဲတွေရှေ့တင် ပြူတင်းပေါက်တွေ ခွဲနေတာကို ဝင်တားရင်း ရဲတွေကို စစ်ကူထပ်ခေါ်ဖို့ အကြိမ်ကြိမ် အော်ဟစ်ပြောခဲ့တာကို ဗီဒီယိုတွေထဲမှာ တွေ့မြင်ရတယ်လို့ သည်အဲပစ်တိုင်းမ်းစ်မှာ ရေးသားထားပါတယ်။ အဲဒီဗီဒီယိုကို ရိုက်ကူသူက အလွတ်သတင်းထောက်တဦးဖြစ်တဲ့ တေလာ ဟန်ဆန်ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ အက်ရှ်လေက ဆူပူသူ ဇာကရီအလမ်နဲ့ ရဲ ၃ဦးထဲက တဦးကြား ဝင်ရောက်ကာကွယ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တပ်ကလာတဲ့ရဲပီပီ ရဲတွေအနေနဲ့ အမိန့်မရရင် ဘာမှ ပြန်လုပ်လို့မရတာကို သိနေတဲ့ အက်ရှ်လေက ဆူပူသူတွေ ရဲကို ရန်ပြုလို့မရအောင် ကာကွယ်ပေးပြီး ရဲတွေကို စစ်ကူ ခေါ်ခိုင်းနေခဲ့တာပါ။ ရဲတွေကရော ဆူပူသူကပါ သူပြောတာကို ဂရုမစိုက်ပဲ ဆူပူသူအလမ်က ရဲမျက်နှာနားကပ်ပြီး ဆက်ဖျက်ဆီးနေခဲ့တဲ့အတွက် အက်ရှ်လေက ခုန်ပေါက်ပြီး ရဲတွေကို မင်းတို့က ဘာတွေလဲကွာ၊ မှားနေပြီလို့ အော်ဟစ်ခဲ့ပါတယ်။ အဲဒီအတွက် ရတဲ့ ဆုလာဘ်ကတော့ အဲဒီရဲတွေက ဆူပူသူကို မပစ်ပဲ သူမကိုပဲ အနီးကပ် ပစ်သတ်ခဲ့တာပါ။ ဘယ်လိုမှ သွေးရိုးသားရိုး မဖြစ်နိုင်တဲ့ ကိစ္စပါ။
အမေရိကန်ကို တရားမဝင် ဝင်ရောက်လာသူတွေထဲမှာ ရာဇဝတ်မှုတခုခု အပြုခံရသူဖြစ်ခဲ့ရင် အမေရိကန်မှာ တရားဝင် နေထိုင်ခွင့်ရဖို့ ယူဗီဇာ လျောက်ထားနိုင်ပါတယ်။ အဲဒီအစီအစဥ်နဲ့ ဗီဇာလျောက်ထားမှုတွေမှာ စာရွက်စာတမ်းအလိမ်တွေ၊ ပြုပြင်ပြောင်းလဲထားတာတွေ၊ တံဆိပ်တုံး၊ လက်မှတ် အတုတွေနဲ့ ဘောင်မဝင်တဲ့ လျောက်ထားမှုတွေ ပါဝင်နေတယ်လို့ ဖက်ဒရယ်စာရင်းစစ်အဖွဲ့က အစီရင်ခံထားပါတယ်။ ၂၀၀၀ခုနှစ်က ဖန်တီးခဲ့တဲ့ အဲဒီခေါင်းစဥ်အောက်မှာ တနှစ်ကို ဗီဇာပေါင်း ၅သောင်း လက်ခံတာဖြစ်ပါတယ်။ ယူဗီဇာ ရရှိသူတွေဟာ နောက်ပိုင်းကျရင် နိုင်ငံသားအထိ လျောက်ထားခွင့်ရှိပါတယ်။ ပြည်သူပြည်သားတွေ လုံခြုံဖို့အတွက် တိုင်းပြည်ထဲကို လူကောင်းတွေပဲ စီစစ်သွင်းဖို့ လိုပါတယ်။ အဲဒီလိုဖြစ်ဖို့ ဂယ်ပေါက်တွေ ယိုပေါက်တွေ အရင်ပိတ်မှဖြစ်ပါမယ်။
ယူကေမှာတော့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကပ်ပိုးနဲ့ပတ်သက်တဲ့ မန်ဒိတ်၊ ကန့်သတ်ချက်၊ ဗက်ဆင်းပတ်စ်ပို့ စတာတွေအားလုံးကို ရုပ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်။ အင်မတန်ကောင်းတဲ့အရွေ့ပါပဲ။ ကန့်သတ်ချက်တွေနဲ့ လျောက်လှမ်းလာခဲ့တဲ့ နှစ်နှစ်လုံး အိုးနင်းခွက်နင်းဖြစ်တာဖြစ်၊ ကွက်ကျားမိုးရွာရင်ရွာနဲ့ အစိုးရအမိန့်တွေက အကူအညီထက် ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်နေခဲ့တာပါ။ သမိုင်းမှာလည်း ဘာပိုးပဲဖြစ်ဖြစ် ဖြစ်လာတဲ့အခါ အဲဒါနဲ့ လိုက်လျောညီထွေ နေနိုင်အောင်၊ သတိနဲ့ မှန်ကန်တဲ့ ကြိုတင်ကာကွယ်မှု ပြုနိုင်အောင်၊ လိုအပ်လာနိုင်မယ့်အရာတွေကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ပဲ အစိုးရဖက်က ပြင်ထားရမှာပါ။ လူတွေရဲ့ နေ့စဥ်ဘဝကစ ဘာတပ်၊ ဘာလုပ်၊ ဘာမလုပ်နဲ့၊ ဘာဆေးမသောက်နဲ့၊ ဘာဆေးသောက်ဆိုတာကစ ဝင်ပါနေရင် နောက်ဆို ဆီးနဲ့ ဝမ်း သပ်သပ်စီ သွားခိုင်းတဲ့အဆင့် ရောက်မလာဘူးလို့ မပြောနိုင်ပါဘူး။
အမေရိကန်မှာတော့ ၂နှစ်လောက် အမိန့်တွေ စွတ်ထုတ်ပြီး ကပ်ပိုးကို ထိန်းလာတာ ဘယ်နေရာမှ မအောင်မြင်ပါဘူး။ အခုလည်း ရိုးရိုးအဝတ်နှာခေါင်းစည်းက ပိုးကို မကာကွယ်နိုင်ပါဘူး၊ ဆေးခန်းသုံးနှာခေါင်းစည်းဝတ်ပါ၊ အကောင်းဆုံးက အန်၉၅ကို သုံးပါလို့ အမိန့်ထုတ်ပါတယ်။ အိမ်ဖြူမှာလည်း လာတဲ့သတင်းထောက်တွေကို တရုပ်လုပ် ကေအန်၉၅ တွေ ဝေပါတယ်။ မိတ်ခ်ချိုင်းနားဂရိတ်အဂိန်းဆိုပါတော့၊ ဘိုင်ကြီးခေတ်ပဲလေ။ နှာခေါင်းစည်းမန်ဒိတ်နဲ့တင် တရုပ်တွေ တော်တော် ထောနေလောက်ပါပြီ။ နှာခေါင်းစည်းလုပ်တဲ့ တရုပ်ကုမ္ပဏီတွေထဲ ဖောက်ချီတို့ ရှယ်ယာတွေ ပါနေသလားလို့တောင် ထင်မိပါတယ်။ နှာခေါင်းစည်းသာ တကယ်အလုပ်ဖြစ်တယ်ဆိုရင် တရုပ်ပြည်မှာ ခုလိုလော့ဒေါင်းတွေ လုပ်နေစရာတောင် လိုမယ်မထင်ပါဘူး။
နယူဆမ်ကတော့ တပြည်နယ်လုံးက အစိုးရဌာနတွေ အဖွဲ့အစည်းတွေကို ဖြန့်ဖို့ တရုပ်ကနှာခေါင်းစည်း သန်း ၂၀၀ ကို ၁ဘီလီယံနီးပါးနဲ့ ၂၀၂၀တုန်းက မတန်တဆပေးဝယ်တာ မနှစ်တုန်းက သတင်းထဲမှာ ရေးပြီးပါပြီ။ ဒါပေမဲ့ အဲဒီဇီးသီးဗန်းက ပြည်သူ့အခွန်တွေကို အမှန်တကယ် အကျိုးရှိရှိ သုံးရဲ့လား၊ ဘယ်သူက ဘယ်လောက် ဝိုက်လိုက်သေးလဲဆိုတာ ပြည်သူက သိချင်ပုံ မရပါဘူး။ ဒီမိုကရက်ဆိုတဲ့ စာလုံးလေး ပါနေသ၍ လိင်တံပါရင် အလိုလို မြင့်မြတ်သွားတယ်လို့ ထင်နေသူတွေလို ဖြစ်နေပုံရပါတယ်။
ရီစရာကောင်းတာက လိင်တံပါရင် အလိုလိုမြတ်တယ်လို့ ထင်တာကို လက်မခံဘူးလို့ ဆိုတဲ့လူတွေကပဲ အသားညိုတဲ့ဣတ္ထိလိင်ကျတော့ တခြားဘာအရည်အချင်းမှမလိုပဲ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ပုံအပ်ချင်ကြတာကိုပါ။ တခုခုတော့ လွဲနေပါတယ်၊ ဘယ်နားမှာ လွဲနေလဲစဥ်းစားရင်း မူးလာလို့ ရပ်ထားပါဦးမယ်။ စာဖတ်သူများ စဥ်းစားလို့ရရင်လည်း လက်တို့ကြပါဦး။
