မနေ့ကတင်တဲ့ Supreme Court Justice Breyer အနားယူမယ်ဆိုတာ တရားဝင်ကြေငြာသေးတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အနားယူမှာတော့ သေချာတယ်လို့ ဆိုပါတယ်၊ မယူယူအောင်လည်း ဖိအားပေးနေကြပုံ ရပါတယ်။ လောလောဆယ် Supreme Court မှာ အင်အားက ၆-၃ ဖြစ်နေတော့ ဒီမိုကရက်တွေ ဆီးနိတ်မှာ ၅၀ ရနေတုန်း ငယ်ငယ်ရွယ်ရွယ် လက်ဝဲစွန်းတယောက်ယောက်တင်မှ ဖြစ်မယ်လို့ တွက်ကြတာဖြစ်မှာပါ။ ၂၀၂၀တုန်းက ဆုံးသွားတဲ့ Ginsberg ကိုလည်း အနားယူစေချင်လို့ စကားခေါ်နေခဲ့ကြတာပါပဲ။ အိုနေပြီဆိုတော့ ထရမ့်လက်ထက်မှာ လစ်လပ်သွားခဲ့ရင် ကွန်ဆာဗေးတစ်တရားသူကြီး တက်ဖို့က များနေတာကိုး၊ အဲဒီအတိုင်းလည်း ဖြစ်လာခဲ့ပါတယ်။ ခုတော့ အဲဒီလိုမဖြစ်အောင် ကြိုစီစဥ်ကြတာပါ။
ပြဿနာက ဒီကိစ္စက ထိပ်ပိုင်းကလူတွေကြား ဆွေးနွေးကြတာဖြစ်ပြီး အခုလို သတင်းပေါက်ကြားတာက တော်တော်ကို ဖြစ်ခဲပါတယ်လို့ ပလိုစီနဲ့ ရှုးမားတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Justice Breyer က အတွင်းသတင်း တနိုင်ငံလုံး သိသွားပြီဖြစ်လို့ အံအားသင့်သွားတယ် ပြောကြသလို စိတ်ပျက်တယ်လို့လည်း ပြောကြပါတယ်။ အခုလိုတွေ ဟိုးလေးတကြော်ကြော်ဖြစ် ပြီးရင်တော့ သူလည်း ချော်လဲရောထိုင်ရတော့မယ့်သဘော ရှိပါတယ်။ အဲဒါကြောင့် နည်းလမ်းတကျ ဘာကိုမှ မဆောင်ရွက်နိုင်တဲ့ ဒီမိုကရက်တွေက တမင်ပေါက်ကြားအောင် လုပ်တာလဲ ဖြစ်နိုင်ပါတယ်။
နောက်သတင်းတပုဒ်မှာတော့ ဘိုင်ဒန် ၁၉၈၀လောက်ထဲက သိခဲ့တဲ့ သူ့ရဲ့ ဥပဒေအကြံပေး ဟားဗတ်က လစ်ဘရယ် ရာသက်ပန်ဥပဒေပါမောက္ခ Laurence Tribe ကတော့ ဒုသမ္မတက Supreme Court မှာခန့်ဖို့ လျာထားတဲ့သူကို အတည်ပြုဖို့ မဲဝင်ပေးလို့ မရဘူးလို့ဆိုပါတယ်။ လက်ရှိဆီးနိတ်က ၅၀-၅၀ဖြစ်နေတော့ ပါတီလိုင်းအတိုင်းပေးကြရင် ကမလာမပါရင် အဆိုအောင်ဖို့ အခွင့်အလမ်းနဲပါတယ်။ ဒုသမ္မတက ဆီးနိတ်မှာ မဲဝင်ပေးလို့ရတာက ဥပဒေကြမ်းတွေအတွက်ပဲဖြစ်ပြီး Supreme Court တရားသူကြီးခန့်တာကို အတည်ပြုဖို့ မဟုတ်ပါဘူး။ လွှတ်တော်က ပြုတဲ့ ဥပဒေတွေမှာမှာ အုပ်ချုပ်ရေးဘက်က မဲတင်းတာနဲ့ အုပ်ချုပ်ရေးဘက်က အဆိုတင်တဲ့ တရားသူကြီးတွေကို အတည်ပြုဖို့ အုပ်ချုပ်ရေးက ဝင်မဲတင်းတာက ချိန်ခွင်လျှာကို လုံးဝ ကပြောင်းကပြန်ဖြစ်စေပါတယ်လို့ Tribe က ဆိုပါတယ်။
