ဇန်နဝါရီ ၃၀ ရက် ၂၀၂၂

ဘိုင်ဒန် Pittsburgh ကို သွားတဲ့နေ့က ကျိုးကျတဲ့တံတားက ပြည်နယ်ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ poor ဆိုတဲ့ rating ရထားတာပါ။ သို့ပေမဲ့ ပြင်ဖို့ ကြိုးစားထားတာမရှိသလို မကြာသေးမီကထွက်တဲ့ infrastructure bill ကရတဲ့ ခွဲတမ်းမှာလည်း အဲဒီတံတား ပြုပြင်ဖို့ မပါဝင်ပါဘူး။ Pennsylvania မှာ ဓါတ်ဆီတဂါလံကို အခွန် ၅၇.၆ပြား ကောက်ပါတယ်။ အဲဒီကနေ ဝင်ငွေ တနှစ်ကို ၂.၃ဘီလီယံ ရပါတယ်။ ရရှိတဲ့ ဓါတ်ဆီခွန်က ပြည်နယ်တွင်းက လမ်း/တံတားတွေ ပျက်ရင် ပြင်ဖို့/အသစ်လဲဖို့ ဖြစ်ပါတယ်။ ပြည်နယ်ရဲ့ ဘတ်ဂျက်နဲ့ လမ်း/တံတား ပြုပြင်/တည်ဆောက်မယ့်စာရင်းထဲမှာ အခုပျက်ကျသွားတဲ့ တံတား မပါဝင်နေပါဘူးလို့ Fox Business က ဆိုပါတယ်။

ဒါပေမဲ့လည်း ဒု-ဂါဗာနာအပြောအရတော့ အဲဒီတံတားက ပြည်နယ်ရဲ့ အဓိက အသက်သွေးကြောတခု ဖြစ်ပါတယ်လို့ CNN မှာ ဖော်ပြထားပါတယ်။ တံတားတွေရဲ့ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပြီး ပြုပြင်/ထိန်းသိမ်းသင့်တာတွေ ပြုလုပ်သွားမယ်ဆိုရင် အခုလို သွားတုန်းလာတုန်း ကျိုးကျတာမျိုး ဖြစ်ဖို့ အခွင့်အလမ်းနည်းမယ်ဆိုတာကို သိဖို့ အင်ဂျင်နီယာဖြစ်စရာ မလိုဘူးထင်ပါတယ်။ ယခုဖြစ်စဥ်မှာ လူအသက်ဆုံးရှုံးတာ မရှိပေမယ့် ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ ရှိခဲ့ပါတယ်။ တံတားကျိုးသွားတော့ မြို့အရှေ့ပိုင်းကလူတွေ Pittsburgh မြို့ထဲကိုလာဖို့ အခက်အခဲတွေ ဖြစ်ကုန်မှာပါပဲ။

ပြောချင်တာက ဘိုင်ဒန်တို့လို နိုင်ငံရေးသမားတွေက တခုခုဆို လိုရာဆွဲပြီး ကိုယ့်အာဂျင်ဒါ (1.2 trillion infrastructure spending) ကို မာကက်တင်းလုပ်တတ်ကြတာနဲ့ တကယ်ဖြစ်နေတာကို မြင်အောင်ကြည့်စေချင်တာပါ။ အပြောနဲ့ အလုပ်တထပ်တည်း မကျတာတွေက အပေါ်ဆုံးကလူတွေမှာဖြစ်လေ အထိနာလေပါပဲ။