လွှတ်တော်ထဲက ရီပါဘလစ်ကန်အမတ် ၂၅ဦးဟာ မနှစ်တုန်းက အက်ဖ်ဒီအေ အကြံပေးကော်မီတီက ၁၆နှစ်နဲ့အထက်တွေကို ဘုစ်တာပေးဖို့တောင် ကန့်ကွက်ခဲ့တဲ့အခြေအနေကနေပြီး ဘာမှ မကြာခင် ၁၂-၁၅နှစ်တွေကို ဘုစ်တာထိုးပေးဖို့ကို ကျွမ်းကျင်သူအကြံပေးတွေကို တိုင်ပင်ဆွေးနွေးခြင်းမပြုပဲ ခွင့်ပြုပေးလိုက်တဲ့အပေါ် ဖြေရှင်းချက်ပေးဖို့ တိုက်တွန်းလိုက်ကြပါတယ်။ သူတို့လိပ်မူမေးမြန်းလိုက်တာကတော့ အက်ဖ်ဒီအေ က ယာယီဒါရိုက်တာ ဒေါက်တာဂျက်နက်ဝုဒ်ကော့ခ် ကိုဖြစ်ပါတယ်။ လူ့အသက်ပေါင်းများစွာနဲ့ ပတ်သက်နေတဲ့ ဆုံးဖြတ်ချက်တွေကို ပြည်သူကို ကိုယ်စားမပြုတဲ့ ဗျူရိုကရက်တွေက လွယ်လွယ်လေး အမိန့်ထုတ်လို့ ရနေတာက တိုင်းပြည်အတွက် အန္တရာယ်ရှိလို့ မဖြစ်သင့်တဲ့ကိစ္စပါ။
သည်ဟတ်လန်းအင်စတီကျူက ဖုံးနဲ့ အွန်လိုင်းကနေ ပြုလုပ်ပြီး လူပေါင်း ၁၀၁၆ဦး ပါဝင်တဲ့ စစ်တမ်းတခုမှာ ဒီမိုကရက်ဖြစ်နိုင်တဲ့ ၄၅% သောသူတွေက ကာကွယ်ဆေးမထိုးတဲ့ အမေရိကန်တွေကို တနေရာမှာ စုပြီးထားဖို့အထိ ဖြစ်စေချင်ကြတယ်လို့ သိရပါတယ်။ ယာယီထောင်ချထားမယ့်သဘောပေါ့။ ဘိုင်ဒန်တို့ ခေါင်းဆောင်ပိုင်းက ပြည်သူကို အိုးမဲသုတ်ပြီး ခွပ်ခိုင်းနေတဲ့ အကျိုးဆက်ပါပဲ။ တယောက်ရွေးချယ်မှုကို တယောက်လေးစားရင် ဒီလိုမုန်းတီးမှုတွေ ဖြစ်လာစရာ မရှိပါဘူး။
ကနေဒါမှာတော့ လာမယ့်စနေနေ့ကစပြီး ထရပ်ကားမောင်းသူတွေကို ကာကွယ်ဆေးမထိုးမနေရ စလုပ်မှာဖြစ်တဲ့အတွက် ထရပ်ကားမောင်းသူတွေက အမေရိကန်နဲ့ နယ်စပ်မှာ နှစ်နိုင်ငံကူးတဲ့ လမ်းတွေကို ပိတ်ဆို့ပြီး ဆန့်ကျင်ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။ ကုန်ကားမောင်းသူတွေက ကုန်ပစ္စည်းတွေနဲ့ပဲ ထိတွေ့မှုများပြီး လူတွေနဲ့ တွေ့ထိမှုက နည်းပါးတဲ့အပြင် ကမ္ဘာတဝှမ်း ဆပ်ပလိုင်းချိန်းအကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ အခုလို တင်းကြပ်တာက အကျိုးကျေးဇူးနည်းပါးပြီး အဆင်အခြင်မဲ့တဲ့လုပ်ရပ်လို့ ပြောလို့ ရပါတယ်။
အရင်ရက်အနည်းငယ်တုန်းက ရေးခဲ့တဲ့ သတင်းထဲက ၁၈-၄၉ကြား ကိုဗစ်မဟုတ်တဲ့ ရောဂါနဲ့ သေသူတွေ အများကြီး တိုးလာတဲ့အပေါ် သည်အဲပစ်တိုင်းမ်စ်က အိမ်ဖြူကိုရော စီဒီစီကိုပါ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဘာအဖြေမှ ပြန်မရဘူးလို့ သိရပါတယ်။ ပြည်သူ့အသက် ပြည်သူ့အကျိုးစီးပွားကို အလေးမထားသူ ဘယ်သူမဆို အုပ်ချုပ်သူမဖြစ်သင့်ပါဘူး။
