ဘိုင်ဒန်က ယူကရိန်းမှာ ခြစားထားတာတွေ အရင်အကြိမ်ကြိမ်ရေးခဲ့ပြီဆိုတော့ သိလောက်ကြပြီထင်ပါတယ်။ အခုယူကရိန်းနယ်မြေထဲကို ဝင်လာရင် အဲဒါက ကျူးကျော်တာပဲ၊ အဲဒီလိုလုပ်ရင် ရုရှားတွေ ပြင်းထန်ပြီး (မဟာမိတ်တွေ) ပူးပေါင်းဆင်နွဲမယ့် စီးပွားရေးပိတ်ဆို့မှုတွေနဲ့ တုန့်ပြန်ခံရမယ်လို့ သတိပေးလိုက်ပါတယ်။
ယူကရိန်းကို ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်တွေ ကူညီနေတာ ၈ဘီလီယံလောက် ရှိနေပါပြီ။ များသောအားဖြင့် လက်နက်တပ်ဆင်ပေးတယ်ဆိုပေမယ့် ယူကရိန်းမှာလည်း ခရိုနီတွေက ကြီးစိုးနေတော့ အမြှီးတွတ် ခေါင်းတွတ်နဲ့ တကယ်ကူညီတဲ့ထဲ ဘယ်လောက်ရောက်တယ်ဆိုတာ မသိနိုင်ပါဘူး။ နောက်တချက်က ယူကရိန်းမှာ အမေရိကန်အကျိုးစီးပွားလည်း ဟုတ်တိပတ်တိ ဘာမှ မရှိပါဘူး။
ဘာဖြစ်လို့ အခုလို ကြိမ်းမောင်းနေသလဲဆိုတော့ ဖြစ်နိုင်တာ ၃ခုရှိပါတယ်။
၁။ ပြည်တွင်းမှာ နေရာတိုင်း ကဏ္ဍတိုင်း ဘိုင်ဒန်အစိုးရ အသုံးမကျတာ ဗူးပေါ်သလို ပေါ်နေတာကြောင့် ပြည်သူထောက်ခံမှု ရုပ်ပျက်ဆင်းပျက်ကျဆင်းနေတာကို အာရုံလွှဲဖို့ ဖြစ်နိုင်ပါတယ်။
၂။ ကိုဗစ်ဖခင်ကြီးထက် ကြီးတဲ့ရန်သူ အမေရိကန်မှာ မရှိပါဘူး၊ ကဏ္ဍတိုင်းမှာ အရေးတကြီး ရင်ဆိုင်ဖို့ လိုနေပါတယ်။ ဒါပေမဲ့ လာဘ်ယူထားသူက သူ့ကို ဝယ်ထားတဲ့သူကို မလွန်ဆန်ရဲတဲ့ ထုံးစံအတိုင်း တရုပ်ကို လေသံနဲ့ စကားလုံးနဲ့တောင် မာမာ မပြောရဲတာကို ဖုံးကွယ်ချင်တာ ဖြစ်နိုင်ပါတယ်။ ငါသိပ်မပျော့ပါဘူးလို့ သက်သေပြချင်တာဆိုပါတော့။
၃။ ဒီမိုကရက်တွေရဲ့ ထုံးစံအတိုင်း စစ်ဖြစ်ကြပြီဆိုရင် လက်နက်တွေ ရောင်းရတော့ လက်နက်လော်ဘီတွေဆီက မြိုးမြိုးမြက်မြက် ရနိုင်တာကြောင့် စစ်ဖြစ်ဖို့ကို လိုလားကြတာ ဖြစ်နိုင်ပါတယ်။ စစ်က တိုင်းပြည်အတွက် အကျိုးမရှိပေမယ့် လူတစုအတွက်တော့ အကျိုးကြီးတယ်လေ။
တဖက်ကလည်း ဘိုင်ဒန်က အာဖဂန်မှာ ဘယ်လိုကိုင်တွယ်ခဲ့သလည်းဆိုတာကို ကြည့်ရင် ပူတင်က သူ့ကို လေးစားမလား မလေးစားဘူးလား သိနိုင်ပါတယ်။ ရှီကတော့ မလေးစားတာ ရှီ့တပည့်ကတောင် ဘိုင်ဒန်မတက်ခင်ထဲက ကျိန်းမောင်းနေတာကြည့်ရင် သိမှာပါ။
ရီရတာက ပြည်တွင်းမှာကျတော့ အမေရိကန်နယ်စပ်ကို ဘယ်သူလာကျူးကျော် ကျူးကျော် ဒါက လူ့အခွင့်အရေးလို့ အသံကောင်းဟစ်နေတဲ့သူတွေက သူများနယ်စပ်ကျတော့ ဝင်ရဲရင် ဝင်ကြည့်ဆိုပြီး သွားခြိမ်းခြောက်နေတာပါ။ မိန်းမတွေအရေး ဦးထိပ်ထားတယ်ဆိုတဲ့ ဖီးမင်းနစ်တွေက မိန်းမအားကစားပွဲတွေထဲ ယောက်ကျားကြီးတွေ ဝင်ပြိုင်ခိုင်းပြီး တရားတယ်လို့ ပြောနေကြတာနဲ့ သဘောချင်း တူတူပါပဲ။ နှစ်ခုလုံးက စိတ်မှန်သူတွေ မလုပ်ကြပါဘူး။