ဇန်နဝါရီ​၂၁ရက်နေ့က နယူးယောက်မှာ ရဲအရာရှိနှစ်ဦးကို လူဆိုးများက ခြုံခိုပစ်ခတ်ခဲ့လို့ Jason Rivera က ညတွင်းချင်း သေဆုံးပြီး Wilbert Mora က ၄ရက်အကြာ ဆေးရုံမှာ ဆုံးပါးသွားပါတယ်။ ၂၀၂၀ကမှ ရဲဖြစ်လာတဲ့ Jason Rivera က ၂၂နှစ်သာ ရှိသေးပြီး အသက် ၂၇နှစ်ရှိပြီဖြစ်တဲ့ Wilbert Mora က ရာဇဝတ်တရားရေးနဲ့ ဘွဲ့ရခဲ့တဲ့ ၂၀၁၈နှစ်မှာ ရဲတပ်ဖွဲ့ထဲ ဝင်လာတာ ဖြစ်ပါတယ်။ သူတိုက အိမ်တွင်းအကြမ်းဖက်မှုနဲ့ အမျိုးသမီးနဲ့ ကလေးတဦးက ရဲခေါ်ခဲ့တာကို သွားရောက်စဥ်မှာ အကြမ်းဖက်တယ်လို့ သံသယရှိနေတဲ့ လူမည်းက ပစ်သတ်ခဲ့တာဖြစ်ပြီး အသတ်ခံရတဲ့ ရဲနှစ်ဦးလုံးကလည်း လူဖြူမဟုတ်တဲ့ လူနည်းစုတွေ ဖြစ်ကြပါတယ်။ သတ်တဲ့သူကိုလည်း နောက်ရဲတဦးက ပစ်သတ်ခဲ့ပါတယ်။

သောကြာနေ့က ပြုလုပ်တဲ့ Jason Rivera ရဲ့ ဈာပနအခမ်းအနားမှာ သူ့ဇနီးက မန်ဟက်တန်ဒီအေအသစ် ရဲ့ ဥပဒေအသစ်တွေကြောင့် လုပ်ရကိုင်ရ ခက်ခဲလှတဲ့အတွက် ရဲတွေ မကြိုက်ကြတဲ့အကြောင်း၊ အဲဒါကို (ရာဇဝတ်သားတွေအပေါ် ညှာတာလွန်းပြီး ရဲတွေအပေါ် တင်းကြပ်လွန်းတဲ့) မန်ဟက်တန်ဒီအေအသစ် ကြားသိနိုင်ပါစေဖို့ ကွယ်လွန်သူကိုယ်စား ပြောချင်ပါကြောင်း၊ သူ့ရဲ့ သေဆုံးမှုဟာလည်း အချည်းနှီးမဖြစ်ဖို့ ကြိုးစားမှာဖြစ်ကြောင်း၊ ရင်ကွဲပက်လက်ဖြစ်နေတဲ့ကြားက ထိန်းပြီး ပြောကြားခဲ့ပါတယ်။ အဲဒီပွဲကို ရဲအရာရှိထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး JetBlue လေကြောင်းက ကျဆုံးရဲတွေရဲ့ မိသားစုတွေနဲ့ အဝေးကရဲနဲ့ ရဲမိသားစုတွေ ဒီဈာပနလာတက်ဖို့ အခမဲ့ ပျံသန်းပေးခဲ့တယ်လို့ သိရပါတယ်။     

အဲဒီဈာပနက မန်ဟက်တန်က နာမည်ကြီး 5th Ave ပေါ်က St. Patrick Cathedral မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တီးဝိုင်းနဲ့ ဂုဏ်ပြုချီတက်ကြတဲ့ အခမ်းအနားအပြင် တက်ရောက်တဲ့ ရဲတွေ လူတွေ များပြားတာကြောင့် လမ်းပိတ်သွားခဲ့ပေမယ့် အများစုက နားလည်ပေးကြပါတယ်။ သရုပ်ဆောင်လုပ်တယ်ဆိုတဲ့ Jacqueline Guzman ကတော့ လမ်းပိတ်နေတာကို မကြေနပ်လို့ တစ်တော့ကနေ အပြစ်တင်ခဲ့တဲ့အတွက် နေ့ချင်းပဲ အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ ဘရွတ်ကလင်းဘက်က ပုဂ္ဂလိကကျောင်းမှ ဆရာတဦးကလည်း အဲဒီဈာပနတက်တဲ့ ရဲတွေကို လက်တုန့်ပြန်ဖို့ သူ့အင်စတာဂရမ်ကနေ ဆော်ဩခဲ့တဲ့အပေါ် ရဲတွေက မကျမနပ် ဖြစ်နေကြပါတယ်။ ရုပ်ရှင်နယ်က မကျေမနပ် ပြောတဲ့သူကို Face to Face Films က အလုပ်ဖြုတ်ပစ်ခဲ့ပေမယ့် ပညာရေးလောကက ရဲတွေ သေဖို့ဆုတောင်းတဲ့ ကျောင်းဆရာကို အရေးယူမယ့်သူ မရှိတာက ပညာရေးမှာ လက်ဝဲစွန်းတွေ ဘယ်လောက် စိုးမိုးနေတယ်ဆိုတာကို ပြတာဖြစ်လို့ ရင်လေးစရာကောင်းတာ အမှန်ပါပဲ။

