ဒီမိုကရက်တွေက အခုမှ ယူကရိန်းနယ်စပ်ကို ကျူးကျော်ရဲကျော်ကြည့်တို့ နယ်စပ်ကို ကျူးကျော်တယ်ဆိုတာ အချုပ်အချာအာဏာကို စော်ကားတာတို့ လျောက်ပြောနေပေမယ့် အိုဘားမားလက်ထက် ၂၀၁၄တုန်းကလည်း ရုရှားတွေ ခရိုင်းမီးယားကို ကျူးကျော်ပြီး လအနည်းငယ်အတွင်း ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေဖြန့်ချထားခဲ့တာ၊ စစ်ရေးပြင်ဆင်တာတွေ လုပ်ခဲ့ပါတယ်။ ပန်တဂွန်က ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုတော့ ယူကရိန်းစစ်သားတွေအတွက် ရိက္ခာရာရှင်တွေပို့ပေးခြင်းဖြင့် အကြီးအကျယ် ကူညီခဲ့ပါတယ်။
ဘုရှ်အငယ်တုန်းကလည်း ဂျော်ဂျီယာနဲ့ ရုရှားစစ်မဖြစ်ခင် ရာဇသံတွေ ပေးခဲ့တာပါပဲ။ အီရတ်ကို ပူးတွဲစစ်ဆင်ရေးအတွက် ရောက်နေတဲ့ ဂျော်ဂျီယာစစ်တပ်ကို ဂျော်ဂျီယာကို လေယာဥ်တွေနဲ့ ပြန်ပို့ပေးခဲ့ပါတယ်။ ပင်လယ်နက်ထဲကို ရေတပ်သင်္ဘောတွေပို့တာကတော့ ၅ရက်ကြာ စစ်အပြီး အပစ်အခတ်တွေရပ်ပြီး ၁၀ရက်ကြာမှ လူသားချင်းစာနာမှုအထောက်အပံ့တွေ သွားပို့တာပါ။ စစ်ကလည်း ရုရှားက သူ့ဖာသာသူ ရှေ့ဆက်မတိုးတော့တာလို့ ဆိုပါတယ်။ နိုင်ငံတနိုင်ငံကို အပြီးဝင်တိုက်ဖို့တို့ တက်သိမ်းဖို့တို့ဆိုတာ အရင်းအနှီးကြီးပါတယ်။ အဲဒါကြောင့် များသောအားဖြင့်က နိုင်ငံရေးကစားဖို့နဲ့ တပ်တွေအတွက် သွေးပူလေ့ကျင့်ခန်းပေးဖို့လောက်ပဲ လုပ်တတ်ကြပါတယ်။
၂၀၁၄တုန်းက ယူကရိန်းနယ်စပ်မှာ ကျူးကျော်ဖို့ စစ်သံပေးခဲ့တဲ့ ပူတင်က ထရမ့်တက်နေစဥ် တလျောက်လုံးမှာ လိမ္မာနေခဲ့ပြီး ဘိုင်ဒန်လက်ထက်ကျမှ ပြန်လှုပ်ရှားလာတာပါ။ အခုတကြိမ်တော့ ယူကရိန်းထက် အမေရိကန်ဒီမိုကရက်တွေက ပိုပူပြနေပြီး အဲဒီထဲမှာ သိသိသာသာငြိမ်နေတာကတော့ ဆီးနိတ်ဒီမိုကရက်ခေါင်းဆောင် ရှူးမားပဲဖြစ်ပါတယ်။ ယူကရိန်းကို ပတ်ပြီး ဂျာမဏီကို တိုက်ရိုက်သွယ်တန်းထားတဲ့ ရုရှားဓါတ်ငွေ့ပိုက်လိုင်း Nord Stream 2. ကို ငွေပံ့ပိုးပေးထားတဲ့ ဥရောပကုမ္ပဏီ ၂ခု ရဲ့ အဆွယ်အပွားတွေက ရှူးမားကို ပိုက်ဆံပေးထားတာဖြစ်ပါတယ်။ အဲဒါကြောင့် တခြားဒီမိုကရက်တွေ၊ မီဒီယာတွေက ရုရှားကို လက်သီးလက်မောင်းတန်းပြီး ညာသံပေး ကြိမ်းမောင်းနေချိန်မှာ ရှူးမားက ငြိမ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာကတင် Nord Stream 2 က လော်ဘီတွေက ရှုးမားနဲ့ တခြားဒီမိုကရက်တွေကို အမြင့်ဆုံးပေးလို့ရတဲ့ အလှုငွေကို ပေးကမ်းခဲ့တယ်လို့ Axios က သတင်းပို့ထားပါတယ်။ အဲဒီ Nord Stream AG က ရုရှားဓါတ်ငွေ့ပိုက်လိုင်းကို ဆောက်ပေးတဲ့ဆွစ်ကုမ္ပဏီဖြစ်ပြီး ဒီမိုကရက်တွေကို ငွေကြေးထောက်ပံ့မှုတွေ ပေးနေတဲ့ ဗင်းဆင့်ရော်ဘတ်တီကတဆင့် ကွန်ဂရက်စ်ကို လော်ဘီလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပိုက်လိုင်းဆောက်ပြီးသွားရင် ရုရှားက ယူကရိန်းကို အပြည့်အဝ ကျူးကျော်ခဲ့ရင်တောင် ဓါတ်ငွေ့ရောင်းရငွေ နစ်နာမှာ မဟုတ်တော့ပါဘူး။ အဲဒါကြောင့် Nord Stream ပိုက်လိုင်းတည်ဆောက်ပြီးစီးမှုကို ယူကရိန်းရဲ့ သေဒဏ်လို့ ရှုမြင်နေကြတာဖြစ်ပါတယ်။
ရှုးမားနဲ့ အခြား ရုရှားဆီက ပိုက်ဆံယူထားသူတွေက (ယူကရိန်းသမ္မတ ဇယ်လန်းစကီးရဲ့ အသနားခံမှုအရ) Nord Stream 1 ပိုက်လိုင်းနဲ့ ဆက်စပ်နေသူတွေကို စီးပွားရေးပိတ်ဆို့မယ့် GOP ရဲ့ အကြိမ်ကြိမ်သောကြိုးပမ်းမှုတွေကို တားဆီးဟန့်တားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီစွဲချက်တွေကိုတော့ ရှူးမားရဲ့ ရုံးနဲ့ သူ့ကို ပိုက်ဆံပေးထားတဲ့ ENGIE North America က တုန့်ပြန်ဝေဖန်မှု မပြုသေးဘူးလို့ The Free Beacon က ဆိုကြောင်း Western Journal မှာ Samantha Chang က ဖော်ပြထားပါတယ်။
ကယ်လီဖိုးနီးယားက နာမည်ရှိတဲ့ ဆေးကျောင်း/ဆေးရုံတခုဖြစ်တဲ့ UCSF က ကပ်ပိုးနဲ့ပတ်သက်တဲ့ ဒါရိုက်တာအပါအဝင် ဆရာဝန် ၄ဦးက ကျောင်းနေအရွယ် ကလေးတွေအပေါ် နှာခေါင်းစီးတပ်ရမယ် ဆိုတဲ့ မန်ဒိတ်အပါအဝင် အဓိပ္ပါယ်မဲ့တဲ့ ကန့်သတ်ချက်တွေကို အဆုံးသတ်ဖို့ ဂါဗာနာနယူဆမ်ထံ အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။ သူတို့ရဲ့အဆိုအရ အဲဒီကန့်သတ်ချက်တွေဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးအပေါ်မှာ အဟန့်အတား ဖြစ်နေတဲ့အတွက် သူတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးအပေါ် အနှောက်အယှက်ဖြစ်တယ်လို့ ဆိုထားပြီး ဒီတလှိုင်းပြီးရင် ဘာဆက်လုပ်သင့်တယ်ဆိုတာ ပြန်စီစစ်ရမယ့်အချိန်ရောက်ပြီလို့ အရေးပေါ်ဆေးပညာဌာနရဲ့ တွဲဖက်ပါမောက္ခနဲ့ ကပ်ပိုးတုန့်ပြန်မှုဒါရိုက်တာ ဒေါက်တာ ဂျင်းနိုဘယ်လ်က The San Francisco Standard ကို ပြောကြားသွားပါတယ်။