မင်နီဆိုးတားက အသက် ၅၅နှစ်အရွယ် ကပ်ပိုးလူနာက အောက်ဆီဂျင်ကျလို့ ဗန်တီလေတာပေါ်တင်ထားရတာပါ။ ဒီလ ၁၃ရက်နေ့က လူနာရဲ့ အဆုတ်က အလုပ်မလုပ်တော့တဲ့နောက် သူတက်နေတဲ့ ကွန်းရပ်ပဒ်စ်က မာစီဆေးရုံက ဆရာဝန်တွေက သူ့ရဲ့အောက်ဆီဂျင်စက်ကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် သူ့ဇနီးက သူ့ခင်ပွန်းကို ကုသပေးနိုင်မယ့် တခြားဆေးရုံရှာဖွေနေစဥ်မှာ စက်နဲ့ အသက်ဆက်ရှူခွင့်ပေးဖို့နဲ့ ခြိမ်းခြောက်တဲ့ဆရာဝန်တွေ သူ့ခင်ပွန်းနား မကပ်နိုင်အောင် တားဆီးပေးဖို့ တရားစွဲဆိုခဲ့ပါတယ်။
တရားသူကြီးက သူမကို အနိုင်ပေးလိုက်တဲ့အတွက် သူ့ခင်ပွန်းကို မိုင်ထောင်ချီဝေးတဲ့ တက္ကဆက်စ်ပြည်နယ်ကို ရောက်အောင် ခေါ်သွားပြီး ဆေးရုံတင်ခဲ့ပါတယ်။ သူ့ခင်ပွန်းကို မာစီဆေးရုံက အာဟာရသွင်းပေးတာမရှိခဲ့တဲ့အတွက် တက္ကဆက်စ်ကို ရောက်ချိန်မှာ တော်တော်ဆိုးဆိုးရွားရွား အာဟာရချို့တဲ့နေပြီဖြစ်ပါတယ်။ လူနာကို ပေးထားတဲ့ အိပ်ဆေး/စိတ်ငြိမ်ဆေးတွေကို ရပ်ပစ်လိုက်ပြီးတဲ့နောက် လူနာ့မျက်လုံးတွေက ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း လှုပ်ရှားနိုင်နေပြီဖြစ်ပါတယ်။ လူနာရဲ့ အဆုတ်ကလွဲလို့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေအားလုံးက ပုံမှန်အလုပ်လုပ်ဆဲဖြစ်ပါတယ်။ ပြန်ကောင်းဖို့ကတော့ အချိန်ယူရဦးမှာဖြစ်ပေမယ့် လမ်းမှန်ပေါ်ရောက်လာပြီဆိုတာက အားတက်စရာဖြစ်ပါတယ်။
လူတယောက်အသက်က ပေါ်လစီတွေအပေါ်မှာလည်း အများကြီး တည်ပါတယ်။ သိရသလောက် ပေါ့စတစ်ဖြစ်ရုံနဲ့ ဆေးရုံပေးမတက်ပဲ အိမ်မှာပဲ နေခိုင်းပြီး အောက်ဆီဂျင် ကျလာလို့ အသည်းအသန်နီးပါး ဖြစ်လာမှသာ ဆေးရုံကို လာခိုင်းကြတဲ့အတွက် စောစောကုလို့ ကောင်းနိုင်သူတွေပါ မလိုအပ်ပဲ ဒုက္ခရောက်ကြပါတယ်။ တကယ်အောက်ဆီဂျင်ကျပြီလဲဆိုရော မိုနိုကလိုနယ် အန်တီဘော်ဒီဆေးတွေက မလောက်င၊ အိုင်ဗာမက်တင်တို့ ဟိုက်ဒရောက်ဆီကလိုရိုကွင်းတို့ကိုလည်း ဝယ်မရ ပေးမရအောင် ပိတ်ဆို့ထားလေတော့ တော်ရုံငယ်သူ ကျန်းမာသူတွေတောင် သေကြပါတယ်။ နိုင်ငံခြားက မိသားစုတွေဆီက ပြန်မှာသောက်တဲ့လူတွေကျတော့လည်း လေဆိပ်မှာထဲက ခရု ခါးတောင်းကျိုက်ဖမ်းသလို ဖမ်းနေကြတော့ ဒင်းတို့က ဆေးမထိုးထားတဲ့ ထရမ့်လူတွေပဲ သေမယ်လို့ထင်လို့ ဒီလို ပတ်ကြမ်းတိုက်နေတာလားလို့ တွေးစရာ ဖြစ်နေပါတယ်။