မန်ဟက်တန်ဒီအေအသစ် Alvin Bragg က ဇန်နဝါရီလဆန်းမှာ စတက်လာကတဲက အခြားနာမည်ကြီး လက်ဝဲစွန်း DA တွေဖြစ်ကြတဲ့ LA က George Gascon, Philadelphia က Larry Krasner, SF က Chesa Boudin တို့လိုပဲ ရာဇဝတ်မှု/သားတွေအပေါ် အလွန်သက်ညှာပျော့ပြောင်းတဲ့အာဂျင်ဒါကို ချမှတ်ခဲ့တာပါ။ တူတာတခုက သူတို့တွေအားလုံးမှာ သူတို့ရဲ့ အစွန်းရောက် ပေါ်လစီတွေကို ခွင့်ပြုပေးကြတဲ့ ဒီမိုကရက်ဂါဗာနာတွေ ရှိနေတာပါ။

မကြာသေးမီက မန်ဟက်တန်ထဲမှာပဲ ရိုက်ခွဲ-လုယူ-ထွက်သွားတဲ့ နာမည်ကြီး ဓါးပြမှုဖြစ်ခဲ့ပြီး ရဲကို ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူကို အာမခံနဲနဲနဲ့ ပြန်လွှတ်ထားတာတွေပြင် Jason Rivera ရဲ့ မုဆိုးမ ပူပူနွေးနွေးလေးရဲ့ ရင်နင့်ဖွယ် ဈာပနမှာတမ်းမှာ ဒီအေ Bragg အကြောင်း ထည့်ပြောသွားတဲ့နောက် နယူးယောက်က ဒီမိုကရက်ဂါဗာနာ ကေသီဟိုချုးလ်က သူဆက်ပြီး ခွင့်မပြုတော့ဘူး၊ လုံခြုံရေးနဲ့ တရားမျှတရေးက တတွဲတည်းသွားရမယ့်အရာ၊ ဒီထက်ဆိုးလာရင်တော့ ဂါဗာနာရဲ့ ပါဝါကို သုံးပြီး ဒီအေကို ဖြုတ်ပစ်နိုင်တယ်လို့ ခြိမ်းခြောက်သွားပါတယ်။

Bragg ရဲ့ပေါ်လစီတွေက အလုပ်မဖြစ်တာ ခုမှသိတာတော့ မဟုတ်ပါဘူး။ သူ့လို လက်ဝဲစွန်းဒီအေတွေ ရှိတဲ့ နေရာတိုင်းမှာ ရာဇဝတ်မှုတွေ မိုးထိုးနေတာကို ပြည်သူတွေက ခံစားနေရတာ ကြာပါပြီ။ အဲဒီလက်ဝဲစွန်းတွေ လုပ်လေ့ရှိတာတွေက

  • အဖမ်းခံဖို့ ငြင်းဆန်တဲ့သူကို အရေးယူလို့မရ၊ ဆိုတော့ ရဲတွေက ဖမ်းရမယ့်ကိစ္စတိုင်းမှာ အသာတကြည်မဖြစ်ပဲ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ရမယ့်ပုံပါပဲ။ အဲလိုတွေဖြစ်လာရင် ပြီးခဲ့တဲ့ဖြစ်စဥ်တွေအရ အနွှာခံရတာ အပြစ်ပေးခံရတာက ရဲအရာရှိတွေပဲ​ ဖြစ်နေတာပါ။
  • လုပ်ငန်းတွေ၊ ဆိုင်ခန်းတွေအပေါ် လက်နက်ကိုင်ဓါးပြတိုက်မှုတွေကိုလည်း ဓါးပြမှုအနေနဲ့ အရေးမယူတော့ပဲ ခိုးမှုအနေနဲ့ပဲ​ အဆင့်နှိမ့်သတ်မှတ်လိုက်တဲ့အတွက် $1000 အောက်ပဲ ပါသွားတယ်ဆိုရင် အငယ်စားခိုးမှုအဖြစ်ပဲ မှတ်ယူမှာဖြစ်လို့ ထောင်ချတဲ့အထိတောင် ဖြစ်လာဖို့ မလွယ်ပါဘူး။
  • လက်နက်ကိုင် ဓါးပြတိုက်တယ်ဆိုရင်တောင် လိုင်စင်မဲ့လက်နက်ကိုင်ဆောင်မှုလောက်နဲ့ပဲ အရေးယူမှာဖြစ်ပါတယ်။