အခုအခါ ဥမ္မာခင်ကလည်း အမြင့်ဆုံးရောက်ချိန်ပြီးဆုံးလို့ ပြန်ကျနေပြီဖြစ်ပါတယ်။ ဒီကပ်ပိုးကာလတလျောက်မှာ တာဝန်ရှိသူတွေက ကလေးတွေကို ရောဂါကာကွယ်ရေးရှုထောင့်ကပဲ ကြည့်ခဲ့ကြပြီး သူတို့ရဲ့ လူမှု ဖွံ့ဖြိုးရေးအပိုင်းတွေကို ထည့်မစဥ်းစားခဲ့ကြတာကြောင့် အခုအခါမှာ ကလေးတွေကို ကပ်ပိုးနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးပြီး ပုံမှန်အတိုင်း နေရတဲ့ အရသာကို ခံစားစေကြဖို့ သင့်ပါပြီလို့ ဆိုပါတယ်။ သူမနဲ့အတူ လက်မှတ်ထိုးထားကြသူတွေက တကျောင်း/တဆေးရုံထဲကဖြစ်ကြတဲ့ ကူးစက်ရောဂါပါရဂူ ဒေါက်တာဗီနေးပရာဆဒ်၊ ခွဲစိတ်ပါရဂူနဲ့ ဇီဝအင်ဂျင်နီယာ ဒေါက်တာ ဂျာရက်မိုယာ၊ ဥက္ကလံကလေးဆေးရုံက ဒေါက်တာ ဂျနီဖာဝင်တို့ ပါဝင်ပါတယ်။
အဆိုပါပေးစာထဲမှာ ထောက်ပြထားတဲ့ နောက်တချက်ကတော့ ဘာလက္ခဏာမှ မပြနေသူတွေကိုပါ ဦးနှောက်နဲ့ မစဥ်းစားပဲ စွတ်စက်ပိုးစစ်နေခြင်းပါပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့် မှားပြီးပိုးတွေ့တယ်လို့ ပြရင်တောင် သီးခြားခွဲနေရတော့ မလိုအပ်ပဲ လုပ်အားတွေအများကြီး ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
အဲဒီစာနဲ့ ပတ်သက်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးတာဝန်ခံတွေက ကာကွယ်ဆေးတွေ၊ ဘုစ်တာတွေနဲ့ နှာခေါင်းစည်းတွေဟာ ကပ်ပိုးရန်ကို တွန်းလှန်ဖို့ ငါတို့ရဲ့ အထိရောက်ဆုံး လက်နက်တွေဖြစ်ပြီး အဲဒါတွေကြောင့် ကျောင်းတွေ ရုံးတွေ လုပ်ငန်းတွေကို ဖွင့်ထားနိုင်တာလို့ တုန့်ပြန်ပါတယ်။ ဒါပေမဲ့ ဒီတလှိုင်းပြီးရင်တော့ အခြေအနေအရ လိုက်လျောညီထွေဖြစ်မယ့် ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့တော့ ပြောသွားပါတယ်။ တုပ်ကွေးလောက်တောင် မပြင်းထန်တော့တဲ့ မျိုးကွဲကိုတောင် သေဘေးတွေ့မလောက် တုန့်ပြန်နေရင် အခြေအနေအရ ဆိုတာကလည်း အထင်နဲ့အမြင်က မိုးနဲ့မြေလောက် ကွာကောင်းကွာနေနိုင်တာပါပဲ။
ကနေဒါနိုင်ငံ ကွီးဘက်ပြည်နယ်မှာ ဆေးမထိုးထားသူတွေကို ၁၆,၁၄၆စတုရန်းပေထက်ကျယ်ဝန်းတဲ့ ဆိုင်ကြီးတွေထဲ ဝင်ခွင့်မပေးတော့ဘူးလို့ ဆိုပါတယ်။ အဲဒီလိုဆိုင်ကြီးတွေက လူအဝင်များတဲ့ Costco, Walmart, Target, IKEA, Home Depot စတာတွေ အပါအဝင်ဖြစ်ပါတယ်။ ကုန်စုံဆိုင်တွေ၊ ဆေးဆိုင်တွေ၊ ဓါတ်ဆီဆိုင်တွေကတော့ ကန့်သတ်တဲ့ထဲမှာ မပါဝင်ပါဘူး။ အစိုးရကတော့ အဲဒီလို ကန့်သတ်တာက လူတွေ ဆေးပိုထိုးလာအောင် (ဖိ)အားပေးတဲ့သဘောပဲလို့ ဆိုပါတယ်။ ဥပဒေက အဲဒီမှာတင် မပြီးပါဘူး။ ဆေးမထိုးထားတဲ့သူတွေက ဘယ်ဆိုင်ထဲကိုပဲဝင်ဝင် သူတို့ကို Health Warden တယောက်က နောက်က တကောက်ကောက်လိုက်ပြီး မရှိမဖြစ်ပစ္စည်းတွေဖြစ်တဲ့ စားစရာ၊ ဆေးဝါးနဲ့ အစိုးရက ခွင့်ပြုထားတဲ့ ပစ္စည်းတချို့ကိုပဲ ဝယ်ခွင့်ရှိမယ်လို့ ဆိုပါတယ်။ တပြည်နယ်လုံး မော်စကိုရောက်နေသလို ခံစားရမှာ အသေအချာပါပဲ။
စူးရောက်လှတဲ့ အဆိုပါဥပဒေကို စအသက်သွင်းပြီဆိုရင် ဆိုင်ရှင်တွေက အရင်ဆုံးထိမှာဆိုတော့ အကြီးအကျယ်ဒေါပွနေကြပါတယ်။ သူတို့က ဈေးပဲရောင်းချင်တာလေ၊ ပုလိပ်တွေလို လုပ်ဖို့ လူအင်အားလည်း မရှိသလို ကိုယ့်ဖောက်သည်ကိုယ် အမုန်းခံပြီး ရှူးတိုက်လွှတ်ရမယ့်ကိစ္စ ဘယ်လုပ်ချင်ကြပါ့မလဲ။ အဲဒီလို စရူးဥပဒေတွေကြောင့် အကျိုးယုတ်သွားမှာက အငယ်စားနဲ့ အလတ်စား ဆိုင်လေးတွေဖြစ်ပြီး အစိုးရကို သန်းချီလော်ဘီနိုင်တဲ့ အကြီးစားကော်ပိုရေးရှင်းကြီးများကတော့ ကြီးသထက်ကြီး မြတ်သထက်မြတ်ဖြစ်နေကြတော့မှာပါပဲ။
အရင်တုန်းက နိုင်ငံရေးသမားတွေက မိုနိုပိုလီမဖြစ်အောင် ကြိုးစားကြပြီး အခုခေတ် ခြစားတွေကတော့ မိုနိုပိုလီ မဖြစ်ဖြစ်အောင် တွန်းနေကြတာ ဝမ်းနည်းစရာပါ။ ပြည်သူတွေနားလည်ထားဖို့က အခုလောလောဆယ်မှာ အဲဒီကော်ပိုရေးရှင်းကြီးတွေက မယူခင် ဖျာလိုလိပ် ထိပ်ပေါ်တင်ထားသလို ဈေးလဲချို၊ ဝန်ဆောင်မှုလည်း ကောင်းပေးနေပေမယ့် အပြိုင်အဆိုင်မရှိသလောက်ဖြစ်လာမယ့်နေ့ကျရင် သူတို့စိတ်တိုင်းကျ ဘူးလီးတာကိုခံဖို့ ဆီပုလင်းဆောင်ထားကြဖို့တော့ လိုမယ်ဆိုတာပါ။
ဘူးလီးဆိုလို့ နောက်သတင်းတပုဒ်မှာ စား/သောက်နဲ့ဆေး(ဝါး)ကြီးကြပ်ရေးကို တရားရုံးက ကပ်ပိုးနဲ့ပတ်သက်တဲ့ နံပါတ်တွေကို မျိုးဆက်၃ဆက်လောက်ကြာအောင် အချိန်မယူစေပဲ တနေ့ကို စာမျက်နှာ ၅ထောင်နှုန်းနဲ့ မြန်မြန်ထုတ်ပေးဖို့ အမိန့်ချခဲ့ပါတယ်။ အဲဒါကို ထိုးဆေးထုတ်တဲ့ ဖဇက သူတို့ဝင်ကူပါရစေလို့ ပြောပါတယ်။ သာဓုခေါ်ဖို့ သိပ်မလောကြပါနဲ့ဦး။ သူတို့ကူချင်တာက မသိစေချင်တာတွေ မသိရအောင်ဝင်ကလဖံထိုးတာကလွဲလို့ အခြားအကြောင်း သိပ်မရှိနေပါဘူး။ တရားလိုတွေကတော့ တရားသူကြီးကို လက်မခံပဲ ပယ်ချဖို့ ပြောကြားထားပါတယ်။