ဒါပေမယ့် အခုပြောတာတော့မဟုတ်ပါဘူး။ ထရမ့်လက်ထက်က ပြောခဲ့တာပါ။ RealClearPolitics က Tribe ကို အခုရောသူ့ရဲ့ အရင်အမြင်အတိုင်းပဲလား၊ အပြောင်းအလဲရှိမလားလို့ ဆက်သွယ်မေးမြန်းရာမှာ Tribe က အဲဒီအကြောင်းကို ရေးခဲ့တာ ၁၅လရှိပြီဖြစ်ပြီး အဲဒီနောက်ပိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီး မစဥ်းစားမိပေမယ့် သူ့အမြင်ပြောင်းစရာတော့ မရှိဘူးထင်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မနေ့က သူ့ရဲ့ တွိဒ်မှာတော့ ငါ ၂၀၂၀တုန်းက ရေးခဲ့တာကို တခြားပညာရှင်တွေက ဘယ်လိုဝေဖန်ထားကြသလဲဆိုတာ ပြန်ဖတ်ရဦးမယ်လို့ ဟ ပေးသွားပါတယ်။
တဖက်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲအပြီး ဆီးနိတ်လူများစုခေါင်းဆောင်နေရာကို မက်ကောနယ်လ်ကနေ ရှူးမားကို လွှဲပြောင်းပေးချိန်မှာ နှစ်ဦးသဘောတူညီထားတာတခု ရှိပါတယ်။ တရားသူကြီးခန့်အပ်မှာတွေအတွက် ၅၁မဲသာ လိုပါတယ်၊ အဲဒါကို nuclear option လို့ ခေါ်ပါတယ်။ အဲဒါဆိုရင် လက်ရှိဒီမိုကရက်ဆီနိတ်တာအားလုံးရဲ့ မဲရမယ်ဆိုရင် ကမလာရဲ့ မဲနဲ့ပေါင်း ၅၁ ရပါပြီ။
ဒါပေမဲ့ nuclear option ကို သုံးနိုင်မယ့်အခြေအနေက ဆီးနိတ်တရားရေးကော်မီတီက လစ်လပ်တရားသူကြီးနေရာအတွက် ဘိုင်ဒန်ရဲ့ အမည်စာရင်းတင်သွင်းလွှာကို ဆီးနိတ်ကို ပို့ရပါတယ်၊ အဲဒီကျမှ ဆီးနိတ်တရားရေးကော်မီတီရဲ့ အများစုမဲက ဆီးနိတ်တခုလုံးမှာ မဲခွဲဖို့ ထောက်ခံပေးရပါတယ်။ မက်ကောနယ်လ်နဲ့ ရှူးမားတို့ တလကျော်ဆွေးနွေးသဘောတူထားတာက ကော်မီတီအဖွဲ့ဝင်တွေ ဝန်ထမ်းတွေနဲ့ ဘတ်ဂျက်ကို တဝက်စီ အညီအမျှယူကြဖို့ပါ။ အဲဒီတော့ ကော်မီတီဝင်ထက်ဝက်ဖြစ်တဲ့ ၁၁ဦးက ရီပါဘလစ်ကန်တွေဖြစ်ကြတဲ့အတွက် အဲဒီမှာတင် အများစုမဲမရလို့ တစ်နေနိုင်ပါတယ်။
အဲဒီလိုတစ်နေပြီဆိုရင်တော့ ပါတီခေါင်းဆောင်က ဆီးနိတ်တခုလုံးမှာ ၄နာရီကြာ အခြေအတင်ဆွေးနွေးကြပြီး ၅၁မဲနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားရပါတယ်။ အဲဒီအထိက လွယ်ပါသေးတယ်၊ အဲဒီအဆို ဆီးနိတ်ကို ပြန်ဝင်လာပြီဆိုရင်တော့ အမည်တင်သွင်းတာကို အတည်ပြုဖို့ပုံစံနဲ့ မဟုတ်တော့ပါဘူး။ မဲမပြည့်ရင် ပလပ်လိုက်တော့မှာပါ။ အဲဒီအဆင့်မှာတော့ မဲ ၆၀ လိုပါတယ်။ အဲဒီတော့ ရီပါဘလစ်ကန် ၁၀မဲမရပဲ ဘာမှဆက်လုပ်လို့ ရမယ့်ပုံမပေါ်ပါဘူး။ မက်ကောနယ်လ်ကတော့ Justice Breyer ရဲ့ တရားဝင်ကြေငြာချက်ကိုစောင့်ပြီးမှ မှတ်ချက်ပေးမယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာ ဘိုင်ဒန်က Pennsylvania ပြည်နယ်က Steel City ကို သွားရောက်ဖို့ စီစဥ်ထားတဲ့ နာရီပိုင်းအလိုမှာ Pittsburg က တံတားတစင်း ကျိုးကျသွားပါတယ်။ ဘိုင်ဒန်သွားရတဲ့ အကြောင်းရင်းကလည်း သူ့ရဲ့ ၁.၂ထရီလီယံကုန်မယ့် infrastructure bill ကိုလော်ဖို့ဖြစ်တော့ အချိန်ကိုက်ပဲလို့ ဆိုရမှာပါ။ ဒါပေမဲ့ ၁.၂ထရီလီယံထဲက ၁၁၀ ဘီလီယံကပဲ လမ်းတွေ တံတားတွေ အတွက် ဖြစ်ပါတယ်။ အများစုဘတ်ဂျက်က လူတွေကို ဦးနှောက်ဆေး ပုံသွင်းရာမှာ သုံးမှာပါ။
ဘိုင်ဒန်က အမေရိကန်တပ်တွေကို အရှေ့ဥရောပက နေတိုးနိုင်ငံတွေဆီကို မကြာမီ ပို့ဆောင်သွားမယ်လို့ ကနေ့ပြောလိုက်ပါတယ်။ အများကြီးပို့မှာတော့ မဟုတ်သလို ယူကရိန်းဖက်က ဝင်တိုက်ပေးဖို့လည်း မဟုတ်ဘူးလို့ ဆိုပါတယ်။ နိုင်ငံတော်တော်များများကလည်း ယူကရိန်းကို အားပေးတဲ့ ကြေငြာချက်တွေ ထုတ်ကြသလို ဘိုင်ဒန်ကလည်း ကြေငြာချက် ၂ခု ထုတ်ထားပါတယ်။ နှစ်ကြိမ်လုံးမှာတော့ အိမ်ဖြူအရာရှိတွေက ဘိုင်ဒန်ပြောတာနဲ့ ဆန့်ကျင်ဖက်ပြောပြီး ပြန်ဖာရပါတယ်။ ယူကရိန်းအရာရှိတွေက ကန်သမ္မတကို နဂိုတင်းမာနေတဲ့အခြေအနေကို ပိုဆိုးအောင် မလုပ်ဖို့ တောင်းဆိုထားပါတယ်။
ဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတဇယ်လန်းစကီတို့ ဖုံးပြောခဲ့ကြတာမှာ ကနဦးထွက်လာတဲ့သတင်းတွေအရ အဆင်မပြေခဲ့ကြဘူးလို့ ဆိုပါတယ်။ GOP ကတော့ ဖုံးခေါ်စကားပြောခဲ့တဲ့မှတ်တမ်းကို ထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။ ထရမ့်လက်ထက်က ထရမ့်နဲ့ ဇယ်လန်းစကီတို့ကြား ဖုံးပြောခဲ့တဲ့ မှတ်တမ်းကို ထုတ်ပြန်ပေးဖို့ ဂျိုးက အစဥ်တစိုက် တောင်းဆိုခဲ့တာပါ။ အဲဒီဖုံးကောလ်တယ်ဆိုတဲ့ ဟေလာရီငှားထားတဲ့ လူတွေရဲ့ လုပ်ကြံစွပ်စွဲချက်နဲ့ပတ်သက်ပြီးတော့ ထရမ့်က ပထမအကြိမ် အယုံအကြည်မရှိအဆို အတင်ခံခဲ့ရတာပါ။
ကယ်လီဖိုးနီးယားမှာ မိန်းမလို့ ခံယူထားတဲ့ ကျားအင်္ဂါအပြည့်အစုံနဲ့သူက အသက် ၁၇နှစ်တုန်းက ၁၀နှစ်သမီးလေးကို အမျိုးသမီးအိမ်သာထဲမှာ လိင်ပိုင်းစော်ကားခဲ့ပါတယ်။ အခုအဲဒီလူက ၂၆နှစ်ရှိပါပြီ။ ၂၀၁၉တုန်းကမှ အဲဒီလူကို အိုင်ဒဲဟိုးမှာ အကြမ်းဖက်ရိုက်နှက်မှုနဲ့ ဖမ်းဆီးခဲ့ပြီးနောက် ဒီအန်အေ စစ်ရာမှာ ပေါ်သွားတဲ့အတွက် ကယ်လီဖိုးနီးယားမှာ ဖြစ်ခဲ့တဲ့အမှနဲ့ပတ်သက်ပြီး ဝန်ခံခဲ့ပါတယ်၊။ သူ့ကို ထောင် ၂နှစ်ချလိုက်ရာမှာ လက်ရှိအသက်က ၂၆နှစ်ဖြစ်ပေမယ့် ပြစ်မှုကျူးလွန်စဥ်က ၁၈နှစ် မပြည့်သေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ LA DA က မိန်းကလေးထောင်ကို ပို့စေခဲ့ပါတယ်။
LA ကောင်တီဖက်က ရှေ့နေ ဂျပ်စ်တင်ကလာ့ခ်က ၁၉နှစ်အထက်တွေကို လူကြီးထောင်ပို့ရတဲ့အတွက် ဒီကိစ္စကိုလည်း Probation ဌာနကို ဆုံးဖြတ်စေဖို့ ရုံးတော်အနေနဲ့ ခွင့်ပြုလို့ရတဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် DA ရုံးက လူကြီးတရားရုံးကို လွှဲဖို့ စာမတင်ပေးတော့ တရားသူကြီး မာရီယို ဘာရဲရာက ၂နှစ်ထက် ပိုချလို့ မရဘူးဖြစ်နေပါတယ်။ ရာဇဝတ်ကောင် Hannah Tubbs ကို ကယ်လီဖိုးနီးယားမှာ မိန်းမအဖြစ် အသိအမှတ်ပြုထားတော့ မိန်းကလေးထောင်ကို ပို့ပြီး မိန်းကလေးငယ်တွေနဲ့ ရောထားမှာဖြစ်ပါတယ်။
ကလေးထောင်ကို ပို့တဲ့ နောက်အကျိုးကျေးဇူးတခုကတော့ လွတ်လာရင်တောင် sex offender အနေနဲ့ မှတ်တမ်းတင်ခံရမှာ မဟုတ်တာပါ။ ဒါတွေအားလုံးက လက်ဝဲစွန်း LA DA ရဲ့ ယုတ်မာပက်စက်တဲ့ လုပ်ထုံးလုပ်နည်းတွေပါ။ ရာဇဝတ်သားတွေကို ချီးမြှောက် ပ စားပေးပြီး မိန်းကလေးတွေကိုချည့် နှိပ်ကွပ်နေကြတဲ့ လက်ဝဲစွန်းတွေရှိတဲ့ နေရာတိုင်းမှာ အဲဒီလိုတွေချည့်ပါပဲ။ အဲဒီလိုဖြစ်မှလည်း ဆိုရော့စ်တို့က ရွေးကောက်ခံနိုင်အောင် ငွေပုံပေးပြီး လိုက်မွေးကြတာပါ။ ကမလာလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲဒီလက်ဝဲစွန်းတွေကြောင့် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ကြ နစ်နာကြသူများလိုပဲ လက်ဝဲစွန်းများနဲ့ လက်ဝဲစွန်းထောက်ခံကြသူများ တူသောအကျိုး ရကြဦးမှာပါ။ အဲဒီကျရင်သာ ခံနိုင်ဖို့ ပြင်ထားကြပါလို့ ပြောချင်ပါတယ်။