အဲဒီတော့ Bragg တို့ Gascon တို့ Boudin တို့လို လက်ဝဲစွန်းဒီအေတွေရဲ့ ခေါင်းဆောင်မှုအောက်မှာ ဘယ်ရာဇဝတ်သားမှ ထောင်ထဲသွားစရာ မလိုသလိုကို ဖြစ်နေတော့တာပါ။ ဖမ်းရမယ်ဆိုတဲ့သူတွေက လူသတ်ကောင်တွေ၊ ပြင်းထန်စွာ ဒဏ်ရာရစေတဲ့ ပစ်ခတ်သူတွေကိုသာ ဖြစ်ပါတယ်။ လူစည်ကားတဲ့လမ်းမပေါ်ကို အချက် ၅၀လောက် ပစ်ထဲ့လိုက်လို့ တယောက်ကိုမှ မထိဘူးဆိုရင်လည်း အရေးယူလို့ မရပြန်ပါဘူး။ အိမ်တွင်းအကြမ်းဖက်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ဖောက်ထွင်းခိုးယူမှု၊ ဓါးပြမှု၊ မူးယစ်ဆေးကုန်ကူးမှု၊ ရာဇဝတ်သားက လက်နက်ကိုင်ဆောင်မှု၊ လူဆိုးဂိူဏ်းတွေနဲ့ တခြား ကြမ်းတမ်းပြစ်မှုကျူးလွန်သူတွေကတော့ အကျဥ်းထောင်ထဲကို ခြေတောင် ချဖူးမှာ မဟုတ်ကြပါဘူး။

နယူးယောက်နေသူ လုပ်ငန်းရှင်ငယ်လေးတွေကတော့ နယူးယောက်မြို့ကြီးက မင်းမဲ့ ဥပဒေမဲ့တိုင်းပြည်လို ဖြစ်နေပြီ၊ ဒီအေအသစ်က ပိုပြီး ဥပဒေမစိုးမိုးအောင် လုပ်နေတယ်လို့ ဆိုပါတယ်၊ နောက်တဦးကလည်း နယူးယောက်မှာ ရာဇဝတ်မှုတွေ ဆိုးလွန်းလို့ ငါဗင်နီဇွဲလားမှာ သုံးခဲ့တဲ့ လုံခြုံရေးနည်းလမ်းတွေ ပြန်သုံးနေရတယ်လို့ ဆိုပါတယ်။

LA က DA George Gascon ကိုလည်း ဒုတိယအကြိမ် Recall နဲ့ ဖြုတ်ချဖို့ စလုပ်နေကြပါပြီ။ အရင်တခါက သာမာန်ပြည်သူတွေပဲ နစ်နာခဲ့ကြပေမယ့် ၂၀၂၁ထဲဖြစ်တဲ့ ရာဇဝတ်မှုတွေမှာ နာမည်ကြီး ဟောလီဝုဒ်ကလူတွေပါ ထိလာကြတဲ့အတွက် အဲဒီလောက် မြန်မြန်ဆန်ဆန် recall ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ပထမတကြိမ်တုန်းက လိုအပ်တဲ့ လက်မှတ်အရေအတွက် မပြည့်ခဲ့တဲ့အတွက် မဲပေးရတဲ့အဆင့်ကို မရောက်လိုက်ပါဘူး။ လိုအပ်တဲ့ လက်မှတ်အရေအတွက်က မဲပေးဖို့ မှတ်ပုံတင် ထားသူရဲ့ ၁၀%ဖြစ်တဲ့ ၅၆၆,၈၅၇ ဖြစ်ပြီး ရက် ၁၆၀အတွင်း ကောက်ခံပြီးစီးရမှာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: